iMyanmarHouse.com - Best Property Website for Myanmar
×

၃ရက္အတြင္းမွာ ၀ိတ္ခ်ဖို႔ ဆုိတာ သိပ္ေတာ့ မျဖစ္ႏိုင္ဘူးလို႔ ထင္ၾကမွာပါ။ ဒါေပမယ့္ ၾကက္ဥကို အေျခခံတဲ့ Diet Plan ေလးကေတာ့ ၃ရက္အတြင္းမွာ သင့္ကို အကူအညီ ေပးႏိုင္လိမ့္မယ္ ထင္ပါတယ္။ ဒီ ၃ရက္ အတြင္းမွာ အဓိက ေရွာင္ရမွာကေတာ့ ပါစတာ၊ ငံလြန္းတဲ့ အစားအစာ၊ သၾကားနဲ႔ ခ်ိဳလြန္းတဲ့ အစားအစာ၊ Fast Food၊ အဆီမ်ားလြန္းတဲ့ အစားအစာ၊ ေၾကာ္ထားတဲ့ အစားအစာေတြ ဥပမာ အာလူးေၾကာ္၊ အေၾကာ္စံုလိုအစားအစာေတြပါ။

Diet Plan မတိုင္ခင္ ကိုယ္အေလးခ်ိန္ကို ေသခ်ာ ခ်ိန္ထားပါ။ ၃ရက္ၿပီးရင္ ထပ္ခ်ိန္ပါ။


ပထမေန႔

မနက္စာ – ၾကက္ဥျပဳတ္ ၂လံုး၊ ခရမ္းခ်ဥ္သီး ၂လံုး နဲ႔ Green Tea တစ္ခြက္ ေသာက္ပါ။

ေန႔လည္စာ – ၾကက္ဥျပဳတ္ ၂လံုး ၊ ငါး (ျပဳတ္ထား၊ ကင္ထား) ၁၂၀ ဂရမ္ နဲ႔ Green Tea တစ္ခြက္ ေသာက္ပါ။

သေရစာ – ပန္းသီးတစ္လံုး

ညစာ – မုန္လာဥ၊ ပန္းပြင့္စိမ္း၊ ပန္းေဂၚဖီ၊ ပဲ တို႔ကို ႀကိဳက္ႏွစ္သက္ရာ တစ္ခုကို စားပါ။ Green Tea တစ္ခြက္ ေသာက္ပါ။


ဒုတိယရက္

မနက္စာ – ျပဳတ္ထားတဲ့ ၾကက္ဥ ၂လံုး ၊ ငွက္ေပ်ာသီး ၁လံုး နဲ႔ Green Tea တစ္ခြက္ေသာက္ပါ။

ေန႔လည္စာ – ျပဳတ္ထားတဲ့ ၾကက္ဥ ၂လံုး ၊ အေရခြံဆုတ္ထားတဲ့ ၾကက္သား ၁၂၀ ဂရမ္စားပါ ။ Green Tea တစ္ခြက္ေသာက္ပါ။

ညစာ – မုန္႔ၾကြပ္ျပား တစ္ခ်ပ္ (ခရစ္ကာတစ္ခ်ပ္) ၊ ခ်ိစ္၁၂၀ ဂရမ္ (Cottage Cheese) နဲ႔ Low Fat ႏြားႏို႔တစ္ခြက္ေသာက္ပါ။

japanese-green-tea

တတိယရက္

မနက္စာ – ျပဳတ္ထားတဲ့ ၾကက္ဥ ၂လံုး နဲ႔ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္တစ္ခြက္ေသာက္ပါ။

ေန႔လည္စာ – ၾကက္ဥျပဳတ္ ၂လံုး ၊ ဆီနည္းနည္းနဲ႔ ခ်က္ထားတဲ့ အနီေရာင္အသား ၁၂၀ ဂရမ္ နဲ႔ Green Tea တစ္ခြက္ေသာက္ပါ။

