iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဘယ္ေလာက္ပဲ ႀကိဳးစားပါေစ။ လူေကာင္းနဲ႔မေတြ႕ဘူးလို႔ သင္ေတြးေနမိေနတယ္။ ေတြ႕တဲ့သူတုိင္းက လူလိမ္ေတြ၊ သင့္အေပၚ အႏုိင္ယူသြားသူေတြခ်ည္းသာ ျဖစ္ေနၿပီလား။ ေယာက္်ားတစ္ေယာက္ရဲ႕ အျပဳအမူနဲ႔ ပတ္သက္ၿပီး သင့္မွာ တာဝန္မရွိေပမဲ့ သင့္ရဲ႕အျပဳအမူအတြက္ သင့္မွာ တာဝန္ရွိပါတယ္။ သင့္ရဲ႕လုပ္ရပ္ေတြေၾကာင့္လည္း သူတုိ႔ေတြ ပိုဆိုးသြားတာလည္း ျဖစ္ႏုိင္ပါတယ္။

၁။ သူ႔ရဲ႕ အျပဳအမူဆုိးအတြက္ သင္က ၾကံဖန္ခြင့္လႊတ္ေပးေနျခင္း

လူဆိုတာ အမွားနဲ႔ မကင္းလို႔ ဒုတိယအခြင့္အေရးေပးသင့္တာ မွန္ပါတယ္။ ဒါေပမဲ့ အခ်ိန္တိုင္း ခြင့္လႊတ္ေပးေနရင္ေတာ့ လူတစ္ေယာက္က ဆိုးသထက္ ဆုိးလာဖုိ႔ပဲ ရွိပါတတယ္။

၂။ မိခင္တစ္ေယာက္လို ျပဳမူမိေနျခင္း

သင္ဟာ ရည္းစားနဲ႔မတူဘဲ အေမနဲ႔ ပိုတူေနၿပီလား။ သူ႔ရဲ႕ အဝတ္အစားေတြေလွ်ာ္၊ ထမင္းဟင္းခ်က္ျပဳတ္ေပး၊ သူ႔ရဲ႕အခ်ိန္ဇယားေတြကို ကူဆြဲေပးေနသလား။ ဒါဆုိရင္ေတာ့ သူ႔ကို ဆုိးသြမ္းေအာင္ သင္လုပ္ေနတာပါ။ သူဟာ အရြယ္ေရာက္ၿပီး ေယာက္်ားတစ္ေယာက္ပါ။ သင္က ဘဝၾကင္ေဖာ္ရွာတာပါ၊ သားတစ္ေယာက္ရွာေနတာ မဟုတ္ပါဘူး။

၃။  သင္တုိ႔အခ်စ္ေရးအတြက္ လိုအပ္တာအားလံုး သင္တစ္ေယာက္တည္း လုပ္ေနျခင္း

သင္တုိ႔ေတြ႕ဖို႔ သင္ပဲ အစီအစဥ္ဆြဲ၊ ႏွစ္ပတ္လည္ေန႔ ေရာက္ခါနီးတုိင္း သူ႔ကို သင္ကခ်ည္းပဲ သတိေပး စတာေတြ အားလံုး သင္ပဲ လုပ္ေနရသလား။ သူသာ သင့္ကို တန္ဖိုးထားရင္ အဲဒါေတြ သူလုပ္ပါလိမ့္မယ္။ ဒီအခ်စ္ေရး ခုိင္ျမဲေအာင္ သင္ႀကိဳးစားသလို သူမႀကိဳးစားခ်င္ဘူးဆုိရင္ သူဟာ သင့္အခ်စ္နဲ႔ မထုိက္တန္ပါဘူး။

၄။ ရန္ျဖစ္ဖို႔ အေၾကာင္းရွာျခင္း

သင္ဟာ သင့္ခ်စ္သူဆီက လုိခ်င္တာေတြ အရမ္းမ်ားေနတယ္။ သူ သင့္ကို ခ်စ္ေၾကာင္း သက္ေသျပေစခ်င္လို႔၊ သူ ေခ်ာ့တာခံခ်င္လို႔ အေၾကာင္းရွာၿပီး ရန္ျဖစ္တယ္။ အခ်ိန္ျပည့္ ရန္လုိေနသူကို ဘယ္သူက စိတ္ရွည္သည္းခံႏုိင္မွာလဲ။

