iMyanmarHouse.com - Best Property Website for Myanmar
×

မၾကာေသးမီက ထုတ္ျပန္ခဲ့တဲ့ ေလ့လာမႈတစ္ရပ္အရ လူ ၄ ဦးမွာ တစ္ဦးဟာ စိတ္ဖိစီးမႈဒဏ္ေၾကာင့္ အလုပ္နားလိုက္ရတာမ်ိဳးေတြ ၾကံဳေနရတယ္လို႔ သိရပါတယ္။ ပူပင္ေသာကေတြနဲ႔ စိုးရိမ္ေၾကာင့္ၾကမႈေတြကလည္း အလုပ္ကို ထိခိုက္ေစတာအမွန္ပါပဲ။ စိတ္ဖိစီးမႈဒဏ္ေၾကာင့္ အလုပ္ကိုမထိခိုက္ခ်င္ဘူးဆုိရင္ေတာ့ ဒါေလးေတြလုပ္ၾကည့္ဖုိ႔ Duwun က အၾကံေပးလိုက္ပါတယ္။

၁။ လက္ဖက္စိမ္း

ေကာ္ဖီက အာရံုကို ႏိုးၾကားလန္းဆန္းေစေပမဲ့ လက္ဖက္စိမ္း သို႔မဟုတ္ ႐ုိးရိုးေရေႏြးၾကမ္းကို ေရြးခ်ယ္တာ ပိုေကာင္းပါတယ္။ စိတ္ပူပင္ေသာကေတြ ေလ်ာ့က်ေစၿပီး စိတ္ပိုင္းဆိုင္ရာဖိအားေတြကို သက္သာေစပါလိမ့္မယ္။

၂။ သူငယ္ခ်င္းေတြနဲ႔ေလ့က်င့္ခန္းလုပ္ပါ

မနက္အေစာပိုင္းကေန ညမိုးခ်ဳပ္တဲ့အထိ အလုပ္ကိုပဲလုပ္ေနရင္ အေပါင္းအသင္းေတြနဲ႔ အေနေဝးသြားသလို အလုပ္ေၾကာင့္ ကိုယ့္ရဲ႕က်န္းမာေရးလည္း ထိခိုက္လာႏိုင္ပါတယ္။ ကိုယ့္အတြက္ အဖိုးတန္တဲ့လူေတြ၊ ကိုယ္နဲ႔ေပါင္းသင္းလို႔ အဆင္ေျပသူေတြနဲ႔ ေလ့က်င့္ခန္းလုပ္ရင္း စကားေျပာ ရယ္ေမာျခင္းက စိတ္ပူပင္မႈေတြ ေလ်ာ့က်ေစပါတယ္။

၃။ အ႐ွိကိုအ႐ွိတုိင္းထားပါ

အတင္းကာေရာ လုပ္ယူဖန္တီးရတာမ်ိဳးေတြနဲ႔ ေ၀းေ၀းေနၾကည့္ပါ။ ဟန္ေဆာင္မႈေတြ ခြာခ်ထားလိုက္မယ္ဆုိ စိတ္ကသက္ေတာင့္သက္သာရွိေနမွာ ေသခ်ာပါတယ္။

၄။ ရယ္ေမာပါ

ရယ္ေမာျခင္းဟာ ခႏၶာကိုယ္ကို စြမ္းအင္ေတြေပးႏိုင္သလို စိတ္ဖိစီးမႈျဖစ္ေစတဲ့ေဟာ္မုန္းေတြ ေလ်ာ့က်ေစႏုိင္ေၾကာင္း သုေတသနေပါင္းမ်ားစြာက သက္ေသျပခဲ့ၿပီးပါၿပီ။

၅။ ေထာပတ္သီး

အရြယ္တင္ႏုပ်ိဳေစၿပီး ႏွလံုးေရာဂါနဲ႔ ကင္ဆာကို ကာကြယ္ေပးတာေတာ့ သိၾကၿပီးျဖစ္ပါလိမ့္မယ္။ ပိုတက္ဆီယံ၊ မဂၢနီဆီယံနဲ႔ ဗီတာမင္ E တုိ႔လည္း ပါဝင္တဲ့ ေထာပတ္သီးက ခႏၶာကိုယ္အတြက္ လိုအပ္တဲ့စြမ္းအင္ထုတ္လုပ္မႈကို ပိုမိုအက်ိဳးသက္ေရာက္ေစၿပီး အာ႐ံုေၾကာစနစ္ေကာင္းမြန္ေအာင္လည္း ကူညီေပးႏိုင္ပါတယ္။

