iMyanmarHouse.com - Best Property Website for Myanmar
×

ေယာကၤ်ားေလးတစ္ေယာက္ဟာ မိန္းကေလးတစ္ေယာက္ကို ခ်စ္ၾကိဳက္မိၿပီဆိုရင္ စိတ္ပိုင္းဆိုင္ရာ၊ အေနအထုိင္ေတြ ေၿပာင္းလဲသြားႏုိင္တယ္ေနာ္။

ဘာေတြ ေၿပာင္းလဲသြားမလဲဆိုတာကို ေယာကၤ်ားေလးတစ္ေယာက္ရဲ႕ ခံစားခ်က္အတိုင္း တင္ၿပလိုက္ပါတယ္။

★ သန္႔သန္႔ရွင္းရွင္းေနတတ္လာၿပီ
အရင္တုန္းကေတာ့ ၿဖစ္သလိုေန၊ ေယာကၤ်ားေလး သူငယ္ခ်င္း တသိုက္နဲ႔ သြားလာ ေပ်ာ္ပါးေနေတာ့ ဘာပဲဝတ္ဝတ္ ဘယ္လိုပဲေနေန၊ အဆင္ေၿပခဲ့တယ္။ အခုေတာ့ သူ႔အတြက္ အေလးထားၿပီး အကၤ်ီဆိုရင္လည္း သပ္သပ္ရပ္ရပ္၊ အမ်ားေလးစားေအာင္ ေနထိုင္တတ္လာမွာပါ။

★ သူရဲ႕အၿပဳအမူေလးေတြကို အၿမဲအကဲခတ္ေနမိတယ္
သူက ကိုယ့္ကို ၿပံဳးၿပေနတာလား၊ ရယ္ၿပေနတာလား၊ သူကိုယ့္ရဲ႕လက္ေမာင္းကို ကိုင္လိုက္တာလား၊ ကိုယ့္ေရွ႕မွာ ဆံပင္ေလးကို သပ္လိုက္တာလား။ အားလံုးကို ၾကည့္ေနမိတယ္။ ဒီအထဲမွာ သူက ၿပံဳးၿပလိုက္တယ္ဆိုရင္ေတာ့ တေန႔လံုး ေပ်ာ္ေနမိတယ္။

★ Facebook ကေန မဆင္းေတာ့ပါ
သူနဲ႔ ပထမဆံုးအၾကိမ္ေတြ႔ခ်ိန္မွာ သူ႔အေၾကာင္းက ေခါင္းထဲကိုက မထြက္တဲ့အတြက္ အိမ္ၿပန္ေရာက္ေတာ့ ခ်က္ခ်င္း သူ႔ရဲ႕ Facebook Account ေလးကို ေၿပးၾကည့္မိတယ္။ပထမဆံုးအေရးၾကီးဆံုးအခ်က္ကေတာ့ Relationship က ဘာၿဖစ္ေနလဲဆိုတာေပါ့ေနာ္။ သူ႔ရဲ႕ဓါတ္ပံု၊ သူၾကိဳက္တဲ့ စာအုပ္ေလးေတြ၊ သူၾကိဳက္တတ္တဲ့ ဆိုင္ေလးေတြကို မွတ္ထားမိတယ္။သူရဲ႕ Post ေလးေတြကို Like လုပ္ထားတဲ့ အၿခားေကာင္ေလးေတြေကာ ရွိလားဆိုတာၾကည့္မိၿပီး သဝန္တိုေနတတ္ၿပီ။ Chat Box ကေန Message ေလးေတြပို႔လုိက္တဲ့အခါ သူ႔ဆိုက စာေလးေတြကို ေစာင့္ေနမိမွာပါ။

