iMyanmarHouse.com - Best Property Website for Myanmar
×

သူက အရင္လုိ ဖုန္းေတြခဏခဏ မေခၚေတာ့သလို မက္ေဆ့ေတြလည္း မပို႔ေတာ့ဘူး။ ဖုန္းဆက္တဲ့အခါမွာလည္း ေျပာစရာ သူ႔မွာ သိပ္မရွိဘူး။ အျမဲတမ္း သူ႔မွာ အလုပ္႐ႈပ္ေနၿပီး သင္နဲ႔အတူ ေလွ်ာက္လည္ဖုိ႔ သင္ေျပာတုိင္း အေၾကာင္းျပခ်က္ေတြနဲ႔ ေရွာင္ထြက္ေနၿပီ။ ဒါဆုိရင္ေတာ့ သူ သင့္အေပၚ စိတ္ဝင္စားမႈ ေလ်ာ့နည္းေနပါၿပီ။ ေယာက္်ားတစ္ေယာက္ စိတ္ဝင္စားမႈ ေလ်ာ့နည္းတာ အေၾကာင္းအမ်ဳိးမ်ဳိးရွိပါတယ္။

အဲဒီေတာ့ သင္ဘာလုပ္မလဲ။ သင့္ကို အရင္လုိခ်စ္ဖုိ႔ သူ႔ကို ေျပာမလား? အရင္ထက္ပိုၿပီး တြယ္ကပ္မလား? ျပႆနာရွာမလား?။ အဲဒီအခ်က္ေတြဟာ လံုးဝ မလုပ္သင့္တဲ့အရာေတြပါ။ အဲဒါေတြလုပ္မယ့္အစား ဒါေတြကို လုပ္ၾကည့္လုိက္ပါလား။

၁။ ကိုယ့္ဘဝနဲ႔ကိုယ္ေနပါ

ေယာက္်ားတစ္ေယာက္က သင့္အေပၚ စိတ္မဝင္စားဘူးလုိ႔ ထင္တဲ့အခါ မလုပ္သင့္တဲ့အခ်က္က စိတ္ပ်က္လက္ပ်က္နဲ႔ ေနခ်င္သလို ေနလိုက္ျခင္းပါပဲ။ ကိုယ့္ဘဝကိုယ္လည္း ဂ႐ုမစိုက္ခ်င္ေတာ့ဘူး။ အိပ္မက္ေတြ၊ ပန္းတိုင္ေတြလည္းေမ့ေနၿပီ။ အလုပ္မွာလည္း စိတ္မ​ဝင္စားေတာ့ဘူး။ ေယာက္်ားတစ္ေယာက္ အတြက္နဲ႔ အဲဒီလုိမျဖစ္ပါနဲ႔။ သင့္ဘဝက ပိုၿပီး သင့္အတြက္ အေရးႀကီးပါတယ္။ အဲဒီေတာ့ သူ႔ကို တစ္ခ်ိန္လံုး ဖုန္းဆက္ေနမယ့္အစား ကုိယ္လုပ္စရာရွိတာကိုသာ လုပ္ပါ။

၂။ သူ႔ကို Space ေပးလိုက္ပါ (သူ႔ဘာသာ လြတ္လြတ္လပ္လပ္ေနခြင့္ေပးလိုက္ပါ)

သူနဲ႔ ေဝးကြာသြားမွာစိုးတဲ့အတြက္ သူ႔နားကို ပိုကပ္ဖို႔ သင္စိတ္ကူးမိပါလိမ့္မယ္။ ဒါေပမဲ့ အဲဒီလိုလုပ္ျခင္းက သူ႔ကို ပိုေဝးကြာေအာင္ တြန္းထုတ္ေနတာနဲ႔ အတူတူပါပဲ။ အဲဒီေတာ့ သူဘာျဖစ္ခ်င္တယ္ဆုိတာ သူ႔ဘာသာသိေအာင္ သူ႔ကို Space ေပးလုိက္ပါ။ သူနဲ႔ ေဝးကြာဖုိ႔ သင္မလုိလားသလို သင့္နားမွာ မေနခ်င္ဘဲေနေနရတဲ့ သူူကိုလည္း သင္လိုခ်င္မွာ မဟုတ္ပါဘူး။

