iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ ေျခေထာက္ဆန္႔တန္းျပီး လက္ႏွစ္ဖက္ေဘးနားခ်လ်က္ မနက္တုိင္း အိပ္ရာႏိုးေလ့ရိွသလား။ ဒါ ေက်နပ္စရာေကာင္းတယ္ ဆုိရပါမယ္။ ဘာလုိ႔လဲဆုိေတာ့ တစ္ညလုံး စနစ္တက်အိပ္ခဲ့လုိ႔ပဲ ျဖစ္ပါတယ္။ ပက္လက္အိပ္အေနအထားက က်န္းမာေရးအတြက္ အသင့္ေတာ္ဆုံး အေနအထား ျဖစ္ေနျပီးသားဆုိေပမယ့္ သိမွတ္ဖြယ္အခ်က္တခ်ဳိ႕ ရိွေနပါေသးတယ္။

ျပင္ညီ မအိပ္ပါနဲ႔

ပက္လက္အေနအထားအတုိင္း အိပ္တဲ့အခါ ဦးေခါင္း အနည္းငယ္ ျမင့္ေနသင့္ပါတယ္။ အဲဒါက အက္ဆစ္ဓာတ္ ဝင္ေရာက္လာမႈေၾကာင့္ျဖစ္ေပၚတဲ့ နာက်င္ကိုက္ခဲမႈနဲ႔ မသက္မသာျဖစ္မႈ ကင္းေဝးေစပါတယ္။ ဒီနည္းျဖင့္ အစာအိမ္က အစာျပြန္ထက္ နိမ့္ကာ အစားအစာနဲ႔ အက္ဆစ္အခ်ဥ္ဓာတ္ေတြ လည္ပင္းဘက္သို႔ ဆန္တက္မလာႏုိင္မွာ ျဖစ္ပါတယ္။

ညအိပ္ခါနီး စားေသာက္ပုံမွန္ပါေစ

ပက္လက္အိပ္တာက အက္ဆစ္အခ်ဥ္ဓာတ္ ဝင္ေရာက္မႈ ေလွ်ာ့နည္းတတ္တာမုိ႕ ညအိပ္ခါနီး အဆီ သုိ႔မဟုတ္ အက္ဆစ္ဓာတ္မ်ားတဲ့ အစားအေသာက္ေတြ အားပါတရ စားသုံးတာက မလုပ္သင့္တဲ့အခ်က္ျဖစ္ပါတယ္။ ေနာက္ဆုံးစားခ်ိန္နဲ႔ ညအိပ္ရာဝင္ခ်ိန္ၾကား အခ်ိန္ ၂ နာရီကြာေအာင္ ၾကိဳးစားပါ။

တျပင္လံုးမာေက်ာတဲ့ ေမြ႕ရာ ဝယ္သုံးပါ

ပက္လက္အိပ္တဲ့အခါ ခႏၶာကုိယ္ pressure point တစ္ခုခ်င္းစီကို အေထာက္အကူျဖစ္ေစေရး အေရးၾကီးပါတယ္။ အဖုအထစ္ေတြ ဒါမွမဟုတ္ ေပ်ာ့အိတဲ့ အကြက္ေတြရိွတဲ့ ေမြ႔ရာက နာက်င္ကိုက္ခဲမႈျဖစ္ေစပါလိမ့္မယ္။ တျပင္လုံးမာေက်ာတဲ့ ေမြ႔ရာအမ်ဳိးအစားကို ရွာပါ။

ဒူးဆစ္ေအာက္မွာ ေခါင္းအုံးေလးခံပါ

အက်ဳိးေက်းဇူးေတြရိွေပမယ့္ ပက္လက္အိပ္ျခင္းက ေက်ာရုိးနဲ႔ ေက်ာျပင္ေအာက္ပုိင္း ပိေစတတ္ပါတယ္။ အဲဒီလုိျဖစ္တာကို ေလ်ာ့က်ေစဖုိ႕ နဲ႔ နာက်င္ကုိက္ခဲမႈကင္းျပီး သက္ေတာင့္သက္သာ မနက္အိပ္ရာထႏိုင္ဖုိ႕အတြက္ ေျခေထာက္ေအာက္မွာ ေခါင္းအုံးတစ္ခုခု ခံအိပ္ပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

