iMyanmarHouse.com - Best Property Website for Myanmar
×
(၁) အမေ့ရဲ့ အကျင့်
(၂)အမေ့ရဲ့ လက်သုံးစကား
(၃)ပုံပန်းသွင်ပြင်
(၄)အမြင်အာရုံ
(၅)ခန္ဓာကိုယ်
မျိုးဗီဇအရ ၈၀% သောမိန်းကလေးတွေက မိခင်က ပိန်ပါးသောသူဖြစ်ပါက စားသောက်နေထိုင်ပုံတွေနဲ့မဆိုင်ဘဲ ပိန်သောသူဖြစ်နိုင်သလို မိခင်ကဝသောသူဖြစ်ပါက ၄င်းမှာ မိခင်အရွယ်ရောက်ချိန်တွင် ဝမည်မှာ သေချာသည်ဟုဆိုသည်။
Credit:Duwun
ပို့သပေးပါတယ်။
#Unicode Version
ကိုယ့်ကောင်မလေး အသက်ကြီးလာတဲ့အချိန် ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာ သိချင်ကြတယ်ဆိုရင် သူ့အမေကိုကြည့်ပါဆိုတဲ့ စကားကို အားလုံးကြားဖူးကြမယ်ထင်ပါတယ်။ မိန်းကလေးတွေက အရွယ်ရောက်လာတဲ့အခါမှာ သူတို့အမေတွေနဲ့ မတူဖို့ ကြိုးစားချင်ကြသလို သူတို့ရဲ့ သက်ဆိုင်သူတွေကလည်း မတူဖို့ မျှော်လင့်ကြပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာ ကောင်းတာက တကယ်ပဲ မိန်းကလေးတွေက အသက်ကြီးလာတဲ့ အချိန်မှာ သူတို့အမေတွေရဲ့ပုံစံကို မိတ္တူကူးထားသလို ဖြစ်လာပါသလား ဆိုတာပါပဲ။ အများအားဖြင့်တော့ အမေဆီကနေ အမွေဆက်ခံရရှိတဲ့ အချက်တွေရှိပါတယ်။ ဒါတွေကတော့
(၁) အမေ့ရဲ့ အကျင့်
စစ်တမ်းအရ မိန်းကလေးတွေက သူတို့ကိုယ်တိုင် မိခင်ဖြစ်လာတဲ့အခါမှာ သူတို့ အမေတွေရဲ့ အကျင့်အတိုင်း လိုက်လုပ်တတ်လေ့ရှိတာကို ပြပါတယ်။
(၂)အမေ့ရဲ့ လက်သုံးစကား
အမေက စကားတစ်ခွန်း၊ဆိုရိုးတစ်ခုကို လက်ကိုင်ထားပြီး ပြောတတ်တဲ့ အကျင့်ရှိရင် အဲ့ဒီမိန်းကလေးမှာလည်း အမေ့ရဲ့ လက်သုံးစကားအတိုင်း လိုက်ပြောတတ် လိုက်လုပ်တတ်ပါတယ်တဲ့။
(၃)ပုံပန်းသွင်ပြင်
သိပ္ပံပညာအရ အမေတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်က သမီးတွေဆီကို လက်ဆင့်ကမ်းပေးနိုင်တယ်လို့ဆိုပါတယ်။ ဥပမာ အသားအရေတွန့်တာ၊မျက်ကွင်းညိုတာတွေဖြစ်ပါတယ်။
(၄)အမြင်အာရုံ
အမေက မျက်မှန်တပ်ရသူဖြစ်ရင် အဲ့ဒီ မိန်းကလေးက တစ်ချိန်ချိန်မှာ သေချာပေါက်မျက်မှန်တပ်ရသူ ဖြစ်မှာ ကျိန်းသေပါတယ်။
(၅)ခန္ဓာကိုယ်
မျိုးဗီဇအရ ၈၀% သောမိန်းကလေးတွေက မိခင်က ပိန်ပါးသောသူဖြစ်ပါက စားသောက်နေထိုင်ပုံတွေနဲ့မဆိုင်ဘဲ ပိန်သောသူဖြစ်နိုင်သလို မိခင်ကဝသောသူဖြစ်ပါက ၎င်းမှာ မိခင်အရွယ်ရောက်ချိန်တွင် ဝမည်မှာ သေချာသည်ဟုဆိုသည်။
(၆)ဖိုမရေးရာ စိတ်ခံစားမှု
မိန်းကလေး၏ မိခင်သည် ဖိုမရေးရာများကို အလွန်စိတ်ဝင်စားသူဖြစ်ပါက ကိုယ့်ချစ်သူ၏ စိတ်ခံစားချက်ကိုလည်း ဆန်းစစ်လေ့လာရန်လိုပါတယ်။
(၇)ဓာတ်မတည့်သော အရာများ
အမေ့မှာ ဓာတ်မတည့်တဲ့ အစားအစာ၊ဆေးဝါးစတဲ့ အရာတစ်ခုခုရှိရင် ကိုယ့်မိန်းကလေးမှာလည်း ရှိနိုင်ပါတယ်။
(၈)ယောက်ျားအပေါ် ဆက်ဆံပုံ
အမေဖြစ်သူက ယောက်ျားအပေါ် ဦးစားပေးဆက်ဆံတတ်သူဖြစ်ရင် သမီးကလည်း အလားတူ ကိုယ့်ခင်ပွန်းအပေါ်မှာ ဆက်ဆံမှာဖြစ်ပြီး ယောက်ျားကိုနိုင်တဲ့ အမေဖြစ်ပါက အမေ့ရဲ့ အကျင့်ကို ဆက်ခံဖို့ အလားအလာများပါတယ်လို့ ဆိုထားပါတယ်။
Credit:Duwun
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top