iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ခ်စ္သူနဲ႔သင္ဟာ ခဏခဏျပသနာတက္၊ ၿပီးသြားရင္ ျပန္အဆင္ေျပ၊ သိပ္မၾကာဘူး ျပန္ၿပီး ျပသနာတက္ ဒီလိုျဖစ္ေနတာ ဘယ္ေလာက္ေတာင္ ၾကာေနၿပီလဲ။ ရန္ျဖစ္တဲ့အခါ တစ္ဦးနဲ႔တစ္ဦး နာက်င္စရာေတြ ေျပာဆုိပစ္လိုက္ၿပီး ျပန္ေခၚသြားတဲ့အခါ ဒီစကားလံုးေတြကို ျပန္ၾကားေယာင္ေနမိတာမ်ိဳး ျဖစ္ဖူးလား။ သင္နဲ႔သင့္ခ်စ္သူဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အရင္လို အဖုအထစ္မရွိ ခ်စ္ေနၾကေသးရဲ႕လား။ စဥ္းစားစရာေတြ အမ်ားႀကီးပါ။ ဒါဟာ အဆံုးသတ္ဖုိ႔ နီးလာတဲ့ အေျခအေနတစ္ရပ္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒီအတြက္ စဥ္းစားသင့္တဲ့ အခ်က္ကေလးေတြ ေျပာျပေပးမယ္ေနာ္။

၁။ျပတ္လိုက္၊ ဆက္လိုက္ျဖစ္ေနတဲ့ အတြဲတစ္တြဲဟာ ၾကာရွည္မၿမဲႏိုင္ပါဘူး။

စိတ္ပညာေလ့လာသူေတြရဲ႕ အဆိုအရ ဒီလိုမ်ိဳး ရန္ေတြျဖစ္လိုက္၊ ျပတ္သြားလိုက္ ၊ မၾကာခင္ ျပန္ဆက္လိုက္ ျဖစ္ေနတဲ့ ခ်စ္သူစံုတြဲေတြဟာ ၾကာရွည္လက္တြဲသြားႏိုင္ဖုိ႔ နည္းပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူတုိ႔ႏွစ္ဦးရဲ႕ တစ္ဦးနဲ႔တစ္ဦး မေက်နပ္ခ်က္ေတြ၊ ျဖစ္ခဲ့ဖူးတဲ့ ျပႆနာေတြဟာ လက္ရွိေရာ၊ အနာဂတ္မွာပါ ရန္ျဖစ္ဖုိ႔ အေျခအေနကို ထပ္မံေပၚေပါက္ေစႏိုင္လုိ႔ပါပဲ။ ဒါ့အျပင္ ကိုယ့္ရဲ႕အခ်စ္ေရးမွာ ေပ်ာ္ရႊင္မႈဆိုတာလည္း ခံစားရမွာ မဟုတ္ေတာ့သလို ရန္ျဖစ္တုိင္း ေျပာခဲ့ဆိုခဲ့တာေတြကလည္း တစ္ဖက္က ေမ့ႏိုင္ရင္ေတာင္ က်န္တဲ့တစ္ဖက္ကေတာ့ ေမ့ပစ္ဖုိ႔ မလြယ္ကူႏိုင္လုိ႔ပါ။

၂။တစ္ခုခုဆုိ ကုိယ့္ခ်စ္သူနဲ႔ ပတ္သက္ၿပီး အလြယ္တကူ ဆံုးျဖတ္ခ်က္မခ်ႏိုင္ေတာ့ဘူး။

အရင္တုန္းကဆို ဘာေတြလုပ္ရင္ မင္းနဲ႔ကိုယ္နဲ႔ ဘယ္လိုဆိုၿပီး ရွိခဲ့ရင္ေတာင္ ခုတစ္ခုခုလုပ္ဖုိ႔ ဆံုးျဖတ္ရေတာ့မယ္ဆို တစ္ဖက္လူကို ထည့္ေတြးရာမွာ အခက္အခဲျဖစ္လာပါလိ့မ္မယ္။ ငါတုိ႔ႏွစ္ေယာက္အဆံုးထိ အတူတူသြားမယ္လို႔ ဆံုးျဖတ္ရမယ့္အစား၊ ျဖစ္ပါ့မလား၊ သူ႔အက်င့္နဲ႔ဆို၊ သူ႕အႀကိဳက္နဲ႔ဆို အဆင္ေျပပါ့မလားေတြ ေတြးလာပါလိမ့္မယ္။ ရန္ျဖစ္တဲ့အခါမွာလည္း တစ္ဖက္က နင္မႀကိဳက္တဲ့ အက်င့္ေတြျပင္မယ္ေျပာၿပီး ျပန္အဆင္ေျပသြားႏိုင္ေပမယ့္ မၾကာခင္ တစ္ဦးမႀကိဳက္တဲ့အရာကို တစ္ဦးျပန္လုပ္မိတဲ့အခါ ျပသနာအႀကီးအက်ယ္ ထပ္ျဖစ္လာပါလိမ့္မယ္။ ဒါေတြက ဆံုးျဖတ္ခ်က္တစ္ခု ခ်ရာမွာ ခက္ခဲေစပါတယ္။

