iMyanmarHouse.com - Best Property Website for Myanmar
×

က်န္းမာေရး ျပႆနာတခ်ိဳ႕က ေဆးဝါးမလိုဘဲမိမိဘာသာအလြယ္တကူ ေျဖရွင္းႏိုင္ပါတယ္။ ေအာက္ပါ
 ေဝဒနာတခ်ိဳ႕ကို ေဆးဝါးမကူဘဲ အလြယ္တကူေျဖ ရွင္းႏိုင္တဲ့ နည္းလမ္းေတြကို ေဖာ္ျပလိုက္ပါတယ္။

ေလပြျခင္း

ေျဖရွင္းနည္း ။ ။ ဒိန္ခ်ဥ္ေသာက္ပါ

ေလပြတာက အမ်ားစုမွာ ျဖစ္တတ္ၾကၿပီး ျဖစ္ႏိုင္တဲ့ အေၾကာင္းေတြ ကလည္း မ်ားစြာရွိပါတယ္။ အစာမေၾကတာ၊ လက္တို႔စ္နဲ႔ မတည့္တာ၊ အမွ်င္ ဓာတ္ၾကြယ္ ဝတာေတြကို အလြန္အမင္း စားမိတာနဲ႔ တခ်ိဳ႕ေဆးဝါး ေတြေၾကာင့္ ေလပြတာကို ျဖစ္ေစပါ တယ္။ ေလပြတာကို အက်ိဳးျပဳ ဘက္တီးရီးယားေတြ နဲ႔ အလြယ္တကူ ေျဖရွင္းႏိုင္ပါတယ္။ အူလမ္းေၾကာင္းမွာ အက်ိဳးျပဳ ဘက္တီးရီးယား ေတြနည္းသြားတဲ့ အခါမ်ိဳး မွာ အစာေတြကို ေခ်ဖ်က္ဖို႔နဲ႔ မိႈပိုးေတြ ပြားမ်ားမႈကို ဟန္႔တားဖို႔ အားနည္းသြား တတ္ပါတယ္။ အက်ိဳးျပဳ ဘက္တီးရီးယားေတြ ပါဝင္တဲ့ ဒိန္ခ်ဥ္ ေသာက္ၿပီး ေလပြတာကို အလြယ္တကူ ေျဖရွင္းႏိုင္ ပါတယ္။ ဒိန္ခ်ဥ္ကို စေတာ္ဘယ္ရီနဲ႔ ေရာၿပီး စားႏိုင္ပါတယ္။
 
ဓာတ္မတည့္ျခင္း

ေျဖရွင္းနည္း ။ ။ ႏွာေခါင္းစည္းတပ္ထားပါ

အေမရိကန္ႏိုင္ငံမွာ လူေပါင္း ၁၀-၂၀ ရာခိုင္ ႏႈန္းေလာက္က ပန္းဝတ္မႈန္ေတြနဲ႔ ဓာတ္မတည့္မႈကို ခံစားေနရပါတယ္။ ဓာတ္မတည့္ တာေၾကာင့္ ႏွာ ေခါင္းပိတ္တာ၊ ႏွာရည္ယိုတာ၊ ႏွာေခ်တာနဲ႔ ဖ်ား တာေတြကို ခံစားရႏိုင္ပါတယ္။ ပန္းေပါင္းစံုဖူးပြင့္တဲ့ ရာသီေတြမွာ အိမ္အျပင္ထြက္တဲ့အခါ ႏွာေခါင္းစည္း တပ္သြားပါ။ ပ်ားရည္ တစ္ေန႔ လက္ဖက္စားဇြန္းတစ္ ဇြန္းေသာက္ပါ။ ေလ့လာသူေတြက ပ်ားရည္က ပန္း ဝတ္မႈန္နဲ႔ ဓာတ္မတည့္မႈျဖစ္တာကို သက္သာေစ တယ္လို႔ ေတြ႕ရွိခဲ့ပါတယ္။
 
စိုးရိမ္စိတ္မ်ားျခင္း

ေျဖရွင္းနည္း ။ ။ တရားထိုင္ပါ၊ ေယာဂက်င့္ပါ

အဂၤလန္ႏိုင္ငံမွာ အရြယ္ေရာက္သူေတြရဲ႕ ၅၀ ရာခိုင္ႏႈန္းေလာက္က သူတို႔ရဲ႕ဘဝတစ္ေလွ်ာက္လံုး မွာ စိုးရိမ္စိတ္မ်ားတဲ့ ေဝဒနာကို ခံစားေနရပါတယ္။ စိုးရိမ္စိတ္မ်ားတာေၾကာင့္ မလိုလားအပ္တာေတြကို မဆင္မျခင္လုပ္တတ္ၾကပါတယ္။ ဒီလိုျဖစ္ရတာဟာ ဦးေႏွာက္အတြင္းမွာ ေဟာ္မုန္းဓာတ္ေတြ မညီမမွ် ျဖစ္တာေၾကာင့္ပါ။ တရားထိုင္တာ၊ ေယာဂက်င့္ တာေတြနဲ႔ စိုးရိမ္ေသာကေတြကို ေလ်ာ့နည္းသက္ သာေစပါတယ္။ အရီဇိုးနားတကၠသိုလ္မွေလ့လာမႈ အရ ေအ႐ိုးဗစ္ေလ့က်င့္ခန္းျပဳလုပ္တာက စိုးရိမ္ စိတ္ေတြကို ေလွ်ာ့ခ်ႏိုင္တယ္လို႔ ေတြ႕ရွိခဲ့ပါတယ္။

