iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ကို အခ်စ္ၾကီး ခ်စ္မိသြားလို႕ သူ႕လိုအပ္ခ်က္ေတြအတိုင္း ကိုယ္က လိုက္ေနေပးရမယ္၊ လုပ္ေဆာင္ေပးရမယ္ဆုိတာ တကယ္ေတာ့ မျဖစ္သင့္ပါဘူး။ ကိုယ့္ကိုကုိယ္သာ သံုးသပ္ၾကည့္ပါ။ ငါတကယ္ေျပာင္းလဲဖုိ႕ လိုလို႕လားဆုိတဲ့ ေမးခြန္းကို ေမးပါ။ တစ္ခါတစ္ေလက်ေတာ့ အမ်ိဳးသမီးေတြအေနနဲ႕ ကိုယ္ခ်စ္တဲ့ အမ်ိဳးသားအတြက္ေရာ အျခား ဘယ္သူ႕အတြက္ကိုမွ ေျပာင္းလဲမလုပ္ေဆာင္သင့္တဲ့ အရာေတြ ရွိေနပါတယ္။

၁။ ကုိယ့္ရဲ႕သြင္ျပင္ကို ေျပာင္းလဲပစ္ျခင္း

တျခားတစ္ဦးတစ္ေယာက္အတြက္ ကိုယ့္ရဲ႕အသြင္အျပင္ ပံုစံေတြ ေျပာင္းလဲပစ္ဖုိ႕ မလိုပါဘူး။ ကိုယ့္ကိုတကယ္ခ်စ္တဲ့သူက ကိုယ္ဘယ္လိုေလးေနေန၊ ကိုယ့္ပံုစံဘယ္လိုျဖစ္ျဖစ္ ခ်စ္ေနမွာပါပဲ။ ခႏၶာကိုယ္အေလးခ်ိန္မ်ားေနလို႕၊ ဆံပင္ပံုစံမၾကိဳက္လုိ႕၊ ကိုယ့္အ၀တ္အစားက အထာမက်လို႕ ဒါေတြက သူ႕ကို အေႏွာင့္အယွက္ျဖစ္ေစတယ္လို႕ ကိုယ့္ကိုေျပာလာရင္ အေကာင္းဆံုးဆင္ေျခတစ္ခု ထပ္ေပးဖုိ႕ သူ႕ကိုေျပာလုိက္ပါ။ ဒါေတြကို ကိုယ္တုိင္ေျပာင္းလဲခ်င္လို႕ ေျပာင္းလဲပစ္လိုက္တာဆုိတာမ်ိဳးသာ ျဖစ္သင့္ပါတယ္။ တျခားတစ္ေယာက္က တြန္းအားေပးလုိ႕ ေျပာင္းလဲလိုက္ရတယ္ဆုိတာမ်ိဳး မျဖစ္သင့္ပါဘူး။

၂။သင့္အိမ္မက္ေတြကို ေမ့ပစ္လိုက္ျခင္း

လူတစ္ေယာက္စီတုိင္းမွာ အိပ္မက္ေတြ၊ ပန္းတုိင္ေတြ ရွိေနသင့္ပါတယ္။ တစ္စံုတစ္ေယာက္အတြက္ ကိုယ့္စိတ္ကူးအိပ္မက္ေတြကို ရပ္တန္႕လိုက္ရတာေၾကာင့္ ရင္နာစရာေကာင္းတဲ့အျဖစ္ မရွိပါဘူး။ သင့္ကိုတကယ္ခ်စ္တဲ့သူဟာ သင့္အိပ္မက္ေတြ ဖန္တီးပံုေဖာ္ႏိုင္ဖုိ႕အတြက္ တစ္စိတ္တစ္ပိုင္းေတာင္ ကူညီေပးဦးမွာပါ။ မဟုတ္ရင္ေတာ့ ဒီလူဟာ သင့္ကိုတကယ္ခ်စ္ရဲ႕လား စဥ္းစားစရာပါပဲ။

၃။တစ္ဖက္လူ ခြင့္ျပဳမွသာ လုပ္ေဆာင္ရျခင္း

စိတ္ဓာတ္ခိုင္မာတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ သူ႕ကုိယ္ပိုင္စည္းမ်ဥ္းစည္းကမ္းနဲ႕သာ ေနထိုင္သူပါ။ အျခားလူေတြ ညႊန္ၾကားတာကို ထုိင္ေစာင့္မေနတတ္ပါဘူး။ ကိုယ့္ဆံုးျဖတ္ခ်က္အတုိင္း လုပ္ေဆာင္ခြင့္မရွိပဲ တစ္ဖက္လူ ဘာလုပ္ဆုိမွ၊ တစ္ဖက္လူခြင့္ျပဳမွ ဆက္လုပ္ရတဲ့အေျခအေနမ်ိဳးဆုိရင္ ဒီလိုဘ၀ကို သင္ေက်နပ္သေဘာက်ရဲ႕လား ေသခ်ာျပန္စဥ္းစားပါ။