၃။အၿပီးသတ္ရမယ့္အရာကို အၿပီးသတ္ႏိုင္ဖုိ႔လိုပါတယ္။

သင့္ခ်စ္သူမွာ သင္မႀကိဳက္တဲ့ အက်င့္စရိုက္နဲ႔ အႀကိဳက္ေတြ ရွိေနမယ္။ အဆိုးဆံုးကေတာ့ သင့္ခ်စ္သူဟာ လိမ္ညာတတ္သူျဖစ္ရင္ျဖစ္၊ ဒါမွမဟုတ္ ေဆးသမား၊ အရက္သမား၊ ဒါမွမဟုတ္လည္း ဥပေဒနဲ႔မလြတ္ကင္းတာေတြ လုပ္ေနမယ္ ဆုိရင္ သင့္ဘက္က ဒုတိယအခြင့္အေရးကို ျပန္မေပးသင့္ေတာ့ပါဘူး။ ခဏခဏညႈိႏႈိင္းၿပီးၿပီ။ ျပင္ဆင္ဖုိ႔ အခြင့္အေရးလည္း ခဏခဏေပးခဲ့ၿပီးရဲ႕သားနဲ႔ မေျပာင္းလဲသူကို ဆြဲမေခၚပါနဲ႔ေတာ့။ ဒါအဆံုးသတ္ပစ္လိုက္ဖုိ႔ အခ်ိန္ပါပဲ။

၄။ ကိုယ့္စိတ္ခံစားခ်က္ေၾကာင့္ တစ္ပါးသူကို စိတ္အနာတရ မျဖစ္ပါေစနဲ႔။

တစ္ခ်ိဳ႕လူေတြရဲ႕ စိတ္ဟာ ထူးဆန္းပါတယ္။ ဒီအတုိင္း တစ္ေယာက္နဲ႔တစ္ေယာက္ အဆင္ေျပေျပေလး ခ်စ္ေနရတာ ပ်င္းစရာႀကီးလို႔ သတ္မွတ္ထားတဲ့ လူမ်ိဳးေတြရွိတတ္ပါတယ္။ ရန္ျဖစ္လိုက္၊ ျပန္ခ်စ္လိုက္မွ အခ်စ္ေရးဟာ စိတ္လႈပ္ရွားစရာ သိပ္ေကာင္းတယ္လို႔ ထင္ျမင္ေနတာမ်ိဳးေပါ့။ မသိစိတ္က အဲ့ဒီလိုမ်ိဳး ျဖစ္ေနတာ မဟုတ္ရင္ေတာင္ သိသိႀကီးနဲ႔ လုပ္ေနတာမ်ိဳးေတြ ရွိပါတယ္။ ဒါဟာ တစ္ဖက္လူရဲ႕ စိတ္ကို ထိခိုက္နာက်င္ေအာင္ လုပ္တာနဲ႔ အတူတူပါပဲ။ ဒါဟာ ေနာက္ဆံုးမွာ ဒီအခ်စ္ေရး အဆံုးသတ္ဖုိ႔ ျဖစ္သြားပါလိမ့္မယ္။

၅။တစ္ေယာက္တည္းျဖစ္မွာ ေၾကာက္လို႔ ကိုယ္နဲ႔အဆင္မေျပတဲ့သူကို တြယ္ကပ္မေနသင့္ပါဘူး။

သူနဲ႔ကိုယ္နဲ႔က အဆင္မေျပေတာ့ဘူးဆိုေပမယ့္ အနည္းဆံုးေတာ့ ကိုယ့္မွာခ်စ္သူရည္းစားရွိေနေသးေတာ့ ေတာ္ေသးတယ္လုိ႔ မေတြးပါနဲ႔။ တစ္ေယာက္တည္းေနရတာထက္စာရင္ ဒါဟာေကာင္းပါတယ္လို႔လည္း မထင္ပါနဲ႔။ ကိုယ္နဲ႔ဘယ္လိုမွ အဆင္မေျပတဲ့သူနဲ႔ အခ်ိန္ကာလၾကာျမင့္စြာ တြဲတာထက္စာရင္ တစ္ေယာက္တည္းေန၊ အခ်ိန္ယူၿပီးမွ ကိုယ္နဲ႔တကယ္အဆင္ေျပမယ့္ လက္တြဲေဖာ္ကို ရွာသင့္တယ္ မဟုတ္လား။ ခဏတာ ခံစားရမွာကို ေၾကာက္မေနသင့္ပါဘူး။ ဒါဟာ သင့္ဘ၀တစ္ေလွ်ာက္လံုး ေပ်ာ္ရႊင္မႈနဲ႔ သက္ဆိုင္ေနတယ္ဆိုတာ သတိရပါ။

