iMyanmarHouse.com - Best Property Website for Myanmar
×

ရင္သားဖြံ႕ထြားမႈအတြက္ စိတ္၀င္စားၾကသူ မ်ား၏။ လံုး၀န္း မာက်စ္ ႀကီးမားေသာ ရင္သားမ်ိဳး ပိုင္ဆိုင္ဖို႔ နည္းလမ္းေတြကို ရွာေဖြ ေလ့လာၾကသူ မ်ား၏။ သဘာ၀အားျဖင့္ေတာ့ ရင္သားဟာ သားသမီးရင္ေသြးငယ္မ်ားကို ႏို႔ခ်ိဳ တိုက္ေကၽြးဖို႔ ျဖစ္ေပမယ့္ အမ်ိဳးသမီးတို႔အတြက္ အလွတန္ဆာလဲ ျဖစ္၏။ ခုေခတ္မွာေတာ့ ကိုယ္လိုခ်င္တဲ့ ရင္သားအရြယ္အစားျဖစ္ဖို႔ ခြဲစိတ္ ျပဳျပင္လာၾကေလၿပီ။ ရင္သား ခြဲစိတ္ျပဳျပင္ျခင္းဟာ အမွားတရပ္ က်ဴးလြန္ျခင္းမဟုတ္။ ကိုယ့္ခႏၶာကိုယ္အတြက္ ကိုယ့္ရဲ႕ေရြးခ်ယ္ ဆံုးျဖတ္ခ်က္သာ။ ခြဲစိတ္ျပဳျပင္ခ ႀကီးျမင့္ရံုမက နာက်င္မႈကိုလဲ ခံစားရတတ္ပါတယ္။

အခ်ိဳ႔အမ်ိဳးသမီးတို႔ဟာ ေမြးရာပါအတိုင္း ရင္သား လံုး၀န္း ႀကီးမားတဲ့ အလွနဲ႔ ျပည့္စံုၾကေပမယ့္ အခ်ိဳ႔ကေတာ့ ရင္သားအရြယ္အစား ေသးငယ္ၾက၏။ အမ်ိဳးသမီးေတြရဲ႕ရင္သားဟာ အပ်ိဳေဖာ္၀င္စမွာ တျဖည္းျဖည္း စတင္ ႀကီးထြားလာၿပီး အရြယ္ေရာက္ခ်ိန္မွာေတာ့ ႀကီးထြားမႈ ရပ္တန္႔သြားပါတယ္။ အပ်ိဳေဖာ္၀င္ၿပီးခ်ိန္ကေန ကိုယ္၀န္ေဆာင္ခ်ိန္ထိ ရင္သားအရြယ္အစား ႀကီးမလာ။ မေျပာင္းလဲပဲ ေသးငယ္ၿမဲ။ အဲ့ဒါေၾကာင့္ ရင္သား ႀကီးခ်င္သူမ်ား ေဆး၀ါးရွာၾက၏။ရင္သားႀကီးေဆး ေစ်းကြက္ထဲမွာ ေဟာ္မုန္းထိုးေဆး၊ ေသာက္ေဆးနဲ႔ လိမ္းေဆးခရင္မ္ အမ်ိဳးမ်ိဳးရွိၿပီး အေတာ္ေလး က်ယ္ျပန္႔၏။ တခ်ိဳ႔ေဆး၀ါးေတြဟာ တခါတရံ ခႏၶာကိုယ္နဲ႔ ဓာတ္ မတည့္တာမ်ိဳး ျဖစ္တတ္၏။ သဘာ၀နည္းျဖင့္ ရင္သားႀကီးထြားေအာင္ လုပ္နည္းလဲ အမ်ိဳးမ်ိဳးရွိ၏။ ခြဲစိတ္စရာ မလို၊ ေဆးထိုးျပဳျပင္စရာလဲ မလိုေပမယ့္ စိတ္ရွည္ရွည္ အခ်ိန္ယူ ျပဳျပင္ႏိုင္တဲ့ ထိေရာက္တဲ့ သဘာ၀ကုထံုး နည္းလမ္းေတြ အေၾကာင္းကို က်ေနာ္တို႔ က်န္းမာေရးသတင္းမ်ား ေပ့ခ်္ကေန မွ ်ေ၀ေပးလိုက္ပါတယ္။

