iMyanmarHouse.com - Best Property Website for Myanmar
×

တကယ္ေတာ့ မီးဖိုေခ်ာင္၀င္ၿပီး ခ်က္ရျပဳတ္ရတယ္ဆိုတာ လြယ္တဲ့အရာေတာ့ မဟုတ္ပါဘူး။ ခ်က္ျပဳတ္ဖုိ႕အတြက္ လိုအပ္တာေတြ ႀကိဳဳတင္စီမံရတယ္။ ကိုယ့္ရဲ႕ဟင္းေတြကို စားမယ့္သူေတြ စိတ္ေက်နပ္ေစဖုိ႔လည္း ႀကိဳးစားရတယ္။ ဟင္းအမ်ိဳးအစား တစ္ေန႔နဲ႔တစ္ေန႔ မတူေအာင္လည္း စဥ္းစားရေသးတယ္။ အိမ္ရွင္မအလုပ္ဆိုတာ မီးဖုိေခ်ာင္တစ္ခုတည္းနဲ႔တင္ ေတာ္ေတာ္ေလးကို အခ်ိန္ကုန္ ပင္ပန္းေနပါၿပီ။ ဒါေပမယ့္ ကိုယ္ခ်က္တဲ့ဟင္းလ်ာေတြကို စားတဲ့သူေတြက ေကာင္းလိုက္တာ၊ အရသာရွိလိုက္တာလို႔ ဆုိလိုက္ရင္ျဖင့္ ခ်က္ျပဳတ္ရသူေတြဟာ ပီတိေတြနဲ႔ ေပ်ာ္ရႊင္မႈကို ခံစားရၿပီေပါ့။ ဒီေတာ့ မီးဖုိေခ်ာင္ခုမွ စ၀င္မယ့္ ပ်ိဳေမေတြ၊ အမ်ိဳးသမီးေတြအတြက္ ဟင္းလ်ာခ်က္ျပဳတ္တဲ့အခါ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိလာေစဖုိ႔ သိသင့္တဲ့အခ်က္ေလးေတြ ေျပာျပေပးလိုက္ပါတယ္။

၁။ေကာင္းမြန္တဲ့ မီးဖုိေခ်ာင္သံုးပစၥည္းေတြကို သံုးပါ။

ဟင္းခ်က္တဲ့အခါ သံုးတဲ့ ဒယ္အိုးေတြ၊ ေနာက္ ပန္းကန္ေတြ၊ မီးဖုိေခ်ာင္ထဲမွာ လုိအပ္တဲ့ပစၥည္းေတြကို အရည္အေသြးေကာင္းေကာင္းနဲ႔ ၾကာရွည္အသံုးခံမယ့္ အရာေတြကို ေရြးရပါမယ္။ တစ္ခုခု ခ်က္လိုက္တိုင္း အိုးကပ္သြားလုိ႔ ဟင္းကစားလို႔ မေကာင္းေတာ့တာမ်ိ ဳး၊ ဟင္းပန္းကန္လံုးေတြက တစ္လေလာက္သံုးၿပီးတာနဲ႔ အေရာင္ေတြထင္က်န္ေနတာမ်ိဳး၊ ဓားကလည္း ဘယ္ေလာက္ေသြးေသြး မထက္ေတာ့တာမ်ိဳးေတြ မျဖစ္ေအာင္ေပါ့။

၂။ကုိယ္ႏွစ္ၿခိဳက္တဲ့ ဟင္းလ်ာကို စတင္ခ်က္ျပဳတ္ပါ။

နာမည္ႀကီးဟင္းလ်ာမ်ိဳးေတြ စတင္ခ်က္ျပဳတ္တာထက္စာရင္ ကိုယ္ႏွစ္ၿခိဳက္တဲ့ဟင္းလ်ာကို စတင္ခ်က္ျပဳတ္ျခင္းဟာ သင့္အတြက္ ပိုအဆင္ေျပပါလိမ့္မယ္။ ကိုယ့္ခ်က္မယ့္ဟင္းလ်ာက ကိုယ္ႀကိဳက္ႏွစ္သက္ၿပီးသား ဟင္းလ်ာျဖစ္ေနတဲ့အတြက္ ခ်က္ျပဳတ္ရတဲ့ ခံစားခ်က္ကလည္း တျခားဟင္းလ်ာေတြနဲ႔ တူညီမွာ မဟုတ္သလို ခ်က္ျပဳတ္ၿပီးလို႔ အရသာေကာင္းမြန္တယ္ဆိုရင္လည္း ေနာက္ဟင္းေတြခ်က္ျပဳတ္ဖို႔ ယံုၾကည္ခ်က္ရသြားတာေပါ့။