ညစာ – အာလူးကင္ ၂လံုး၊ မုန္လာဆလပ္ရြက္ အနည္းငယ္နဲ႔ Green Tea တစ္ခြက္ ေသာက္ပါ။

Credit :My Food Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

၃ရက်အတွင်းမှာ ဝိတ်ချဖို့ ဆိုတာ သိပ်တော့ မဖြစ်နိုင်ဘူးလို့ ထင်ကြမှာပါ။ ဒါပေမယ့် ကြက်ဥကို အခြေခံတဲ့ Diet Plan လေးကတော့ ၃ရက်အတွင်းမှာ သင့်ကို အကူအညီ ပေးနိုင်လိမ့်မယ် ထင်ပါတယ်။ ဒီ ၃ရက် အတွင်းမှာ အဓိက ရှောင်ရမှာကတော့ ပါစတာ၊ ငံလွန်းတဲ့ အစားအစာ၊ သကြားနဲ့ ချိုလွန်းတဲ့ အစားအစာ၊ Fast Food၊ အဆီများလွန်းတဲ့ အစားအစာ၊ ကြော်ထားတဲ့ အစားအစာတွေ ဥပမာ အာလူးကြော်၊ အကြော်စုံလိုအစားအစာတွေပါ။

Diet Plan မတိုင်ခင် ကိုယ်အလေးချိန်ကို သေချာ ချိန်ထားပါ။ ၃ရက်ပြီးရင် ထပ်ချိန်ပါ။


ပထမနေ့

မနက်စာ – ကြက်ဥပြုတ် ၂လုံး၊ ခရမ်းချဉ်သီး ၂လုံး နဲ့ Green Tea တစ်ခွက် သောက်ပါ။

နေ့လည်စာ – ကြက်ဥပြုတ် ၂လုံး ၊ ငါး (ပြုတ်ထား၊ ကင်ထား) ၁၂၀ ဂရမ် နဲ့ Green Tea တစ်ခွက် သောက်ပါ။

သရေစာ – ပန်းသီးတစ်လုံး

ညစာ – မုန်လာဥ၊ ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီ၊ ပဲ တို့ကို ကြိုက်နှစ်သက်ရာ တစ်ခုကို စားပါ။ Green Tea တစ်ခွက် သောက်ပါ။


ဒုတိယရက်

မနက်စာ – ပြုတ်ထားတဲ့ ကြက်ဥ ၂လုံး ၊ ငှက်ပျောသီး ၁လုံး နဲ့ Green Tea တစ်ခွက်သောက်ပါ။

နေ့လည်စာ – ပြုတ်ထားတဲ့ ကြက်ဥ ၂လုံး ၊ အရေခွံဆုတ်ထားတဲ့ ကြက်သား ၁၂၀ ဂရမ်စားပါ ။ Green Tea တစ်ခွက်သောက်ပါ။

ညစာ – မုန့်ကြွပ်ပြား တစ်ချပ် (ခရစ်ကာတစ်ချပ်) ၊ ချိစ်၁၂၀ ဂရမ် (Cottage Cheese) နဲ့ Low Fat နွားနို့တစ်ခွက်သောက်ပါ။

japanese-green-tea

တတိယရက်

မနက်စာ – ပြုတ်ထားတဲ့ ကြက်ဥ ၂လုံး နဲ့ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်သောက်ပါ။

နေ့လည်စာ – ကြက်ဥပြုတ် ၂လုံး ၊ ဆီနည်းနည်းနဲ့ ချက်ထားတဲ့ အနီရောင်အသား ၁၂၀ ဂရမ် နဲ့ Green Tea တစ်ခွက်သောက်ပါ။

ညစာ – အာလူးကင် ၂လုံး၊ မုန်လာဆလပ်ရွက် အနည်းငယ်နဲ့ Green Tea တစ်ခွက် သောက်ပါ။

Credit :My Food Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top