iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ခ်စ္သူနဲ႔အတူရွိတဲ့အခ်ိန္ သူ႔ရဲ႕ျပဳမူပံု၊ ေျပာဆုိပံုေတြကို ၾကည့္ၿပီး သူကိုယ့္ကို တစ္ဘ၀စာ လက္တြဲသြားဖုိ႔ စဥ္းစားထားသလား၊ မထားဘူးလားဆုိတာ သံုးသပ္ႏိုင္ပါတယ္။ ဘယ္လိုအခ်က္ကေလးေတြက သူကိုယ့္ကိုတကယ္ရည္ရြယ္ ထား၊ မထား သိသာေစသလဲဆုိေတာ့

၁။သူ႕ေရွ႕ေရးအေၾကာင္း ေျပာတုိင္း ကုိယ္အၿမဲပါ၀င္ေနတတ္တယ္။

ေနာက္ေလး၊ ငါးႏွစ္က်ရင္ ကိုယ္တုိ႔ ဘာေတြလုပ္မယ္။ ခရီးေတြသြားမယ္ စသျဖင့္ သူလုပ္မယ့္အေၾကာင္းအရာတုိင္းမွာ ကိုယ္ဟာ အၿမဲပါ၀င္ေနမယ္။ သူစဥ္းစားတဲ့ သူ႕ေရွ႕ေရးမွာလည္း ကိုယ္ဟာ သူ႔ရဲ႕လက္တြဲေဖာ္အျဖစ္ အၿမဲေျပာဆိုေနမယ္ဆုိရင္ ဒါဟာ သူ သင့္ကိုတကယ္လက္တြဲဖုိ႔ ဆံုးျဖတ္ထားလုိ႔ပါ။

၂။သင္နဲ႔အတူ အိမ္အလုပ္ကေလးေတြ ကူလုပ္ေပးတတ္တယ္။

အားတဲ့အခ်ိန္ သင္နဲ႔အတူလာၿပီး အခန္းရွင္းတာမ်ိဳး၊ ဟင္းခ်က္၊ ထမင္းခ်က္တာမ်ိဳးေတြေတာင္ လာကူညီေပးေနတယ္ဆိုရင္လည္း သူဟာ သင့္နဲ႔အတူ ေရရွည္သြားဖုိ႔ စဥ္းစားထားလို႔ပါ။

၃။သူမိသားစုနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာတိုင္း ကိုယ့္ကိုေပးသိ၊ ပါ၀င္ေစခ်င္တတ္တယ္။

အိမ္မွာ မိသားစု ထမင္းစာပြဲမ်ိဳးရွိရင္ ကိုယ့္ကိုလာေစခ်င္တယ္။ အိမ္က ေပ်ာ္ပြဲစားထြက္တာမ်ိဳးဆိုရင္လည္း ကိုယ့္ကိုပါေစခ်င္တယ္။ အဲ့ဒီအျပင္ အိမ္က အိမ္တြင္းေရးေတြေတာင္ ကိုယ့္က အားလံုးေျပာျပေနၿပီဆုိရင္ေတာ့ ကိုယ့္ကို လက္တြဲေဖာ္အျဖစ္ သတ္မွတ္ထားလို႔ေပါ့။

၄။ငါတုိ႔ကေလးေတြရရင္ စသျဖင့္ အၿမဲေျပာတတ္တယ္။

ကိုယ္တုိ႔ႏွစ္ေယာက္ ကေလးေတြက်ရင္ ဘာေလးေတြ ဘယ္လိုလုပ္ေပးမယ္၊ ဘယ္လိုေလး ျပဳစုပ်ိဳးေထာင္မယ္ စသျဖင့္ သူ႕စိတ္ကူးေတြ ေျပာျပတတ္တယ္ဆုိရင္လည္း သူဟာ ကုိယ့္ကို အိမ္ထာင္ဖက္အျဖစ္ တစ္ဘ၀လံုးအတူတူသြားဖုိ႔ ဆံုးျဖတ္ထားလို႔ပါ။