၃။မခ်က္ျပဳတ္ခင္ ကိုယ့္ခ်က္မယ့္ ဟင္းခ်က္နည္းကို အစအဆံုးဖတ္ပါ။

ကိုယ္ခ်က္မယ့္ ဟင္းကို ဘယ္လိုခ်က္ရမယ္ဆိုတာကို ေရးသားထားတဲ့ ဟင္းခ်က္နည္းကို တစ္ခုႏွစ္ခုေလာက္ၾကည့္ၿပီး စမခ်က္လုိက္ပါနဲ႔။ ဟင္းခ်က္နည္းကို ၾကည့္လိုက္၊ ခ်က္လိုက္ လုပ္ေနရင္းကမွ ဟင္းလ်ာအတြက္လိုအပ္တဲ့ ပါ၀င္ပစၥည္းေတြ လိုေနတာကို သိရမယ္ဆိုရင္ ဟင္းလ်ာဟာ စားလို႔လည္း မရ၊ အရသာကလည္း မရွိနဲ႕ ခ်က္ျပဳတ္ရင္း တန္းလန္းႀကီး အဆံုးသတ္သြားရပါလိမ့္မယ္။ အစအဆံုး ဖတ္ၿပီးမွသာ လိုအပ္တဲ့ ပါ၀င္ပစၥည္းေတြအားလံုးရွိတယ္ဆိုမွသာ စတင္ခ်က္ျပဳတ္ပါ။

၄။ကိုယ့္ဟင္းကို ေသခ်ာျမည္းၿပီးမွ စားေပၚပြဲ တင္ပါ။

ကိုယ္ခ်က္တဲ့ ဟင္းလ်ာကို ေသခ်ာ မျမည္းပဲ စားပြဲေပၚ တင္ေပးလိုက္ၿပီး သူမ်ားေတြက ဟိုဟာ လိုတယ္၊ ဒီဟာလိုတယ္ဆိုမွ ေကာက္ျပင္လိုက္ရတာမ်ိဳး မျဖစ္ပါေစနဲ႔။ ဟင္းပြဲမျပင္ခင္ ကိုယ့္ဟင္းကို ျမည္းပါ။ ေပါ့ေနရင္ ဆားနည္းနည္း ထည့္လိုက္တာတုိ႔၊ ငရုတ္ေကာင္းေလး နည္းနည္းျဖဴးလိုက္တာတုိ႔ လုပ္ေပးပါ။

၅။အရံဟင္းတစ္မ်ိဳးအတြက္ ကိုယ့္ဘက္က ပါ၀င္ပစၥည္းေတြ အၿမဲအသင့္ျဖစ္ေနပါေစ။

တစ္ခါတစ္ေလ မထင္မွတ္ပဲ ဟင္းတစ္မ်ိဳးေလာက္ ပိုခ်က္လိုက္ရတာရွိလာပါလိမ့္မယ္။ ကိုယ္ခ်က္ျပဳတ္ဖုိ႔ စဥ္းစားထားတဲ့ အဓိကဟင္းလ်ာအျပင္ အရံဟင္းတစ္မ်ိဳးေလာက္ ခ်က္ျပဳတ္ဖုိ႔ ျဖစ္လာတဲ့အခါ ပါ၀င္ပစၥည္းေတြ မရွိတာေၾကာင့္ မခ်က္ျပဳတ္လိုက္ရတာတို႔၊ ပါ၀င္ပစၥည္းေတြ သြား၀ယ္ရတာတုိ႔ မျဖစ္ပါေစနဲ႔။

၆။ကုန္စံုဆိုင္ ဒါမွမဟုတ္ ေရွာ့ပင္းစင္တာေတြသြားတဲ့အခါ ဟင္းခ်က္တဲ့အခါ မျဖစ္မေနလိုအပ္မယ့္ အရာေတြကို အရင္စဥ္းစားပါ။

ညေနဒင္နာအတြက္ ဟင္းခ်က္ဖုိ႔ ကုန္စံုဆုိင္သြားရမယ္ဆုိပါစို႔။ ဒါဆုိရင္ေတာ့ ခ်က္ျပဳတ္မယ့္အရာမွာ မျဖစ္မေနလိုအပ္မယ့္ ပါ၀င္ပစၥည္းေတြကို ၀ယ္ၿပီးမွသာ ခ်က္ျပဳတ္မယ့္ ၾကက္သား၊ ၀က္သား စတာေတြကို ၀ယ္ယူပါ။

၇။အျခားသူေတြအတြက္ ခ်က္ျပဳတ္ေတာ့မယ္ဆုိရင္ ကိုယ္ကၽြမ္းက်င္တဲ့ ခ်က္ျပဳတ္နည္းနဲ႔သာ စပါ။

