iMyanmarHouse.com - Best Property Website for Myanmar
×

၁ – ေန႔တိုင္းေတြ႔ေနဖို႔ လိုအပ္ပါသလား ?

မလိုအပ္ပါဘူး...online မွာေန႔တိုင္း စကားေျပာျဖစ္မယ္ဆိုရင္္ေတာင္
သူေကာ ကိုယ္ေကာ အားမယ့္အခ်ိန္နဲ႔အဆင္ေျပေအာင္ ၾကာခ်ိန္ကို ညွိမွျဖစ္မွာပါ
( ခ်စ္စ ၾကင္္စကိုေတာ့ မတားလိုပါဘူးတစ္လေလာက္ၾကာရင္္ေတာ့ ညိွဖို႔လိုအပ္ပါျပီ )

*****

၂ – ရည္းစားထားမွာလား !

အေပ်ာ္ရည္းစားထားတာ ဆိုရင္ေတာ့တခ်ိဳ႔အရာေတြ မစမ္းသပ္သင့္တာကလြဲရင္ က်န္တာ ok ပါတယ္
တခုပဲ ရည္းစားမ်ားတာ ဖန္စီဆြဲႀကိဳးေတြေျပာင္းဆြဲသလိုမလန္းပါဘူးၾကာရင္ သိကၡာက်ျပီး နာမည္ပ်က္နိူင္္ပါတယ္

*****

၃ – ခ်စ္သူထားမွာလား !

ခ်စ္သူထားတာဆိုရင္ေတာ့ သူ႔ကိုခ်စ္တာနဲ႔သူခ်စ္တာကိုခံရဖို႔ အခ်စ္ေတြျဖဴစင္ဖို႔လိုပါတယ္
လက္ရွိအခ်ိန္ကို ေပ်ာ္ရႊင္စြာျဖတ္သန္းဖို႔ ဘာမွမစြန္းထင္းဖို႔လိုပါတယ္

*****

၄ – တစ္ဘဝလံုးရည္ရြယ္ျပီးထားမွာလား ?

တစ္ဘဝလံုးအတြက္ ရည္ရြယ္ျပီဆိုရင္ေတာ့သူ႔အတိတ္ ပစၥဳပၸန္နဲ႔ အနာဂတ္္ရည္မွန္းခ်က္ကို သိဖို႔လိုပါၿပီ
ကိုယ့္ အတိတ္ ပစၥဳပၸန္နဲ႔ အနာဂတ္ကိုလည္း သူ႔ကိုေျပာျပဖို႔ လိုပါျပီ

ဒါဟာ ရိုးသားမႈတခုပါ ..
ဘာမွမဟုတ္တ့ဲ အေသးအဖြဲ႔ေလးဆိုေပမ့ဲ အရမ္းအေရးႀကီးပါတယ္...အဓိကက မိန္းကေလးေတြပါ
ကိုယ့္အိမ္ေထာင္ဖက္ဟာ အနာဂတ္ေမ်ွာ္လင့္ခ်က္ပန္းတိုင္ရွိေနတ့ဲသူမ်ိဳးပဲျဖစ္သင့္ပါတယ္ . . .

*****

၅ – ဖုန္းေျပာမယ္ ဆိုပါစို႔

ျပည့္စံုသူေတြဆိုရင္ေတာင္ သတိထားသင့္ပါတယ္sometime ဆိုျပႆနာမရွိေပမ့ဲ
everytime ဆို ျပႆနာရွိပါတယ္ခ်စ္သူေတြပဲ ျဖစ္နိူင္္ရင္ တစ္သက္္လံုး တစကၠန္႔မလပ္ပဲ ခရာေရလႊတ္ေျပာခ်င္္တာေပါ့...အခ်စ္ဟာ တခါတခါဘဝရဲ့ေျခထိုးမႈကိုခံရပါတယ္
ဥပမာ – ခ်စ္သူကို ဖုန္းေျပာဖို႔ အလုပ္ေတြႀကိဳးစား ဘာမွမစားပဲငတ္ခံေနတာဟာ
အျမဲတမ္းဂုဏ္ယူစရာမဟုတ္ပါဘူး ။သူ႔ဘက္ ကိုယ့္ဘက္ နားလည္ေပးဖို႔လိုပါတယ္...

*****

၆ – ေျပာင္းလဲၾကည့္မလား !

