iMyanmarHouse.com - Best Property Website for Myanmar
×

ပုဆိန္နဲ႔ ေပါက္သူမ်ား သာမန္ ၾကည့္လိုက္ လွ်င္ေတာ့ အေသးအဖြဲ။ ဘာမွ အေရးမပါ။ ဒါေပမဲ့ အဲဒီ အေသး အဖြဲေလးကို မလုပ္မိတဲ့ အတြက္ ႀကီးမားတဲ့ ဆိုးက်ဳိးေတြ ေပၚေပါက္ ႏုိင္ပါတယ္။ အပ္နဲ႔ ထြင္းလုိ႔ရတဲ့ ကိစၥကို ပုဆိန္နဲ႔ ထြင္းရတဲ့ ကိန္းဆုိက္ သြားႏုိင္ပါတယ္။

ထင္ထင္ ရွားရွား သာဓက တစ္ခု ျပရမယ္ ဆိုရင္ေတာ့ လက္ေဆးျခင္း ကို ျပရမွာပါ။ လက္ေဆးတာက လြယ္သလို ခက္ခဲတဲ့ အလုပ္ တစ္ခုလည္း မဟုတ္ပါဘူး။ ဒါေပမဲ့ လက္ကို စနစ္တက် မေဆးတဲ့ အတြက္ အသက္ ဆံုး႐ႈံးႏုိင္တဲ့ အထိ ျဖစ္ႏုိင္ပါတယ္။

““ကူးစက္ ေရာဂါေတြ အမ်ားစုက လက္က တစ္ဆင့္ ကူးစက္တာ မ်ားတယ္။ ဒါေၾကာင့္ လက္ကို ဂ႐ုစိုက္ဖို႔ လိုတယ္”” လို႔ ျမန္မာႏုိင္ငံ ဆရာ၀န္ အသင္းမွ စီမံခ်က္ မန္ေနဂ်ာ ဦးႀကီးျမင့္က ေျပာပါတယ္။

အရာအားလံုးကို ထိေတြ႔ ေနရတာက လက္ပါ။ မစင္ကအစ အသံုးအေဆာင္ေတြ အလယ္ အစားအစာ အဆံုး လက္ကပဲ ထိေတြ႕ လုပ္ေဆာင္ ေနရတာ ျဖစ္ပါတယ္။ ဒါ့ ေၾကာင့္ သံေကာင္ေတြက အစ လတ္တေလာ ေၾကာက္မက္ဖြယ္ ေရာဂါတစ္ခု ျဖစ္ေနတဲ့ အီဘိုလာ ဗုိင္းရပ္ပုိး အထိ လက္မွာ ကပ္ေနၿပီး ကူးစက္ ႏိုင္ပါတယ္။ ၀မ္းပ်က္ ၀မ္းေလွ်ာ ေရာဂါက အစ ျဖစ္ႏုိင္ပါတယ္။

လက္မေဆးလို႔ ျဖစ္တဲ့ ၀မ္းပ်က္ ၀မ္းေလွ်ာ ေရာဂါေၾကာင့္ တစ္ႏွစ္မွာ ငါးႏွစ္ေအာက္ ကေလးေပါင္း (၈၀၀၀၀၀) ေသဆံုး ေနရတယ္လို႔ ကုလသမဂၢ ကေလးမ်ား ရန္ပံုေငြအဖြဲ႕က ထုတ္ျပန္ ထားပါတယ္။ ဒီပမာဏကို တြက္ၾကည့္မယ္ ဆိုရင္ ႏွစ္မိနစ္မွာ ကေလး သုံးေယာက္ႏႈန္း ေသဆံုးေနတယ္ ဆုိတဲ့ သေဘာပါ။ အေၾကာင္းရင္း ကေတာ့ လက္မေဆးလို႔ပါပဲ။ ဒါ့ အျပင္ လက္ကိုစင္ေအာင္ မေဆးတဲ့ အတြက္ ကေလးေတြရဲ႕ လက္သည္း ၾကားမွာပါတဲ့ သံေကာင္ဥေတြက ကေလးရဲ႕ ၀မ္းထဲ ေရာက္သြားၿပီး သံက် ေရာဂါ ျဖစ္ႏုိင္ပါတယ္။