(၁) ရင္အံုၾကြက္သား ျပဳျပင္ေပးနည္း
(၂) ကိုယ္အေလးခ်ိန္ ထိန္းနည္း
(၃) ခႏၶာကိုယ္အေနအထား ျပဳျပင္နည္း
(၄) ႏွိပ္နယ္ေပးျခင္းနဲ႔
(၅) ေဆးဖက္၀င္အပင္ သံုးစြဲနည္းတို႔ပါ။

(၁) ရင္အံုၾကြက္သား ျပဳျပင္ေပးနည္းကေတာ့ ရင္အံု၊ လက္ေမာင္းနဲ႔ ရင္ဘတ္ (ႏို႔အံု) ၾကြက္သားေတြကို ဒိုက္ထိုး ေလ့က်င့္ခန္း လုပ္ေပးတာပါ။ ဒိုက္ထိုးနည္းေတြမွာလဲ regular push-up, elevated push-up, wall push-up စသျဖင့္ နည္းအမ်ိဳးမ်ိဳး ရွိပါတယ္။ အဲ့ဒီဒိုက္ထိုးနည္း ၃ မ်ိဳးကို တစ္မ်ိဳးကို ၁၃ ခါမွ ၁၅ ခါ၊ တစ္ပတ္ကို ၃ ႀကိမ္မွ ၅ ႀကိမ္ မွန္မွန္ လုပ္ေပးရင္ တစ္လအတြင္း သိသာလာမွာ ျဖစ္ပါတယ္။
ေနာက္တစ္ခုကေတာ့ chest press လို႔ ေခၚတဲ့ အိပ္ရက္ကေန ရင္ဘတ္ေပၚ အေလးမတာပါ။ ေက်ာကို ၾကမ္းေပၚ (သို႔) ခံုမွာကပ္ၿပီး လွဲခ်ကာ ဒူးလဲ ေကြးထားရမွာပါ။ ေလ့က်င့္ခန္းသံုး ကိရိယာကို လက္တဖက္စီက ကိုင္ၿပီး ေျမႇာက္လိုက္ ခ်လိုက္ ေလ့က်င့္ရမွာပါ။ ခႏၶာကိုယ္အေနအထား၊ တံေတာင္ဆစ္အေနအထား အခ်ိဳးက်က် သိခ်င္ရင္ youtube မွာ ေလ့က်င့္ခန္းေတြ ရွာၾကည့္ႏိုင္ပါတယ္။

(၂) ကိုယ္အေလးခ်ိန္ထိန္းနည္း။ သင္ဟာ ခႏၶာကိုယ္ ပိန္သြယ္သူ ဆိုရင္ ရင္သားႀကီးလာဖို႔ ကိုယ္အေလးခ်ိန္တိုးေအာင္ လုပ္ေပးရမွာပါ။ ႏို႔အံု ရင္သားက အဆီတြယ္ဆက္တစ္ရွဴးျဖစ္ၿပီး တကိုယ္လံုးက အဆီေတြနဲ႔ အတူတူပါပဲ။ ကိုယ္အေလးခ်ိန္ ေလ်ာ့နည္းရင္ အဆီေတြက်ၿပီး ရင္သားလဲ ေသးငယ္တတ္ပါတယ္။ ရင္သားႀကီးေအာင္လို႔ အခ်ိန္တိုအတြင္း ကိုယ္အေလးခ်ိန္ ခ်က္ခ်င္းတိုးေအာင္ လုပ္ရင္လဲ နည္းမွန္လမ္းမွန္ မဟုတ္ရင္ က်န္းမာေရးအႏၱရာယ္ ျဖစ္တတ္ပါတယ္။

(၃) ခႏၶာကိုယ္အေနအထား ျပဳျပင္နည္း ဆိုတာကေတာ့ ထူးဆန္းခက္ခဲတဲ့ နည္း မဟုတ္ပါဘူး။ ခႏၶာကိုယ္အေနအထား မွန္မွန္ မထားတတ္ရင္ ရင္သား ေသးေနသလို ထင္ရတတ္ပါတယ္။ လည္တိုင္နဲ႔ေနာက္ေက်ာကို တည့္တည့္မတ္မတ္ေလး ထားၿပီး ပုခံုးကို ခပ္ေျပေျပနဲ႔ ေမးေစ့ကို ျမႇင့္ၿပီး ေနတာမ်ိဳးက ေက်ာ့ေက်ာ့ေမာ့ေမာ့နဲ႔ ရင္သားကို စြင့္ထားသလို အေနအထား ျဖစ္ေစတာေၾကာင့္ လွပတဲ့ကိုယ္ဟန္ကို ျဖစ္ေစပါတယ္။