၃။ ဆင္ျခင္သံုးသပ္ပါ

အခု သူက သင့္အေပၚ အာ႐ံုမရေတာ့ဘူး။ အဲဒီေတာ့ ကိုယ္လည္း အဲဒီလို ျပန္လုပ္ဖို႔ အခြင့္အေရးေကာင္းပါပဲ။ ၿပီးရင္ သင္တုိ႔ရဲ႕အခ်စ္ေရးကို ျပန္လည္ သံုးသပ္ပါ။ ျပႆနာေတြက အထင္အရွားရွိေနမွာ။ အဲဒီေတာ့ သင္တုိ႔ၾကားမွာ ဘာေတြမွားေနလဲဆုိတာ သင္သိလာပါလိမ့္္မယ္။ သင္လည္း သင္လိုခ်င္တာကို ေမ့ေနၿပီး ဒီအတုိင္း ေရစုန္ေမွ်ာၿပီး လုိက္ေနခဲ့တာ ျဖစ္ႏုိင္တာပဲေလ။ အခု ကိုယ္ဘာျဖစ္ခ်င္တာလဲဆုိတာကို ေသခ်ာစဥ္းစားသင့္တဲ့ အခ်ိန္ပါ။

၄။ သူ႔ကို သင္တကယ္လိုုခ်င္ေသးလား စဥ္းစားပါ

သူနဲ႔ ခါတိုင္းလို အျမဲတတြဲတြဲမဟုတ္ဘဲ ခပ္ခြာခြာျဖစ္ေနတာ တစ္မ်ဳိးေကာင္းပါတယ္။ သင္တုိ႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကိုသာမက သူ႔အေၾကာင္းကိုလည္း ျပန္ေတြးႏုိင္ပါတယ္။ သူ သင့္အေပၚ ဆက္ဆံပံုေတြ၊ ခ်စ္သူသက္တမ္း တေလွ်ာက္လံုး သူ႔ရဲ႕လုပ္ရပ္ေတြကို ျပန္စဥ္းစားပါ။ ငါ ဒီလုိ လူမ်ဳိးနဲ႔ ဘာလုိ႔မ်ား ဆက္တြဲေနတာလဲလို႔ သင္ေတြးမိေကာင္း ေတြးမိလာႏုိင္ပါတယ္။

၅။ ျပပါ၊ မေျပာပါနဲ႔

သင္ဟာ ဘယ္ေလာက္ေတာ္တဲ့ မိန္းကေလးျဖစ္ေၾကာင္းကို သူ႔ကို ေျပာျပေနတာထက္ သူျမင္ေအာင္ ျပတာ ပိုေကာင္းပါတယ္။ အျပဳအမူဆုိတာ စကားလံုးေတြထက္ ပိုထိမိပါတယ္။ အဲဒါေၾကာင့္ သူနဲ႔ေတြ႕တုိင္းမွာ ကိုယ့္ကိုယ္ကိုယ္ အလွဆံုးနဲ႔ သေဘာက်စရာအေကာင္းဆံုး မိန္းကေလး ျဖစ္ေနပါေစ။

၆။ သူ႔ဆီကို စာတစ္ေၾကာင္းေလာက္ ပို႔ၾကည့္ပါ။

သူဘယ္လို အေၾကာင္းျပန္မလဲၾကည့္ပါ။ သူ႔ကို အျပင္အတူထြက္ဖုိ႔ ဒါမွမဟုတ္ ေမးခြန္းတစ္ခုခု ေမးၾကည့္ပါ။ သူ႔ရဲ႕ တံု႔ျပန္မႈကေန သင္ အမ်ားႀကီး သိလာႏုိင္ပါတယ္။

၇။ သူ႔ဘက္က မတုန္မလႈပ္ျဖစ္ေနရင္ ကိုယ့္ဘက္က ခ်က္ခ်င္းဆက္သြယ္တာမ်ဳိး မလုပ္ပါနဲ႔

တကယ္လို႔ သူက ဘာမွ အေၾကာင္းမျပန္ဘူးဆုိရင္ေတာ့ အသာေလး ေနာက္ဆုတ္ေနလုိက္ပါ။ ဒီအခ်ိန္မွာ ဘာမွမလုပ္သင့္ေသးပါဘူး။ သူ႔ကို အခ်ိန္တစ္ခုေပးၿပီးမွ ရင္ဆုိင္ေျဖရွင္းပါ။