သံက် ေရာဂါေၾကာင့္ ကေလးငယ္ ေတြဟာ ဗိုက္ပူနံကား ကေလးငယ္ေတြ ျဖစ္တတ္သလို အာဟာရ ခ်ဳိ႕တဲ့မႈအျပင္ ျပင္းထန္လြန္းရင္ေတာ့ အသက္ဆံုးသည္ အထိ ျဖစ္ႏုိင္ပါတယ္။ လက္ေဆးတာ ကေလးေတြ အတြက္ပဲ အေရးႀကီးသလား ဆုိရင္ ကေလးေတြ အတြက္တင္ မဟုတ္ပါဘူး။ လူႀကီးေတြ အတြက္လည္း အေရးႀကီးပါတယ္။

အရြယ္ေရာက္သူ အမ်ားစု ဟာလည္း လက္ေဆးတဲ့ အလုပ္ကို စနစ္တက် လုပ္ေလ့ မရွိပါဘူး။ ထမင္းစားခါနီး လက္ေဆးရင္ လည္း ေခ်းႏူး႐ုံ ေလာက္ပဲ လက္ေဆးၿပီး ထမင္းစား တတ္ပါတယ္။ လက္ေဆးရမယ္ ဆုိတာ မသိလို႔လားဆုိရင္ မဟုတ္ပါဘူး။ အေရးႀကီးတယ္ လို႔ မယူဆလို႔ ျဖစ္တယ္။

ဒါ့အျပင္ အစာစားၿပီး ပလုပ္က်င္းတာ သြားတုိက္ တာေတြ လုပ္တာဟာ တကယ္ေတာ့ ဘာမွ အပန္းမႀကီးပါဘူး။ ဒါေပမဲ့ မလုပ္ဘူး ဆုိရင္ေတာ့ ခံတြင္းထဲက စားႂကြင္း စားက်န္ေတြရယ္၊ တံေတြးရယ္ အက္ဆစ္ ဓာတ္ေတြရယ္ ေပါင္းၿပီး သြားနဲ႔ သြားဖံုးၾကားမွာ သြားေခ်း အျဖစ္ ကပ္ၿငိ ေနတတ္ ၾကပါတယ္။ အထူးသျဖင့္ ခံတြင္း ေနာက္ပိုင္း အံသြားေတြ ေနရာမွာ ေတြ႕ရတတ္ တယ္လုိ႔ ေဆးပညာရွင္ေတြ က ဆုိပါတယ္။ အစာအစားၿပီး ပလုပ္မက်င္းဘူး ဆိုရင္ေတာ့ အစာစားၿပီး မိနစ္ (၂၀)ေလာက္ အတြင္းမွာပဲ ဘက္တီးရီးယား ပိုးေတြက သြားၾကားမွာ ရွိေနတဲ့ အခ်ိဳဓာတ္ေတြကို အက္ဆစ္ ဓာတ္အျဖစ္ ေျပာင္းလဲၿပီး သြားရဲ႕ အေပၚယံ ေႂကြလႊာကို တုိက္စားပစ္ လုိက္တယ္လုိ႔ သိရပါတယ္။

ခံတြင္းထဲက စားႂကြင္း စားက်န္ရယ္၊ တံေတြးရယ္၊ အက္ဆစ္ ဓာတ္ေတြရယ္ ေပါင္းၿပီး သြားေခ်း အျဖစ္ သြားန႔ဲ သြားဖုံးၾကားမွာ ကပ္ၿငိေနတတ္ ၾကပါတယ္။ အထူးသျဖင့္ ခံတြင္း ေနာက္ပိုင္း အံသြားေတြ ေနရာမွာ ေတြ႔ရ တတ္ပါတယ္။ အစာ စားၿပီး မိနစ္ ၂၀ ေလာက္ အတြင္းမွာကို ဘက္တီးရီးယား ပိုးေတြက အခ်ဳိ ဓာတ္ေတြကို အက္ဆစ္ ဓာတ္အျဖစ္ ေျပာင္းလဲၿပီး သြားရဲ႕အေပၚယံ ေႂကြလႊာကို တိုက္စားပါတယ္။ ေႂကြလႊာက တစ္ဆင့္ အာ႐ုံေၾကာေတြ အထိ တိုက္စားတဲ့ အခါမွာေတာ့ သြားကုိက္ျခင္းကို ခံစားရ ပါေတာ့တယ္။ အစာ အစားၿပီးတိုင္း ပလုပ္က်င္း လုိက္႐ုံနဲ႔ သြားေတြ ပ်က္စီးမႈကုိ ကာကြယ္ ႏုိင္ပါတယ္။

