iMyanmarHouse.com - Best Property Website for Myanmar
×

သာမန္ထက္ကုိပုိၿပီး က်ဲပါးေနတဲ့ သင့္ရဲ႕ဆံေကသာအတြက္ စိတ္မ ေက်နပ္ျဖစ္ေနပါသလား။ ဆံပင္ထူထူးေလးေတြလုိ လုိရာပံုသြင္းလုိ႔ မရလုိ႔ စိတ္ညစ္ေနတာေတြကုိ ေျဖရွင္းေပးႏုိင္မယ့္ နည္းလမ္းက ေလးေတြနဲ႔ ဘာေတြလုပ္ေဆာင္သင့္သလဲဆုိတာ ေဖာ္ျပေပးလုိက္ပါ တယ္…

၁။ ပရုိတင္းဓာတ္ကုိ ျပည့္ဝေအာင္ စားသံုးပါ။ ပရိုတင္းဓာတ္က သင့္ဆံေကသာအတြက္ အထူးလုိအပ္ခ်က္ျဖစ္ပါတယ္။ ပရုိတင္း ဓာတ္က ဆံေကသာေတြကုိ အားျဖည့္ေပးႏုိင္ပါတယ္။ အသားေတြ၊ ငါးေတြ ျပည့္ဝစြာစားသံုးျခင္းျဖင့္ ဆံပင္ေတြကုိ အာဟာရျဖည့္ေပးၿပီး ၾကံ႕ခုိင္ေစႏုိင္ပါတယ္။

၂။ ဆံသားေပ်ာ့ေဆးနဲ႔ ဆံသားအားျဖည့္ေဆးေတြကုိ ဂရုတစုိက္ အသံုးျပဳပါ။ ျပင္ပဒဏ္နဲ႔ အစားအေသာက္ေတြေၾကာင့္ ပ်က္စီးသြား တဲ့ ဆံေကသာေတြကုိ ဒီလုိမ်ိဳး သဘာဝအားျဖည့္ဓာတ္ေတြပါဝင္တဲ့ ပစၥည္းေတြနဲ႔ ျပန္လည္ကုသေပးျခင္းက ဆံေကသာကုိ ပုိၿပီးေတာ့ အက်ိဳးၾကံ႕ခုိင္သန္စြမ္းလာေစႏုိင္ပါတယ္။

၃။ ဆံေကသာေတြကုိ အၿမဲလုိလုိ ခ်ည္ေႏွာင္စီးတုတ္ထားျခင္းေတြ ကုိ ေရွာင္ရွားပါ။ ဆံပင္ေတြကုိ စုခ်ည္ေႏွာင္ထားျခင္းက ဆံသား ေတြကုိ ထိခုိက္ပ်က္စီးေစႏုိင္ပါတယ္။ ဦးေရျပားကေန တင္းၿပီးေတာ့ ခ်ည္ေႏွာင္ျခင္းေတြကို ျဖစ္ႏုိင္မယ္ဆုိရင္ မလုပ္ပါနဲ႔။

၄။ ဗုိက္တာမင္ဓာတ္ေတြပါတဲ့ အစားအစာေတြနဲ႔ ေဆးဝါးေတြကုိ မွီဝဲစားသံုးပါ။ ဗုိက္တာမင္ B12၊ D အစာရွိသျဖင့္ေတြက ဆံေကသာ ပါးျခင္း၊ က်ဲျခင္းေတြကုိ အထူးကုသေပးႏုိင္ပါတယ္။  အစိမ္းေရာင္ ပါတဲ့ ဟင္းသီးဟင္းရြက္ သစ္သီးဝလံေတြ၊ အသားငါးေတြက ဆံ ေကသာအတြက္ အထူးေကာင္းမြန္တဲ့ အစားအစာေတြျဖစ္ပါတယ္။

