iMyanmarHouse.com - Best Property Website for Myanmar
×

ဒီေန႔အတြက္ ေတာင္းပန္ပါတယ္ဆိုတဲ့စကားကို ဘယ္ႏွစ္ခါေတာင္ ေျပာၿပီးေနၿပီလဲ။ တစ္ခါတစ္ေလ ကိုယ္ေတြးထားတာထက္ ပိုၿပီး ေတာင္းပန္ပါတယ္ဆုိတဲ့ စကားကို ေျပာျဖစ္ေနသလို မလိုအပ္တဲ့အရာေတြ အတြက္လည္း ေျပာျဖစ္ေနတာမ်ိဳးေတြ ရွိတတ္ပါတယ္။ တကယ္ေတာ့ ကိုယ့္ဘက္က အမွားတစ္စံုတစ္ရာ လုပ္ထားမွသာ ေဆာရီးလုိ႔ ေျပာသင့္တာမ်ိဳးပါ။ ကိုယ့္စကားသံကို အက်ယ္ႀကီးေျပာလိုက္မိတာမ်ိဳး၊ ကိုယ့္သူငယ္ခ်င္း ရဲ႕  ေမြးေန႔ကို ေမ့ေနတာမ်ိဳးေတြ ဆိုရင္ေတာ့ ေတာင္းပန္ပါတယ္လို႔ ေျပာသင့္တဲ့ အေျခအေနေတြေပါ့ေနာ္။ ကဲ ကိုယ့္ဘက္က ေတာင္းပန္တဲ့အေၾကာင္း မေျပာသင့္တဲ့ အခ်ိန္အခါေတြလည္း ရွိပါတယ္။ အဲ့ဒါေတြကေတာ့

၁။Scrabble ကစားတဲ့အခါ တစ္ဖက္လူကို ကိုယ္ကႏိုင္တယ္။ ဒါ့အျပင္ ကစားပြဲတစ္ခုခုမွာ ကစားေဖာ္ကို ကိုယ္ကအႏိုင္ရသြားတယ္။ ဒီလိုအခ်ိန္အခါမ်ိဳးမွာ ေဆာရီးလုိ႔ မေျပာသင့္ပါဘူး။ ၿပိဳင္ပြဲမွာ အႏိုင္ရသြားတာမ်ိဳး၊ ကိုယ္ကတစ္ခုခုမွာ ထူးခၽြန္ေနတာမ်ိဳးေတြေၾကာင့္ ေတာင္းပန္သင့္တယ္လုိ႔ ဘယ္ေတာ့မွ မထင္ပါနဲ႔။ ေတာင္းပန္စကားလည္း မေျပာပါနဲ႔။

၂။ကိုယ္ေတြ႕ဖုိ႔အစီအစဥ္မရွိတဲ့ ၊ စီစဥ္မထားခဲ့တဲ့ အသိတစ္ေယာက္နဲ႔ ေတြ႕တဲ့အခါမ်ိဳးမွာလည္း သူ႕ကို ေဆာရီးလုိ႔ ေျပာစရာမလိုပါဘူး။

၃။တန္းစီ၀ယ္ရတဲ့ ေနရာမ်ိဳး တစ္ခုမွာ ကိုယ္မွာလိုက္တဲ့ အစားအေသာက္က မ်ားလုိ႔၊ ဒါမွမဟုတ္ ၅မိနစ္ေလာက္ အခ်ိန္ေပးလုပ္ရတဲ့အရာမ်ိဳးျဖစ္ေနလုိ႔ သူတုိ႔ကို ေတာင္းပန္စရာမလိုပါဘူး။ ကိုယ္ကေငြေပးၿပီး ၀ယ္တဲ့သူပါ။ ကိုယ္ႀကိဳက္တဲ့အရာကို ကိုယ့္စိတ္ႀကိဳက္၀ယ္ယူလို႔ရတယ္ေလ။

၄။ႀကီးမားတဲ့ ဆံုးျဖတ္ခ်က္တစ္ခုခ်ဖုိ႔အတြက္ တစ္မိနစ္၊ တစ္ရက္၊ တစ္ပတ္ စသျဖင့္ လိုအပ္တဲ့အခ်ိန္ကို ယူရမွာပါပဲ။ ဒီ့အတြက္ ဘယ္သူကိုမွ ေတာင္းပန္စရာမလိုပါဘူး။

