iMyanmarHouse.com - Best Property Website for Myanmar
×

မိသားစုဆုိတာ ေရြးခ်ယ္ခြင့္မရွိေပမဲ့ သူငယ္ခ်င္းမိတ္ေဆြဆိုတာ ကိုယ့္အေပၚေကာင္းသူကို ေရြးခ်ယ္ခြင့္ရွိပါတယ္။

ဘဝမွာ ကိုယ့္ကို မ်က္ရည္က်တဲ့အထိ ရယ္ေမာေအာင္လုပ္ႏုိင္တဲ့ သူငယ္ခ်င္းရွိသင့္သလို ဘာပဲျဖစ္ျဖစ္ တုိင္ပင္လုိ႔ရတဲ့ သူငယ္ခ်င္းမ်ဳိးလည္း ရွိသင့္ပါတယ္။

ေအာက္ပါသူငယ္ခ်င္းအမ်ဳိးအစားေတြကေတာ့ ကိုယ့္ရဲ႕အားလပ္ခ်ိန္ေတြမွာ အခ်ိန္ေပးသင့္တဲ့ သူငယ္ခ်င္းမ်ဳိးေတြ ျဖစ္ပါတယ္။

၁။ တဇြတ္ထုိးႏိုင္တဲ့သူငယ္ခ်င္း

တဇြတ္ထုိးႏုိင္တဲ့ သူငယ္ခ်င္းေတြဟာ သင္ဘယ္ေတာ့မွ မလုပ္ဖူးတာ၊ မလုပ္ရဲတာေတြ လုပ္လာေအာင္ အျမဲတြန္းအားေပးတဲ့သူမ်ဳိးပါ။ သူက သင့္ကို အေတြ႕အၾကံဳသစ္ေတြ ရေအာင္ တြန္းအားေပးလိမ့္မယ္။ သူတုိ႔ေၾကာင့္ သင္ဟာ အေၾကာက္အလန္႔ နည္းလာလိမ့္မယ္။ သူတုိ႔က တစ္ညလံုး အရက္ေသာက္ဖို႔ေခၚေခၚ၊ စိတ္ကူးေပါက္တဲ့အခ်ိန္ ခရီးထသြားဖို႔ပဲ ေခၚေခၚ သင္လိုက္ေလ်ာမိတယ္။ အဲဒါဟာ ေပ်ာ္ရႊင္စရာေကာင္းမယ္ဆုိတာ သင္သိေနတယ္ေလ။

၂။ ႐ိုးသားတဲ့သူငယ္ခ်င္း

တစ္ခါတေလမွာ သင္ အမွန္တရားကို ၾကားဖုိ႔ လုိအပ္ပါတယ္။ သင့္ရဲ႕အခ်စ္ေရး အဆင္မေျပတဲ့အခါ၊ အလုပ္မွာ ျပႆနာရွိလာတဲ့အခါ တခ်ဳိ႕သူငယ္ခ်င္းေတြက ဘာမွ ေျပာမွာမဟုတ္ဘဲ သင့္ဘဝကို သင့္ဘာသာေျဖရွင္းေစလိမ့မယ္။ ဒါေပမဲ့ ႐ိုးသားတဲ့ သူငယ္ခ်င္းကက်ေတာ့ သူ႔ရဲ႕အျမင္ကို အ႐ိုးသားဆံုးေျပာျပၿပီး သင့္ကို အမွန္အတုိင္း ျမင္ေစလိမ့္မယ္။ အမွန္တရားဆုိတာ ၾကားရတာ ေအာင့္သက္သက္ႏုိင္ေပမဲ့ သူက သင့္ကို စိတ္ညစ္ေအာင္ ေျပာျခင္းမဟုတ္ဘဲ သင့္ဘက္မွာ အျမဲရွိေနၿပီး သင့္ကို ေပ်ာ္ရႊင္ေစခ်င္တဲ့သူဆုိတာ သင္သိေနတယ္။