၈။ ကိုယ့္ရဲ႕တန္ဖုိးကို ကိုယ္သိပါ

သူက သင့္ဘဝထဲက တျဖည္းျဖည္း ေပ်ာက္ကြယ္ဖို႔ လုပ္ေနခ်ိန္မွာ ငါဟာ မေကာင္းဘူး၊ ေယာက္်ားတစ္ေယာက္ကိုေတာင္ မဆြဲေဆာင္ႏုိင္ဘူးလို႔ ေတြးၿပီး စိတ္ဓာတ္က်စရာမလုိပါဘူး။ သူလုပ္သမွ်က သင့္အမွားမဟုတ္ပါဘူး။ သင့္တန္ဖုိးကို သိပါ။ သင့္ရဲ႕တန္ဖိုးဟာ တျခားသူတစ္ေယာက္ေပၚမွာ တည္မီွေနတာ မဟုတ္ပါဘူး။

၉။ ၾကည္ႏူးေပ်ာ္ရႊင္စရာတစ္ခုခုကို ရွာေဖြပါ

သင္တုိ႔အခ်စ္ေရးဟာ ေအးစက္သြားတာမ်ဳိးလည္း ျဖစ္ႏုိင္ပါတယ္။ ဒါေၾကာင့္ ႏွစ္ေယာက္စလံုး စိတ္ဝင္စားတဲ့အရာတစ္ခုကို ရွာေဖြၿပီး အတူတကြလုပ္ေဆာင္လုိ႔ အခ်စ္ေရးကို ျပန္လည္လန္းဆန္းတက္ၾကြလာေအာင္လည္း လုပ္ေဆာင္ႏုိင္ပါေသးတယ္။

၁၀။ သူ႔ကို စြန္႔ပစ္ခဲ့လိုက္ပါ

တစ္ခါတေလမွာ သင္ဘယ္ေလာက္ပဲ ႀကိဳးစားပါေစ သူ႔ဘက္က ဘယ္လိုမွ သင့္အေပၚ စိတ္မဝင္စားေတာ့တာမ်ဳိး ျဖစ္တတ္ပါတယ္။ အဲဒီလိ ျဖစ္လာေနၿပီဆုိရင္ သူ႔ကို လက္လႊတ္လုိက္ပါေတာ့။ အဆင္ေျပဖို႔ သင့္မွာ အေသအလဲ ႀကိဳးစားေနခ်ိန္မွာ သူက ဘာမွမလုပ္ဘူးေလ။ သင္လိုမိန္းကေလးမ်ဳိးဟာ ဘယ္ေယာက္်ားကိုမွ ေအာက္က်ေနာက္က်ခံစရာမလိုပါဘူး။

Credit : Duwun

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သူက အရင်လို ဖုန်းတွေခဏခဏ မခေါ်တော့သလို မက်ဆေ့တွေလည်း မပို့တော့ဘူး။ ဖုန်းဆက်တဲ့အခါမှာလည်း ပြောစရာ သူ့မှာ သိပ်မရှိဘူး။ အမြဲတမ်း သူ့မှာ အလုပ်ရှုပ်နေပြီး သင်နဲ့အတူ လျှောက်လည်ဖို့ သင်ပြောတိုင်း အကြောင်းပြချက်တွေနဲ့ ရှောင်ထွက်နေပြီ။ ဒါဆိုရင်တော့ သူ သင့်အပေါ် စိတ်ဝင်စားမှု လျော့နည်းနေပါပြီ။ ယောက်ျားတစ်ယောက် စိတ်ဝင်စားမှု လျော့နည်းတာ အကြောင်းအမျိုးမျိုးရှိပါတယ်။

အဲဒီတော့ သင်ဘာလုပ်မလဲ။ သင့်ကို အရင်လိုချစ်ဖို့ သူ့ကို ပြောမလား? အရင်ထက်ပိုပြီး တွယ်ကပ်မလား? ပြဿနာရှာမလား?။ အဲဒီအချက်တွေဟာ လုံးဝ မလုပ်သင့်တဲ့အရာတွေပါ။ အဲဒါတွေလုပ်မယ့်အစား ဒါတွေကို လုပ်ကြည့်လိုက်ပါလား။