၅။ အျမဲတမ္း သူ႔ကို နားပူနားဆာလုပ္ျခင္း

သင့္ဆႏၵနဲ႔ သူ႔ဆႏၵ ထပ္တူမက်တုိင္း သူ႔ကို သင္ နားပူနားဆာလုပ္ေနမယ္ဆုိရင္ေတာ့ ဘယ္ေယာက္်ားမွ သေဘာေကာင္းႏုိင္ေတာ့မွာ မဟုတ္ဘူး။ သင္ဟာ ျပႆနာကို မီးခြက္ထြန္းရွာသူ ျဖစ္ေနပါၿပီ။

၆။ သင့္ကိုယ္သင္ မေလးစားျခင္း

လူဆုိတာ ကိုယ့္ကိုယ္ကိုယ္မွ တန္ဖုိးထား၊ ေလးစားမႈ မရွိရင္ ဘယ္သူကမွ ေလးစားမွာ မဟုတ္ပါဘူး။ သူနဲ႔ ရန္မျဖစ္ခ်င္တာနဲ႔ပဲ အျမဲတမ္း အေလွ်ာ့ေပး လိုက္ေလ်ာလိုက္ျခင္းဟာ သင့္ကိုယ္သင္ ေလးစားမႈ မရွိျခင္းပါ။ သင္မွန္ေနတာ ေသခ်ာရင္ ေသခ်ာရွင္းလင္းေျပာျပရပါမယ္။ အဲဒီအတြက္ ရန္ျဖစ္သင့္ရင္လည္း ျဖစ္ရပါမယ္။

၇။ သဝန္တိုစိတ္ ႀကီးလြန္းျခင္း

ေလာကမွာ ေယာက္်ားနဲ႔ မိန္းမ ႏွစ္မ်ဳိးပဲရွိပါတယ္။ သူ႔ပတ္ဝန္းက်င္မွာ မိန္းမျမင္တိုင္း၊ သူ မိန္းကေလးေတြနဲ႔ စကားေျပာတုိင္း သူ႔ကို စြပ္စြဲရန္ရွာေနမယ္ဆုိရင္ေတာ့ သူ ၾကာၾကာသည္းခံႏုိင္မွာ မဟုတ္ပါဘူး။

Credit: duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

သင်ဘယ်လောက်ပဲ ကြိုးစားပါစေ။ လူကောင်းနဲ့မတွေ့ဘူးလို့ သင်တွေးနေမိနေတယ်။ တွေ့တဲ့သူတိုင်းက လူလိမ်တွေ၊ သင့်အပေါ် အနိုင်ယူသွားသူတွေချည်းသာ ဖြစ်နေပြီလား။ ယောက်ျားတစ်ယောက်ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး သင့်မှာ တာဝန်မရှိပေမဲ့ သင့်ရဲ့အပြုအမူအတွက် သင့်မှာ တာဝန်ရှိပါတယ်။ သင့်ရဲ့လုပ်ရပ်တွေကြောင့်လည်း သူတို့တွေ ပိုဆိုးသွားတာလည်း ဖြစ်နိုင်ပါတယ်။

၁။ သူ့ရဲ့ အပြုအမူဆိုးအတွက် သင်က ကြံဖန်ခွင့်လွှတ်ပေးနေခြင်း

လူဆိုတာ အမှားနဲ့ မကင်းလို့ ဒုတိယအခွင့်အရေးပေးသင့်တာ မှန်ပါတယ်။ ဒါပေမဲ့ အချိန်တိုင်း ခွင့်လွှတ်ပေးနေရင်တော့ လူတစ်ယောက်က ဆိုးသထက် ဆိုးလာဖို့ပဲ ရှိပါတတယ်။