၅။ကိုယ့္မိသားစုအေရးကိုလည္း သူအၿမဲအေလးေပးတယ္။

အိမ္ကို ၀င္ထြက္ႏိုင္ေအာင္ သူႀကိဳးစားၿပီး ကိုယ့္မိသားစုနဲ႔ ပတ္သက္တဲ့ ကိစၥရပ္တုိင္းကိုလည္း သူက စိတ္ပါလက္ပါ ပါ၀င္ေဆာင္ရြက္ေပးတယ္ဆိုရင္ ဒါဟာ ကိုယ့္ကို သူဘယ္ေလာက္အေလးထားေၾကာင္းျပတာပဲေပါ့။

၆။ကိုယ္မႀကိဳက္တဲ့အရာေတြကို ျပဳျပင္ဖုိ႔ သူႀကိဳးစားတယ္။

အက်င့္စရုိက္ဆုိတာ ေဖ်ာက္ဖ်က္ရ ခက္ပါတယ္။ ဒါေတာင္ သူက ကိုယ္မႀကိဳက္တဲ့ အက်င့္မ်ိဳးေတြ တစ္ျဖည္းျဖည္းျပင္ဖုိ႔ႀကိဳးစားေနတာဟာ သူကုိယ့္ကို အရမ္းခ်စ္လုိ႔၊ လက္လႊတ္မခံႏိုင္လုိ႔ပါ။

၇။စိတ္လႈပ္ရွားစရာေကာင္းတဲ့ အရာေတြကို အၿမဲဖန္တီးေပးတယ္။

ခ်စ္သူသက္တမ္း ၾကာလာလည္းပဲ သူကေတာ့ အရင္အတုိင္း မေျပာင္းမလဲ ကုိယ့္ကို စိတ္လႈပ္ရွားစရာေတြ ဖန္တီးေပးၿမဲဆုိရင္ ဒါဟာ သူ ကုိယ့္ကို အရမ္းအေလးထားလုိ႔ပါ။

၈။ဘာေတြဘယ္လိုျဖစ္ျဖစ္ ကိုယ့္ကိုဘယ္ေတာ့မွ လက္ေလွ်ာ့မသြားဘူး။

ခ်စ္သူႏွစ္ဦး လက္တြဲႏိုင္ဖုိ႔ အခက္အခဲအမ်ိဳးမ်ိဳးရွိေနတာေတာင္ သူကေတာ့ ဘယ္ေတာ့မွ လက္ေလွ်ာ့မသြားတတ္ဘူး။ အေႏွာင့္အယွက္ေတြရွိေနရင္ေတာင္ ကိုယ္က အၿမဲပထမဦးစားေပး ျဖစ္ေနတယ္ဆုိရင္ သူကိုယ့္ကိုအဆံုးထိ ရည္ရြယ္ထားလို႔ပါပဲ။

၉။ကိုယ့္ကို လက္ထပ္ခ်င္တယ္လို႔ ခဏခဏ ေျပာတတ္တယ္။

အတူတူေနခ်င္ၿပီ၊ ကိုယ္တုိ႔လက္ထပ္ၾကရေအာင္၊ ကိုယ္တုိ႔အတူေနရေအာင္ ႀကိဳးစားၾကမယ္ေနာ္ အစရွိတဲ့ စကားေတြကို သူက အၿမဲလုိလုိ မဟုတ္ရင္ေတာင္ မၾကာခဏေျပာေနတတ္တယ္ဆုိရင္ ဒါဟာ သင္နဲ႔ဘ၀ကို အတူျဖတ္သန္းလိုစိတ္ ျပင္းျပလြန္းေနတယ္ဆုိတာ ေသခ်ာၿပီေပါ့။

