iMyanmarHouse.com - Best Property Website for Myanmar
×









၎. အလုပ်တစ်ခုကို အာရုံစိုက်ပါ။



ကိုယ့်ရုံးထဲမှာပဲမဟုတ်ပဲ အပြင်တစ်နေရာမှာ ကော်ဖီဆိုင်မှာပဲဖြစ်ဖြစ် ခဏနေရာကို ပြောင်းလုပ်တာလဲ ကောင်းတယ်လို့ အကြံပေးပါရစေ။

Credit:Chelmo Team



#Unicode Version

အလုပ်မပြီးလို့ အချိန်ပိုလုပ်ပြီး အိမ်ပြန်နောက်ကျတဲ့နေ့တွေလည်း မနည်းတော့ပါ။

အလုပ်မြန်မြန်ပြီးအောင်လုပ်နည်းလေးကို တင်ပြလိုက်ပါတယ်။

၁. လက်ရှိလုပ်နေတဲ့အလုပ်ရဲ့ အကျိုး(ရည်ရွယ်ချက်) ကိုစဉ်းစားပါ။

လက်ရှိလုပ်နေတဲ့အလုပ်ကို လုပ်ရခြင်းအတွက် အကျိုးကျေးဇူးက ဘာဖြစ်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။
ပိုက်ဆံအတွက်ဖြစ်ရင်ဖြစ်မယ်။ ဒါမှဟုတ် တစ်ဦးတစ်ယောက်အတွက် ဖြစ်ရင်ဖြစ်မယ်။

၂. လက်ရှိလုပ်နေတဲ့အလုပ်ရဲ့ ဆိုးကျိုးကိုလည်း စဉ်းစားပါ။

မလုပ်တဲ့အတွက် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးက ဘာဖြစ်မလဲဆိုတာကိုလည်း စနစ်တကျ စဉ်းစားဖို့လိုအပ်ပါတယ်။

၃. ၂၀%ကို တွေ့အောင်ရှာပါ။

အီတလီနိုင်ငံမှ စီပွားရေးပညာရှင် Vilfeodo Pareto ရဲ့ 20-80 Ruleဆိုတာရှိပါတယ်။ ၂၀%အထိလုပ်ခဲ့တဲ့အလုပ်က ၈၀% အထိအောင်မြင်မူကို ရရှိနိုင်တယ်ဆိုတဲ့ အတွေးပါ။
ဆိုလိုတာကတော့ အလုပ်ကို သေသေချာချာ စနစ်တကျလုပ်သွားရင် အချိန်နည်းနည်းနဲ့ အောင်မြင်မူကို ရနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

၄. အလုပ်တစ်ခုကို အာရုံစိုက်ပါ။

တစ်နေ့မှာ လုပ်ရမယ့်အလုပ်တွေ အများကြီးရှိနိုင်ပါတယ်။ ဒါပင်မဲ့ တစ်ခုပြီးမှ တစ်ခုလုပ်ဖို့ အကြံပေးပါရစေ။
အလုပ်တစ်ခုကို မပြီးပြတ်သေးပဲနဲ့ နောက်တစ်ခုကို ကိုင်လုပ်ရင် အလုပ်ရဲ့ အရည်အသွေးကျဆင်းသွားနိုင်ပါတယ်။

၅. နည်းနည်းဆူတဲ့နေရာမှာ အလုပ်လုပ်ကြည့်ပါ။

လူဆိုတာ ပတ်ဝန်းကျင်က တိတ်ဆိပ်နေတာထက် နည်နည်းလေး ဆူဆူညံညံရှိတဲ့နေရာမှာ အလုပ်လုပ်တာက ပိုပြီး အာရုံစိုက်နိုင်ပါတယ်။
ကိုယ့်ရုံးထဲမှာပဲမဟုတ်ပဲ အပြင်တစ်နေရာမှာ ကော်ဖီဆိုင်မှှာပဲဖြစ်ဖြစ် ခဏနေရာကို ပြောင်းလုပ်တာလဲ ကောင်းတယ်လို့ အကြံပေးပါရစေ။

Credit:Chelmo Team

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top