၅။ကိုယ့္အိမ္ကိုလာမယ့္ ဧည့္သည္ေတြမႀကိဳက္တဲ့ မုန္႔တစ္ခုခုကို လုပ္ထားမိလို႔ သူတုိ႔ကို ေတာင္းပန္စရာမလုိပါဘူး။ ကုိယ္ကတမင္ရည္ရြယ္ၿပီး လုပ္ထားတာ မဟုတ္တဲ့အတြက္ သူတုိ႔ကို တစ္ျခားအခ်ိဳပြဲတစ္ခုခုနဲ႔ ေျပာင္းဧည့္ခံလိုက္ရံုပါပဲ။

၆။ကိုယ့္ရဲ႕အသြင္အျပင္၊ ဆံပင္၊ မိတ္ကပ္စတာေတြက တစ္မ်ိဳးႀကီးျဖစ္ေနလို႔ တစ္ဖက္လူကို ေတာင္းပန္စရာ ဘာအေၾကာင္းမွမရွိပါဘူး။ ဒီလိုအဆင္မေျပတာမ်ိဳးဆိုတာကေတာ့ လူတုိင္းျဖစ္တတ္ပါတယ္။

၇။တစ္ခါတစ္ေလ တစ္ေယာက္တည္း ေနခ်င္မိတာမ်ိဳးကလည္း ျဖစ္တတ္တဲ့အရာပါပဲ။ လူတစ္ေယာက္အတြက္ ဒါဟာ လိုလည္းလိုအပ္ပါတယ္။ အဲ့ဒီအတြက္ ဘယ္သူ႕ကိုမွ ေတာင္းပန္ဖုိ႔ မလိုပါဘူး။

၈။အျခားတစ္ေယာက္ရဲ႕ အျမင္ကို သေဘာမတူတာမ်ိဳးအတြက္လည္း သင့္ဘက္က ေတာင္းပန္စရာမလုိပါဘူး။ ဘာ့ေၾကာင့္ သူ႕အျမင္ကို သေဘာမတူရသလဲဆိုတဲ့ေျဖရွင္းခ်က္ ကိုယ့္မွာရွိေနသေရြ႔႕ေပါ့။

၉။အမ်ိဳးသမီးေတြ ဓမၼတာလာေနခ်ိန္မွာ စိတ္အားငယ္တတ္ၾကပါတယ္။ ငိုခ်င္လာလုိ႔ ငိုခ်လို္က္တာမ်ိဳးေတြလည္း ရွိတတ္ပါတယ္။ ဒီ့အတြက္လည္း အျခားသူေတြကို ေတာင္းပန္ဖုိ႔မလိုအပ္ပါဘူး။

၁၀။ကိုယ့္အမ်ိဳးသားနဲ႔ အတူေနတဲ့အခါ ကိုယ္မႀကိဳက္တဲ့ position၊ ကိုယ္နဲ႔အဆင္ေျပတဲ့ အေနအထားေတြကို ေျပာျပဖုိ႔လိုအပ္ပါတယ္။ ဒီ့အတြက္လည္း ေတာင္းပန္တဲ့စကားေျပာဖုိ႔ မလုိအပ္ပါဘူး။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဒီနေ့အတွက် တောင်းပန်ပါတယ်ဆိုတဲ့စကားကို ဘယ်နှစ်ခါတောင် ပြောပြီးနေပြီလဲ။ တစ်ခါတစ်လေ ကိုယ်တွေးထားတာထက် ပိုပြီး တောင်းပန်ပါတယ်ဆိုတဲ့ စကားကို ပြောဖြစ်နေသလို မလိုအပ်တဲ့အရာတွေ အတွက်လည်း ပြောဖြစ်နေတာမျိုးတွေ ရှိတတ်ပါတယ်။ တကယ်တော့ ကိုယ့်ဘက်က အမှားတစ်စုံတစ်ရာ လုပ်ထားမှသာ ဆောရီးလို့ ပြောသင့်တာမျိုးပါ။ ကိုယ့်စကားသံကို အကျယ်ကြီးပြောလိုက်မိတာမျိုး၊ ကိုယ့်သူငယ်ချင်း ရဲ့  မွေးနေ့ကို မေ့နေတာမျိုးတွေ ဆိုရင်တော့ တောင်းပန်ပါတယ်လို့ ပြောသင့်တဲ့ အခြေအနေတွေပေါ့နော်။ ကဲ ကိုယ့်ဘက်က တောင်းပန်တဲ့အကြောင်း မပြောသင့်တဲ့ အချိန်အခါတွေလည်း ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။Scrabble ကစားတဲ့အခါ တစ်ဖက်လူကို ကိုယ်ကနိုင်တယ်။ ဒါ့အပြင် ကစားပွဲတစ်ခုခုမှာ ကစားဖော်ကို ကိုယ်ကအနိုင်ရသွားတယ်။ ဒီလိုအချိန်အခါမျိုးမှာ ဆောရီးလို့ မပြောသင့်ပါဘူး။ ပြိုင်ပွဲမှာ အနိုင်ရသွားတာမျိုး၊ ကိုယ်ကတစ်ခုခုမှာ ထူးချွန်နေတာမျိုးတွေကြောင့် တောင်းပန်သင့်တယ်လို့ ဘယ်တော့မှ မထင်ပါနဲ့။ တောင်းပန်စကားလည်း မပြောပါနဲ့။