၃။ ႏွစ္ေပါင္းမ်ားစြာ တြဲလာတဲ့သူငယ္ခ်င္း

သူတုိ႔ဟာ သင္နဲ႔ သူငယ္ခ်င္းျဖစ္လာတာ ၾကာၿပီျဖစ္တဲ့အတြက္ သင့္အေၾကာင္းကို သင့္ထက္ေတာင္ ပိုသိေနတတ္သူျဖစ္တယ္။ သင့္ရဲ႕ျပစ္ခ်က္ေတြနဲ႔ အတိတ္္က အမွားေတြ အားလံုးကို သူတုိ႔သိတယ္။ ဒါေပမဲ့ သင့္ကိုခ်စ္တဲ့အတြက္ သင့္ကို ႐ႈံ႕ခ်ကဲ့ရဲ႕တဲ့သူေတြ မဟုတ္ဘူး။

၄။ အတင္းေျပာတတ္တဲ့ သူငယ္ခ်င္း

တစ္ေနကုန္ အလုပ္ေတြ၊ အခက္အခဲေတြနဲ႔ ေတြ႕ၾကံဳေျဖရွင္းခဲ့ရၿပီးတဲ့ေနာက္ စိတ္ေတြဖိစီးၿပီး ႐ႈပ္ေထြးေနခ်ိန္မွာ သင့္စိတ္က ထြက္ေပါက္လိုအပ္လာပါလိမ့္မယ္။ အဲဒီအခ်ိန္မွာ အတင္းအဖ်င္းေျပာတတ္တဲဲ့ သူငယ္ခ်င္းက သင့္ရဲ႕ျပႆနာေတြကို နားေထာင္ၿပီးခ်ိန္မွာ သင့္ရဲ႕စိတ္ကို ၾကည္လင္ေစမယ့္ အၾကံဉာဏ္ ဒါမွမဟုတ္ ဟာသေတြ ေျပာတတ္ပါတယ္။ သူတုိ႔နဲ႔ စကားေျပာၿပီးခ်ိန္မွာ ပခံုးေပၚမွာ ထမ္းထားရတဲ့ ဝန္ထုပ္ႀကီးက်သြားသလို ခံစားရပါလိမ့္မယ္။

၅။ လုပ္ေဖာ္ကိုင္ဖက္ သူငယ္ခ်င္း

သင္ဟာ အခ်ိန္ျပည့္အလုပ္တစ္ခုကို လုပ္ေနရၿပီဆုိရင္ သင္ႏိုးေနတဲ့အခ်ိန္အမ်ားစုကို အလုပ္မွာ ကုန္လြန္ရမွာပါ။ အဲဒီလို အခ်ိန္ေတြမွာ သင့္ကို ျပံဳးရႊင္ေစတဲ့ လုပ္ေဖာ္ကိုင္ဖက္ သူငယ္ခ်င္းမ်ဳီး လိုအပ္ပါတယ္။ အလုပ္ဆုိတာ ဖိအားေတြ၊ အခက္အခဲေတြ ျပည့္ေနတဲ့အရာပါ။ ဒါေေပမဲ့ သူငယ္ခ်င္းရွိရင္ စကားစျမည္ေျပာျဖစ္မယ္။ ဟာသေတြေျပာၿပီး ရယ္ေမာရတဲ့အတြက္ အလုပ္ကရတဲ့ စိတ္ဖိစီးမႈေတြ ေလ်ာ့က်ပါလိမ့္မယ္။

၆။ သစၥာရွိတဲ့သူငယ္ခ်င္း

ဒီလိုသူငယ္ခ်င္းမ်ဳိးကေတာ့ သင့္ရဲ႕လွ်ဳိ႕ဝွက္ခ်က္မွန္သမွ်ကို ေျပာျပလို႔ရတယ္။ သူတုိ႔က တျခားသူေတြကို ျပန္ေျပာမွာမဟုတ္ဘူးဆုိတာ သင္သိတယ္။ သင့္ကို သူတုိ႔က ေဝဖန္မွာမဟုတ္သလို သင္လုိခ်ိန္တုိင္း အျမဲရွိေနမယ့္သူေတြ ျဖစ္ပါတယ္။