ဇစ္ျမစ္ဆိုတာ ေျပာင္းလို႔မရပါဘူး...ခ်စ္သူကိုခ်စ္လို႔ ေျပာင္းလဲရင္္ေတာင္ 1 % ေလာက္္ပဲ ျဖစ္နိူင္္ေျခရွိတာပါ..အစကတည္းက စရိုက္္၊ဘဝ၊ရည္မွန္းခ်က္မတူဘူးဆို
ေသခ်ာစဥ္းစားသင့္ပါတယ္..

*****

၇ – ခ်စ္သူကို ရစ္ၾကည့္မယ္

စိတ္ဆိုးစိတ္ေကာက္္တာ ခ်စ္စရာဓေလ့ပါ...အျမဲတမ္းမဟုတ္ဘူးဆိုရင္ေပါ့
ကိုယ္က အားေနလို႔ရစ္တယ္ဆိုပါစို႔..သူ႔ဘက္က အေရးတႀကီးလုပ္စရာတခုခုရွိေနတ့ဲအခါ
အမိႈက္္က ျပႆဒ္ထိေလာင္္သြားနိူင္္ပါတယ္ ။

*****

၈ – ကိုယ္္က ခ်စ္သူအတြက္လား !

ကိုယ္က ခ်စ္သူအတြက္မဟုတ္ပါဘူး..ကိုယ္က ကိုယ္ပါပဲ ခ်စ္သူကခ်စ္သူပါပဲ..
ကမာၻေက်ာ္စံုတြဲေတြေတာင္ျပတ္ဆဲၾကပါတယ္..ကိုယ့္ရည္္ရြယ္ခ်က္္ကို အပ်က္မခံပါနဲ႔
အျမဲတမ္းျဖည္းဆည္းေပးဖို႔ႀကိဳးစားရင္း ကိုယ္္ဟာလူည့ံတစ္ေယာက္္မျဖစ္သြားေစပါနဲ႔ ။

*****

၉ – ခ်စ္သူက ကိုယ့္အတြက္လား !

လံုးဝမွားပါတယ္..
ဒါဟာ အတၱပါ
အခ်စ္မဟုတ္ပါဘူး
နားလည္မႈ မျပည့္ဝလို႔ျဖစ္တာပါ

ျဖစ္နိူင္္ရင္ ခ်စ္သူလိုအပ္္ခ်ိန္မွာ လိုတာျဖည့္ဆည္းေပးနိူင္္ေအာင္
ကိုယ္ကအျမဲေတာ္ေနတ့ဲသူတစ္ေယာက္ ျဖစ္ဖို႔ႀကိဳးစားဖို႔လိုပါတယ္

*****

၁၀ – ေတြ႔တ့ဲအခါ ဘာေတြေျပာမလဲ !

အခ်စ္အေၾကာင္းေျပာပါ..
အနမ္းေတြေပးပါ..
က်ြန္ေတာ့္ကို အၾကံတခုေလာက္ေပးပါဆိုရင္ေတာ့ မိန္းကေလးေတြကိုေျပာခ်င္္ပါတယ္
တစ္ခါေတြ႔တိုင္း ရာဇဝင္ (သို႔မဟုတ္) စိတ္ဝင္စားဖြယ္ပံုျပင္နဲ႔ ဟာသျဖစ္ေစ တစ္ခုခုအျမဲေျပာခိုင္းပါ ။
ခ်စ္သူကို ေျပာျပဖို႔အတြက္ သူစာဖတ္တာဟာသူနဲ႔ကိုယ့္အနာဂတ္ေကာင္းတခုကိုဖန္တီးဖို႔ သူစိတ္အဟာရေတြျဖည့္ေနသလိုကိုယ္လည္းဗဟုသုတ ရေစတာမို႔ အလြန္ေကာင္းတ့ဲကိစၥပါ ။

*****

၁၁ – ခ်စ္သူျဖစ္ျပီဆို ဘာေတြမျဖစ္မေနေစာင့္သိရမလဲ

တျခားသူနဲ႔ မရႈပ္္ရပါဘူး..
တျခားသူက ကိုယ့္ခ်စ္သူအေၾကာင္းမေကာင္းေျပာရင္ နားမေထာင္္ရပါဘူး..
မလိမ္ညာရပါဘူး..ခ်စ္သူနဲ႔ကိုယ္ဟာ တစ္ကိုယ္္တည္းလို႔သေဘာထားရပါမယ္
အခ်ိန္အားတိုင္းသတိရေနဖို႔လိုပါတယ္..ဘယ္သူကေမးေမး ကိုယ့္ခ်စ္သူနာမည္ကို အလြယ္တကူေျပာနိူင္္တ့ဲသူျဖစ္ရပါမယ္..ခ်စ္သူ႔အေပၚအရာရာရိုးသားရပါမယ္ ။

