iMyanmarHouse.com - Best Property Website for Myanmar
×

လူအမ်ိဳးမ်ိဳး စိတ္အေထြေထြဆုိသလိုပဲ ပ်ိဳေမေတြထဲမွာလည္း တင္ပါးၾကီးမွ လွတယ္လို႕ ျမင္ၾကတဲ့သူေတြရွိသလို တစ္ခ်ိဳ႕က်ေတာ့လည္း ကိုယ့္တင္ပါးက သာမာန္ထက္ တင္ပါးပိုၾကီးေနတာ၊ ကားေနတဲ့အခါ တျခားသူေတြ၀ိုင္းၾကည့္တာ ခံရေလ့ရွိတာေၾကာင့္ သေဘာမက်တတ္ၾကပါဘူး။ ဒီေတာ့ ခုေျပာျပမယ့္ fashion tips ေလေးတြက တင္ပါးၾကီးလုိ႕ ဘယ္လိုအ၀တ္အစား ေရြးခ်ယ္ရမွန္းမသိ ေခါင္းစားေနတဲ့ပ်ိဳေမေတြကို ကူညီေပးႏိုင္ပါလိမ့္မယ္။

၁။ တင္ပါးေနရာမွာ ရႈပ္ရႈပ္ယွက္ယွက္ေတြ မရွိတဲ့ Sleek Pant ေတြကို ေရြးပါ။


အစကတည္းက တင္ပါးၾကီးပါတယ္ဆိုမွ တင္ပါးေနရာမွာ အိတ္ေတြ၊ ကြင္းေတြ ဘာညာအလွဆင္ထားတဲ့ ေဘာင္းဘီ စကတ္ေတြ ေရွာင္ပါ။ အထူးသျဖင့္ ေဘာင္းဘီေရြးခ်ယ္တဲ့ေနရာမွာ ရိုးရွင္းျပီး ဘာမွထပ္ကြန္႕မထားတဲ့ sleek pant ေတြကို ေရြးခ်ယ္ပါ။ ေမေသာ္ ေအာက္မွာပံုေလးေတြ ေရြးခ်ယ္ေပးထားပါတယ္ေနာ္။

၂။ တစ္ေျဖာင့္တည္းစကတ္ pencil skirt ေတြကို ေရြးပါ။


ငယ္ငယ္တုန္းက tight skirt လုိ႕ေခၚတဲ့ ေဘးဘက္ေတြ မကားပဲတစ္ေျဖာင့္တည္း စကတ္၊ ဒူးအတိေလးေတြ မွတ္မိၾကေသးတယ္ဟုတ္။ ဟုတ္ပါတယ္။ အဲ့ဒီစကတ္ေလးေတြက ၾကီးတဲ့တင္ပါးေတြ ကို ေသးသြယ္ သေယာင္ ျဖစ္သြားေစပါလိမ့္မယ္။ ပထမအခ်က္တုန္းကလိုပဲ အေပၚက ဒီဇိုင္းရႈပ္ေနတဲ့ စကတ္မ်ိဳး၊ ကားေနတဲ့ စကားမ်ိဳးေတြအစား ရွင္းတဲ့စကတ္အမ်ိဳးအစားကို ေရြးခ်ယ္ရမွာပါ။

၃။ ပိုးသား၊ဖဲသားလို အစနဲ႕ခ်ဳပ္ထားတဲ့ ဂါ၀န္ ဒီဇိုင္းရွင္းရွင္းေတြကိုလညး္ ေရြးခ်ယ္ႏိုင္ပါတယ္။