၇။ သင္အားက်ရတဲ့ သူငယ္ခ်င္း

သင္အျမဲအားက်ရတဲ့သူငယ္ခ်င္းမ်ဳိးဟာ သင့္ကို အေကာင္းဆံုးေဆာင္ရြက္ႏုိင္ေအာင္ အျမဲတမ္း အားေပးႏိုင္သူျဖစ္တယ္။ သူနဲ႔အတူ ေနရခ်ိန္မွာ သင္ဟာ ပိုမိုေကာင္းမြန္လာတယ္လို႔ ခံစားရမယ္။ သူတုိ႔က သင့္ဘဝကို အေကာင္းဆံုး ေလွ်ာက္လွမ္းႏိုင္ေအာင္၊ ေအာင္ျမင္မႈရေအာင္ ကူညီအားေပးတဲ့သူေတြ ျဖစ္ပါတယ္။

Credit : Duwun


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


မိသားစုဆိုတာ ရွေးချယ်ခွင့်မရှိပေမဲ့ သူငယ်ချင်းမိတ်ဆွေဆိုတာ ကိုယ့်အပေါ်ကောင်းသူကို ရွေးချယ်ခွင့်ရှိပါတယ်။

ဘဝမှာ ကိုယ့်ကို မျက်ရည်ကျတဲ့အထိ ရယ်မောအောင်လုပ်နိုင်တဲ့ သူငယ်ချင်းရှိသင့်သလို ဘာပဲဖြစ်ဖြစ် တိုင်ပင်လို့ရတဲ့ သူငယ်ချင်းမျိုးလည်း ရှိသင့်ပါတယ်။

အောက်ပါသူငယ်ချင်းအမျိုးအစားတွေကတော့ ကိုယ့်ရဲ့အားလပ်ချိန်တွေမှာ အချိန်ပေးသင့်တဲ့ သူငယ်ချင်းမျိုးတွေ ဖြစ်ပါတယ်။

၁။ တဇွတ်ထိုးနိုင်တဲ့သူငယ်ချင်း

တဇွတ်ထိုးနိုင်တဲ့ သူငယ်ချင်းတွေဟာ သင်ဘယ်တော့မှ မလုပ်ဖူးတာ၊ မလုပ်ရဲတာတွေ လုပ်လာအောင် အမြဲတွန်းအားပေးတဲ့သူမျိုးပါ။ သူက သင့်ကို အတွေ့အကြုံသစ်တွေ ရအောင် တွန်းအားပေးလိမ့်မယ်။ သူတို့ကြောင့် သင်ဟာ အကြောက်အလန့် နည်းလာလိမ့်မယ်။ သူတို့က တစ်ညလုံး အရက်သောက်ဖို့ခေါ်ခေါ်၊ စိတ်ကူးပေါက်တဲ့အချိန် ခရီးထသွားဖို့ပဲ ခေါ်ခေါ် သင်လိုက်လျောမိတယ်။ အဲဒါဟာ ပျော်ရွှင်စရာကောင်းမယ်ဆိုတာ သင်သိနေတယ်လေ။

၂။ ရိုးသားတဲ့သူငယ်ချင်း

တစ်ခါတလေမှာ သင် အမှန်တရားကို ကြားဖို့ လိုအပ်ပါတယ်။ သင့်ရဲ့အချစ်ရေး အဆင်မပြေတဲ့အခါ၊ အလုပ်မှာ ပြဿနာရှိလာတဲ့အခါ တချို့သူငယ်ချင်းတွေက ဘာမှ ပြောမှာမဟုတ်ဘဲ သင့်ဘဝကို သင့်ဘာသာဖြေရှင်းစေလိမ့မယ်။ ဒါပေမဲ့ ရိုးသားတဲ့ သူငယ်ချင်းကကျတော့ သူ့ရဲ့အမြင်ကို အရိုးသားဆုံးပြောပြပြီး သင့်ကို အမှန်အတိုင်း မြင်စေလိမ့်မယ်။ အမှန်တရားဆိုတာ ကြားရတာ အောင့်သက်သက်နိုင်ပေမဲ့ သူက သင့်ကို စိတ်ညစ်အောင် ပြောခြင်းမဟုတ်ဘဲ သင့်ဘက်မှာ အမြဲရှိနေပြီး သင့်ကို ပျော်ရွှင်စေချင်တဲ့သူဆိုတာ သင်သိနေတယ်။