နာမည္ႀကီးတဲ့ ခ်က္ျပဳတ္နည္းေတြ မလုိပါဘူး။ ကိုယ္အကၽြမ္းက်င္ဆံုး ဟင္းနည္းေတြကိုသာ သူတုိ႔ကို ခ်က္ျပဳတ္ေကၽြးပါ။ ကိုယ့္လက္ရာေၾကာင့္ သူတုိ႔ဆီက အရသာရွိလိုက္တာ၊ စားလို႔ေကာင္းလိုက္တာ ဆုိၿပီး ခ်ီးမြမ္းသံေတြ ထြက္လာမယ့္ ဟင္းလ်ာကို စဥ္းစားၿပီး ခ်က္ျပဳတ္ပါ။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

တကယ်တော့ မီးဖိုချောင်ဝင်ပြီး ချက်ရပြုတ်ရတယ်ဆိုတာ လွယ်တဲ့အရာတော့ မဟုတ်ပါဘူး။ ချက်ပြုတ်ဖို့အတွက် လိုအပ်တာတွေ ကြိုုတင်စီမံရတယ်။ ကိုယ့်ရဲ့ဟင်းတွေကို စားမယ့်သူတွေ စိတ်ကျေနပ်စေဖို့လည်း ကြိုးစားရတယ်။ ဟင်းအမျိုးအစား တစ်နေ့နဲ့တစ်နေ့ မတူအောင်လည်း စဉ်းစားရသေးတယ်။ အိမ်ရှင်မအလုပ်ဆိုတာ မီးဖိုချောင်တစ်ခုတည်းနဲ့တင် တော်တော်လေးကို အချိန်ကုန် ပင်ပန်းနေပါပြီ။ ဒါပေမယ့် ကိုယ်ချက်တဲ့ဟင်းလျာတွေကို စားတဲ့သူတွေက ကောင်းလိုက်တာ၊ အရသာရှိလိုက်တာလို့ ဆိုလိုက်ရင်ဖြင့် ချက်ပြုတ်ရသူတွေဟာ ပီတိတွေနဲ့ ပျော်ရွှင်မှုကို ခံစားရပြီပေါ့။ ဒီတော့ မီးဖိုချောင်ခုမှ စဝင်မယ့် ပျိုမေတွေ၊ အမျိုးသမီးတွေအတွက် ဟင်းလျာချက်ပြုတ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာစေဖို့ သိသင့်တဲ့အချက်လေးတွေ ပြောပြပေးလိုက်ပါတယ်။

၁။ကောင်းမွန်တဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို သုံးပါ။

ဟင်းချက်တဲ့အခါ သုံးတဲ့ ဒယ်အိုးတွေ၊ နောက် ပန်းကန်တွေ၊ မီးဖိုချောင်ထဲမှာ လိုအပ်တဲ့ပစ္စည်းတွေကို အရည်အသွေးကောင်းကောင်းနဲ့ ကြာရှည်အသုံးခံမယ့် အရာတွေကို ရွေးရပါမယ်။ တစ်ခုခု ချက်လိုက်တိုင်း အိုးကပ်သွားလို့ ဟင်းကစားလို့ မကောင်းတော့တာမျိ ုး၊ ဟင်းပန်းကန်လုံးတွေက တစ်လလောက်သုံးပြီးတာနဲ့ အရောင်တွေထင်ကျန်နေတာမျိုး၊ ဓားကလည်း ဘယ်လောက်သွေးသွေး မထက်တော့တာမျိုးတွေ မဖြစ်အောင်ပေါ့။

၂။ကိုယ်နှစ်ခြိုက်တဲ့ ဟင်းလျာကို စတင်ချက်ပြုတ်ပါ။

နာမည်ကြီးဟင်းလျာမျိုးတွေ စတင်ချက်ပြုတ်တာထက်စာရင် ကိုယ်နှစ်ခြိုက်တဲ့ဟင်းလျာကို စတင်ချက်ပြုတ်ခြင်းဟာ သင့်အတွက် ပိုအဆင်ပြေပါလိမ့်မယ်။ ကိုယ့်ချက်မယ့်ဟင်းလျာက ကိုယ်ကြိုက်နှစ်သက်ပြီးသား ဟင်းလျာဖြစ်နေတဲ့အတွက် ချက်ပြုတ်ရတဲ့ ခံစားချက်ကလည်း တခြားဟင်းလျာတွေနဲ့ တူညီမှာ မဟုတ်သလို ချက်ပြုတ်ပြီးလို့ အရသာကောင်းမွန်တယ်ဆိုရင်လည်း နောက်ဟင်းတွေချက်ပြုတ်ဖို့ ယုံကြည်ချက်ရသွားတာပေါ့။

