iMyanmarHouse.com - Best Property Website for Myanmar
×

သားအိမ္ေခါင္း ကင္ဆာ ကာကြယ္ေရး အတြက္ ဖြံ႕ၿဖိဳးခ်မ္းသာေသာႏိုင္ငံမ်ားမွာ သားအိမ္ခြ်ဲ ေျမႇးစစ္ေဆး
ျခင္း (Pap Smears) ျပဳလုပ္ျခင္းျဖင့္ သားအိမ္ေခါင္း ကင္ဆာေၾကာင့္ေသဆံုးမႈ ၈၀ ရာခိုင္ႏႈန္း
 ေလွ်ာ့ခ်ႏိုင္ပါတယ္။ဒါေပမယ့္အိႏၵိယအပါအဝင္ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံအမ်ားစုတြင္ ေငြေၾကး
ခ်ိဳ႕တဲ့ျခင္း၊ ဆရာဝန္၊ သူနာျပဳႏွင့္ဓာတ္ခြဲခန္း မလံုေလာက္ ျခင္းတို႔ေၾကာင့္ သားအိမ္ေခါင္း ကင္ဆာရွိ၊
မရွိ ႀကိဳတင္ စမ္းသပ္ စစ္ေဆးတဲ့ အဲဒီနည္းကို က်ယ္ျပန္႔စြာ မသံုးႏိုင္ ၾကပါ။ယခု သုေတသီမ်ား ေတြ႕ရိွခဲ့တဲ့
နည္းသစ္ ကေတာ့ ပဏာမက်န္းမာေရးေစာင့္ေရွာက္သည့္လုပ္သားတစ္
ဦးေတာင္မွ အလြယ္တကူ ျပဳလုပ္ႏိုင္ေသာနည္းျဖစ္ပါတယ္။ သားအိမ္ေခါင္းကို ရွာလကာရည္ျဖင့္ တို႔လိုက္ျခင္းျဖင့္ အႀကိဳကင္ဆာ ကလာပ္စည္းမ်ားအျဖဴေရာင္သို႔ ေျပာင္းသြား ေစႏိုင္ပါတယ္။
၁ မိနစ္အၾကာမွာ အလင္းေရာင္ေကာင္းေကာင္း ေအာက္တြင္သားအိမ္ေခါင္းကို ၾကည့္႐ႈစစ္ေဆးႏိုင္မွာ ျဖစ္ပါတယ္။ --------ကုန္က်စရိတ္ ေခြ်တာႏိုင္တဲ့အျပင္ ဆရာဝန္ႏွင့္ေတြ႕ဖို႔ ၿမိဳ႕သို႔ နာရီေက်းလက္ ေဒသက အမ်ိဳးသမီးမ်ားအတြက္ အမွန္တကယ္ အက်ိဳးျပဳတဲ့
စမ္းသပ္နည္း ျဖစ္ပါတယ္။ အမ်ိဳးသမီး၁ သိန္းခြဲ အေပၚတြင္ ၁၅ ႏွစ္ၾကာျပဳလုပ္ခဲ့တဲ့ သုေတသန အရ သားအိမ္ ေခါင္းကင္ဆာေၾကာင့္ ေသဆံုးမႈႏႈန္း၃၁ ရာခိုင္ႏႈန္း ေလ်ာ့က်သြားတာ
ေတြ႕ရပါတယ္။ သားအိမ္ေခါင္းကင္ဆာဟာ ေစာစီးစြာ ေဖာ္ထုတ္ႏိုင္မႈသည္ အလြန္အေရးႀကီး ပါတယ္။
အိႏၵိယႏိုင္ငံ မဟာရွက္ထရာျပည္နယ္တြင္ ေလ့လာမႈအရ က်န္းမာေရး
ေစာင့္ေရွာက္မႈ လုပ္သား မ်ားအားဤေလ့က်င့္ သင္ၾကားျခင္းျဖင့္အသက္၃၅
ႏွစ္မွ ၆၄ ႏွစ္အၾကား အမ်ိဳးသမီးမ်ားအားလံုးကို စစ္ေဆးေပးႏိုင္ခဲ့ပါတယ္။ ---------ဒီနည္းပညာကို ဝင္ေငြနည္းပါး
ေသာ ႏိုင္ငံမ်ားသို႔ မွ်ေဝေပးသြားရန္အစီအစဥ္ရွိေၾကာင္း သိရပါတယ္။ဒီစမ္းသပ္နည္း ျပဳလုပ္တတ္ရန္
အနည္းဆံုး ၁၀ တန္းေအာင္ၿပီး ဆက္သြယ္ေျပာဆိုမႈ ကြ်မ္းက်င္ေသာအမ်ိဳးသမီးမ်ားကို ၄ ပတ္ၾကာ သင္
တန္းပို႔ခ်ေပးၿပီး ႏွစ္စဥ္ မြမ္းမံသင္တန္း ၁ ပတ္တက္ေစျခင္းျဖင့္ လံုေလာက္တယ္လို႔ ဆိုပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit:Yoyarlay

