iMyanmarHouse.com - Best Property Website for Myanmar
×

အိႏိၵယအစားအစာၾကိဳက္ႏွစ္သက္သူ စိတ္ဖိစီးမႈေဝဒနာရွင္ေတြအတြက္ အံ့ဖြယ္အေၾကာင္းအရာေလးတစ္ခုကို ေျပာျပေပးခ်င္ပါတယ္။ ဟင္းခတ္အေမႊးၾကိဳင္ေတြထဲမွာ နႏြင္းဟာ စိတ္ဖိစီးမႈေဝဒနာကုသျခင္းနဲ႔ ပတ္သက္ရင္ စိတ္က်ေဆး Prozac ထက္ ပိုမိုထိေရာက္ႏုိင္ေျခရိွတဲ့ ပါဝင္ပစၥည္း curcumin ပါဝင္ပါတယ္။

နႏြင္းကို အိႏိၵယရုိးရာအစားအစာခ်က္ျပဳတ္နည္းေတြမွာ ေတာ္ေတာ္ေလးသုံးပါတယ္။ ဒါ့အျပင္ နႏြင္းမွာ အံ့မခန္းဖြယ္ အကုိက္အခဲ သက္သာေပ်ာက္ကင္းေစႏုိင္တဲ့့ အစြမ္းသတိၱလည္း ရွိပါတယ္။ အရည္ပ်စ္ပ်စ္ေလး ေဖ်ာ္ျပီး မ်က္ႏွာလိမ္းေဆးအျဖစ္ လိမ္းႏိုင္တဲ့အေၾကာင္းကိုလည္း အလွအပဆိုင္ရာ လမ္းညႊန္းမႈတစ္ခုအျဖစ္ အျမဲေဖာ္ျပခံရပါတယ္။

၂၀၁၄ ခုႏွစ္ ေလ့လာမႈတစ္ခုမွာ စိတ္က်ေဝဒနာရွင္ အေယာက္ ၆၀ ကို Prozac အစား နႏြင္း ၆ ပတ္ၾကာ ေကြ်းျပီး Prozac ေဆးေသာက္သလိုကို သက္သာမႈခံစားရေၾကာင္း ေလ့လာေတြ႔ရိွခဲ့ပါတယ္။

နႏြင္းမႈန္႔ကို က်န္းမာေရအက်ဳိးျပဳ အစားအေသာက္ေရာင္းခ်တဲ့ စတုိးဆုိင္ေတြမွာ အားျဖည့္အစားအစာတစ္ခုလုိ ဝယ္ယူရရိွႏုိင္ပါတယ္။ ဒါေပမယ့္ မိမိစိတ္ဖိစီးမႈအတြက္ နႏြင္းနည္း စတင္မက်င့္သုံးခင္ ဆရာဝန္နဲ႔ အရင္ေဆြးေႏြးတုိင္ပင္ဖုိ႔ အၾကံျပဳပါရေစ။ Prozac နဲ႔ အျခားေဆးဝါးေတြ ကြ်ႏု္ပ္တုိ႔ လက္မလႊတ္ႏိုင္ေသးတဲ့ အေၾကာင္းအရင္း တစ္ခုရိွပါတယ္။ အဲ့ဒါကေတာ့ ဒီေဆးေတြမွာ မ်ားစြာေသာ လူေတြရဲ႕က်န္းမာသုခနဲ႔ပတ္သက္လို႔ အေရးၾကီးအစိတ္အပိုင္းတစ္ခုမွာ ပါဝင္ေနေသးတာပါပဲ။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အိန္ဒိယအစားအစာကြိုက်နှစ်သက်သူ စိတ်ဖိစီးမှုဝေဒနာရှင်တွေအတွက် အံ့ဖွယ်အကြောင်းအရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ ဟင်းခတ်အမွှေးကြိုင်တွေထဲမှာ နနွင်းဟာ စိတ်ဖိစီးမှုဝေဒနာကုသခြင်းနဲ့ ပတ်သက်ရင် စိတ်ကျဆေး Prozac ထက် ပိုမိုထိရောက်နိုင်ခြေရှိတဲ့ ပါဝင်ပစ္စည်း curcumin ပါဝင်ပါတယ်။

နနွင်းကို အိန္ဒိယရိုးရာအစားအစာချက်ပြုတ်နည်းတွေမှာ တော်တော်လေးသုံးပါတယ်။ ဒါ့အပြင် နနွင်းမှာ အံ့မခန်းဖွယ် အကိုက်အခဲ သက်သာပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။ အရည်ပျစ်ပျစ်လေး ဖျော်ပြီး မျက်နှာလိမ်းဆေးအဖြစ် လိမ်းနိုင်တဲ့အကြောင်းကိုလည်း အလှအပဆိုင်ရာ လမ်းညွှန်းမှုတစ်ခုအဖြစ် အမြဲဖော်ပြခံရပါတယ်။

၂၀၁၄ ခုနှစ် လေ့လာမှုတစ်ခုမှာ စိတ်ကျဝေဒနာရှင် အယောက် ၆၀ ကို Prozac အစား နနွင်း ၆ ပတ်ကြာ ကျွေးပြီး Prozac ဆေးသောက်သလိုကို သက်သာမှုခံစားရကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

နနွင်းမှုန့်ကို ကျန်းမာရေအကျိုးပြု အစားအသောက်ရောင်းချတဲ့ စတိုးဆိုင်တွေမှာ အားဖြည့်အစားအစာတစ်ခုလို ဝယ်ယူရရှိနိုင်ပါတယ်။ ဒါပေမယ့် မိမိစိတ်ဖိစီးမှုအတွက် နနွင်းနည်း စတင်မကျင့်သုံးခင် ဆရာဝန်နဲ့ အရင်ဆွေးနွေးတိုင်ပင်ဖို့ အကြံပြုပါရစေ။ Prozac နဲ့ အခြားဆေးဝါးတွေ ကျွနု်ပ်တို့ လက်မလွှတ်နိုင်သေးတဲ့ အကြောင်းအရင်း တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဒီဆေးတွေမှာ များစွာသော လူတွေရဲ့ကျန်းမာသုခနဲ့ပတ်သက်လို့ အရေးကြီးအစိတ်အပိုင်းတစ်ခုမှာ ပါဝင်နေသေးတာပါပဲ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top