ဒီလိုပါပဲ အစား အေသာက္ ျပင္ဆင္တဲ့ ေနရာမွာလည္း သန္႔ရွင္းမႈကို အေလး မထားတာကို မီးဖိုေခ်ာင္ေတြ ထဲမွာ သြားၾကည့္ရင္ ေတြ႕ႏုိင္ပါတယ္။

““အစာ အဆိပ္သင့္မႈကုိ ၾကည့္မယ္ ဆုိရင္ အမ်ားစု ကေတာ့ အစားအေသာက္ မသန္႔ရွင္းလို႔ ျဖစ္တာပါ”” လို႔ ရန္ကုန္ ေဆး႐ုံသစ္ႀကီး အဆိပ္ ဌာနမွ ေဒါက္တာရဲျမင့္က ေျပာပါတယ္။

ဒီႏွစ္ ဇန္န၀ါရီလ က ေအာက္ ျမန္မာႏုိင္ငံ ေဆးသုေတသန ဌာနမွာ ျပဳလုပ္တဲ့ စာတမ္းဖတ္ပြဲမွာ တင္ျပခဲ့တဲ့ စစ္တမ္း တစ္ခု အရဆုိရင္ ရန္ကုန္ၿမိဳ႕မွာ ရွိတဲ့ လမ္းေဘးဆုိင္ေတြမွာ အစာ အဆိပ္သင့္ေစတဲ့ ပုိးေတြ ရွိတယ္လို႔ ဆုိပါတယ္။ အဲဒီ ပုိးေတြက အစား အစာ စတင္ ထုတ္လုပ္တဲ့ ေနရာကေန ပါးစပ္ထဲ ေရာက္တဲ့အထိ ကုန္ထုတ္လုပ္မႈ အဆင့္ ဆင့္မွာ သန္႔ရွင္းမႈ နည္းပါးလို႔ ျဖစ္တယ္လို႔ ဆုိပါတယ္။ အဲဒီလို မသန္႔ရွင္းမႈေၾကာင့္ အစာ အဆိပ္သင့္မႈေတြ မၾကာခဏပဲ သတင္း မီဒီယာေတြ ထဲမွာ ေတြ႕ေနရပါတယ္။

အဲဒီလုိ မသန္႔ရွင္းမႈ ေတြထဲမွာလည္း ပတ္၀န္းက်င္ မသန္႔ရွင္းမႈေတြလည္း ပါ၀င္ေနပါတယ္။ ပတ္၀န္းက်င္ မသန္႔ရွင္းမႈရဲ႕ အစကေတာ့ အမိႈက္ပါပဲ။ အမိႈက္ကို ေတြ႕ရာမွာ ပစ္တတ္တဲ့ အက်င့္က ျမန္မာျပည္သူေတြ ဆီမွာ အ႐ိုးစြဲ အက်င့္တစ္ခု ျဖစ္ေနသလားလို႔ ေမးခြန္း ထုတ္စရာ ျဖစ္ေနပါတယ္။ အမိႈက္ပံုး ခ်ထားေပမယ့္ အမိႈက္ပံုးေဘးမွာ အမိႈက္ေတြ ပြစာ တက္ေနတာကို မျမင္ခ်င္ မွ အဆံုး ရန္ကုန္ၿမိဳ႕ရဲ႕ လမ္းေတြမွာ ေတြ႔ေန ရပါတယ္။ အဲဒီလုိပါပဲ ေနာက္ေဖး လမ္းၾကားထဲမွာ ပုပ္ပြေနတာ ေတြဟာလည္း မေတြ႕ခ်င္မွ အဆံုး။

