iMyanmarHouse.com - Best Property Website for Myanmar
×
Credit: duwun
ပို့သပေးပါတယ်။
Unicode Version
ခရီးသွားခြင်းဟာ တစ်ကိုယ်တည်းသွားသွား၊ တခြားသူတွေနဲ့ပဲသွားသွား ကောင်းတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ သင့်ချစ်သူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ စိတ်ကူးထားရင်လည်း လုပ်ကြည့်ရမယ့် အလုပ်တွေထဲမှာ ခရီးသွားခြင်းလည်း ပါဝင်ပါတယ်။ ခရီးအတူသွားခြင်းအားဖြင့် သူ့ရဲ့စိတ်နေစိတ်ထား အတော်များများကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။
၁။ အချစ်ရေးကို ပိုပြီး အားကောင်းစေတယ်။
၂။ နှစ်ယောက်အတူ ဘယ်လိုနေရမယ်ဆိုတာကို အဲဒီခရီးကနေ သင်ယူရရှိနိုင်တယ်။
၃။ ကိုယ့်ချစ်သူ တကယ်လုပ်ချင်တဲ့အရာတွေကိုလည်း သိရှိနိုင်တယ်။
၄။ နှစ်ယောက်စလုံးရဲ့ တိမ်မြုပ်နေတဲ့ ပါရမီတွေကိုလည်း ဖော်ထုတ်နိုင်တယ်။
၅။ သူ့ရဲ့ အစီအစဉ်ဆွဲပုံ နည်းလမ်းကိုလည်း တွေ့ရှိနိုင်တယ်။
၆။ အရေးပေါ်ကိစ္စတွေမှာ သူဘယ်လိုဖြေရှင်းမလဲ၊ သင်တို့နှစ်ဦးပေါင်းပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကို လေ့လာနိုင်တယ်။
၇။ မျှော်လင့်မထားတဲ့ အခြေအနေတွေဖြစ်လာရင်၊ အခက်အခဲတွေ ကြုံလာရင် နှစ်ယောက်ပေါင်းပြီး ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုလည်း သိရှိနိုင်မှာပါ။
၈။ ပင်ပင်ပန်းပန်း သွားလာလှုပ်ရှားရတဲ့အခါ အချင်းချင်း ဘယ်လိုဆက်ဆံသလဲဆိုတာကိုလည်း လေ့လာနိုင်ပါတယ်။
၉။ ငွေကြေးကို ဘယ်လိုသုံးစွဲသလဲဆိုတာလည်း သိရှိနိုင်တယ်။
၁၀။ သူက သင့်ရဲ့ဘဝလက်တွဲဖော် အစစ်အမှန်ဖြစ်ရင် ဘယ်နေရာရောက်ရောက်၊ ဘယ်လိုအခြေအနေဖြစ်ဖြစ် နေနိုင်တယ်ဆိုတာကိုလည်း တွေ့ရမှာပါ။
Credit: duwun
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top