iMyanmarHouse.com - Best Property Website for Myanmar
×

Girls' Generation အဖြဲ႕သည္ ကမၻာေပၚတြင္ အျမတ္ အစြန္း အမ်ားဆံုး မိန္းကေလး အဆိုရွင္အဖြဲ႕ျဖစ္လာသည္။

အေမရိကန္ အင္န္တာတိန္း မန္႔မီဒီယာ celebmixm က သမိုင္း တစ္ေလွ်ာက္ ဝင္ေငြအမ်ားဆံုး မိန္းကေလးအဖြဲ႕မ်ား၏ ေျဖေဖ်ာ္ ပြဲ ၁၀ ပြဲစာရင္းကို ထုတ္ျပန္ခဲ့ရာ Girls' Generation အဖြဲ႕က နံပါတ္ (၄)ေနရာ ရရွိထားသည္။ ၎အဖြဲ႕အထက္တြင္ TLC, Destiny's Child ႏွင့္ Spice Girls တို႔သာ ရွိသည္။

၂၀၁၄ က ဂ်ပန္ႏိုင္ငံတြင္ တတိယအႀကိမ္ ေဖ်ာ္ေျဖခဲ့ေသာ Love & Peace ေဖ်ာ္ေျဖပြဲ ခရီး စဥ္မွ ဝင္ေငြ ကန္ေဒၚလာ ၃၁ သန္းရရွိခဲ့ၿပီး မိန္းကေလးအဖြဲ႕ အေနျဖင့္ စတုတၳဝင္ေငြအမ်ားဆံုး အျဖစ္ စာရင္းဝင္ခဲ့သည္။

ဝင္ေငြအေကာင္းဆံုး နံပါတ္၆ မွ နံပါတ္ ၉ အထိ Girls' Generation အဖြဲ႕၏ ေဖ်ာ္ေျဖပြဲမ်ားကသာ သိမ္းပိုက္ခဲ့သည္။ ၎တို႔အဖြဲ႕၏ ၂၀၁၅-၁၆Plantasia Tour မွ ဝင္ေငြေဒၚလာ ၂၂ ဒသမ ၃ သန္းျဖင့္ နံပါတ္ (၆)၊ ဒုတိယ ဂ်ပန္ခရီးစဥ္ Girls & Peace (၂၀၁၃)မွ ဝင္ေငြေဒၚလာ ၂၁ ဒသမ ၅ သန္းျဖင့္ နံပါတ္ (၇) ျဖင့္ ဝင္ေငြအမ်ားဆံုး ေနရာမ်ား ဆက္တိုက္ ရရွိခဲ့သည္။

Credit : 7 day daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

Girls' Generation အဖွဲ့သည် ကမ္ဘာပေါ်တွင် အမြတ် အစွန်း အများဆုံး မိန်းကလေး အဆိုရှင်အဖွဲ့ဖြစ်လာသည်။

အမေရိကန် အင်န်တာတိန်း မန့်မီဒီယာ celebmixm က သမိုင်း တစ်လျှောက် ဝင်ငွေအများဆုံး မိန်းကလေးအဖွဲ့များ၏ ဖြေဖျော် ပွဲ ၁၀ ပွဲစာရင်းကို ထုတ်ပြန်ခဲ့ရာ Girls' Generation အဖွဲ့က နံပါတ် (၄)နေရာ ရရှိထားသည်။ ၎င်းအဖွဲ့အထက်တွင် TLC, Destiny's Child နှင့် Spice Girls တို့သာ ရှိသည်။

၂၀၁၄ က ဂျပန်နိုင်ငံတွင် တတိယအကြိမ် ဖျော်ဖြေခဲ့သော Love & Peace ဖျော်ဖြေပွဲ ခရီး စဉ်မှ ဝင်ငွေ ကန်ဒေါ်လာ ၃၁ သန်းရရှိခဲ့ပြီး မိန်းကလေးအဖွဲ့ အနေဖြင့် စတုတ္ထဝင်ငွေအများဆုံး အဖြစ် စာရင်းဝင်ခဲ့သည်။

ဝင်ငွေအကောင်းဆုံး နံပါတ်၆ မှ နံပါတ် ၉ အထိ Girls' Generation အဖွဲ့၏ ဖျော်ဖြေပွဲများကသာ သိမ်းပိုက်ခဲ့သည်။ ၎င်းတို့အဖွဲ့၏ ၂၀၁၅-၁၆Plantasia Tour မှ ဝင်ငွေဒေါ်လာ ၂၂ ဒသမ ၃ သန်းဖြင့် နံပါတ် (၆)၊ ဒုတိယ ဂျပန်ခရီးစဉ် Girls & Peace (၂၀၁၃)မှ ဝင်ငွေဒေါ်လာ ၂၁ ဒသမ ၅ သန်းဖြင့် နံပါတ် (၇) ဖြင့် ဝင်ငွေအများဆုံး နေရာများ ဆက်တိုက် ရရှိခဲ့သည်။

Credit : 7 day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top