အမႈိက္ေလး တစ္စမို႔ အေရးမႀကီးပါဘူး ဆိုၿပီး ေတြ႕ရာမွာ ပစ္လုိက္လို႔ စည္ပင္သာယာက လုိက္လံ သိမ္းဆည္း ႏိုင္ျခင္းမရွိတဲ့ ပမာဏက အံ့ၾသစရာပါ။ စည္ပင္သာယာ က သိရတဲ့ ပမာဏကေတာ့ တစ္ေန႔ တစ္ေန႔ တန္တစ္ရာ ေလာက္ရွိပါသတဲ့။ ဒါဟာ တစ္ေန႔ကို အမိႈက္တန္ခ်ိန္ (၁၀၀၀) ကေန (၁၂၀၀) အၾကား ထြက္ေနတဲ့ ရန္ကုန္ၿမိဳ႕ တစ္ၿမိဳ႕တည္းရဲ႕ ပမာဏပါ။ အဲဒီ မသိမ္းဆည္းႏုိင္တဲ့ အမိႈက္အမ်ားစု ကေတာ့ ေရႏႈတ္ေျမာင္းထဲ၊ ေခ်ာင္းေတြထဲကုိ သြားေလသတဲ့။

ရန္ကုန္ၿမိဳ႕ မွာ ေရႀကီး ေရလွ်ံမႈေတြ ျဖစ္ေနလို႔ ဒီႏွစ္မွာေတာ့ က်ပ္သန္းေပါင္း တစ္ေသာင္း ႏွစ္ေထာင္ သံုးရာေက်ာ္ သံုးစြဲၿပီး ေျဖရွင္းေတာ့မယ္လို႔ ရန္ကုန္ ၿမိဳ႕ေတာ္၀န္က ရန္ကုန္တုိင္း ေဒသႀကီး လႊတ္ေတာ္မွာ ေျပာၾကားခဲ့ပါတယ္။

အဲဒီ ေရႀကီး ေရလွ်ံမႈကုိ ျဖစ္ေစတဲ့ အေၾကာင္းေတြ ထဲက တစ္ခုကေတာ့ စည္းကမ္းမဲ့ စြန္႔ပစ္ လုိက္တဲ့ အမႈိက္ေတြပဲ ျဖစ္ပါတယ္။

အမႈမဲ့ အမွတ္မဲ့ စြန္႔ပစ္လုိက္တဲ့ အမႈိက္ေတြ က မိမိ ပတ္၀န္းက်င္နဲ႔ မိမိ ေနထုိင္ရာ ၿမိဳ႕ကုိ အက်ည္းတန္ ေစတယ္ဆုိတာကုိ သိခ်င္ ရင္ေတာ့ အားလပ္ရက္ တစ္ရက္မွာ ျမစ္ေလကုိ ႐ႈ႐ုိက္ဖုိ႔ လမ္းေလွ်ာက္ရင္း ရန္ကုန္ျမစ္ကုိ သြားၾကည့္ သင့္ပါတယ္။ ရန္ကုန္ျမစ္ကမ္း တစ္ေလွ်ာက္မွာ အမႈိက္ေတြ နဲ႔ ျပည့္ေနတာ ကုိ ေတြ႔ရမွာလည္း ျဖစ္ပါတယ္။

အမိႈက္ ျပႆနာက အဲဒီေလာက္ နဲ႔ ရပ္မသြား ေသးပါဘူး။ သူ႕ေၾကာင့္ ပလိပ္ေရာဂါ၊ ကာလ ၀မ္းေရာဂါ၊ တို႔လို ေနာက္ဆက္တြဲ ဆုိးက်ဳိးေတြ ျဖစ္ႏုိင္ ပါေသးတယ္။

သံတစ္ေခ်ာင္း လိုေနေသာေၾကာင့္ ျမင္းခြာ တစ္ဖက္ ဆံုး႐ႈံးရ၏။ ျမင္းခြာ တစ္ဖက္ မရွိသျဖင့္ ျမင္းတစ္စီး ဆံုး႐ႈံးရ၏။ ျမင္း မရွိသျဖင့္ ျမင္းသည္ေတာ္ ဆံုး႐ႈံးရ၏။ ျမင္းသည္ေတာ္ မရွိသျဖင့္ သူႏွင့္ ပါလာေသာ သတင္း ဆံုး႐ႈံးရ၏။ သတင္းစကား မေရာက္သျဖင့္ တပ္ကူ မလႊတ္ႏုိင္။ တပ္ကူ မလႊတ္ႏုိင္သျဖင့္ စစ္ပြဲ႐ႈံး၏။ စစ္႐ႈံးသျဖင့္ ႏုိင္ငံပါ ပ်က္ရ၏။ အားလံုးမွာ သံတစ္ေခ်ာင္း လိုေနေသာေၾကာင့္ ျဖစ္ရ၏ ဆုိတဲ့ အေနာက္တုိင္း စကားပံု တစ္ခု ရွိပါတယ္။