*****

၁၁ – ခ်စ္သူဆိုတာ

ခ်စ္သူဆိုတာ အရမ္းအေရးပါပါတယ္..
အခ်စ္က အရာရာမဖန္ဆင္းနိူင္္ေပမ့ဲ..အရာရာဖန္တီးနိူင္္တ့ဲ စိတ္ခြန္အားေပးနိူင္္ပါတယ္
မိုးထိဆြဲေခၚသြားနိူင္္သလို..ငရဲထိဆြဲခ်သြားနိူင္္ပါတယ္

*****

နိဂံုး
—-
ခ်စ္သူထားတယ္ဆိုတာ ေပါ့ေသးေသးကိစၥတခုေတာ့မဟုတ္ပါဘူး
ကိုယ့္ေဘးက ခ်စ္သူဟာ
ေနာက္္ထပ္ နွစ္ ေလးဆယ္ေလာက္္ အတူတူေနသြားရမ့ဲလူ အခ်ိန္မေရြးျဖစ္သြားနိူင္္ပါတယ္
ဒါေၾကာင့္ စိတ္ကစားရံုသက္သက္နဲ႔ေတာ့ မထားပါနဲ႔
ေနာက္္တခုက ကိုယ္ကအေပ်ာ္ထားတာဆို အေပ်ာ္ေနတဲ့သူကိုပဲေရြးပါ
ဘဝအတြက္ႀကိဳးစားေနသူကို သြားမကစားပါနဲ႔
ကိုယ့္အေပ်ာ္ဟာ တျခားသူအနာဂတ္တခုလံုးပ်က္္စီးသြားေစနိူင္္ပါတယ္ ။
ခ်စ္သူထားတာနဲ႔ သူ႔အတြက္အခ်ိန္ေတြထိုးေပးလိုက္္ရတာ မလုပ္္သင့္ပါဘူး
ခ်စ္သူကို တကယ္ခ်စ္္မိတယ္ဆို
ဘဝကို ပိုခိုင္္မာေအာင္္တည္္ေဆာက္္ဖို႔ ပိုႀကိဳးစားသင့္တာပါ
ပိုခ်စ္ေလ ပိုႀကိဳးစားေလပါပဲ
ခ်စ္သူနဲ႔ေတြ႔တ့ဲအခါ ခ်စ္တတ္ပါ
မေတြ႔ရခ်ိန္ေတြမွာ သစၥာရွိပါ သတိရပါ
ေတြ႔ခ်ိန္မွာ ခ်စ္ျပပါ . . . ။

ခ်စ္သူတိုင္း နားလည္မႈအျပည့္နဲ႔ဘဝခရီးဆက္္နိူင္္ပါေစ . . . ။


Credit: Ulay Kyi ( ကိုလင္း )
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version


၁ – နေ့တိုင်းတွေ့နေဖို့ လိုအပ်ပါသလား ?

မလိုအပ်ပါဘူး...online မှာနေ့တိုင်း စကားပြောဖြစ်မယ်ဆိုရင်တောင်
သူကော ကိုယ်ကော အားမယ့်အချိန်နဲ့အဆင်ပြေအောင် ကြာချိန်ကို ညှိမှဖြစ်မှာပါ
( ချစ်စ ကြင်စကိုတော့ မတားလိုပါဘူးတစ်လလောက်ကြာရင်တော့ ညှိဖို့လိုအပ်ပါပြီ )

*****

၂ – ရည်းစားထားမှာလား !

အပျော်ရည်းစားထားတာ ဆိုရင်တော့တချို့အရာတွေ မစမ်းသပ်သင့်တာကလွဲရင် ကျန်တာ ok ပါတယ်
တခုပဲ ရည်းစားများတာ ဖန်စီဆွဲကြိုးတွေပြောင်းဆွဲသလိုမလန်းပါဘူးကြာရင် သိက္ခာကျပြီး နာမည်ပျက်နိူင်ပါတယ်

*****

၃ – ချစ်သူထားမှာလား !

ချစ်သူထားတာဆိုရင်တော့ သူ့ကိုချစ်တာနဲ့သူချစ်တာကိုခံရဖို့ အချစ်တွေဖြူစင်ဖို့လိုပါတယ်
လက်ရှိအချိန်ကို ပျော်ရွှင်စွာဖြတ်သန်းဖို့ ဘာမှမစွန်းထင်းဖို့လိုပါတယ်

*****

၄ – တစ်ဘဝလုံးရည်ရွယ်ပြီးထားမှာလား ?