သင်ဟာ ခြေထောက်ဆန့်တန်းပြီး လက်နှစ်ဖက်ဘေးနားချလျက် မနက်တိုင်း အိပ်ရာနိုးလေ့ရှိသလား။ ဒါ ကျေနပ်စရာကောင်းတယ် ဆိုရပါမယ်။ ဘာလို့လဲဆိုတော့ တစ်ညလုံး စနစ်တကျအိပ်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ပက်လက်အိပ်အနေအထားက ကျန်းမာရေးအတွက် အသင့်တော်ဆုံး အနေအထား ဖြစ်နေပြီးသားဆိုပေမယ့် သိမှတ်ဖွယ်အချက်တချို့ ရှိနေပါသေးတယ်။

ပြင်ညီ မအိပ်ပါနဲ့

ပက်လက်အနေအထားအတိုင်း အိပ်တဲ့အခါ ဦးခေါင်း အနည်းငယ် မြင့်နေသင့်ပါတယ်။ အဲဒါက အက်ဆစ်ဓာတ် ဝင်ရောက်လာမှုကြောင့်ဖြစ်ပေါ်တဲ့ နာကျင်ကိုက်ခဲမှုနဲ့ မသက်မသာဖြစ်မှု ကင်းဝေးစေပါတယ်။ ဒီနည်းဖြင့် အစာအိမ်က အစာပြွန်ထက် နိမ့်ကာ အစားအစာနဲ့ အက်ဆစ်အချဉ်ဓာတ်တွေ လည်ပင်းဘက်သို့ ဆန်တက်မလာနိုင်မှာ ဖြစ်ပါတယ်။

ညအိပ်ခါနီး စားသောက်ပုံမှန်ပါစေ

ပက်လက်အိပ်တာက အက်ဆစ်အချဉ်ဓာတ် ဝင်ရောက်မှု လျှော့နည်းတတ်တာမို့ ညအိပ်ခါနီး အဆီ သို့မဟုတ် အက်ဆစ်ဓာတ်များတဲ့ အစားအသောက်တွေ အားပါတရ စားသုံးတာက မလုပ်သင့်တဲ့အချက်ဖြစ်ပါတယ်။ နောက်ဆုံးစားချိန်နဲ့ ညအိပ်ရာဝင်ချိန်ကြား အချိန် ၂ နာရီကွာအောင် ကြိုးစားပါ။

တပြင်လုံးမာကျောတဲ့ မွေ့ရာ ဝယ်သုံးပါ

ပက်လက်အိပ်တဲ့အခါ ခန္ဓာကိုယ် pressure point တစ်ခုချင်းစီကို အထောက်အကူဖြစ်စေရေး အရေးကြီးပါတယ်။ အဖုအထစ်တွေ ဒါမှမဟုတ် ပျော့အိတဲ့ အကွက်တွေရှိတဲ့ မွေ့ရာက နာကျင်ကိုက်ခဲမှုဖြစ်စေပါလိမ့်မယ်။ တပြင်လုံးမာကျောတဲ့ မွေ့ရာအမျိုးအစားကို ရှာပါ။

ဒူးဆစ်အောက်မှာ ခေါင်းအုံးလေးခံပါ

အကျိုးကျေးဇူးတွေရှိပေမယ့် ပက်လက်အိပ်ခြင်းက ကျောရိုးနဲ့ ကျောပြင်အောက်ပိုင်း ပိစေတတ်ပါတယ်။ အဲဒီလိုဖြစ်တာကို လျော့ကျစေဖို့ နဲ့ နာကျင်ကိုက်ခဲမှုကင်းပြီး သက်တောင့်သက်သာ မနက်အိပ်ရာထနိုင်ဖို့အတွက် ခြေထောက်အောက်မှာ ခေါင်းအုံးတစ်ခုခု ခံအိပ်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top