အိပ္ေရးပ်က္မ်ားျခင္း

ေျဖရွင္းနည္း ။ ။ လက္ဖက္ရည္ေသာက္ပါ

အိပ္မေပ်ာ္တာ၊ အိပ္ေရးမဝတာကို လူတိုင္းနီး ပါး ခံစားဖူးၾကမွာပါ။ သင္ရဲ႕ လူမႈေပါင္းသင္းဆက္ ဆံေရး ေကာင္းလြန္းတာက အိပ္ပ်က္ေစတဲ့ အေၾကာင္း တစ္ခုပါ။ Facebook စာမ်က္ႏွာေတြ ဖတ္႐ႈေနတာ၊ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ ခ်က္တင္လုပ္ေနတာ၊ ညဘက္အိပ္ခ်ိန္လြန္တဲ့ အထိ ဖုန္းေျပာေနတာေတြ က သင့္ကို အိပ္ပ်က္ေစတဲ့အေၾကာင္းေတြပါ။ ေကာ္ဖီ ေသာက္မယ့္အစား ခ်မ္မိုမိုင္းခတ္ထားတဲ့ လက္ဖက္ ရည္ေသာက္ေပးတာက အိပ္ခ်င္စိတ္ကို ျဖစ္ေပၚ ေစၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစပါတယ္။

ေဗာက္ထျခင္း

ေျဖရွင္းနည္း ။ ။ သံလြင္ဆီ အသံုးျပဳပါ

သင့္ဦးေရျပားမွာ ေဗာက္ထတာေၾကာင့္ ယား ယံတာ၊ ဆံပင္ေပၚမွာ ေဗာက္ေတြ အဖတ္လိုက္ ကပ္ေနတာ စိတ္အေႏွာင့္အယွက္ ျဖစ္ေနပါသလား။ ဦးေရျပား ေဗာက္ထတာ အမ်ားစုက ဆဲလ္ေဟာင္း ေနရာမွာ အသစ္လဲတာေၾကာင့္ျဖစ္ၿပီး ဆိုးဆိုးရြားရြား ေဗာက္ထ တာမ်ိဳးကေတာ့ မိႈပိုးေၾကာင့္ ျဖစ္တတ္ပါတယ္။ ေခါင္းမေလွ်ာ္ခင္ သံလြင္ဆီကို အပူေပးၿပီး ဦးေရျပားအႏွံ႔ ေသခ်ာစြာ လိမ္းၿပီးမွ ဇင့္၊ လက္ ဖက္စိမ္းပါတဲ့ ေခါင္းေလွ်ာ္ရည္နဲ႔ ေခါင္းေလွ်ာ္ပါ။

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Yoyarlay

#Unicode Version
ကျန်းမာရေး ပြဿနာတချို့က ဆေးဝါးမလိုဘဲ မိမိဘာသာ အလွယ်တကူ ဖြေရှင်းနိုင်ပါ တယ်။ အောက်ပါ ဝေဒနာတချို့ကို ဆေးဝါးမကူဘဲ အလွယ်တကူဖြေ ရှင်းနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။


လေပွခြင်း


ဖြေရှင်းနည်း ။ ။ ဒိန်ချဉ်သောက်ပါ


လေပွတာက အများစုမှာ ဖြစ်တတ်ကြပြီး ဖြစ်နိုင်တဲ့ အကြောင်းတွေ ကလည်း များစွာရှိပါတယ်။ အစာမကြေတာ၊ လက်တို့စ်နဲ့ မတည့်တာ၊ အမျှင် ဓာတ်ကြွယ် ဝတာတွေကို အလွန်အမင်း စားမိတာနဲ့ တချို့ဆေးဝါး တွေကြောင့် လေပွတာကို ဖြစ်စေပါ တယ်။ လေပွတာကို အကျိုးပြု ဘက်တီးရီးယားတွေ နဲ့ အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ အူလမ်းကြောင်းမှာ အကျိုးပြု ဘက်တီးရီးယား တွေနည်းသွားတဲ့ အခါမျိုး မှာ အစာတွေကို ချေဖျက်ဖို့နဲ့ မှိုပိုးတွေ ပွားများမှုကို ဟန့်တားဖို့ အားနည်းသွား တတ်ပါတယ်။ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ ဒိန်ချဉ် သောက်ပြီး လေပွတာကို အလွယ်တကူ ဖြေရှင်းနိုင် ပါတယ်။ ဒိန်ချဉ်ကို စတော်ဘယ်ရီနဲ့ ရောပြီး စားနိုင်ပါတယ်။