★ သူငယ္ခ်င္းေတြကို ခဏေမ့လိုက္ၿပီ
သူငယ္ခ်င္းေတြနဲ႕ အရင္ကဆိုရင္ Game ကစားေနရင္ အေမကေခၚေခၚ၊ ဘယ္သူကဖုန္းပဲဆက္ဆက္ မကိုင္ပါ။ အခုေတာ့ သူဖုန္းၿမည္လာရင္ေတာ့ Game လည္း ခဏေမ့ထားလိုက္ၿပီ။

★ Facebook ေပၚသီခ်င္းေတြတင္ၿပီ
သူ႔ကို ခ်စ္တယ္ဆိုတာ တိုက္ရုိက္္မေၿပာရဲေသးေသာအခ်ိန္မွာအခ်စ္သီခ်င္းေတြကို Facebook ေပၚကို ခဏခဏ တင္ေနမိတယ္။ သူက Like လုပ္ၿပီဆိုရင္ သူရဲ႕အေၿဖလားဆိုၿပီး ရင္ေတြခုန္ေနမိတယ္။

★ သြားမယ္ ၊စားမယ္၊ ေကၽြးမယ္
သူနဲ႔အတူတူ ေလွ်ာက္လည္ရတာကိုက နတ္ၿပည္ေရာက္ေနသလို စိတ္ထဲမွာ ၾကည္ႏႈးေနမိတယ္။ သူဘာစားခ်င္သလဲ၊ ဘာလိုခ်င္သလဲဆိုတာကို တတ္ႏုိင္သေလာက္ ၿဖည့္စီးေပးမယ္ဆိုၿပီး ရွိတာေလးေတြ အကုန္သံုး၊ ကုန္ၿပီ။

★ သူလုပ္သမွ် လိုက္လုပ္မွာပဲ
သူဘာပဲလုပ္လုပ္ လိုက္လုပ္မယ္။ သူက Gym သြားမယ္ဆိုရင္လည္း လိုက္မွာပါ။ ဘယ္သြားသြား သူ႔ရဲ႕ Body Guard ေလးပါ။

★ စိတ္ပူေနမိၿပီ
သူ႔ရဲ႕Facebook Post ေလးေတြထဲမွာ ေယာကၤ်ားေလးေတြနဲ႔အတူရွိေနတဲ့ပံုေတြကို ၿမင္ရရင္ စိတ္ထဲမွာ မနာလို၊ သဝန္တိုစိတ္ေတြ အၿပည့္နဲ႔ ခံစားေနတတ္ၿပီ။

Credit:Chelmo Team

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ယောင်္ကျားလေးတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ၊ အနေအထိုင်တွေ ပြောင်းလဲသွားနိုင်တယ်နော်။

ဘာတွေ ပြောင်းလဲသွားမလဲဆိုတာကို ယောင်္ကျားလေးတစ်ယောက်ရဲ့ ခံစားချက်အတိုင်း တင်ပြလိုက်ပါတယ်။

★ သန့်သန့်ရှင်းရှင်းနေတတ်လာပြီ
အရင်တုန်းကတော့ ဖြစ်သလိုနေ၊ ယောင်္ကျားလေး သူငယ်ချင်း တသိုက်နဲ့ သွားလာ ပျော်ပါးနေတော့ ဘာပဲဝတ်ဝတ် ဘယ်လိုပဲနေနေ၊ အဆင်ပြေခဲ့တယ်။ အခုတော့ သူ့အတွက် အလေးထားပြီး အင်္ကျီဆိုရင်လည်း သပ်သပ်ရပ်ရပ်၊ အများလေးစားအောင် နေထိုင်တတ်လာမှာပါ။

★ သူရဲ့အပြုအမူလေးတွေကို အမြဲအကဲခတ်နေမိတယ်
သူက ကိုယ့်ကို ပြုံးပြနေတာလား၊ ရယ်ပြနေတာလား၊ သူကိုယ့်ရဲ့လက်မောင်းကို ကိုင်လိုက်တာလား၊ ကိုယ့်ရှေ့မှာ ဆံပင်လေးကို သပ်လိုက်တာလား။ အားလုံးကို ကြည့်နေမိတယ်။ ဒီအထဲမှာ သူက ပြုံးပြလိုက်တယ်ဆိုရင်တော့ တနေ့လုံး ပျော်နေမိတယ်။