(၄) ရင္သားကို ႏွိပ္နယ္ေပးျခင္းပါ။ ထိုင္းရိုးရာေဆးနည္းေတြအရဆိုရင္ ရင္သားကို ပံုမွန္ႏွိပ္နယ္ေပးျခင္းဟာ ရင္သားအရြယ္အစားကို ႀကီးထြားလာေစပါတယ္။ ႏွိပ္နယ္ေပးျခင္းဟာ ရင္ဘတ္တစ္ရွဴးကို ဆြဲဆန္႔ေပးၿပီး က်စ္လ်စ္သြားေစတာေၾကာင့္ ႏို႔အံု ပိုႀကီးၿပီး လံုးက်စ္သြားေစသလို ရင္ဘတ္တ၀ိုက္က ေသြးလွည့္ပတ္မႈကို တိုးတက္ ေကာင္းမြန္ေစပါတယ္။ ရင္သားကို ႏွိပ္နယ္ရာမွာလဲ သဘာ၀ပစၥည္းေတြကေန ထြက္ရွိတဲ့အဆီကို သံုးစြဲႏွိပ္နယ္သင့္ပါတယ္။

(၅) saw palmetto ဆိုတဲ့ ထန္းပင္တစ္မ်ိဳးက ရhttps://www.blogger.com/blogger.g?blogID=4390158481963204290#editor/target=post;postID=5508122425848538798င္သားႀကီးထြားေစဖို႔အတြက္ အေကာင္းဆံုး ေဆးတစ္လက္လို႔ ဆိုပါတယ္။ ဒီအပင္မွာ ပါ၀င္တဲ့ ဖက္တီးအက္ဆစ္နဲ႔ ဖိုင္တို ႏ်ဴထရီယန္႔ ဆိုတဲ့ သဘာ၀ျဒပ္ေပါင္းေတြက ရင္သားတစ္ရွဴး ဖြံ႕ၿဖိဳးမႈကို အေထာက္အကူ ျပဳေပးပါတယ္။ saw palmetto အပင္ကေန သီးတဲ့အသီးေတြကေန ရင္သားႀကီးထြားေစတာတင္မက အမ်ိဳးသား လိင္အဂၤါဆိုင္ရာျပသနာေတြ၊ ဆံပင္မေပါက္သူေတြ ျပန္ေပါက္ေစတဲ့ ေဆး၀ါးေတြကိုလဲ ထုတ္လုပ္ထားပါတယ္။



Credit  : က်န္းမာေရးသတင္းမ်ား
 
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 
#Unicode Version
 
ရင်သားဖွံ့ထွားမှုအတွက် စိတ်ဝင်စားကြသူ များ၏။ လုံးဝန်း မာကျစ် ကြီးမားသော ရင်သားမျိုး ပိုင်ဆိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေ လေ့လာကြသူ များ၏။ သဘာဝအားဖြင့်တော့ ရင်သားဟာ သားသမီးရင်သွေးငယ်များကို နို့ချို တိုက်ကျွေးဖို့ ဖြစ်ပေမယ့် အမျိုးသမီးတို့အတွက် အလှတန်ဆာလဲ ဖြစ်၏။ ခုခေတ်မှာတော့ ကိုယ်လိုချင်တဲ့ ရင်သားအရွယ်အစားဖြစ်ဖို့ ခွဲစိတ် ပြုပြင်လာကြလေပြီ။ ရင်သား ခွဲစိတ်ပြုပြင်ခြင်းဟာ အမှားတရပ် ကျူးလွန်ခြင်းမဟုတ်။ ကိုယ့်ခန္ဓာကိုယ်အတွက် ကိုယ့်ရဲ့ရွေးချယ် ဆုံးဖြတ်ချက်သာ။ ခွဲစိတ်ပြုပြင်ခ ကြီးမြင့်ရုံမက နာကျင်မှုကိုလဲ ခံစားရတတ်ပါတယ်။

