iMyanmarHouse.com - Best Property Website for Myanmar
×





Credit : thithtoolwin




#Unicode Version

နာမည်ကျော် မော်ဒယ်မလေး Kendall Jenner နဲ့ One Direction အဖွဲ့ဝင် အဆိုတော်တစ်ယောက်ဖြစ်သူ Harry Styles တို့ ပြန်လည်ပြီး တွဲခုတ်နေတာကို လော့စ်အိန်ဂျလိစ်ရဲ့ လမ်းမတွေပေါ်မှာ ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Kendall ဟာဆိုရင်တော့ Harry နဲ့အတူ L.A မြို့ရဲ့ အထင်ကရ နေရာဖြစ်တဲ့ Ysabel မှာ တစ်ညလုံး အချိန်ကုန်ဆုံးခဲ့တယ်လို့ သိရပါတယ်။ သူတို့အတွဲကတော့ ခဏတာ ပြတ်စဲထားပြီးတဲ့နောက်မှာ အချိန်တွေကို အတူတူ ပြန်လည် ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတယ်လို့ PEOPLE မဂ္ဂဇက်းကို ပြောကြားခဲ့ပါသေးတယ်။

Kendall ဟာဆိုရင်တော့ Harry နဲ့ ပြန်တွေ့ရတာကို ပျော်ရွှင်လျက်ရှိနေပြီး သူမဟာ Harry ကိုလည်း အမြဲဂရုစိုက်တယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။ သူမတို့ရဲ့ အချစ်ရေးဟာဆိုရင်တော့ အေးအေးဆေးဆေးပဲ ရှိနေပြီး ဘယ်တော့မှ serious မဖြစ်ဘူးလို့လည်း သတင်းတွေက ဖော်ပြထားပါသေးတယ်။

Kendall ကတော့ အရင်နှစ်တုန်းက New Year မှာ Harry နဲ့ အချိန်အတူတူ ကုန်ဆုံးခဲ့သလိုပဲ လာမယ့် New Year မှာလည်း အတူတူရှိနေဖို့ စိတ်အားထက်သန်လျက်ရှိနေတယ်လို့ သိရပါတယ်။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top