တစ်ဘဝလုံးအတွက် ရည်ရွယ်ပြီဆိုရင်တော့သူ့အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ်ရည်မှန်းချက်ကို သိဖို့လိုပါပြီ
ကိုယ့် အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ်ကိုလည်း သူ့ကိုပြောပြဖို့ လိုပါပြီ

ဒါဟာ ရိုးသားမှုတခုပါ ..
ဘာမှမဟုတ်တဲ့ အသေးအဖွဲ့လေးဆိုပေမဲ့ အရမ်းအရေးကြီးပါတယ်...အဓိကက မိန်းကလေးတွေပါ
ကိုယ့်အိမ်ထောင်ဖက်ဟာ အနာဂတ်မျှော်လင့်ချက်ပန်းတိုင်ရှိနေတဲ့သူမျိုးပဲဖြစ်သင့်ပါတယ် . . .

*****

၅ – ဖုန်းပြောမယ် ဆိုပါစို့

ပြည့်စုံသူတွေဆိုရင်တောင် သတိထားသင့်ပါတယ်sometime ဆိုပြဿနာမရှိပေမဲ့
everytime ဆို ပြဿနာရှိပါတယ်ချစ်သူတွေပဲ ဖြစ်နိူင်ရင် တစ်သက်လုံး တစက္ကန့်မလပ်ပဲ ခရာရေလွှတ်ပြောချင်တာပေါ့...အချစ်ဟာ တခါတခါဘဝရဲ့ခြေထိုးမှုကိုခံရပါတယ်
ဥပမာ – ချစ်သူကို ဖုန်းပြောဖို့ အလုပ်တွေကြိုးစား ဘာမှမစားပဲငတ်ခံနေတာဟာ
အမြဲတမ်းဂုဏ်ယူစရာမဟုတ်ပါဘူး ။သူ့ဘက် ကိုယ့်ဘက် နားလည်ပေးဖို့လိုပါတယ်...

*****

၆ – ပြောင်းလဲကြည့်မလား !

ဇစ်မြစ်ဆိုတာ ပြောင်းလို့မရပါဘူး...ချစ်သူကိုချစ်လို့ ပြောင်းလဲရင်တောင် 1 % လောက်ပဲ ဖြစ်နိူင်ခြေရှိတာပါ..အစကတည်းက စရိုက်၊ဘဝ၊ရည်မှန်းချက်မတူဘူးဆို
သေချာစဉ်းစားသင့်ပါတယ်..

*****

၇ – ချစ်သူကို ရစ်ကြည့်မယ်

စိတ်ဆိုးစိတ်ကောက်တာ ချစ်စရာဓလေ့ပါ...အမြဲတမ်းမဟုတ်ဘူးဆိုရင်ပေါ့
ကိုယ်က အားနေလို့ရစ်တယ်ဆိုပါစို့..သူ့ဘက်က အရေးတကြီးလုပ်စရာတခုခုရှိနေတဲ့အခါ
အမှိုက်က ပြဿဒ်ထိလောင်သွားနိူင်ပါတယ် ။

*****

၈ – ကိုယ်က ချစ်သူအတွက်လား !

ကိုယ်က ချစ်သူအတွက်မဟုတ်ပါဘူး..ကိုယ်က ကိုယ်ပါပဲ ချစ်သူကချစ်သူပါပဲ..
ကမ္ဘာကျော်စုံတွဲတွေတောင်ပြတ်ဆဲကြပါတယ်..ကိုယ့်ရည်ရွယ်ချက်ကို အပျက်မခံပါနဲ့
အမြဲတမ်းဖြည်းဆည်းပေးဖို့ကြိုးစားရင်း ကိုယ်ဟာလူညံ့တစ်ယောက်မဖြစ်သွားစေပါနဲ့ ။

*****

၉ – ချစ်သူက ကိုယ့်အတွက်လား !

လုံးဝမှားပါတယ်..
ဒါဟာ အတ္တပါ
အချစ်မဟုတ်ပါဘူး
နားလည်မှု မပြည့်ဝလို့ဖြစ်တာပါ

ဖြစ်နိူင်ရင် ချစ်သူလိုအပ်ချိန်မှာ လိုတာဖြည့်ဆည်းပေးနိူင်အောင်
ကိုယ်ကအမြဲတော်နေတဲ့သူတစ်ယောက် ဖြစ်ဖို့ကြိုးစားဖို့လိုပါတယ်

*****

၁၀ – တွေ့တဲ့အခါ ဘာတွေပြောမလဲ !