၃။မချက်ပြုတ်ခင် ကိုယ့်ချက်မယ့် ဟင်းချက်နည်းကို အစအဆုံးဖတ်ပါ။

ကိုယ်ချက်မယ့် ဟင်းကို ဘယ်လိုချက်ရမယ်ဆိုတာကို ရေးသားထားတဲ့ ဟင်းချက်နည်းကို တစ်ခုနှစ်ခုလောက်ကြည့်ပြီး စမချက်လိုက်ပါနဲ့။ ဟင်းချက်နည်းကို ကြည့်လိုက်၊ ချက်လိုက် လုပ်နေရင်းကမှ ဟင်းလျာအတွက်လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ လိုနေတာကို သိရမယ်ဆိုရင် ဟင်းလျာဟာ စားလို့လည်း မရ၊ အရသာကလည်း မရှိနဲ့ ချက်ပြုတ်ရင်း တန်းလန်းကြီး အဆုံးသတ်သွားရပါလိမ့်မယ်။ အစအဆုံး ဖတ်ပြီးမှသာ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေအားလုံးရှိတယ်ဆိုမှသာ စတင်ချက်ပြုတ်ပါ။

၄။ကိုယ့်ဟင်းကို သေချာမြည်းပြီးမှ စားပေါ်ပွဲ တင်ပါ။

ကိုယ်ချက်တဲ့ ဟင်းလျာကို သေချာ မမြည်းပဲ စားပွဲပေါ် တင်ပေးလိုက်ပြီး သူများတွေက ဟိုဟာ လိုတယ်၊ ဒီဟာလိုတယ်ဆိုမှ ကောက်ပြင်လိုက်ရတာမျိုး မဖြစ်ပါစေနဲ့။ ဟင်းပွဲမပြင်ခင် ကိုယ့်ဟင်းကို မြည်းပါ။ ပေါ့နေရင် ဆားနည်းနည်း ထည့်လိုက်တာတို့၊ ငရုတ်ကောင်းလေး နည်းနည်းဖြူးလိုက်တာတို့ လုပ်ပေးပါ။

၅။အရံဟင်းတစ်မျိုးအတွက် ကိုယ့်ဘက်က ပါဝင်ပစ္စည်းတွေ အမြဲအသင့်ဖြစ်နေပါစေ။

တစ်ခါတစ်လေ မထင်မှတ်ပဲ ဟင်းတစ်မျိုးလောက် ပိုချက်လိုက်ရတာရှိလာပါလိမ့်မယ်။ ကိုယ်ချက်ပြုတ်ဖို့ စဉ်းစားထားတဲ့ အဓိကဟင်းလျာအပြင် အရံဟင်းတစ်မျိုးလောက် ချက်ပြုတ်ဖို့ ဖြစ်လာတဲ့အခါ ပါဝင်ပစ္စည်းတွေ မရှိတာကြောင့် မချက်ပြုတ်လိုက်ရတာတို့၊ ပါဝင်ပစ္စည်းတွေ သွားဝယ်ရတာတို့ မဖြစ်ပါစေနဲ့။

၆။ကုန်စုံဆိုင် ဒါမှမဟုတ် ရှော့ပင်းစင်တာတွေသွားတဲ့အခါ ဟင်းချက်တဲ့အခါ မဖြစ်မနေလိုအပ်မယ့် အရာတွေကို အရင်စဉ်းစားပါ။

ညနေဒင်နာအတွက် ဟင်းချက်ဖို့ ကုန်စုံဆိုင်သွားရမယ်ဆိုပါစို့။ ဒါဆိုရင်တော့ ချက်ပြုတ်မယ့်အရာမှာ မဖြစ်မနေလိုအပ်မယ့် ပါဝင်ပစ္စည်းတွေကို ဝယ်ပြီးမှသာ ချက်ပြုတ်မယ့် ကြက်သား၊ ဝက်သား စတာတွေကို ဝယ်ယူပါ။

၇။အခြားသူတွေအတွက် ချက်ပြုတ်တော့မယ်ဆိုရင် ကိုယ်ကျွမ်းကျင်တဲ့ ချက်ပြုတ်နည်းနဲ့သာ စပါ။

နာမည်ကြီးတဲ့ ချက်ပြုတ်နည်းတွေ မလိုပါဘူး။ ကိုယ်အကျွမ်းကျင်ဆုံး ဟင်းနည်းတွေကိုသာ သူတို့ကို ချက်ပြုတ်ကျွေးပါ။ ကိုယ့်လက်ရာကြောင့် သူတို့ဆီက အရသာရှိလိုက်တာ၊ စားလို့ကောင်းလိုက်တာ ဆိုပြီး ချီးမွမ်းသံတွေ ထွက်လာမယ့် ဟင်းလျာကို စဉ်းစားပြီး ချက်ပြုတ်ပါ။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top