iMyanmarHouse.com - Best Property Website for Myanmar
×
၃။ မျက်ခုံးခြယ်ပါ
Credit: TrendMyanmar
#Unicode Version
အမျိုးသမီးတိုင်းဟာ မိမိမျက်နှာနုပျိုလှပနေဖို့ဆိုတဲ့ စိတ်ဆန္ဒတော့ ရှိတတ်ကြတာချည်းပါပဲ။ ဒါပေမယ့် မျက်နှာအသားအရေကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာတော့ သူတို့ သိပ်မသိကြပါဘူး။ တစ်ချို့ကလည်း သိရင်တောင် လုပ်ဆောင်ဖို့ ဝန်လေးနေကြပါတယ်။ တစ်ချို့ကျတော့ မျက်နှာအသားအရေကို ဂရုစိုက်တတ်ကြပေမယ့် ပြင်ဆင်ခြယ်သရာမှာ ဘယ်အရာတွေက အရေးကြီးတယ်ဆိုတာ မသိကြပြန်ပါဘူး။ ဒါ့ကြောင့် လှပတဲ့ မျက်နှာအသားအရေမျိုး ပိုင်ဆိုင်နိုင်ဖို့နဲ့ အလှပြင်ရတာ အချိန်ကုန်သက်သာစေမယ့် ဒီအချက်ကလေး (၃) ချက်ကို တစ်ချက်လိုက်လုပ်ကြည့်ကြဖို့ ပြောပြပေးချင်ပါတယ်။
၁။ ညအိပ်ချိန် အသားရေပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပါ။
ညဘက် အိပ်နေစဉ် မိမိအသားရေကို ပိုမိုကောင်းမွန်လာအောင် စတင်လုပ်ဆောင်သင့်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် မျက်နှာကို အရေပြားဆဲလ်သေတွေ ဖယ်ရှားပေးဖို့ မျက်နှာကို ဆေးကြောသန့်စင်ပါ။ နောက် အိပ်ရာမဝင်မီ မျက်နှာလိမ်းတဲ့ ခရင်မ် တစ်ခုခုလိမ်းပေးပါ။
၂။ ခြောက်သွေ့နေတဲ့နှုတ်ခမ်းတွေ နူးညံ့အောင်လုပ်ပါ
မျက်နှာအသားအရေနဲ့ တွဲပြီး နောက်ထပ်ဂရုစိုက်သင့်တဲ့ အရာက နှုတ်ခမ်းတွေပါ။ အေးတဲ့ရာသီဥတုဆိုရင် နှုတ်ခမ်းတွေ ခြောက်သွေ့စေတယ်၊ အသားပပ်အက်ကွဲစေပြီး အသားနီလန်စေတတ်ပါတယ်။ ဒါကို ကုသဖို့ သွားတိုက်တံအသုံးပြုပြီး နှုတ်လိမ်းဆီ လိမ်းကျံပေးပါ။ နှုတ်ခမ်းသား နီးထွေးအောင်လုပ်တဲ့ သဘာဝနည်းလမ်းလေးတွေကိုလည်း စမ်းကြည့်ပါ။
၃။ မျက်ခုံးခြယ်ပါ
သဘာဝကျတဲ့ မျက်ခုံးဖြစ်အောင် မျက်ခုံးမွှေးဆွဲတံ အသုံးပြုပြီးဆွဲပါ။ eyeliner သို့မဟုတ် eye shadow တွေလည်း ဝါသနာပါရင် ခြယ်သနိုင်ပါတယ်။
Credit: TrendMyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top