Credit:Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင့်ချစ်သူနဲ့သင်ဟာ ခဏခဏပြသနာတက်၊ ပြီးသွားရင် ပြန်အဆင်ပြေ၊ သိပ်မကြာဘူး ပြန်ပြီး ပြသနာတက် ဒီလိုဖြစ်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲ။ ရန်ဖြစ်တဲ့အခါ တစ်ဦးနဲ့တစ်ဦး နာကျင်စရာတွေ ပြောဆိုပစ်လိုက်ပြီး ပြန်ခေါ်သွားတဲ့အခါ ဒီစကားလုံးတွေကို ပြန်ကြားယောင်နေမိတာမျိုး ဖြစ်ဖူးလား။ သင်နဲ့သင့်ချစ်သူဟာ တစ်ယောက်နဲ့တစ်ယောက် အရင်လို အဖုအထစ်မရှိ ချစ်နေကြသေးရဲ့လား။ စဉ်းစားစရာတွေ အများကြီးပါ။ ဒါဟာ အဆုံးသတ်ဖို့ နီးလာတဲ့ အခြေအနေတစ်ရပ်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအတွက် စဉ်းစားသင့်တဲ့ အချက်ကလေးတွေ ပြောပြပေးမယ်နော်။

၁။ပြတ်လိုက်၊ ဆက်လိုက်ဖြစ်နေတဲ့ အတွဲတစ်တွဲဟာ ကြာရှည်မမြဲနိုင်ပါဘူး။

စိတ်ပညာလေ့လာသူတွေရဲ့ အဆိုအရ ဒီလိုမျိုး ရန်တွေဖြစ်လိုက်၊ ပြတ်သွားလိုက် ၊ မကြာခင် ပြန်ဆက်လိုက် ဖြစ်နေတဲ့ ချစ်သူစုံတွဲတွေဟာ ကြာရှည်လက်တွဲသွားနိုင်ဖို့ နည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ဦးရဲ့ တစ်ဦးနဲ့တစ်ဦး မကျေနပ်ချက်တွေ၊ ဖြစ်ခဲ့ဖူးတဲ့ ပြဿနာတွေဟာ လက်ရှိရော၊ အနာဂတ်မှာပါ ရန်ဖြစ်ဖို့ အခြေအနေကို ထပ်မံပေါ်ပေါက်စေနိုင်လို့ပါပဲ။ ဒါ့အပြင် ကိုယ့်ရဲ့အချစ်ရေးမှာ ပျော်ရွှင်မှုဆိုတာလည်း ခံစားရမှာ မဟုတ်တော့သလို ရန်ဖြစ်တိုင်း ပြောခဲ့ဆိုခဲ့တာတွေကလည်း တစ်ဖက်က မေ့နိုင်ရင်တောင် ကျန်တဲ့တစ်ဖက်ကတော့ မေ့ပစ်ဖို့ မလွယ်ကူနိုင်လို့ပါ။

၂။တစ်ခုခုဆို ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီး အလွယ်တကူ ဆုံးဖြတ်ချက်မချနိုင်တော့ဘူး။

အရင်တုန်းကဆို ဘာတွေလုပ်ရင် မင်းနဲ့ကိုယ်နဲ့ ဘယ်လိုဆိုပြီး ရှိခဲ့ရင်တောင် ခုတစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ရတော့မယ်ဆို တစ်ဖက်လူကို ထည့်တွေးရာမှာ အခက်အခဲဖြစ်လာပါလိ့မ်မယ်။ ငါတို့နှစ်ယောက်အဆုံးထိ အတူတူသွားမယ်လို့ ဆုံးဖြတ်ရမယ့်အစား၊ ဖြစ်ပါ့မလား၊ သူ့အကျင့်နဲ့ဆို၊ သူ့အကြိုက်နဲ့ဆို အဆင်ပြေပါ့မလားတွေ တွေးလာပါလိမ့်မယ်။ ရန်ဖြစ်တဲ့အခါမှာလည်း တစ်ဖက်က နင်မကြိုက်တဲ့ အကျင့်တွေပြင်မယ်ပြောပြီး ပြန်အဆင်ပြေသွားနိုင်ပေမယ့် မကြာခင် တစ်ဦးမကြိုက်တဲ့အရာကို တစ်ဦးပြန်လုပ်မိတဲ့အခါ ပြသနာအကြီးအကျယ် ထပ်ဖြစ်လာပါလိမ့်မယ်။ ဒါတွေက ဆုံးဖြတ်ချက်တစ်ခု ချရာမှာ ခက်ခဲစေပါတယ်။