အေသးအဖြဲေလးပါ ဆိုၿပီး လ်စ္လ်ဴ ႐ႈလိုက္ရင္ေတာ့ သူ႔ရဲ႕ဆုိးက်ိဳးက သင္တစ္ခ်ိန္ ခ်ိန္တြင္ ေတြ႕ရမွာမလြဲပါ။

သင္ ဒီေဆာင္းပါးကို ဖတ္ေနတဲ့ အခ်ိန္ ဆယ္မိနစ္ေလာက္ အတြင္းမွာပဲ ငါးႏွစ္ေအာက္ ကေလးငယ္ ေပါင္း (၁၅) ေယာက္ နီးပါး အသက္ ဆံုး႐ႈံးသြားၿပီ ျဖစ္ပါတယ္။ အေၾကာင္းရင္း ကေတာ့ အေသးအဖြဲ ကိစၥေလး တစ္ခုျဖစ္တဲ့ လက္ေဆးတဲ့ အလုပ္ကို ဂ႐ုတစိုက္ မလုပ္လုိ႔ ၀မ္းပ်က္ ၀မ္းေလွ်ာ ေရာဂါေၾကာင့္ အမ်ားဆံုး ျဖစ္ပါတယ္။

Credit:Messenger

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...




 #Unicode Version
ပုဆိန်နဲ့ ပေါက်သူများ သာမန် ကြည့်လိုက် လျှင်တော့ အသေးအဖွဲ။ ဘာမှ အရေးမပါ။ ဒါပေမဲ့ အဲဒီ အသေး အဖွဲလေးကို မလုပ်မိတဲ့ အတွက် ကြီးမားတဲ့ ဆိုးကျိုးတွေ ပေါ်ပေါက် နိုင်ပါတယ်။ အပ်နဲ့ ထွင်းလို့ရတဲ့ ကိစ္စကို ပုဆိန်နဲ့ ထွင်းရတဲ့ ကိန်းဆိုက် သွားနိုင်ပါတယ်။

ထင်ထင် ရှားရှား သာဓက တစ်ခု ပြရမယ် ဆိုရင်တော့ လက်ဆေးခြင်း ကို ပြရမှာပါ။ လက်ဆေးတာက လွယ်သလို ခက်ခဲတဲ့ အလုပ် တစ်ခုလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ လက်ကို စနစ်တကျ မဆေးတဲ့ အတွက် အသက် ဆုံးရှုံးနိုင်တဲ့ အထိ ဖြစ်နိုင်ပါတယ်။

““ကူးစက် ရောဂါတွေ အများစုက လက်က တစ်ဆင့် ကူးစက်တာ များတယ်။ ဒါကြောင့် လက်ကို ဂရုစိုက်ဖို့ လိုတယ်”” လို့ မြန်မာနိုင်ငံ ဆရာဝန် အသင်းမှ စီမံချက် မန်နေဂျာ ဦးကြီးမြင့်က ပြောပါတယ်။

အရာအားလုံးကို ထိတွေ့ နေရတာက လက်ပါ။ မစင်ကအစ အသုံးအဆောင်တွေ အလယ် အစားအစာ အဆုံး လက်ကပဲ ထိတွေ့ လုပ်ဆောင် နေရတာ ဖြစ်ပါတယ်။ ဒါ့ ကြောင့် သံကောင်တွေက အစ လတ်တလော ကြောက်မက်ဖွယ် ရောဂါတစ်ခု ဖြစ်နေတဲ့ အီဘိုလာ ဗိုင်းရပ်ပိုး အထိ လက်မှာ ကပ်နေပြီး ကူးစက် နိုင်ပါတယ်။ ဝမ်းပျက် ဝမ်းလျှော ရောဂါက အစ ဖြစ်နိုင်ပါတယ်။