၄။သတ္မွတ္ျပီးသား၊ ဆြဲျပီးသားအစီအစဥ္ေတြကို ဖ်က္ပစ္ရျခင္း

ကိုယ္စီစဥ္ထားျပီးသား အစီအစဥ္ေတြကို သူ႕အတြက္နဲ႕ ဖ်က္ပစ္ခဲ့ရေပါင္း ဘယ္ေလာက္ရွိျပီလဲ။ သူငယ္ခ်င္းေတြနဲ႕ ေတြ႕ဖုိ႕ ခ်ိန္းျပီးကာမွ သူကမသြားနဲ႕ွဆုိလို႕ မသြားပဲေနလိုက္ရတာမ်ိဳး၊ မိသားစု၀င္ေတြအားလံုးနဲ႕အတူ ဒင္နာစားဖုိ႕ ေျပာထားျပီးကာမွ သူ႕အတြက္ အခ်ိန္ေပးပါဆုိလုိ႕ သူနဲ႕ေျပာင္းေတြ႕လိုက္ရတာမ်ိဳးေတြ မ်ားလာရင္ ဒါဟာ မျဖစ္သင့္တဲ့အရာဆုိတာ သင္ကိုယ္တုိင္သိရွိဖုိ႕ အေရးၾကီးပါတယ္။

၅။ သူကိုယ့္ကို ေျပာင္းလဲပစ္တာမ်ိဳး လက္သင့္ခံခဲ့ျခင္း

သင္ဟာ ဘယ္လိုလူမ်ိဳးလဲ။ ကိုယ့္ပံုစံနဲ႕ ကုိယ္ေနထုိင္ေနတဲ့ ဘ၀ကို အျခားတစ္ေယာက္အတြက္ ေျပာင္းလဲပစ္ႏိုင္ပါသလား။ ကုိယ့္ခ်စ္သူသေဘာက် သူကုိယ့္ကို ေျပာင္းလဲခြင့္ေပးလိုက္ျခင္းဟာ တကယ္ေတာ့ သင္ဟာ အသံုးမက်သူ ဆုိတဲ့သေဘာေရာက္သြားပါတယ္။ ကုိယ့္ပံုစံအေနအထားကို ဘယ္ေတာ့မွ ေျပာင္းလဲပစ္တာမ်ိဳး လက္မခံပါနဲ႕။

Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လူတစ်ယောက်ကို အချစ်ကြီး ချစ်မိသွားလို့ သူ့လိုအပ်ချက်တွေအတိုင်း ကိုယ်က လိုက်နေပေးရမယ်၊ လုပ်ဆောင်ပေးရမယ်ဆိုတာ တကယ်တော့ မဖြစ်သင့်ပါဘူး။ ကိုယ့်ကိုကိုယ်သာ သုံးသပ်ကြည့်ပါ။ ငါတကယ်ပြောင်းလဲဖို့ လိုလို့လားဆိုတဲ့ မေးခွန်းကို မေးပါ။ တစ်ခါတစ်လေကျတော့ အမျိုးသမီးတွေအနေနဲ့ ကိုယ်ချစ်တဲ့ အမျိုးသားအတွက်ရော အခြား ဘယ်သူ့အတွက်ကိုမှ ပြောင်းလဲမလုပ်ဆောင်သင့်တဲ့ အရာတွေ ရှိနေပါတယ်။