အချို့အမျိုးသမီးတို့ဟာ မွေးရာပါအတိုင်း ရင်သား လုံးဝန်း ကြီးမားတဲ့ အလှနဲ့ ပြည့်စုံကြပေမယ့် အချို့ကတော့ ရင်သားအရွယ်အစား သေးငယ်ကြ၏။ အမျိုးသမီးတွေရဲ့ရင်သားဟာ အပျိုဖော်ဝင်စမှာ တဖြည်းဖြည်း စတင် ကြီးထွားလာပြီး အရွယ်ရောက်ချိန်မှာတော့ ကြီးထွားမှု ရပ်တန့်သွားပါတယ်။ အပျိုဖော်ဝင်ပြီးချိန်ကနေ ကိုယ်ဝန်ဆောင်ချိန်ထိ ရင်သားအရွယ်အစား ကြီးမလာ။ မပြောင်းလဲပဲ သေးငယ်မြဲ။ အဲ့ဒါကြောင့် ရင်သား ကြီးချင်သူများ ဆေးဝါးရှာကြ၏။ရင်သားကြီးဆေး ဈေးကွက်ထဲမှာ ဟော်မုန်းထိုးဆေး၊ သောက်ဆေးနဲ့ လိမ်းဆေးခရင်မ် အမျိုးမျိုးရှိပြီး အတော်လေး ကျယ်ပြန့်၏။ တချို့ဆေးဝါးတွေဟာ တခါတရံ ခန္ဓာကိုယ်နဲ့ ဓာတ် မတည့်တာမျိုး ဖြစ်တတ်၏။ သဘာဝနည်းဖြင့် ရင်သားကြီးထွားအောင် လုပ်နည်းလဲ အမျိုးမျိုးရှိ၏။ ခွဲစိတ်စရာ မလို၊ ဆေးထိုးပြုပြင်စရာလဲ မလိုပေမယ့် စိတ်ရှည်ရှည် အချိန်ယူ ပြုပြင်နိုင်တဲ့ ထိရောက်တဲ့ သဘာဝကုထုံး နည်းလမ်းတွေ အကြောင်းကို ကျနော်တို့ ကျန်းမာရေးသတင်းများ ပေ့ချ်ကနေ မှ ျဝေပေးလိုက်ပါတယ်။

(၁) ရင်အုံကြွက်သား ပြုပြင်ပေးနည်း
(၂) ကိုယ်အလေးချိန် ထိန်းနည်း
(၃) ခန္ဓာကိုယ်အနေအထား ပြုပြင်နည်း
(၄) နှိပ်နယ်ပေးခြင်းနဲ့
(၅) ဆေးဖက်ဝင်အပင် သုံးစွဲနည်းတို့ပါ။

(၁) ရင်အုံကြွက်သား ပြုပြင်ပေးနည်းကတော့ ရင်အုံ၊ လက်မောင်းနဲ့ ရင်ဘတ် (နို့အုံ) ကြွက်သားတွေကို ဒိုက်ထိုး လေ့ကျင့်ခန်း လုပ်ပေးတာပါ။ ဒိုက်ထိုးနည်းတွေမှာလဲ regular push-up, elevated push-up, wall push-up စသဖြင့် နည်းအမျိုးမျိုး ရှိပါတယ်။ အဲ့ဒီဒိုက်ထိုးနည်း ၃ မျိုးကို တစ်မျိုးကို ၁၃ ခါမှ ၁၅ ခါ၊ တစ်ပတ်ကို ၃ ကြိမ်မှ ၅ ကြိမ် မှန်မှန် လုပ်ပေးရင် တစ်လအတွင်း သိသာလာမှာ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ chest press လို့ ခေါ်တဲ့ အိပ်ရက်ကနေ ရင်ဘတ်ပေါ် အလေးမတာပါ။ ကျောကို ကြမ်းပေါ် (သို့) ခုံမှာကပ်ပြီး လှဲချကာ ဒူးလဲ ကွေးထားရမှာပါ။ လေ့ကျင့်ခန်းသုံး ကိရိယာကို လက်တဖက်စီက ကိုင်ပြီး မြှောက်လိုက် ချလိုက် လေ့ကျင့်ရမှာပါ။ ခန္ဓာကိုယ်အနေအထား၊ တံတောင်ဆစ်အနေအထား အချိုးကျကျ သိချင်ရင် youtube မှာ လေ့ကျင့်ခန်းတွေ ရှာကြည့်နိုင်ပါတယ်။