၁။ ကိုယ့်ဘဝနဲ့ကိုယ်နေပါ

ယောက်ျားတစ်ယောက်က သင့်အပေါ် စိတ်မဝင်စားဘူးလို့ ထင်တဲ့အခါ မလုပ်သင့်တဲ့အချက်က စိတ်ပျက်လက်ပျက်နဲ့ နေချင်သလို နေလိုက်ခြင်းပါပဲ။ ကိုယ့်ဘဝကိုယ်လည်း ဂရုမစိုက်ချင်တော့ဘူး။ အိပ်မက်တွေ၊ ပန်းတိုင်တွေလည်းမေ့နေပြီ။ အလုပ်မှာလည်း စိတ်မဝင်စားတော့ဘူး။ ယောက်ျားတစ်ယောက် အတွက်နဲ့ အဲဒီလိုမဖြစ်ပါနဲ့။ သင့်ဘဝက ပိုပြီး သင့်အတွက် အရေးကြီးပါတယ်။ အဲဒီတော့ သူ့ကို တစ်ချိန်လုံး ဖုန်းဆက်နေမယ့်အစား ကိုယ်လုပ်စရာရှိတာကိုသာ လုပ်ပါ။

၂။ သူ့ကို Space ပေးလိုက်ပါ (သူ့ဘာသာ လွတ်လွတ်လပ်လပ်နေခွင့်ပေးလိုက်ပါ)

သူနဲ့ ဝေးကွာသွားမှာစိုးတဲ့အတွက် သူ့နားကို ပိုကပ်ဖို့ သင်စိတ်ကူးမိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ခြင်းက သူ့ကို ပိုဝေးကွာအောင် တွန်းထုတ်နေတာနဲ့ အတူတူပါပဲ။ အဲဒီတော့ သူဘာဖြစ်ချင်တယ်ဆိုတာ သူ့ဘာသာသိအောင် သူ့ကို Space ပေးလိုက်ပါ။ သူနဲ့ ဝေးကွာဖို့ သင်မလိုလားသလို သင့်နားမှာ မနေချင်ဘဲနေနေရတဲ့ သူူကိုလည်း သင်လိုချင်မှာ မဟုတ်ပါဘူး။

၃။ ဆင်ခြင်သုံးသပ်ပါ

အခု သူက သင့်အပေါ် အာရုံမရတော့ဘူး။ အဲဒီတော့ ကိုယ်လည်း အဲဒီလို ပြန်လုပ်ဖို့ အခွင့်အရေးကောင်းပါပဲ။ ပြီးရင် သင်တို့ရဲ့အချစ်ရေးကို ပြန်လည် သုံးသပ်ပါ။ ပြဿနာတွေက အထင်အရှားရှိနေမှာ။ အဲဒီတော့ သင်တို့ကြားမှာ ဘာတွေမှားနေလဲဆိုတာ သင်သိလာပါလိမ့်မယ်။ သင်လည်း သင်လိုချင်တာကို မေ့နေပြီး ဒီအတိုင်း ရေစုန်မျှောပြီး လိုက်နေခဲ့တာ ဖြစ်နိုင်တာပဲလေ။ အခု ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာကို သေချာစဉ်းစားသင့်တဲ့ အချိန်ပါ။

၄။ သူ့ကို သင်တကယ်လိုုချင်သေးလား စဉ်းစားပါ

သူနဲ့ ခါတိုင်းလို အမြဲတတွဲတွဲမဟုတ်ဘဲ ခပ်ခွာခွာဖြစ်နေတာ တစ်မျိုးကောင်းပါတယ်။ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုသာမက သူ့အကြောင်းကိုလည်း ပြန်တွေးနိုင်ပါတယ်။ သူ သင့်အပေါ် ဆက်ဆံပုံတွေ၊ ချစ်သူသက်တမ်း တလျှောက်လုံး သူ့ရဲ့လုပ်ရပ်တွေကို ပြန်စဉ်းစားပါ။ ငါ ဒီလို လူမျိုးနဲ့ ဘာလို့များ ဆက်တွဲနေတာလဲလို့ သင်တွေးမိကောင်း တွေးမိလာနိုင်ပါတယ်။