၁၀။သင္လုပ္ခ်င္တာ၊ ျဖစ္ခ်င္တာေတြ ၿပီးေျမာက္ေအာင္ အၿမဲ အားေပးေနတတ္တယ္။

သင့္ေအာင္ျမင္မႈဟာ သူ႕အတြက္ ေပ်ာ္ရႊင္မႈတစ္ခုပါပဲ။ သင္ျဖစ္ခ်င္ေနတဲ့အရာေတြ အားလံုးျဖစ္ႏိုင္ေအာင္ သူက တြန္းအားေပးမယ္၊ အားေပးေနမယ္ဆုိရင္ သူဟာ သင့္ကုိ ခ်စ္လြန္းလို႔ဆုိတာ မေမ့လုိက္ပါနဲ႔။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ့်ချစ်သူနဲ့အတူရှိတဲ့အချိန် သူ့ရဲ့ပြုမူပုံ၊ ပြောဆိုပုံတွေကို ကြည့်ပြီး သူကိုယ့်ကို တစ်ဘဝစာ လက်တွဲသွားဖို့ စဉ်းစားထားသလား၊ မထားဘူးလားဆိုတာ သုံးသပ်နိုင်ပါတယ်။ ဘယ်လိုအချက်ကလေးတွေက သူကိုယ့်ကိုတကယ်ရည်ရွယ် ထား၊ မထား သိသာစေသလဲဆိုတော့

၁။သူ့ရှေ့ရေးအကြောင်း ပြောတိုင်း ကိုယ်အမြဲပါဝင်နေတတ်တယ်။

နောက်လေး၊ ငါးနှစ်ကျရင် ကိုယ်တို့ ဘာတွေလုပ်မယ်။ ခရီးတွေသွားမယ် စသဖြင့် သူလုပ်မယ့်အကြောင်းအရာတိုင်းမှာ ကိုယ်ဟာ အမြဲပါဝင်နေမယ်။ သူစဉ်းစားတဲ့ သူ့ရှေ့ရေးမှာလည်း ကိုယ်ဟာ သူ့ရဲ့လက်တွဲဖော်အဖြစ် အမြဲပြောဆိုနေမယ်ဆိုရင် ဒါဟာ သူ သင့်ကိုတကယ်လက်တွဲဖို့ ဆုံးဖြတ်ထားလို့ပါ။

၂။သင်နဲ့အတူ အိမ်အလုပ်ကလေးတွေ ကူလုပ်ပေးတတ်တယ်။

အားတဲ့အချိန် သင်နဲ့အတူလာပြီး အခန်းရှင်းတာမျိုး၊ ဟင်းချက်၊ ထမင်းချက်တာမျိုးတွေတောင် လာကူညီပေးနေတယ်ဆိုရင်လည်း သူဟာ သင့်နဲ့အတူ ရေရှည်သွားဖို့ စဉ်းစားထားလို့ပါ။

၃။သူမိသားစုနဲ့ပတ်သက်တဲ့ အကြောင်းအရာတိုင်း ကိုယ့်ကိုပေးသိ၊ ပါဝင်စေချင်တတ်တယ်။

အိမ်မှာ မိသားစု ထမင်းစာပွဲမျိုးရှိရင် ကိုယ့်ကိုလာစေချင်တယ်။ အိမ်က ပျော်ပွဲစားထွက်တာမျိုးဆိုရင်လည်း ကိုယ့်ကိုပါစေချင်တယ်။ အဲ့ဒီအပြင် အိမ်က အိမ်တွင်းရေးတွေတောင် ကိုယ့်က အားလုံးပြောပြနေပြီဆိုရင်တော့ ကိုယ့်ကို လက်တွဲဖော်အဖြစ် သတ်မှတ်ထားလို့ပေါ့။

၄။ငါတို့ကလေးတွေရရင် စသဖြင့် အမြဲပြောတတ်တယ်။

ကိုယ်တို့နှစ်ယောက် ကလေးတွေကျရင် ဘာလေးတွေ ဘယ်လိုလုပ်ပေးမယ်၊ ဘယ်လိုလေး ပြုစုပျိုးထောင်မယ် စသဖြင့် သူ့စိတ်ကူးတွေ ပြောပြတတ်တယ်ဆိုရင်လည်း သူဟာ ကိုယ့်ကို အိမ်ထာင်ဖက်အဖြစ် တစ်ဘဝလုံးအတူတူသွားဖို့ ဆုံးဖြတ်ထားလို့ပါ။