လက်မဆေးလို့ ဖြစ်တဲ့ ဝမ်းပျက် ဝမ်းလျှော ရောဂါကြောင့် တစ်နှစ်မှာ ငါးနှစ်အောက် ကလေးပေါင်း (၈၀၀၀၀၀) သေဆုံး နေရတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ထုတ်ပြန် ထားပါတယ်။ ဒီပမာဏကို တွက်ကြည့်မယ် ဆိုရင် နှစ်မိနစ်မှာ ကလေး သုံးယောက်နှုန်း သေဆုံးနေတယ် ဆိုတဲ့ သဘောပါ။ အကြောင်းရင်း ကတော့ လက်မဆေးလို့ပါပဲ။ ဒါ့ အပြင် လက်ကိုစင်အောင် မဆေးတဲ့ အတွက် ကလေးတွေရဲ့ လက်သည်း ကြားမှာပါတဲ့ သံကောင်ဥတွေက ကလေးရဲ့ ဝမ်းထဲ ရောက်သွားပြီး သံကျ ရောဂါ ဖြစ်နိုင်ပါတယ်။

သံကျ ရောဂါကြောင့် ကလေးငယ် တွေဟာ ဗိုက်ပူနံကား ကလေးငယ်တွေ ဖြစ်တတ်သလို အာဟာရ ချို့တဲ့မှုအပြင် ပြင်းထန်လွန်းရင်တော့ အသက်ဆုံးသည် အထိ ဖြစ်နိုင်ပါတယ်။ လက်ဆေးတာ ကလေးတွေ အတွက်ပဲ အရေးကြီးသလား ဆိုရင် ကလေးတွေ အတွက်တင် မဟုတ်ပါဘူး။ လူကြီးတွေ အတွက်လည်း အရေးကြီးပါတယ်။

အရွယ်ရောက်သူ အများစု ဟာလည်း လက်ဆေးတဲ့ အလုပ်ကို စနစ်တကျ လုပ်လေ့ မရှိပါဘူး။ ထမင်းစားခါနီး လက်ဆေးရင် လည်း ချေးနူးရုံ လောက်ပဲ လက်ဆေးပြီး ထမင်းစား တတ်ပါတယ်။ လက်ဆေးရမယ် ဆိုတာ မသိလို့လားဆိုရင် မဟုတ်ပါဘူး။ အရေးကြီးတယ် လို့ မယူဆလို့ ဖြစ်တယ်။

ဒါ့အပြင် အစာစားပြီး ပလုပ်ကျင်းတာ သွားတိုက် တာတွေ လုပ်တာဟာ တကယ်တော့ ဘာမှ အပန်းမကြီးပါဘူး။ ဒါပေမဲ့ မလုပ်ဘူး ဆိုရင်တော့ ခံတွင်းထဲက စားကြွင်း စားကျန်တွေရယ်၊ တံတွေးရယ် အက်ဆစ် ဓာတ်တွေရယ် ပေါင်းပြီး သွားနဲ့ သွားဖုံးကြားမှာ သွားချေး အဖြစ် ကပ်ငြိ နေတတ် ကြပါတယ်။ အထူးသဖြင့် ခံတွင်း နောက်ပိုင်း အံသွားတွေ နေရာမှာ တွေ့ရတတ် တယ်လို့ ဆေးပညာရှင်တွေ က ဆိုပါတယ်။ အစာအစားပြီး ပလုပ်မကျင်းဘူး ဆိုရင်တော့ အစာစားပြီး မိနစ် (၂၀)လောက် အတွင်းမှာပဲ ဘက်တီးရီးယား ပိုးတွေက သွားကြားမှာ ရှိနေတဲ့ အချိုဓာတ်တွေကို အက်ဆစ် ဓာတ်အဖြစ် ပြောင်းလဲပြီး သွားရဲ့ အပေါ်ယံ ကြွေလွှာကို တိုက်စားပစ် လိုက်တယ်လို့ သိရပါတယ်။

ခံတွင်းထဲက စားကြွင်း စားကျန်ရယ်၊ တံတွေးရယ်၊ အက်ဆစ် ဓာတ်တွေရယ် ပေါင်းပြီး သွားချေး အဖြစ် သွားနဲ့ သွားဖုံးကြားမှာ ကပ်ငြိနေတတ် ကြပါတယ်။ အထူးသဖြင့် ခံတွင်း နောက်ပိုင်း အံသွားတွေ နေရာမှာ တွေ့ရ တတ်ပါတယ်။ အစာ စားပြီး မိနစ် ၂၀ လောက် အတွင်းမှာကို ဘက်တီးရီးယား ပိုးတွေက အချို ဓာတ်တွေကို အက်ဆစ် ဓာတ်အဖြစ် ပြောင်းလဲပြီး သွားရဲ့အပေါ်ယံ ကြွေလွှာကို တိုက်စားပါတယ်။ ကြွေလွှာက တစ်ဆင့် အာရုံကြောတွေ အထိ တိုက်စားတဲ့ အခါမှာတော့ သွားကိုက်ခြင်းကို ခံစားရ ပါတော့တယ်။ အစာ အစားပြီးတိုင်း ပလုပ်ကျင်း လိုက်ရုံနဲ့ သွားတွေ ပျက်စီးမှုကို ကာကွယ် နိုင်ပါတယ်။