#Unicode Version
သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ရေး အတွက် ဖွံ့ဖြိုးချမ်းသာသောနိုင်ငံများမှာ သားအိမ်ချွဲ မြှေးစစ်ဆေး
ခြင်း (Pap Smears) ပြုလုပ်ခြင်းဖြင့် သားအိမ်ခေါင်း ကင်ဆာကြောင့်သေဆုံးမှု ၈၀ ရာခိုင်နှုန်း

 လျှော့ချနိုင်ပါတယ်။ဒါပေမယ့်အိန္ဒိယအပါအဝင်ဖွံ့ဖြိုးဆဲ နိုင်ငံအများစုတွင် ငွေကြေး
ချို့တဲ့ခြင်း၊ ဆရာဝန်၊ သူနာပြုနှင့်ဓာတ်ခွဲခန်း မလုံလောက် ခြင်းတို့ကြောင့် သားအိမ်ခေါင်း ကင်ဆာရှိ၊
မရှိ ကြိုတင် စမ်းသပ် စစ်ဆေးတဲ့ အဲဒီနည်းကို ကျယ်ပြန့်စွာ မသုံးနိုင် ကြပါ။ယခု သုတေသီများ တွေ့ရှိခဲ့တဲ့
နည်းသစ် ကတော့ ပဏာမကျန်းမာရေးစောင့်ရှောက်သည့်လုပ်သားတစ်
ဦးတောင်မှ အလွယ်တကူ ပြုလုပ်နိုင်သောနည်းဖြစ်ပါတယ်။ သားအိမ်ခေါင်းကို ရှာလကာရည်ဖြင့် တို့လိုက်ခြင်းဖြင့် အကြိုကင်ဆာ ကလာပ်စည်းများအဖြူရောင်သို့ ပြောင်းသွား စေနိုင်ပါတယ်။

၁ မိနစ်အကြာမှာ အလင်းရောင်ကောင်းကောင်း အောက်တွင်သားအိမ်ခေါင်းကို ကြည့်ရှုစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ --------ကုန်ကျစရိတ် ချွေတာနိုင်တဲ့အပြင် ဆရာဝန်နှင့်တွေ့ဖို့ မြို့သို့ နာရီကျေးလက် ဒေသက အမျိုးသမီးများအတွက် အမှန်တကယ် အကျိုးပြုတဲ့
စမ်းသပ်နည်း ဖြစ်ပါတယ်။ အမျိုးသမီး၁ သိန်းခွဲ အပေါ်တွင် ၁၅ နှစ်ကြာပြုလုပ်ခဲ့တဲ့ သုတေသန အရ သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးမှုနှုန်း၃၁ ရာခိုင်နှုန်း လျော့ကျသွားတာ
တွေ့ရပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ စောစီးစွာ ဖော်ထုတ်နိုင်မှုသည် အလွန်အရေးကြီး ပါတယ်။
အိန္ဒိယနိုင်ငံ မဟာရှက်ထရာပြည်နယ်တွင် လေ့လာမှုအရ ကျန်းမာရေး
စောင့်ရှောက်မှု လုပ်သား များအားဤလေ့ကျင့် သင်ကြားခြင်းဖြင့်အသက်၃၅
နှစ်မှ ၆၄ နှစ်အကြား အမျိုးသမီးများအားလုံးကို စစ်ဆေးပေးနိုင်ခဲ့ပါတယ်။ ---------ဒီနည်းပညာကို ဝင်ငွေနည်းပါး
သော နိုင်ငံများသို့ မျှဝေပေးသွားရန်အစီအစဉ်ရှိကြောင်း သိရပါတယ်။ဒီစမ်းသပ်နည်း ပြုလုပ်တတ်ရန်
အနည်းဆုံး ၁၀ တန်းအောင်ပြီး ဆက်သွယ်ပြောဆိုမှု ကျွမ်းကျင်သောအမျိုးသမီးများကို ၄ ပတ်ကြာ သင်
တန်းပို့ချပေးပြီး နှစ်စဉ် မွမ်းမံသင်တန်း ၁ ပတ်တက်စေခြင်းဖြင့် လုံလောက်တယ်လို့ ဆိုပါတယ်။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



Credit:Yoyarlay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top