iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ကို ေျပာင္းလဲသြားေအာင္ သင္ဘယ္ေတာ့မွ မႀကိဳးစားပါနဲ႔။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ရလာတဲ့ အက်ိဳးဆက္ေတြက သင္ေမွ်ာ္လင့္သလို ျဖစ္မလာတတ္လုိ႔ပါပဲ။ သင္က ေစတနာနဲ႔ ျဖစ္သင့္ျဖစ္ထိုက္တာက ဘာဆုိတာ ေျပာဆုိေထာက္ျပ ေျပာင္းလဲပစ္ဖုိ႔ ႀကိဳးစားလုိ႔ သူ႕ဘက္က လက္ခံၿပီး ေျပာင္းလဲသြားရင္ေတာင္ ခဏပါပဲ။ မ်ားေသာအားျဖင့္ သင္ဒီလိုသူတုိ႔ကို ေျပာင္းလဲဖုိ႔ ႀကိဳးစားတာဟာ ျပီးျပည့္စံုမႈတစ္ခုကို သင္က လုိအပ္လို႔၊ သူတုိ႔ျဖစ္တည္ေနတာ၊ သူတုိ႔ရဲ႕ နဂိုစိတ္ဓာတ္ကို သင္အျပစ္ပံုခ်လိုက္တာလုိ႔သာ အမ်ားစုက ေတြးေတာပါလိမ့္မယ္။ ဒီေတာ့ ဘယ္လိုအက်ိဳးဆက္ ျပသနာေတြ ျဖစ္လာမယ္ထင္ပါသလဲ။

၁။ဒါရက္စက္တာလုိ႔ သူတုိ႔ျမင္ပါတယ္။ ဒါ့အျပင္ ပိုမေကာင္းပဲ ပိုဆိုးသြားတာမ်ိဳးလည္း ရွိတတ္ပါတယ္။

ကုိယ္က လူတစ္ေယာက္ရဲ႕ သေဘာထား၊ စိတ္ေနစိတ္ထား၊ အမူအက်င့္ကို ကိုယ္လိုခ်င္တဲ့ပံုစံအတုိင္း ေျပာင္းလဲဖုိ႔ႀကိဳးစားလိုက္ရင္ သူတုိ႔ထင္တာက ငါတုိ႔ျဖစ္ေနတဲ့ ခုပံုစံနဲ႔ မလံုေလာက္လုိ႔လား၊ ငါတုိ႔က ဘာျဖစ္ေနလို႔လဲ စသျဖင့္ ႏွစ္ဦးႏွစ္ေယာက္ၾကား မလိုလားအပ္တဲ့ ျပသနာေတြ ျဖစ္ပြားႏိုင္ပါတယ္။

၂။ေျပာင္းလဲဖုိ႔ ႀကိဳးစားလိုက္တုိင္း မေအာင္ျမင္တဲ့အခါ ေနာက္ပိုင္း သင္သူတုိ႔ကို စိတ္ပ်က္လာပါလိမ့္မယ္။

ေကာင္းေစခ်င္လုိ႔ ကိုယ့္ခ်စ္သူကို ေျပာင္းလဲဖုိ႔ အႀကိမ္ႀကိမ္ ႀကိဳးစားေပမယ့္ လက္ေတြ႕မွာ တကယ္ျဖစ္မလာတဲ့အခါ သင္ကိုယ္တုိင္ စိတ္ညစ္လာရပါလိမ့္မယ္။ အထူးသျဖင့္ သင္တုိ႔ႏွစ္ဦးရဲ႕ အခ်စ္ေရးဟာ ဘယ္လိုမွ ၾကာရွည္မၿမဲေတာ့ ပါဘူး။

၃။ကိုယ့္ကိုတစ္ျခားလူက ေျပာင္းလဲဖုိ႔ ေျပာလာခဲ့ရင္ဆိုတာမ်ိဳး ေတြးပါ။

သူ႕ဘက္က ကိုယ့္ရဲ႕ဘယ္အခ်က္ေတြကို မႀကိဳက္တာေၾကာင့္ သူႀကိဳက္တဲ့အခ်က္ပံုစံေတြ ေျပာျပၿပီး ကုိယ့္ကို ေျပာင္းလဲခုိင္းလာရင္ ကိုယ့္ဘက္က အလြယ္တကူ လိုက္ေလ်ာႏိုင္မလားဆုိတာ ေတြးၾကည့္ပါ။ ကိုယ္သူ႕ကိုေမးမယ့္ ေမးခြန္းတုိင္း ကုိယ့္ကိုယ္တုိင္ အရင္ေျဖၾကည့္ဖုိ႔ လိုလာပါၿပီ။