၂။ကိုယ်တွေ့ဖို့အစီအစဉ်မရှိတဲ့ ၊ စီစဉ်မထားခဲ့တဲ့ အသိတစ်ယောက်နဲ့ တွေ့တဲ့အခါမျိုးမှာလည်း သူ့ကို ဆောရီးလို့ ပြောစရာမလိုပါဘူး။

၃။တန်းစီဝယ်ရတဲ့ နေရာမျိုး တစ်ခုမှာ ကိုယ်မှာလိုက်တဲ့ အစားအသောက်က များလို့၊ ဒါမှမဟုတ် ၅မိနစ်လောက် အချိန်ပေးလုပ်ရတဲ့အရာမျိုးဖြစ်နေလို့ သူတို့ကို တောင်းပန်စရာမလိုပါဘူး။ ကိုယ်ကငွေပေးပြီး ဝယ်တဲ့သူပါ။ ကိုယ်ကြိုက်တဲ့အရာကို ကိုယ့်စိတ်ကြိုက်ဝယ်ယူလို့ရတယ်လေ။

၄။ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုချဖို့အတွက် တစ်မိနစ်၊ တစ်ရက်၊ တစ်ပတ် စသဖြင့် လိုအပ်တဲ့အချိန်ကို ယူရမှာပါပဲ။ ဒီ့အတွက် ဘယ်သူကိုမှ တောင်းပန်စရာမလိုပါဘူး။

၅။ကိုယ့်အိမ်ကိုလာမယ့် ဧည့်သည်တွေမကြိုက်တဲ့ မုန့်တစ်ခုခုကို လုပ်ထားမိလို့ သူတို့ကို တောင်းပန်စရာမလိုပါဘူး။ ကိုယ်ကတမင်ရည်ရွယ်ပြီး လုပ်ထားတာ မဟုတ်တဲ့အတွက် သူတို့ကို တစ်ခြားအချိုပွဲတစ်ခုခုနဲ့ ပြောင်းဧည့်ခံလိုက်ရုံပါပဲ။

၆။ကိုယ့်ရဲ့အသွင်အပြင်၊ ဆံပင်၊ မိတ်ကပ်စတာတွေက တစ်မျိုးကြီးဖြစ်နေလို့ တစ်ဖက်လူကို တောင်းပန်စရာ ဘာအကြောင်းမှမရှိပါဘူး။ ဒီလိုအဆင်မပြေတာမျိုးဆိုတာကတော့ လူတိုင်းဖြစ်တတ်ပါတယ်။

၇။တစ်ခါတစ်လေ တစ်ယောက်တည်း နေချင်မိတာမျိုးကလည်း ဖြစ်တတ်တဲ့အရာပါပဲ။ လူတစ်ယောက်အတွက် ဒါဟာ လိုလည်းလိုအပ်ပါတယ်။ အဲ့ဒီအတွက် ဘယ်သူ့ကိုမှ တောင်းပန်ဖို့ မလိုပါဘူး။

၈။အခြားတစ်ယောက်ရဲ့ အမြင်ကို သဘောမတူတာမျိုးအတွက်လည်း သင့်ဘက်က တောင်းပန်စရာမလိုပါဘူး။ ဘာ့ကြောင့် သူ့အမြင်ကို သဘောမတူရသလဲဆိုတဲ့ဖြေရှင်းချက် ကိုယ့်မှာရှိနေသရွေ့ပေါ့။

၉။အမျိုးသမီးတွေ ဓမ္မတာလာနေချိန်မှာ စိတ်အားငယ်တတ်ကြပါတယ်။ ငိုချင်လာလို့ ငိုချလိုက်တာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒီ့အတွက်လည်း အခြားသူတွေကို တောင်းပန်ဖို့မလိုအပ်ပါဘူး။

၁၀။ကိုယ့်အမျိုးသားနဲ့ အတူနေတဲ့အခါ ကိုယ်မကြိုက်တဲ့ position၊ ကိုယ်နဲ့အဆင်ပြေတဲ့ အနေအထားတွေကို ပြောပြဖို့လိုအပ်ပါတယ်။ ဒီ့အတွက်လည်း တောင်းပန်တဲ့စကားပြောဖို့ မလိုအပ်ပါဘူး။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top