★ Facebook ကနေ မဆင်းတော့ပါ
သူနဲ့ ပထမဆုံးအကြိမ်တွေ့ချိန်မှာ သူ့အကြောင်းက ခေါင်းထဲကိုက မထွက်တဲ့အတွက် အိမ်ပြန်ရောက်တော့ ချက်ချင်း သူ့ရဲ့ Facebook Account လေးကို ပြေးကြည့်မိတယ်။ပထမဆုံးအရေးကြီးဆုံးအချက်ကတော့ Relationship က ဘာဖြစ်နေလဲဆိုတာပေါ့နော်။ သူ့ရဲ့ဓါတ်ပုံ၊ သူကြိုက်တဲ့ စာအုပ်လေးတွေ၊ သူကြိုက်တတ်တဲ့ ဆိုင်လေးတွေကို မှတ်ထားမိတယ်။သူရဲ့ Post လေးတွေကို Like လုပ်ထားတဲ့ အခြားကောင်လေးတွေကော ရှိလားဆိုတာကြည့်မိပြီး သဝန်တိုနေတတ်ပြီ။ Chat Box ကနေ Message လေးတွေပို့လိုက်တဲ့အခါ သူ့ဆိုက စာလေးတွေကို စောင့်နေမိမှာပါ။

★ သူငယ်ချင်းတွေကို ခဏမေ့လိုက်ပြီ
သူငယ်ချင်းတွေနဲ့ အရင်ကဆိုရင် Game ကစားနေရင် အမေကခေါ်ခေါ်၊ ဘယ်သူကဖုန်းပဲဆက်ဆက် မကိုင်ပါ။ အခုတော့ သူဖုန်းမြည်လာရင်တော့ Game လည်း ခဏမေ့ထားလိုက်ပြီ။

★ Facebook ပေါ်သီချင်းတွေတင်ပြီ
သူ့ကို ချစ်တယ်ဆိုတာ တိုက်ရိုက်မပြောရဲသေးသောအချိန်မှာအချစ်သီချင်းတွေကို Facebook ပေါ်ကို ခဏခဏ တင်နေမိတယ်။ သူက Like လုပ်ပြီဆိုရင် သူရဲ့အဖြေလားဆိုပြီး ရင်တွေခုန်နေမိတယ်။

★ သွားမယ် ၊စားမယ်၊ ကျွေးမယ်
သူနဲ့အတူတူ လျှောက်လည်ရတာကိုက နတ်ပြည်ရောက်နေသလို စိတ်ထဲမှာ ကြည်နှုးနေမိတယ်။ သူဘာစားချင်သလဲ၊ ဘာလိုချင်သလဲဆိုတာကို တတ်နိုင်သလောက် ဖြည့်စီးပေးမယ်ဆိုပြီး ရှိတာလေးတွေ အကုန်သုံး၊ ကုန်ပြီ။

★ သူလုပ်သမျှ လိုက်လုပ်မှာပဲ
သူဘာပဲလုပ်လုပ် လိုက်လုပ်မယ်။ သူက Gym သွားမယ်ဆိုရင်လည်း လိုက်မှာပါ။ ဘယ်သွားသွား သူ့ရဲ့ Body Guard လေးပါ။

★ စိတ်ပူနေမိပြီ
သူ့ရဲ့Facebook Post လေးတွေထဲမှာ ယောင်္ကျားလေးတွေနဲ့အတူရှိနေတဲ့ပုံတွေကို မြင်ရရင် စိတ်ထဲမှာ မနာလို၊ သဝန်တိုစိတ်တွေ အပြည့်နဲ့ ခံစားနေတတ်ပြီ။

Credit:Chelmo Team



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top