၄။တြန္းအားေပးတာမ်ားလာတဲ့အခါ ဒါဟာ ႏွစ္ဦးသားပိုမိုေ၀းကြားေစတဲ့ အေၾကာင္းရင္း ျဖစ္လာတတ္ပါတယ္။

တစ္ေယာက္လိုခ်င္တဲ့ပုံစံ တစ္ေယာက္ျဖစ္မလာတဲ့အခါ ႏွစ္ဦးသားစိတ္ထဲမွာ အဖုအထစ္ကိုယ္စီရွိလာၾကပါၿပီ။ ဒါကိုမွ ကိုယ့္ဘက္က ထပ္တြန္းအားေပးမယ္ဆုိရင္ေတာ့ သူ႕ဘက္ကလည္း တင္းခံႏိုင္ဖုိ႔ မလြယ္ေတာ့ပါဘူး။ ေျပာင္းပစ္လို႔ မရတာေၾကာင့္ စိတ္ဓာတ္က်၊ စိတ္အားငယ္တာမ်ိဳးေတြ ခံစားေနရတဲ့သူဆုိရင္ ပိုဆုိးသြားပါလိမ့္မယ္။

၅။ကိုယ္ေျပာသလို တကယ္ျဖစ္မလာပဲ ဟန္ေဆာင္တာမ်ိဳးေတြ ရွိလာႏိုင္ပါတယ္။

ကိုယ္နဲ႔လမ္းမခြဲခ်င္လုိ႔ ကိုယ္စိတ္ခ်မ္းသာေအာင္ သူတုိ႔က ေျပာဆုိေနထုိင္ျပတယ္။ ေျပာင္းလဲသြားသလို ဟန္ေဆာင္တယ္ဆုိရင္ေရာ ကိုယ္ဘယ္ေလာက္ထိ စိတ္ခ်မ္းသာသြားမွာလဲဆိုတာ စဥ္းစားပါ။ ဟန္ေဆာင္တာမ်ိဳးေတြဟာ ႏွစ္ဦးသားအတြက္ မေကာင္းပါဘူး။ ဒီေတာ့ သူ႕ကိုခ်စ္ရင္ သူ႕ပံုစံကိုလက္ခံ၊ မဟုတ္ရင္ေတာ့ ျဖတ္လိုက္။ ဒီနည္းပဲရွိေတာ့တာေပါ့။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လူတစ်ယောက်ကို ပြောင်းလဲသွားအောင် သင်ဘယ်တော့မှ မကြိုးစားပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ရလာတဲ့ အကျိုးဆက်တွေက သင်မျှော်လင့်သလို ဖြစ်မလာတတ်လို့ပါပဲ။ သင်က စေတနာနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာက ဘာဆိုတာ ပြောဆိုထောက်ပြ ပြောင်းလဲပစ်ဖို့ ကြိုးစားလို့ သူ့ဘက်က လက်ခံပြီး ပြောင်းလဲသွားရင်တောင် ခဏပါပဲ။ များသောအားဖြင့် သင်ဒီလိုသူတို့ကို ပြောင်းလဲဖို့ ကြိုးစားတာဟာ ပြီးပြည့်စုံမှုတစ်ခုကို သင်က လိုအပ်လို့၊ သူတို့ဖြစ်တည်နေတာ၊ သူတို့ရဲ့ နဂိုစိတ်ဓာတ်ကို သင်အပြစ်ပုံချလိုက်တာလို့သာ အများစုက တွေးတောပါလိမ့်မယ်။ ဒီတော့ ဘယ်လိုအကျိုးဆက် ပြသနာတွေ ဖြစ်လာမယ်ထင်ပါသလဲ။

၁။ဒါရက်စက်တာလို့ သူတို့မြင်ပါတယ်။ ဒါ့အပြင် ပိုမကောင်းပဲ ပိုဆိုးသွားတာမျိုးလည်း ရှိတတ်ပါတယ်။