ဒီလိုပါပဲ အစား အသောက် ပြင်ဆင်တဲ့ နေရာမှာလည်း သန့်ရှင်းမှုကို အလေး မထားတာကို မီးဖိုချောင်တွေ ထဲမှာ သွားကြည့်ရင် တွေ့နိုင်ပါတယ်။

““အစာ အဆိပ်သင့်မှုကို ကြည့်မယ် ဆိုရင် အများစု ကတော့ အစားအသောက် မသန့်ရှင်းလို့ ဖြစ်တာပါ”” လို့ ရန်ကုန် ဆေးရုံသစ်ကြီး အဆိပ် ဌာနမှ ဒေါက်တာရဲမြင့်က ပြောပါတယ်။

ဒီနှစ် ဇန်နဝါရီလ က အောက် မြန်မာနိုင်ငံ ဆေးသုတေသန ဌာနမှာ ပြုလုပ်တဲ့ စာတမ်းဖတ်ပွဲမှာ တင်ပြခဲ့တဲ့ စစ်တမ်း တစ်ခု အရဆိုရင် ရန်ကုန်မြို့မှာ ရှိတဲ့ လမ်းဘေးဆိုင်တွေမှာ အစာ အဆိပ်သင့်စေတဲ့ ပိုးတွေ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ ပိုးတွေက အစား အစာ စတင် ထုတ်လုပ်တဲ့ နေရာကနေ ပါးစပ်ထဲ ရောက်တဲ့အထိ ကုန်ထုတ်လုပ်မှု အဆင့် ဆင့်မှာ သန့်ရှင်းမှု နည်းပါးလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို မသန့်ရှင်းမှုကြောင့် အစာ အဆိပ်သင့်မှုတွေ မကြာခဏပဲ သတင်း မီဒီယာတွေ ထဲမှာ တွေ့နေရပါတယ်။

အဲဒီလို မသန့်ရှင်းမှု တွေထဲမှာလည်း ပတ်ဝန်းကျင် မသန့်ရှင်းမှုတွေလည်း ပါဝင်နေပါတယ်။ ပတ်ဝန်းကျင် မသန့်ရှင်းမှုရဲ့ အစကတော့ အမှိုက်ပါပဲ။ အမှိုက်ကို တွေ့ရာမှာ ပစ်တတ်တဲ့ အကျင့်က မြန်မာပြည်သူတွေ ဆီမှာ အရိုးစွဲ အကျင့်တစ်ခု ဖြစ်နေသလားလို့ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။ အမှိုက်ပုံး ချထားပေမယ့် အမှိုက်ပုံးဘေးမှာ အမှိုက်တွေ ပွစာ တက်နေတာကို မမြင်ချင် မှ အဆုံး ရန်ကုန်မြို့ရဲ့ လမ်းတွေမှာ တွေ့နေ ရပါတယ်။ အဲဒီလိုပါပဲ နောက်ဖေး လမ်းကြားထဲမှာ ပုပ်ပွနေတာ တွေဟာလည်း မတွေ့ချင်မှ အဆုံး။

အမှိုက်လေး တစ်စမို့ အရေးမကြီးပါဘူး ဆိုပြီး တွေ့ရာမှာ ပစ်လိုက်လို့ စည်ပင်သာယာက လိုက်လံ သိမ်းဆည်း နိုင်ခြင်းမရှိတဲ့ ပမာဏက အံ့သြစရာပါ။ စည်ပင်သာယာ က သိရတဲ့ ပမာဏကတော့ တစ်နေ့ တစ်နေ့ တန်တစ်ရာ လောက်ရှိပါသတဲ့။ ဒါဟာ တစ်နေ့ကို အမှိုက်တန်ချိန် (၁၀၀၀) ကနေ (၁၂၀၀) အကြား ထွက်နေတဲ့ ရန်ကုန်မြို့ တစ်မြို့တည်းရဲ့ ပမာဏပါ။ အဲဒီ မသိမ်းဆည်းနိုင်တဲ့ အမှိုက်အများစု ကတော့ ရေနှုတ်မြောင်းထဲ၊ ချောင်းတွေထဲကို သွားလေသတဲ့။