ပြဲတက္ေတြဘာေတြအတြက္ဆုိရင္ ၾကည့္လိုက္တာနဲ႕ ထင္းခနဲျဖစ္ေစမယ့္ ပိုးသား၊ ဖဲသားအစေတြနဲ႕ ခ်ဳပ္လုပ္ထားတဲ့ dress မ်ိဳးကို ရွာ၀တ္ပါ။ အဲ့ဒီအသားေတြက သင့္ကို တစ္တုတ္ျပီး ၾကည့္မေကာင္းရႈမေကာင္း မျဖစ္ေစပါဘူး။ သင့္ခႏၶာကိုယ္ေပၚ လြင္လြင္ေလးပဲ က်ေနတဲ့ ဒီအစေၾကာင့္ တင္ပါးၾကီးတာ၊ ခါးတုတ္တာ စတာေတြကို ဖုံးေပးသြားပါလိမ့္မယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လူအမျိုးမျိုး စိတ်အထွေထွေဆိုသလိုပဲ ပျိုမေတွေထဲမှာလည်း တင်ပါးကြီးမှ လှတယ်လို့ မြင်ကြတဲ့သူတွေရှိသလို တစ်ချို့ကျတော့လည်း ကိုယ့်တင်ပါးက သာမာန်ထက် တင်ပါးပိုကြီးနေတာ၊ ကားနေတဲ့အခါ တခြားသူတွေဝိုင်းကြည့်တာ ခံရလေ့ရှိတာကြောင့် သဘောမကျတတ်ကြပါဘူး။ ဒီတော့ ခုပြောပြမယ့် fashion tips လေေးတွက တင်ပါးကြီးလို့ ဘယ်လိုအဝတ်အစား ရွေးချယ်ရမှန်းမသိ ခေါင်းစားနေတဲ့ပျိုမေတွေကို ကူညီပေးနိုင်ပါလိမ့်မယ်။

၁။ တင်ပါးနေရာမှာ ရှုပ်ရှုပ်ယှက်ယှက်တွေ မရှိတဲ့ Sleek Pant တွေကို ရွေးပါ။

အစကတည်းက တင်ပါးကြီးပါတယ်ဆိုမှ တင်ပါးနေရာမှာ အိတ်တွေ၊ ကွင်းတွေ ဘာညာအလှဆင်ထားတဲ့ ဘောင်းဘီ စကတ်တွေ ရှောင်ပါ။ အထူးသဖြင့် ဘောင်းဘီရွေးချယ်တဲ့နေရာမှာ ရိုးရှင်းပြီး ဘာမှထပ်ကွန့်မထားတဲ့ sleek pant တွေကို ရွေးချယ်ပါ။ မေသော် အောက်မှာပုံလေးတွေ ရွေးချယ်ပေးထားပါတယ်နော်။

၂။ တစ်ဖြောင့်တည်းစကတ် pencil skirt တွေကို ရွေးပါ။

ငယ်ငယ်တုန်းက tight skirt လို့ခေါ်တဲ့ ဘေးဘက်တွေ မကားပဲတစ်ဖြောင့်တည်း စကတ်၊ ဒူးအတိလေးတွေ မှတ်မိကြသေးတယ်ဟုတ်။ ဟုတ်ပါတယ်။ အဲ့ဒီစကတ်လေးတွေက ကြီးတဲ့တင်ပါးတွေ ကို သေးသွယ် သယောင် ဖြစ်သွားစေပါလိမ့်မယ်။ ပထမအချက်တုန်းကလိုပဲ အပေါ်က ဒီဇိုင်းရှုပ်နေတဲ့ စကတ်မျိုး၊ ကားနေတဲ့ စကားမျိုးတွေအစား ရှင်းတဲ့စကတ်အမျိုးအစားကို ရွေးချယ်ရမှာပါ။

၃။ ပိုးသား၊ဖဲသားလို အစနဲ့ချုပ်ထားတဲ့ ဂါဝန် ဒီဇိုင်းရှင်းရှင်းတွေကိုလည်း ရွေးချယ်နိုင်ပါတယ်။

ပွဲတက်တွေဘာတွေအတွက်ဆိုရင် ကြည့်လိုက်တာနဲ့ ထင်းခနဲဖြစ်စေမယ့် ပိုးသား၊ ဖဲသားအစတွေနဲ့ ချုပ်လုပ်ထားတဲ့ dress မျိုးကို ရှာဝတ်ပါ။ အဲ့ဒီအသားတွေက သင့်ကို တစ်တုတ်ပြီး ကြည့်မကောင်းရှုမကောင်း မဖြစ်စေပါဘူး။ သင့်ခန္ဓာကိုယ်ပေါ် လွင်လွင်လေးပဲ ကျနေတဲ့ ဒီအစကြောင့် တင်ပါးကြီးတာ၊ ခါးတုတ်တာ စတာတွေကို ဖုံးပေးသွားပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top