၆။ အိပ္ေရးဝ၀အိပ္ပါ

ညဘက္ မအိပ္ဘဲေနရင္ သေရစာေတြလည္း ပိုစားမိၿပီး ေလ့က်င့္ခန္းလုပ္ခ်ိန္ ပိုနည္းသြားပါတယ္။ အိပ္ေရးမဝရင္ စိတ္ဖိစီးမႈေတြခံစားရၿပီး ေဒါသထြက္တာ၊ စိတ္ပင္ပန္းတာေတြ ပိုျဖစ္လာပါတယ္။ အိပ္ေရးဝဝနဲ႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္တဲ့အခါ လူေရာစိတ္ပါ က်န္းမာေစပါတယ္။

Credit:Duwun

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ လူ ၄ ဦးမှာ တစ်ဦးဟာ စိတ်ဖိစီးမှုဒဏ်ကြောင့် အလုပ်နားလိုက်ရတာမျိုးတွေ ကြုံနေရတယ်လို့ သိရပါတယ်။ ပူပင်သောကတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကလည်း အလုပ်ကို ထိခိုက်စေတာအမှန်ပါပဲ။ စိတ်ဖိစီးမှုဒဏ်ကြောင့် အလုပ်ကိုမထိခိုက်ချင်ဘူးဆိုရင်တော့ ဒါလေးတွေလုပ်ကြည့်ဖို့ Duwun က အကြံပေးလိုက်ပါတယ်။

၁။ လက်ဖက်စိမ်း

ကော်ဖီက အာရုံကို နိုးကြားလန်းဆန်းစေပေမဲ့ လက်ဖက်စိမ်း သို့မဟုတ် ရိုးရိုးရေနွေးကြမ်းကို ရွေးချယ်တာ ပိုကောင်းပါတယ်။ စိတ်ပူပင်သောကတွေ လျော့ကျစေပြီး စိတ်ပိုင်းဆိုင်ရာဖိအားတွေကို သက်သာစေပါလိမ့်မယ်။

၂။ သူငယ်ချင်းတွေနဲ့လေ့ကျင့်ခန်းလုပ်ပါ

မနက်အစောပိုင်းကနေ ညမိုးချုပ်တဲ့အထိ အလုပ်ကိုပဲလုပ်နေရင် အပေါင်းအသင်းတွေနဲ့ အနေဝေးသွားသလို အလုပ်ကြောင့် ကိုယ့်ရဲ့ကျန်းမာရေးလည်း ထိခိုက်လာနိုင်ပါတယ်။ ကိုယ့်အတွက် အဖိုးတန်တဲ့လူတွေ၊ ကိုယ်နဲ့ပေါင်းသင်းလို့ အဆင်ပြေသူတွေနဲ့ လေ့ကျင့်ခန်းလုပ်ရင်း စကားပြော ရယ်မောခြင်းက စိတ်ပူပင်မှုတွေ လျော့ကျစေပါတယ်။

၃။ အရှိကိုအရှိတိုင်းထားပါ

အတင်းကာရော လုပ်ယူဖန်တီးရတာမျိုးတွေနဲ့ ဝေးဝေးနေကြည့်ပါ။ ဟန်ဆောင်မှုတွေ ခွာချထားလိုက်မယ်ဆို စိတ်ကသက်တောင့်သက်သာရှိနေမှာ သေချာပါတယ်။

၄။ ရယ်မောပါ

ရယ်မောခြင်းဟာ ခန္ဓာကိုယ်ကို စွမ်းအင်တွေပေးနိုင်သလို စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေ လျော့ကျစေနိုင်ကြောင်း သုတေသနပေါင်းများစွာက သက်သေပြခဲ့ပြီးပါပြီ။

၅။ ထောပတ်သီး

အရွယ်တင်နုပျိုစေပြီး နှလုံးရောဂါနဲ့ ကင်ဆာကို ကာကွယ်ပေးတာတော့ သိကြပြီးဖြစ်ပါလိမ့်မယ်။ ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံနဲ့ ဗီတာမင် E တို့လည်း ပါဝင်တဲ့ ထောပတ်သီးက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်ထုတ်လုပ်မှုကို ပိုမိုအကျိုးသက်ရောက်စေပြီး အာရုံကြောစနစ်ကောင်းမွန်အောင်လည်း ကူညီပေးနိုင်ပါတယ်။

၆။ အိပ်ရေးဝဝအိပ်ပါ

ညဘက် မအိပ်ဘဲနေရင် သရေစာတွေလည်း ပိုစားမိပြီး လေ့ကျင့်ခန်းလုပ်ချိန် ပိုနည်းသွားပါတယ်။ အိပ်ရေးမဝရင် စိတ်ဖိစီးမှုတွေခံစားရပြီး ဒေါသထွက်တာ၊ စိတ်ပင်ပန်းတာတွေ ပိုဖြစ်လာပါတယ်။ အိပ်ရေးဝဝနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်တဲ့အခါ လူရောစိတ်ပါ ကျန်းမာစေပါတယ်။


Credit:Duwun



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top