၅။ကိုယ့်မိသားစုအရေးကိုလည်း သူအမြဲအလေးပေးတယ်။

အိမ်ကို ဝင်ထွက်နိုင်အောင် သူကြိုးစားပြီး ကိုယ့်မိသားစုနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တိုင်းကိုလည်း သူက စိတ်ပါလက်ပါ ပါဝင်ဆောင်ရွက်ပေးတယ်ဆိုရင် ဒါဟာ ကိုယ့်ကို သူဘယ်လောက်အလေးထားကြောင်းပြတာပဲပေါ့။

၆။ကိုယ်မကြိုက်တဲ့အရာတွေကို ပြုပြင်ဖို့ သူကြိုးစားတယ်။

အကျင့်စရိုက်ဆိုတာ ဖျောက်ဖျက်ရ ခက်ပါတယ်။ ဒါတောင် သူက ကိုယ်မကြိုက်တဲ့ အကျင့်မျိုးတွေ တစ်ဖြည်းဖြည်းပြင်ဖို့ကြိုးစားနေတာဟာ သူကိုယ့်ကို အရမ်းချစ်လို့၊ လက်လွှတ်မခံနိုင်လို့ပါ။

၇။စိတ်လှုပ်ရှားစရာကောင်းတဲ့ အရာတွေကို အမြဲဖန်တီးပေးတယ်။

ချစ်သူသက်တမ်း ကြာလာလည်းပဲ သူကတော့ အရင်အတိုင်း မပြောင်းမလဲ ကိုယ့်ကို စိတ်လှုပ်ရှားစရာတွေ ဖန်တီးပေးမြဲဆိုရင် ဒါဟာ သူ ကိုယ့်ကို အရမ်းအလေးထားလို့ပါ။

၈။ဘာတွေဘယ်လိုဖြစ်ဖြစ် ကိုယ့်ကိုဘယ်တော့မှ လက်လျှော့မသွားဘူး။

ချစ်သူနှစ်ဦး လက်တွဲနိုင်ဖို့ အခက်အခဲအမျိုးမျိုးရှိနေတာတောင် သူကတော့ ဘယ်တော့မှ လက်လျှော့မသွားတတ်ဘူး။ အနှောင့်အယှက်တွေရှိနေရင်တောင် ကိုယ်က အမြဲပထမဦးစားပေး ဖြစ်နေတယ်ဆိုရင် သူကိုယ့်ကိုအဆုံးထိ ရည်ရွယ်ထားလို့ပါပဲ။

၉။ကိုယ့်ကို လက်ထပ်ချင်တယ်လို့ ခဏခဏ ပြောတတ်တယ်။

အတူတူနေချင်ပြီ၊ ကိုယ်တို့လက်ထပ်ကြရအောင်၊ ကိုယ်တို့အတူနေရအောင် ကြိုးစားကြမယ်နော် အစရှိတဲ့ စကားတွေကို သူက အမြဲလိုလို မဟုတ်ရင်တောင် မကြာခဏပြောနေတတ်တယ်ဆိုရင် ဒါဟာ သင်နဲ့ဘဝကို အတူဖြတ်သန်းလိုစိတ် ပြင်းပြလွန်းနေတယ်ဆိုတာ သေချာပြီပေါ့။

၁၀။သင်လုပ်ချင်တာ၊ ဖြစ်ချင်တာတွေ ပြီးမြောက်အောင် အမြဲ အားပေးနေတတ်တယ်။

သင့်အောင်မြင်မှုဟာ သူ့အတွက် ပျော်ရွှင်မှုတစ်ခုပါပဲ။ သင်ဖြစ်ချင်နေတဲ့အရာတွေ အားလုံးဖြစ်နိုင်အောင် သူက တွန်းအားပေးမယ်၊ အားပေးနေမယ်ဆိုရင် သူဟာ သင့်ကို ချစ်လွန်းလို့ဆိုတာ မမေ့လိုက်ပါနဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top