၅။ အုိင္းယြန္း( သံဓာတ္) ကုိ လံုေလာက္စြာျဖည့္တင္းပါ။ သံဓာတ္ က က်န္းမာတဲ့ ဆံေကသာ၊ အေရျပားနဲ႔ ေျခသည္းလက္သည္းေတြ မွာ ျဖစ္ေပၚတတ္တဲ့ အားနည္းျခင္းေတြကုိကုသေပးႏုိင္ပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
သာမန်ထက်ကိုပိုပြီး ကျဲပါးနေတဲ့ သင့်ရဲ့ဆံကေသာအတွက် စိတ်မ ကျေနပ်ဖြစ်နေပါသလား။ ဆံပင်ထူထူးလေးတွေလို လိုရာပုံသွင်းလို့ မရလို့ စိတ်ညစ်နေတာတွေကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းက လေးတွေနဲ့ ဘာတွေလုပ်ဆောင်သင့်သလဲဆိုတာ ဖော်ပြပေးလိုက်ပါ တယ်…

၁။ ပရိုတင်းဓာတ်ကို ပြည့်ဝအောင် စားသုံးပါ။ ပရိုတင်းဓာတ်က သင့်ဆံကေသာအတွက် အထူးလိုအပ်ချက်ဖြစ်ပါတယ်။ ပရိုတင်း ဓာတ်က ဆံကေသာတွေကို အားဖြည့်ပေးနိုင်ပါတယ်။ အသားတွေ၊ ငါးတွေ ပြည့်ဝစွာစားသုံးခြင်းဖြင့် ဆံပင်တွေကို အာဟာရဖြည့်ပေးပြီး ကြံ့ခိုင်စေနိုင်ပါတယ်။

၂။ ဆံသားပျော့ဆေးနဲ့ ဆံသားအားဖြည့်ဆေးတွေကို ဂရုတစိုက် အသုံးပြုပါ။ ပြင်ပဒဏ်နဲ့ အစားအသောက်တွေကြောင့် ပျက်စီးသွား တဲ့ ဆံကေသာတွေကို ဒီလိုမျိုး သဘာဝအားဖြည့်ဓာတ်တွေပါဝင်တဲ့ ပစ္စည်းတွေနဲ့ ပြန်လည်ကုသပေးခြင်းက ဆံကေသာကို ပိုပြီးတော့ အကျိုးကြံ့ခိုင်သန်စွမ်းလာစေနိုင်ပါတယ်။

၃။ ဆံကေသာတွေကို အမြဲလိုလို ချည်နှောင်စီးတုတ်ထားခြင်းတွေ ကို ရှောင်ရှားပါ။ ဆံပင်တွေကို စုချည်နှောင်ထားခြင်းက ဆံသား တွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဦးရေပြားကနေ တင်းပြီးတော့ ချည်နှောင်ခြင်းတွေကို ဖြစ်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့။

၄။ ဗိုက်တာမင်ဓာတ်တွေပါတဲ့ အစားအစာတွေနဲ့ ဆေးဝါးတွေကို မှီဝဲစားသုံးပါ။ ဗိုက်တာမင် B12၊ D အစာရှိသဖြင့်တွေက ဆံကေသာ ပါးခြင်း၊ ကျဲခြင်းတွေကို အထူးကုသပေးနိုင်ပါတယ်။  အစိမ်းရောင် ပါတဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေ၊ အသားငါးတွေက ဆံ ကေသာအတွက် အထူးကောင်းမွန်တဲ့ အစားအစာတွေဖြစ်ပါတယ်။

၅။ အိုင်းယွန်း( သံဓာတ်) ကို လုံလောက်စွာဖြည့်တင်းပါ။ သံဓာတ် က ကျန်းမာတဲ့ ဆံကေသာ၊ အရေပြားနဲ့ ခြေသည်းလက်သည်းတွေ မှာ ဖြစ်ပေါ်တတ်တဲ့ အားနည်းခြင်းတွေကိုကုသပေးနိုင်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top