iMyanmarHouse.com - Best Property Website for Myanmar
×

ဝက္ျခံ၊ အနီဖုေတြ ညစ္ထုတ္တာဟာ ေရာဂါကူးစက္မႈအႏၱရာယ္ သိပ္မ်ားမွန္း မ်ားစုသိလ်က္နဲ႕ပဲ အမ်ားစုက စိတ္မထိန္းႏုိင္ဘဲ အတင္းလုပ္မိတတ္ၾကပါတယ္။ တခ်ဳိ႕ေနရာက ဝက္ျခံေတြကို ညွစ္လုိ႔ရေပမယ့္ ျဖစ္ႏုိင္ရင္ ညွစ္ခ်င္တဲ့ ေဇာကို ထိန္းထားသင့္ပါတယ္။ ဘာ့ေၾကာင့္ထိန္းခုိင္းထားရသလဲဆုိေတာ့ သင့္မ်က္ႏွာမွာ အဖုေတြပိုထြက္ေစမွာစိုးရိမ္လို႕လညး္ မဟုတ္သလို ျမင္မေကာင္းေအာင္ အမာရြတ္ေတြထင္က်န္ေစႏိုင္တာေၾကာင့္လည္း မဟုတ္ပါဘူး။ ညွစ္ခ်င္တဲ့ စိတ္ကို ေအာင့္အီးထားေစခ်င္တာကေတာ့ အဲ့ဒီလိုညွစ္တာဟာ အသက္အႏၱရာယ္အထိပါ စိုးရိမ္ရတာေၾကာင့္ပါပဲ။

Danger Triangle လုိ႔ေျပာရင္ ေၾကာက္မက္ဖြယ္ရုပ္ရွင္ဇာတ္ကားတစ္ခု ထင္စရာရိွေပမယ့္ ခႏၶာကုိယ္ျဖီးလိမ္းျပင္ဆင္တာနဲ႔ ပတ္သက္လာရင္ အေလးနက္ထားသင့္တဲ့ အရာတစ္ခုျဖစ္ပါတယ္။ Danger Triangle ဆုိတာ မ်က္လုံး၊ ႏွာတံ၊ ပါးစပ္ေထာင့္ခ်ဳိးနဲ႔ အေပၚႏႈတ္ခမ္းေနရာေတြ ျဖစ္ပါတယ္။ ေရာဂါကူးစက္ခံရျပီဆုိရင္ ျပင္းထန္တဲ့အက်ဳိးဆက္ေတြ ျဖစ္ပြားႏုိင္ပါတယ္။

ဒီေနရာရိွ ေသြးေၾကာေတြဟာ ဦးေခါင္းအေနာက္ဘက္သို႔ စီးဆင္းျပီး ဦးေႏွာက္နဲ႔ တုိက္ရုိက္ဆက္ထားပါတယ္။ အျဖစ္နည္းေပမယ့္ ေရာဂါကူးစက္မႈျဖစ္ျပီဆုိရင္ အျမင္အာရုံဆုံးရႈံးမႈ၊ အေၾကာေသျခင္း သုိ႔မဟုတ္ ေသဆုံးမႈအထိေတာင္ ျဖစ္ပြားေစႏုိင္ပါတယ္။ ဝက္ျခံ ညွစ္ထုတ္လုိက္ျခင္းက စိတ္ေက်နပ္မႈတစ္ခု ရရိွႏိုင္ေပမယ့္ ဒီအႏၱရာယ္ၾတိဂံနယ္ေျမ Danger Triangle  က ၀က္ျခံဖုဆုိရင္ေတာ့ မညွစ္တာအေကာင္းဆံုးပါပဲ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဝက်ခြံ၊ အနီဖုတွေ ညစ်ထုတ်တာဟာ ရောဂါကူးစက်မှုအန္တရာယ် သိပ်များမှန်း များစုသိလျက်နဲ့ပဲ အများစုက စိတ်မထိန်းနိုင်ဘဲ အတင်းလုပ်မိတတ်ကြပါတယ်။ တချို့နေရာက ဝက်ခြံတွေကို ညှစ်လို့ရပေမယ့် ဖြစ်နိုင်ရင် ညှစ်ချင်တဲ့ ဇောကို ထိန်းထားသင့်ပါတယ်။ ဘာ့ကြောင့်ထိန်းခိုင်းထားရသလဲဆိုတော့ သင့်မျက်နှာမှာ အဖုတွေပိုထွက်စေမှာစိုးရိမ်လို့လည်း မဟုတ်သလို မြင်မကောင်းအောင် အမာရွတ်တွေထင်ကျန်စေနိုင်တာကြောင့်လည်း မဟုတ်ပါဘူး။ ညှစ်ချင်တဲ့ စိတ်ကို အောင့်အီးထားစေချင်တာကတော့ အဲ့ဒီလိုညှစ်တာဟာ အသက်အန္တရာယ်အထိပါ စိုးရိမ်ရတာကြောင့်ပါပဲ။

Danger Triangle လို့ပြောရင် ကြောက်မက်ဖွယ်ရုပ်ရှင်ဇာတ်ကားတစ်ခု ထင်စရာရှိပေမယ့် ခန္ဓာကိုယ်ဖြီးလိမ်းပြင်ဆင်တာနဲ့ ပတ်သက်လာရင် အလေးနက်ထားသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ Danger Triangle ဆိုတာ မျက်လုံး၊ နှာတံ၊ ပါးစပ်ထောင့်ချိုးနဲ့ အပေါ်နှုတ်ခမ်းနေရာတွေ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရပြီဆိုရင် ပြင်းထန်တဲ့အကျိုးဆက်တွေ ဖြစ်ပွားနိုင်ပါတယ်။

ဒီနေရာရှိ သွေးကြောတွေဟာ ဦးခေါင်းအနောက်ဘက်သို့ စီးဆင်းပြီး ဦးနှောက်နဲ့ တိုက်ရိုက်ဆက်ထားပါတယ်။ အဖြစ်နည်းပေမယ့် ရောဂါကူးစက်မှုဖြစ်ပြီဆိုရင် အမြင်အာရုံဆုံးရှုံးမှု၊ အကြောသေခြင်း သို့မဟုတ် သေဆုံးမှုအထိတောင် ဖြစ်ပွားစေနိုင်ပါတယ်။ ဝက်ခြံ ညှစ်ထုတ်လိုက်ခြင်းက စိတ်ကျေနပ်မှုတစ်ခု ရရှိနိုင်ပေမယ့် ဒီအန္တရာယ်တြိဂံနယ်မြေ Danger Triangle  က ဝက်ခြံဖုဆိုရင်တော့ မညှစ်တာအကောင်းဆုံးပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top