၃။ နှစ်ပေါင်းများစွာ တွဲလာတဲ့သူငယ်ချင်း

သူတို့ဟာ သင်နဲ့ သူငယ်ချင်းဖြစ်လာတာ ကြာပြီဖြစ်တဲ့အတွက် သင့်အကြောင်းကို သင့်ထက်တောင် ပိုသိနေတတ်သူဖြစ်တယ်။ သင့်ရဲ့ပြစ်ချက်တွေနဲ့ အတိတ်က အမှားတွေ အားလုံးကို သူတို့သိတယ်။ ဒါပေမဲ့ သင့်ကိုချစ်တဲ့အတွက် သင့်ကို ရှုံ့ချကဲ့ရဲ့တဲ့သူတွေ မဟုတ်ဘူး။

၄။ အတင်းပြောတတ်တဲ့ သူငယ်ချင်း

တစ်နေကုန် အလုပ်တွေ၊ အခက်အခဲတွေနဲ့ တွေ့ကြုံဖြေရှင်းခဲ့ရပြီးတဲ့နောက် စိတ်တွေဖိစီးပြီး ရှုပ်ထွေးနေချိန်မှာ သင့်စိတ်က ထွက်ပေါက်လိုအပ်လာပါလိမ့်မယ်။ အဲဒီအချိန်မှာ အတင်းအဖျင်းပြောတတ်တဲ့ သူငယ်ချင်းက သင့်ရဲ့ပြဿနာတွေကို နားထောင်ပြီးချိန်မှာ သင့်ရဲ့စိတ်ကို ကြည်လင်စေမယ့် အကြံဉာဏ် ဒါမှမဟုတ် ဟာသတွေ ပြောတတ်ပါတယ်။ သူတို့နဲ့ စကားပြောပြီးချိန်မှာ ပခုံးပေါ်မှာ ထမ်းထားရတဲ့ ဝန်ထုပ်ကြီးကျသွားသလို ခံစားရပါလိမ့်မယ်။

၅။ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း

သင်ဟာ အချိန်ပြည့်အလုပ်တစ်ခုကို လုပ်နေရပြီဆိုရင် သင်နိုးနေတဲ့အချိန်အများစုကို အလုပ်မှာ ကုန်လွန်ရမှာပါ။ အဲဒီလို အချိန်တွေမှာ သင့်ကို ပြုံးရွှင်စေတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းမျီုး လိုအပ်ပါတယ်။ အလုပ်ဆိုတာ ဖိအားတွေ၊ အခက်အခဲတွေ ပြည့်နေတဲ့အရာပါ။ ဒါေပေမဲ့ သူငယ်ချင်းရှိရင် စကားစမြည်ပြောဖြစ်မယ်။ ဟာသတွေပြောပြီး ရယ်မောရတဲ့အတွက် အလုပ်ကရတဲ့ စိတ်ဖိစီးမှုတွေ လျော့ကျပါလိမ့်မယ်။

၆။ သစ္စာရှိတဲ့သူငယ်ချင်း

ဒီလိုသူငယ်ချင်းမျိုးကတော့ သင့်ရဲ့လျှို့ဝှက်ချက်မှန်သမျှကို ပြောပြလို့ရတယ်။ သူတို့က တခြားသူတွေကို ပြန်ပြောမှာမဟုတ်ဘူးဆိုတာ သင်သိတယ်။ သင့်ကို သူတို့က ဝေဖန်မှာမဟုတ်သလို သင်လိုချိန်တိုင်း အမြဲရှိနေမယ့်သူတွေ ဖြစ်ပါတယ်။

၇။ သင်အားကျရတဲ့ သူငယ်ချင်း

သင်အမြဲအားကျရတဲ့သူငယ်ချင်းမျိုးဟာ သင့်ကို အကောင်းဆုံးဆောင်ရွက်နိုင်အောင် အမြဲတမ်း အားပေးနိုင်သူဖြစ်တယ်။ သူနဲ့အတူ နေရချိန်မှာ သင်ဟာ ပိုမိုကောင်းမွန်လာတယ်လို့ ခံစားရမယ်။ သူတို့က သင့်ဘဝကို အကောင်းဆုံး လျှောက်လှမ်းနိုင်အောင်၊ အောင်မြင်မှုရအောင် ကူညီအားပေးတဲ့သူတွေ ဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top