ဓာတ်မတည့်ခြင်း


ဖြေရှင်းနည်း ။ ။ နှာခေါင်းစည်းတပ်ထားပါ


အမေရိကန်နိုင်ငံမှာ လူပေါင်း ၁၀-၂၀ ရာခိုင် နှုန်းလောက်က ပန်းဝတ်မှုန်တွေနဲ့ ဓာတ်မတည့်မှုကို ခံစားနေရပါတယ်။ ဓာတ်မတည့် တာကြောင့် နှာ ခေါင်းပိတ်တာ၊ နှာရည်ယိုတာ၊ နှာချေတာနဲ့ ဖျား တာတွေကို ခံစားရနိုင်ပါတယ်။ ပန်းပေါင်းစုံဖူးပွင့်တဲ့ ရာသီတွေမှာ အိမ်အပြင်ထွက်တဲ့အခါ နှာခေါင်းစည်း တပ်သွားပါ။ ပျားရည် တစ်နေ့ လက်ဖက်စားဇွန်းတစ် ဇွန်းသောက်ပါ။ လေ့လာသူတွေက ပျားရည်က ပန်း ဝတ်မှုန်နဲ့ ဓာတ်မတည့်မှုဖြစ်တာကို သက်သာစေ တယ်လို့ တွေ့ရှိခဲ့ပါတယ်။


စိုးရိမ်စိတ်များခြင်း


ဖြေရှင်းနည်း ။ ။ တရားထိုင်ပါ၊ ယောဂကျင့်ပါ


အင်္ဂလန်နိုင်ငံမှာ အရွယ်ရောက်သူတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ဘဝတစ်လျှောက်လုံး မှာ စိုးရိမ်စိတ်များတဲ့ ဝေဒနာကို ခံစားနေရပါတယ်။ စိုးရိမ်စိတ်များတာကြောင့် မလိုလားအပ်တာတွေကို မဆင်မခြင်လုပ်တတ်ကြပါတယ်။ ဒီလိုဖြစ်ရတာဟာ ဦးနှောက်အတွင်းမှာ ဟော်မုန်းဓာတ်တွေ မညီမမျှ ဖြစ်တာကြောင့်ပါ။ တရားထိုင်တာ၊ ယောဂကျင့် တာတွေနဲ့ စိုးရိမ်သောကတွေကို လျော့နည်းသက် သာစေပါတယ်။ အရီဇိုးနားတက္ကသိုလ်မှလေ့လာမှု အရ အေရိုးဗစ်လေ့ကျင့်ခန်းပြုလုပ်တာက စိုးရိမ် စိတ်တွေကို လျှော့ချနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။


အိပ်ရေးပျက်များခြင်း


ဖြေရှင်းနည်း ။ ။ လက်ဖက်ရည်သောက်ပါ


အိပ်မပျော်တာ၊ အိပ်ရေးမဝတာကို လူတိုင်းနီး ပါး ခံစားဖူးကြမှာပါ။ သင်ရဲ့ လူမှုပေါင်းသင်းဆက် ဆံရေး ကောင်းလွန်းတာက အိပ်ပျက်စေတဲ့ အကြောင်း တစ်ခုပါ။ Facebook စာမျက်နှာတွေ ဖတ်ရှုနေတာ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချက်တင်လုပ်နေတာ၊ ညဘက်အိပ်ချိန်လွန်တဲ့ အထိ ဖုန်းပြောနေတာတွေ က သင့်ကို အိပ်ပျက်စေတဲ့အကြောင်းတွေပါ။ ကော်ဖီ သောက်မယ့်အစား ချမ်မိုမိုင်းခတ်ထားတဲ့ လက်ဖက် ရည်သောက်ပေးတာက အိပ်ချင်စိတ်ကို ဖြစ်ပေါ် စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။


ဗောက်ထခြင်း


ဖြေရှင်းနည်း ။ ။ သံလွင်ဆီ အသုံးပြုပါ


သင့်ဦးရေပြားမှာ ဗောက်ထတာကြောင့် ယား ယံတာ၊ ဆံပင်ပေါ်မှာ ဗောက်တွေ အဖတ်လိုက် ကပ်နေတာ စိတ်အနှောင့်အယှက် ဖြစ်နေပါသလား။ ဦးရေပြား ဗောက်ထတာ အများစုက ဆဲလ်ဟောင်း နေရာမှာ အသစ်လဲတာကြောင့်ဖြစ်ပြီး ဆိုးဆိုးရွားရွား ဗောက်ထ တာမျိုးကတော့ မှိုပိုးကြောင့် ဖြစ်တတ်ပါတယ်။ ခေါင်းမလျှော်ခင် သံလွင်ဆီကို အပူပေးပြီး ဦးရေပြားအနှံ့ သေချာစွာ လိမ်းပြီးမှ ဇင့်၊ လက် ဖက်စိမ်းပါတဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



Credit:Yoyarlay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top