၁။ ကိုယ့်ရဲ့သွင်ပြင်ကို ပြောင်းလဲပစ်ခြင်း

တခြားတစ်ဦးတစ်ယောက်အတွက် ကိုယ့်ရဲ့အသွင်အပြင် ပုံစံတွေ ပြောင်းလဲပစ်ဖို့ မလိုပါဘူး။ ကိုယ့်ကိုတကယ်ချစ်တဲ့သူက ကိုယ်ဘယ်လိုလေးနေနေ၊ ကိုယ့်ပုံစံဘယ်လိုဖြစ်ဖြစ် ချစ်နေမှာပါပဲ။ ခန္ဓာကိုယ်အလေးချိန်များနေလို့၊ ဆံပင်ပုံစံမကြိုက်လို့၊ ကိုယ့်အဝတ်အစားက အထာမကျလို့ ဒါတွေက သူ့ကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ကိုယ့်ကိုပြောလာရင် အကောင်းဆုံးဆင်ခြေတစ်ခု ထပ်ပေးဖို့ သူ့ကိုပြောလိုက်ပါ။ ဒါတွေကို ကိုယ်တိုင်ပြောင်းလဲချင်လို့ ပြောင်းလဲပစ်လိုက်တာဆိုတာမျိုးသာ ဖြစ်သင့်ပါတယ်။ တခြားတစ်ယောက်က တွန်းအားပေးလို့ ပြောင်းလဲလိုက်ရတယ်ဆိုတာမျိုး မဖြစ်သင့်ပါဘူး။

၂။သင့်အိမ်မက်တွေကို မေ့ပစ်လိုက်ခြင်း

လူတစ်ယောက်စီတိုင်းမှာ အိပ်မက်တွေ၊ ပန်းတိုင်တွေ ရှိနေသင့်ပါတယ်။ တစ်စုံတစ်ယောက်အတွက် ကိုယ့်စိတ်ကူးအိပ်မက်တွေကို ရပ်တန့်လိုက်ရတာကြောင့် ရင်နာစရာကောင်းတဲ့အဖြစ် မရှိပါဘူး။ သင့်ကိုတကယ်ချစ်တဲ့သူဟာ သင့်အိပ်မက်တွေ ဖန်တီးပုံဖော်နိုင်ဖို့အတွက် တစ်စိတ်တစ်ပိုင်းတောင် ကူညီပေးဦးမှာပါ။ မဟုတ်ရင်တော့ ဒီလူဟာ သင့်ကိုတကယ်ချစ်ရဲ့လား စဉ်းစားစရာပါပဲ။

၃။တစ်ဖက်လူ ခွင့်ပြုမှသာ လုပ်ဆောင်ရခြင်း

စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းနဲ့သာ နေထိုင်သူပါ။ အခြားလူတွေ ညွှန်ကြားတာကို ထိုင်စောင့်မနေတတ်ပါဘူး။ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ခွင့်မရှိပဲ တစ်ဖက်လူ ဘာလုပ်ဆိုမှ၊ တစ်ဖက်လူခွင့်ပြုမှ ဆက်လုပ်ရတဲ့အခြေအနေမျိုးဆိုရင် ဒီလိုဘဝကို သင်ကျေနပ်သဘောကျရဲ့လား သေချာပြန်စဉ်းစားပါ။

၄။သတ်မှတ်ပြီးသား၊ ဆွဲပြီးသားအစီအစဉ်တွေကို ဖျက်ပစ်ရခြင်း

ကိုယ်စီစဉ်ထားပြီးသား အစီအစဉ်တွေကို သူ့အတွက်နဲ့ ဖျက်ပစ်ခဲ့ရပေါင်း ဘယ်လောက်ရှိပြီလဲ။ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ချိန်းပြီးကာမှ သူကမသွားနဲ့ှဆိုလို့ မသွားပဲနေလိုက်ရတာမျိုး၊ မိသားစုဝင်တွေအားလုံးနဲ့အတူ ဒင်နာစားဖို့ ပြောထားပြီးကာမှ သူ့အတွက် အချိန်ပေးပါဆိုလို့ သူနဲ့ပြောင်းတွေ့လိုက်ရတာမျိုးတွေ များလာရင် ဒါဟာ မဖြစ်သင့်တဲ့အရာဆိုတာ သင်ကိုယ်တိုင်သိရှိဖို့ အရေးကြီးပါတယ်။

၅။ သူကိုယ့်ကို ပြောင်းလဲပစ်တာမျိုး လက်သင့်ခံခဲ့ခြင်း

သင်ဟာ ဘယ်လိုလူမျိုးလဲ။ ကိုယ့်ပုံစံနဲ့ ကိုယ်နေထိုင်နေတဲ့ ဘဝကို အခြားတစ်ယောက်အတွက် ပြောင်းလဲပစ်နိုင်ပါသလား။ ကိုယ့်ချစ်သူသဘောကျ သူကိုယ့်ကို ပြောင်းလဲခွင့်ပေးလိုက်ခြင်းဟာ တကယ်တော့ သင်ဟာ အသုံးမကျသူ ဆိုတဲ့သဘောရောက်သွားပါတယ်။ ကိုယ့်ပုံစံအနေအထားကို ဘယ်တော့မှ ပြောင်းလဲပစ်တာမျိုး လက်မခံပါနဲ့။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top