ကိုယ်က လူတစ်ယောက်ရဲ့ သဘောထား၊ စိတ်နေစိတ်ထား၊ အမူအကျင့်ကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ပြောင်းလဲဖို့ကြိုးစားလိုက်ရင် သူတို့ထင်တာက ငါတို့ဖြစ်နေတဲ့ ခုပုံစံနဲ့ မလုံလောက်လို့လား၊ ငါတို့က ဘာဖြစ်နေလို့လဲ စသဖြင့် နှစ်ဦးနှစ်ယောက်ကြား မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်ပွားနိုင်ပါတယ်။

၂။ပြောင်းလဲဖို့ ကြိုးစားလိုက်တိုင်း မအောင်မြင်တဲ့အခါ နောက်ပိုင်း သင်သူတို့ကို စိတ်ပျက်လာပါလိမ့်မယ်။

ကောင်းစေချင်လို့ ကိုယ့်ချစ်သူကို ပြောင်းလဲဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် လက်တွေ့မှာ တကယ်ဖြစ်မလာတဲ့အခါ သင်ကိုယ်တိုင် စိတ်ညစ်လာရပါလိမ့်မယ်။ အထူးသဖြင့် သင်တို့နှစ်ဦးရဲ့ အချစ်ရေးဟာ ဘယ်လိုမှ ကြာရှည်မမြဲတော့ ပါဘူး။

၃။ကိုယ့်ကိုတစ်ခြားလူက ပြောင်းလဲဖို့ ပြောလာခဲ့ရင်ဆိုတာမျိုး တွေးပါ။

သူ့ဘက်က ကိုယ့်ရဲ့ဘယ်အချက်တွေကို မကြိုက်တာကြောင့် သူကြိုက်တဲ့အချက်ပုံစံတွေ ပြောပြပြီး ကိုယ့်ကို ပြောင်းလဲခိုင်းလာရင် ကိုယ့်ဘက်က အလွယ်တကူ လိုက်လျောနိုင်မလားဆိုတာ တွေးကြည့်ပါ။ ကိုယ်သူ့ကိုမေးမယ့် မေးခွန်းတိုင်း ကိုယ့်ကိုယ်တိုင် အရင်ဖြေကြည့်ဖို့ လိုလာပါပြီ။

၄။တွန်းအားပေးတာများလာတဲ့အခါ ဒါဟာ နှစ်ဦးသားပိုမိုဝေးကွားစေတဲ့ အကြောင်းရင်း ဖြစ်လာတတ်ပါတယ်။

တစ်ယောက်လိုချင်တဲ့ပုံစံ တစ်ယောက်ဖြစ်မလာတဲ့အခါ နှစ်ဦးသားစိတ်ထဲမှာ အဖုအထစ်ကိုယ်စီရှိလာကြပါပြီ။ ဒါကိုမှ ကိုယ့်ဘက်က ထပ်တွန်းအားပေးမယ်ဆိုရင်တော့ သူ့ဘက်ကလည်း တင်းခံနိုင်ဖို့ မလွယ်တော့ပါဘူး။ ပြောင်းပစ်လို့ မရတာကြောင့် စိတ်ဓာတ်ကျ၊ စိတ်အားငယ်တာမျိုးတွေ ခံစားနေရတဲ့သူဆိုရင် ပိုဆိုးသွားပါလိမ့်မယ်။

၅။ကိုယ်ပြောသလို တကယ်ဖြစ်မလာပဲ ဟန်ဆောင်တာမျိုးတွေ ရှိလာနိုင်ပါတယ်။

ကိုယ်နဲ့လမ်းမခွဲချင်လို့ ကိုယ်စိတ်ချမ်းသာအောင် သူတို့က ပြောဆိုနေထိုင်ပြတယ်။ ပြောင်းလဲသွားသလို ဟန်ဆောင်တယ်ဆိုရင်ရော ကိုယ်ဘယ်လောက်ထိ စိတ်ချမ်းသာသွားမှာလဲဆိုတာ စဉ်းစားပါ။ ဟန်ဆောင်တာမျိုးတွေဟာ နှစ်ဦးသားအတွက် မကောင်းပါဘူး။ ဒီတော့ သူ့ကိုချစ်ရင် သူ့ပုံစံကိုလက်ခံ၊ မဟုတ်ရင်တော့ ဖြတ်လိုက်။ ဒီနည်းပဲရှိတော့တာပေါ့။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top