(၂) ကိုယ်အလေးချိန်ထိန်းနည်း။ သင်ဟာ ခန္ဓာကိုယ် ပိန်သွယ်သူ ဆိုရင် ရင်သားကြီးလာဖို့ ကိုယ်အလေးချိန်တိုးအောင် လုပ်ပေးရမှာပါ။ နို့အုံ ရင်သားက အဆီတွယ်ဆက်တစ်ရှူးဖြစ်ပြီး တကိုယ်လုံးက အဆီတွေနဲ့ အတူတူပါပဲ။ ကိုယ်အလေးချိန် လျော့နည်းရင် အဆီတွေကျပြီး ရင်သားလဲ သေးငယ်တတ်ပါတယ်။ ရင်သားကြီးအောင်လို့ အချိန်တိုအတွင်း ကိုယ်အလေးချိန် ချက်ချင်းတိုးအောင် လုပ်ရင်လဲ နည်းမှန်လမ်းမှန် မဟုတ်ရင် ကျန်းမာရေးအန္တရာယ် ဖြစ်တတ်ပါတယ်။

(၃) ခန္ဓာကိုယ်အနေအထား ပြုပြင်နည်း ဆိုတာကတော့ ထူးဆန်းခက်ခဲတဲ့ နည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်အနေအထား မှန်မှန် မထားတတ်ရင် ရင်သား သေးနေသလို ထင်ရတတ်ပါတယ်။ လည်တိုင်နဲ့နောက်ကျောကို တည့်တည့်မတ်မတ်လေး ထားပြီး ပုခုံးကို ခပ်ပြေပြေနဲ့ မေးစေ့ကို မြှင့်ပြီး နေတာမျိုးက ကျော့ကျော့မော့မော့နဲ့ ရင်သားကို စွင့်ထားသလို အနေအထား ဖြစ်စေတာကြောင့် လှပတဲ့ကိုယ်ဟန်ကို ဖြစ်စေပါတယ်။

(၄) ရင်သားကို နှိပ်နယ်ပေးခြင်းပါ။ ထိုင်းရိုးရာဆေးနည်းတွေအရဆိုရင် ရင်သားကို ပုံမှန်နှိပ်နယ်ပေးခြင်းဟာ ရင်သားအရွယ်အစားကို ကြီးထွားလာစေပါတယ်။ နှိပ်နယ်ပေးခြင်းဟာ ရင်ဘတ်တစ်ရှူးကို ဆွဲဆန့်ပေးပြီး ကျစ်လျစ်သွားစေတာကြောင့် နို့အုံ ပိုကြီးပြီး လုံးကျစ်သွားစေသလို ရင်ဘတ်တဝိုက်က သွေးလှည့်ပတ်မှုကို တိုးတက် ကောင်းမွန်စေပါတယ်။ ရင်သားကို နှိပ်နယ်ရာမှာလဲ သဘာဝပစ္စည်းတွေကနေ ထွက်ရှိတဲ့အဆီကို သုံးစွဲနှိပ်နယ်သင့်ပါတယ်။

(၅) saw palmetto ဆိုတဲ့ ထန်းပင်တစ်မျိုးက ရင်သားကြီးထွားစေဖို့အတွက် အကောင်းဆုံး ဆေးတစ်လက်လို့ ဆိုပါတယ်။ ဒီအပင်မှာ ပါဝင်တဲ့ ဖက်တီးအက်ဆစ်နဲ့ ဖိုင်တို နျူထရီယန့် ဆိုတဲ့ သဘာဝဒြပ်ပေါင်းတွေက ရင်သားတစ်ရှူး ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုပေးပါတယ်။ saw palmetto အပင်ကနေ သီးတဲ့အသီးတွေကနေ ရင်သားကြီးထွားစေတာတင်မက အမျိုးသား လိင်အင်္ဂါဆိုင်ရာပြသနာတွေ၊ ဆံပင်မပေါက်သူတွေ ပြန်ပေါက်စေတဲ့ ဆေးဝါးတွေကိုလဲ ထုတ်လုပ်ထားပါတယ်။

Credit  : ကျန်းမာရေးသတင်းများ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top