၅။ ပြပါ၊ မပြောပါနဲ့

သင်ဟာ ဘယ်လောက်တော်တဲ့ မိန်းကလေးဖြစ်ကြောင်းကို သူ့ကို ပြောပြနေတာထက် သူမြင်အောင် ပြတာ ပိုကောင်းပါတယ်။ အပြုအမူဆိုတာ စကားလုံးတွေထက် ပိုထိမိပါတယ်။ အဲဒါကြောင့် သူနဲ့တွေ့တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အလှဆုံးနဲ့ သဘောကျစရာအကောင်းဆုံး မိန်းကလေး ဖြစ်နေပါစေ။

၆။ သူ့ဆီကို စာတစ်ကြောင်းလောက် ပို့ကြည့်ပါ။

သူဘယ်လို အကြောင်းပြန်မလဲကြည့်ပါ။ သူ့ကို အပြင်အတူထွက်ဖို့ ဒါမှမဟုတ် မေးခွန်းတစ်ခုခု မေးကြည့်ပါ။ သူ့ရဲ့ တုံ့ပြန်မှုကနေ သင် အများကြီး သိလာနိုင်ပါတယ်။

၇။ သူ့ဘက်က မတုန်မလှုပ်ဖြစ်နေရင် ကိုယ့်ဘက်က ချက်ချင်းဆက်သွယ်တာမျိုး မလုပ်ပါနဲ့

တကယ်လို့ သူက ဘာမှ အကြောင်းမပြန်ဘူးဆိုရင်တော့ အသာလေး နောက်ဆုတ်နေလိုက်ပါ။ ဒီအချိန်မှာ ဘာမှမလုပ်သင့်သေးပါဘူး။ သူ့ကို အချိန်တစ်ခုပေးပြီးမှ ရင်ဆိုင်ဖြေရှင်းပါ။

၈။ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်သိပါ

သူက သင့်ဘဝထဲက တဖြည်းဖြည်း ပျောက်ကွယ်ဖို့ လုပ်နေချိန်မှာ ငါဟာ မကောင်းဘူး၊ ယောက်ျားတစ်ယောက်ကိုတောင် မဆွဲဆောင်နိုင်ဘူးလို့ တွေးပြီး စိတ်ဓာတ်ကျစရာမလိုပါဘူး။ သူလုပ်သမျှက သင့်အမှားမဟုတ်ပါဘူး။ သင့်တန်ဖိုးကို သိပါ။ သင့်ရဲ့တန်ဖိုးဟာ တခြားသူတစ်ယောက်ပေါ်မှာ တည်မှီနေတာ မဟုတ်ပါဘူး။

၉။ ကြည်နူးပျော်ရွှင်စရာတစ်ခုခုကို ရှာဖွေပါ

သင်တို့အချစ်ရေးဟာ အေးစက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နှစ်ယောက်စလုံး စိတ်ဝင်စားတဲ့အရာတစ်ခုကို ရှာဖွေပြီး အတူတကွလုပ်ဆောင်လို့ အချစ်ရေးကို ပြန်လည်လန်းဆန်းတက်ကြွလာအောင်လည်း လုပ်ဆောင်နိုင်ပါသေးတယ်။

၁၀။ သူ့ကို စွန့်ပစ်ခဲ့လိုက်ပါ

တစ်ခါတလေမှာ သင်ဘယ်လောက်ပဲ ကြိုးစားပါစေ သူ့ဘက်က ဘယ်လိုမှ သင့်အပေါ် စိတ်မဝင်စားတော့တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိ ဖြစ်လာနေပြီဆိုရင် သူ့ကို လက်လွှတ်လိုက်ပါတော့။ အဆင်ပြေဖို့ သင့်မှာ အသေအလဲ ကြိုးစားနေချိန်မှာ သူက ဘာမှမလုပ်ဘူးလေ။ သင်လိုမိန်းကလေးမျိုးဟာ ဘယ်ယောက်ျားကိုမှ အောက်ကျနောက်ကျခံစရာမလိုပါဘူး။

Credit : Duwun



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top