၃။အပြီးသတ်ရမယ့်အရာကို အပြီးသတ်နိုင်ဖို့လိုပါတယ်။

သင့်ချစ်သူမှာ သင်မကြိုက်တဲ့ အကျင့်စရိုက်နဲ့ အကြိုက်တွေ ရှိနေမယ်။ အဆိုးဆုံးကတော့ သင့်ချစ်သူဟာ လိမ်ညာတတ်သူဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ဆေးသမား၊ အရက်သမား၊ ဒါမှမဟုတ်လည်း ဥပဒေနဲ့မလွတ်ကင်းတာတွေ လုပ်နေမယ် ဆိုရင် သင့်ဘက်က ဒုတိယအခွင့်အရေးကို ပြန်မပေးသင့်တော့ပါဘူး။ ခဏခဏညှိုနှိုင်းပြီးပြီ။ ပြင်ဆင်ဖို့ အခွင့်အရေးလည်း ခဏခဏပေးခဲ့ပြီးရဲ့သားနဲ့ မပြောင်းလဲသူကို ဆွဲမခေါ်ပါနဲ့တော့။ ဒါအဆုံးသတ်ပစ်လိုက်ဖို့ အချိန်ပါပဲ။

၄။ ကိုယ့်စိတ်ခံစားချက်ကြောင့် တစ်ပါးသူကို စိတ်အနာတရ မဖြစ်ပါစေနဲ့။

တစ်ချို့လူတွေရဲ့ စိတ်ဟာ ထူးဆန်းပါတယ်။ ဒီအတိုင်း တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေပြေလေး ချစ်နေရတာ ပျင်းစရာကြီးလို့ သတ်မှတ်ထားတဲ့ လူမျိုးတွေရှိတတ်ပါတယ်။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်မှ အချစ်ရေးဟာ စိတ်လှုပ်ရှားစရာ သိပ်ကောင်းတယ်လို့ ထင်မြင်နေတာမျိုးပေါ့။ မသိစိတ်က အဲ့ဒီလိုမျိုး ဖြစ်နေတာ မဟုတ်ရင်တောင် သိသိကြီးနဲ့ လုပ်နေတာမျိုးတွေ ရှိပါတယ်။ ဒါဟာ တစ်ဖက်လူရဲ့ စိတ်ကို ထိခိုက်နာကျင်အောင် လုပ်တာနဲ့ အတူတူပါပဲ။ ဒါဟာ နောက်ဆုံးမှာ ဒီအချစ်ရေး အဆုံးသတ်ဖို့ ဖြစ်သွားပါလိမ့်မယ်။

၅။တစ်ယောက်တည်းဖြစ်မှာ ကြောက်လို့ ကိုယ်နဲ့အဆင်မပြေတဲ့သူကို တွယ်ကပ်မနေသင့်ပါဘူး။

သူနဲ့ကိုယ်နဲ့က အဆင်မပြေတော့ဘူးဆိုပေမယ့် အနည်းဆုံးတော့ ကိုယ့်မှာချစ်သူရည်းစားရှိနေသေးတော့ တော်သေးတယ်လို့ မတွေးပါနဲ့။ တစ်ယောက်တည်းနေရတာထက်စာရင် ဒါဟာကောင်းပါတယ်လို့လည်း မထင်ပါနဲ့။ ကိုယ်နဲ့ဘယ်လိုမှ အဆင်မပြေတဲ့သူနဲ့ အချိန်ကာလကြာမြင့်စွာ တွဲတာထက်စာရင် တစ်ယောက်တည်းနေ၊ အချိန်ယူပြီးမှ ကိုယ်နဲ့တကယ်အဆင်ပြေမယ့် လက်တွဲဖော်ကို ရှာသင့်တယ် မဟုတ်လား။ ခဏတာ ခံစားရမှာကို ကြောက်မနေသင့်ပါဘူး။ ဒါဟာ သင့်ဘဝတစ်လျှောက်လုံး ပျော်ရွှင်မှုနဲ့ သက်ဆိုင်နေတယ်ဆိုတာ သတိရပါ။


Credit:Trend Myanmar



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top