ရန်ကုန်မြို့ မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်နေလို့ ဒီနှစ်မှာတော့ ကျပ်သန်းပေါင်း တစ်သောင်း နှစ်ထောင် သုံးရာကျော် သုံးစွဲပြီး ဖြေရှင်းတော့မယ်လို့ ရန်ကုန် မြို့တော်ဝန်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

အဲဒီ ရေကြီး ရေလျှံမှုကို ဖြစ်စေတဲ့ အကြောင်းတွေ ထဲက တစ်ခုကတော့ စည်းကမ်းမဲ့ စွန့်ပစ် လိုက်တဲ့ အမှိုက်တွေပဲ ဖြစ်ပါတယ်။

အမှုမဲ့ အမှတ်မဲ့ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေ က မိမိ ပတ်ဝန်းကျင်နဲ့ မိမိ နေထိုင်ရာ မြို့ကို အကျည်းတန် စေတယ်ဆိုတာကို သိချင် ရင်တော့ အားလပ်ရက် တစ်ရက်မှာ မြစ်လေကို ရှုရိုက်ဖို့ လမ်းလျှောက်ရင်း ရန်ကုန်မြစ်ကို သွားကြည့် သင့်ပါတယ်။ ရန်ကုန်မြစ်ကမ်း တစ်လျှောက်မှာ အမှိုက်တွေ နဲ့ ပြည့်နေတာ ကို တွေ့ရမှာလည်း ဖြစ်ပါတယ်။

အမှိုက် ပြဿနာက အဲဒီလောက် နဲ့ ရပ်မသွား သေးပါဘူး။ သူ့ကြောင့် ပလိပ်ရောဂါ၊ ကာလ ဝမ်းရောဂါ၊ တို့လို နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်နိုင် ပါသေးတယ်။

သံတစ်ချောင်း လိုနေသောကြောင့် မြင်းခွာ တစ်ဖက် ဆုံးရှုံးရ၏။ မြင်းခွာ တစ်ဖက် မရှိသဖြင့် မြင်းတစ်စီး ဆုံးရှုံးရ၏။ မြင်း မရှိသဖြင့် မြင်းသည်တော် ဆုံးရှုံးရ၏။ မြင်းသည်တော် မရှိသဖြင့် သူနှင့် ပါလာသော သတင်း ဆုံးရှုံးရ၏။ သတင်းစကား မရောက်သဖြင့် တပ်ကူ မလွှတ်နိုင်။ တပ်ကူ မလွှတ်နိုင်သဖြင့် စစ်ပွဲရှုံး၏။ စစ်ရှုံးသဖြင့် နိုင်ငံပါ ပျက်ရ၏။ အားလုံးမှာ သံတစ်ချောင်း လိုနေသောကြောင့် ဖြစ်ရ၏ ဆိုတဲ့ အနောက်တိုင်း စကားပုံ တစ်ခု ရှိပါတယ်။

အသေးအဖွဲလေးပါ ဆိုပြီး လျစ်လျူ ရှုလိုက်ရင်တော့ သူ့ရဲ့ဆိုးကျိုးက သင်တစ်ချိန် ချိန်တွင် တွေ့ရမှာမလွဲပါ။

သင် ဒီဆောင်းပါးကို ဖတ်နေတဲ့ အချိန် ဆယ်မိနစ်လောက် အတွင်းမှာပဲ ငါးနှစ်အောက် ကလေးငယ် ပေါင်း (၁၅) ယောက် နီးပါး အသက် ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။ အကြောင်းရင်း ကတော့ အသေးအဖွဲ ကိစ္စလေး တစ်ခုဖြစ်တဲ့ လက်ဆေးတဲ့ အလုပ်ကို ဂရုတစိုက် မလုပ်လို့ ဝမ်းပျက် ဝမ်းလျှော ရောဂါကြောင့် အများဆုံး ဖြစ်ပါတယ်။

Credit:Messenger



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top