အချစ်အကြောင်းပြောပါ..
အနမ်းတွေပေးပါ..
ကျွန်တော့်ကို အကြံတခုလောက်ပေးပါဆိုရင်တော့ မိန်းကလေးတွေကိုပြောချင်ပါတယ်
တစ်ခါတွေ့တိုင်း ရာဇဝင် (သို့မဟုတ်) စိတ်ဝင်စားဖွယ်ပုံပြင်နဲ့ ဟာသဖြစ်စေ တစ်ခုခုအမြဲပြောခိုင်းပါ ။
ချစ်သူကို ပြောပြဖို့အတွက် သူစာဖတ်တာဟာသူနဲ့ကိုယ့်အနာဂတ်ကောင်းတခုကိုဖန်တီးဖို့ သူစိတ်အဟာရတွေဖြည့်နေသလိုကိုယ်လည်းဗဟုသုတ ရစေတာမို့ အလွန်ကောင်းတဲ့ကိစ္စပါ ။

*****

၁၁ – ချစ်သူဖြစ်ပြီဆို ဘာတွေမဖြစ်မနေစောင့်သိရမလဲ

တခြားသူနဲ့ မရှုပ်ရပါဘူး..
တခြားသူက ကိုယ့်ချစ်သူအကြောင်းမကောင်းပြောရင် နားမထောင်ရပါဘူး..
မလိမ်ညာရပါဘူး..ချစ်သူနဲ့ကိုယ်ဟာ တစ်ကိုယ်တည်းလို့သဘောထားရပါမယ်
အချိန်အားတိုင်းသတိရနေဖို့လိုပါတယ်..ဘယ်သူကမေးမေး ကိုယ့်ချစ်သူနာမည်ကို အလွယ်တကူပြောနိူင်တဲ့သူဖြစ်ရပါမယ်..ချစ်သူ့အပေါ်အရာရာရိုးသားရပါမယ် ။

*****

၁၁ – ချစ်သူဆိုတာ

ချစ်သူဆိုတာ အရမ်းအရေးပါပါတယ်..
အချစ်က အရာရာမဖန်ဆင်းနိူင်ပေမဲ့..အရာရာဖန်တီးနိူင်တဲ့ စိတ်ခွန်အားပေးနိူင်ပါတယ်
မိုးထိဆွဲခေါ်သွားနိူင်သလို..ငရဲထိဆွဲချသွားနိူင်ပါတယ်

*****

နိဂုံး
—-
ချစ်သူထားတယ်ဆိုတာ ပေါ့သေးသေးကိစ္စတခုတော့မဟုတ်ပါဘူး
ကိုယ့်ဘေးက ချစ်သူဟာ
နောက်ထပ် နှစ် လေးဆယ်လောက် အတူတူနေသွားရမဲ့လူ အချိန်မရွေးဖြစ်သွားနိူင်ပါတယ်
ဒါကြောင့် စိတ်ကစားရုံသက်သက်နဲ့တော့ မထားပါနဲ့
နောက်တခုက ကိုယ်ကအပျော်ထားတာဆို အပျော်နေတဲ့သူကိုပဲရွေးပါ
ဘဝအတွက်ကြိုးစားနေသူကို သွားမကစားပါနဲ့
ကိုယ့်အပျော်ဟာ တခြားသူအနာဂတ်တခုလုံးပျက်စီးသွားစေနိူင်ပါတယ် ။
ချစ်သူထားတာနဲ့ သူ့အတွက်အချိန်တွေထိုးပေးလိုက်ရတာ မလုပ်သင့်ပါဘူး
ချစ်သူကို တကယ်ချစ်မိတယ်ဆို
ဘဝကို ပိုခိုင်မာအောင်တည်ဆောက်ဖို့ ပိုကြိုးစားသင့်တာပါ
ပိုချစ်လေ ပိုကြိုးစားလေပါပဲ
ချစ်သူနဲ့တွေ့တဲ့အခါ ချစ်တတ်ပါ
မတွေ့ရချိန်တွေမှာ သစ္စာရှိပါ သတိရပါ
တွေ့ချိန်မှာ ချစ်ပြပါ . . . ။

ချစ်သူတိုင်း နားလည်မှုအပြည့်နဲ့ဘဝခရီးဆက်နိူင်ပါစေ . . . ။


Credit: Ulay Kyi ( ကိုလင်း )

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top