၂။ မိခင်တစ်ယောက်လို ပြုမူမိနေခြင်း

သင်ဟာ ရည်းစားနဲ့မတူဘဲ အမေနဲ့ ပိုတူနေပြီလား။ သူ့ရဲ့ အဝတ်အစားတွေလျှော်၊ ထမင်းဟင်းချက်ပြုတ်ပေး၊ သူ့ရဲ့အချိန်ဇယားတွေကို ကူဆွဲပေးနေသလား။ ဒါဆိုရင်တော့ သူ့ကို ဆိုးသွမ်းအောင် သင်လုပ်နေတာပါ။ သူဟာ အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်ပါ။ သင်က ဘဝကြင်ဖော်ရှာတာပါ၊ သားတစ်ယောက်ရှာနေတာ မဟုတ်ပါဘူး။

၃။  သင်တို့အချစ်ရေးအတွက် လိုအပ်တာအားလုံး သင်တစ်ယောက်တည်း လုပ်နေခြင်း

သင်တို့တွေ့ဖို့ သင်ပဲ အစီအစဉ်ဆွဲ၊ နှစ်ပတ်လည်နေ့ ရောက်ခါနီးတိုင်း သူ့ကို သင်ကချည်းပဲ သတိပေး စတာတွေ အားလုံး သင်ပဲ လုပ်နေရသလား။ သူသာ သင့်ကို တန်ဖိုးထားရင် အဲဒါတွေ သူလုပ်ပါလိမ့်မယ်။ ဒီအချစ်ရေး ခိုင်မြဲအောင် သင်ကြိုးစားသလို သူမကြိုးစားချင်ဘူးဆိုရင် သူဟာ သင့်အချစ်နဲ့ မထိုက်တန်ပါဘူး။

၄။ ရန်ဖြစ်ဖို့ အကြောင်းရှာခြင်း

သင်ဟာ သင့်ချစ်သူဆီက လိုချင်တာတွေ အရမ်းများနေတယ်။ သူ သင့်ကို ချစ်ကြောင်း သက်သေပြစေချင်လို့၊ သူ ချော့တာခံချင်လို့ အကြောင်းရှာပြီး ရန်ဖြစ်တယ်။ အချိန်ပြည့် ရန်လိုနေသူကို ဘယ်သူက စိတ်ရှည်သည်းခံနိုင်မှာလဲ။

၅။ အမြဲတမ်း သူ့ကို နားပူနားဆာလုပ်ခြင်း

သင့်ဆန္ဒနဲ့ သူ့ဆန္ဒ ထပ်တူမကျတိုင်း သူ့ကို သင် နားပူနားဆာလုပ်နေမယ်ဆိုရင်တော့ ဘယ်ယောက်ျားမှ သဘောကောင်းနိုင်တော့မှာ မဟုတ်ဘူး။ သင်ဟာ ပြဿနာကို မီးခွက်ထွန်းရှာသူ ဖြစ်နေပါပြီ။

၆။ သင့်ကိုယ်သင် မလေးစားခြင်း

လူဆိုတာ ကိုယ့်ကိုယ်ကိုယ်မှ တန်ဖိုးထား၊ လေးစားမှု မရှိရင် ဘယ်သူကမှ လေးစားမှာ မဟုတ်ပါဘူး။ သူနဲ့ ရန်မဖြစ်ချင်တာနဲ့ပဲ အမြဲတမ်း အလျှော့ပေး လိုက်လျောလိုက်ခြင်းဟာ သင့်ကိုယ်သင် လေးစားမှု မရှိခြင်းပါ။ သင်မှန်နေတာ သေချာရင် သေချာရှင်းလင်းပြောပြရပါမယ်။ အဲဒီအတွက် ရန်ဖြစ်သင့်ရင်လည်း ဖြစ်ရပါမယ်။

၇။ သဝန်တိုစိတ် ကြီးလွန်းခြင်း

လောကမှာ ယောက်ျားနဲ့ မိန်းမ နှစ်မျိုးပဲရှိပါတယ်။ သူ့ပတ်ဝန်းကျင်မှာ မိန်းမမြင်တိုင်း၊ သူ မိန်းကလေးတွေနဲ့ စကားပြောတိုင်း သူ့ကို စွပ်စွဲရန်ရှာနေမယ်ဆိုရင်တော့ သူ ကြာကြာသည်းခံနိုင်မှာ မဟုတ်ပါဘူး။

Credit: duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top