iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ (36) နွစ္ အရြယ္ ရွိၿပီျဖစ္တဲ့ Stewart Arms ဟာ ကုိယ္လက္ မအီမသာ ျဖစ္ခဲ့ ပါတယ္။ စီးပြားေရး သမား ျဖစ္တာေၾကာင့္ ခရီးပန္း တာပဲလုိ့ ယူစၿပီး ေပါ့ေပါ့ ဆဆေန ခဲ့ေပမယ့္ ႏွစ္ပတ္ၾကာတဲ့ အထိ ေဝဒနာက မသက္သာလုိ႔ သူ႔မွာ အဖ်ားေရာဂါ ရွိေနၿပီ ထင္ကာ ေဆးခန္းကို သြားျပ ခဲ့ပါတယ္။

ေဒါက္တာရဲ႕ စစ္ေဆးမႈ မွာလည္း တစ္ျခား ထူးျခားမႈကုိ မေတြ႔ရလုိ႔ အဖ်ား က်ေဆးကို ေပးၿပီး ျပန္လႊတ္ ခဲ့ပါတယ္။

ေသြးအေျဖ ကလည္း ဘာမွ ထူးထူး ျခားျခား မရွိခဲ့ပါ။ ဒါေပမယ့္ ေနာက္တစ္ရက္ အၾကာမွာပဲ Stewart ဟာ ေခ်ာင္းဆုိးတဲ့ အခါမွာ ေသြးခဲေတြ ပါလာ တာကို ေတြ႔ခဲ့ ရပါတယ္။

အဲဒီအခါမွာေတာ့ ေရာဂါကုိ ေသေသ ခ်ာခ်ာ စစ္ေဆးမႈေတြ လုပ္ခဲ့ရၿပီး ေရာဂါရဲ႕အေျဖကေတာ့ “အဆုတ္ကုိ မႈိစြဲ”တဲ့ ေရာဂါ ျဖစ္ တယ္လုိ႔ အေျဖထြက္ ခဲ့ပါတယ္။

အဆုိပါ မႈိဟာ ဘယ္ေနရာ ကေန လူကုိ ကူးစက္ ခဲ့သလဲ ဆုိတာကုိ ထပ္မံ စမ္းသပ္လုိက္တဲ့ အခါမွာေတာ့ ကၽြန္ေတာ္တုိ႔နဲ႔ အနီးဆုံး ပတ္၀န္က်င္မွာ ရွိႏုိင္ၿပီး အထူးသျဖင့္ ကၽြန္ေတာ္တုိ႔ အိပ္တဲ့အခါ အုံးတဲ့ ေခါင္းအုံးမွာ ပုိလုိ႔ ရွိႏုိင္ပါတယ္။

အဲဒီ မႈိေတြဟာ အသက္႐ႈ လမ္းေၾကာင္း ကေန တစ္ဆင့္ အဆုတ္ဆီကုိ ၀င္ေရာက္ႏုိင္ဖုိ႔ အရမ္း လြယ္ကူၿပီး၊ ေနမေကာင္းသူ အုံးထားတဲ့ ေခါင္းအုံးကုိ အသုံး ျပဳမိ ပါကလည္း အဖ်ား ဗုိင္းရပ္စ္နဲ႔ အျခား ကူးစက္ ေရာဂါေတြ ကူးစက္ႏုိင္ေခ် ပိုရွိတယ္လုိ႔ သိရပါတယ္။

သို႔အတြက္ေၾကာင့္ မိမိ တစ္ကုိယ္ေရ အုံးေနတဲ့ ေခါင္းအုံးေတြကို တစ္ပတ္လွွ်င္ အနည္းဆုံး တစ္ႀကိမ္ ေလာက္ ေလွ်ာ္ဖြပ္ သန္႔စင္ေပး သင့္ၿပီး ေန႔စဥ္ ေနေရာင္ ေကာင္းေကာင္းရဲ႕ ေအာက္မွာ လွန္းေပးသင့္ ပါတယ္။

ေနေရာင္ဟာ မႈိနဲ႔ အျခား ပုိးမႊားမ်ားကို ႏွိမ္နင္းႏုိင္ၿပီး ဗုိင္းရပ္စ္ ကိုလည္း ေသေစႏုိင္တဲ့ အစြမ္း ရွိပါတယ္။ ဒါေၾကာင့္ သက္ရွည္ က်န္းမားတဲ့ ဘ၀ကုိ ပုိ္င္ဆုိင္ဖုိ႔ ကၽြန္ေတာ္တုိ႔ရဲ႕ တစ္ကုိယ္ေရ သန္႔ရွင္းမႈနဲ႔ အသုံးအေဆာင္ ပစၥည္းေတြ သန္႔ရွင္းမႈ အေရးႀကီးတယ္ ဆုိတာကုိ ေဖာ္ျပ လုိက္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Realtor Myanmar

#Unicode Version
အသက် (36) နှစ် အရွယ် ရှိပြီဖြစ်တဲ့ Stewart Arms ဟာ ကိုယ်လက် မအီမသာ ဖြစ်ခဲ့ ပါတယ်။ စီးပွားရေး သမား ဖြစ်တာကြောင့် ခရီးပန်း တာပဲလို့ ယူစပြီး ပေါ့ပေါ့ ဆဆနေ ခဲ့ပေမယ့် နှစ်ပတ်ကြာတဲ့ အထိ ဝေဒနာက မသက်သာလို့ သူ့မှာ အဖျားရောဂါ ရှိနေပြီ ထင်ကာ ဆေးခန်းကို သွားပြ ခဲ့ပါတယ်။

ဒေါက်တာရဲ့ စစ်ဆေးမှု မှာလည်း တစ်ခြား ထူးခြားမှုကို မတွေ့ရလို့ အဖျား ကျဆေးကို ပေးပြီး ပြန်လွှတ် ခဲ့ပါတယ်။

သွေးအဖြေ ကလည်း ဘာမှ ထူးထူး ခြားခြား မရှိခဲ့ပါ။ ဒါပေမယ့် နောက်တစ်ရက် အကြာမှာပဲ Stewart ဟာ ချောင်းဆိုးတဲ့ အခါမှာ သွေးခဲတွေ ပါလာ တာကို တွေ့ခဲ့ ရပါတယ်။

အဲဒီအခါမှာတော့ ရောဂါကို သေသေ ချာချာ စစ်ဆေးမှုတွေ လုပ်ခဲ့ရပြီး ရောဂါရဲ့အဖြေကတော့ “အဆုတ်ကို မှိုစွဲ”တဲ့ ရောဂါ ဖြစ် တယ်လို့ အဖြေထွက် ခဲ့ပါတယ်။

အဆိုပါ မှိုဟာ ဘယ်နေရာ ကနေ လူကို ကူးစက် ခဲ့သလဲ ဆိုတာကို ထပ်မံ စမ်းသပ်လိုက်တဲ့ အခါမှာတော့ ကျွန်တော်တို့နဲ့ အနီးဆုံး ပတ်ဝန်ကျင်မှာ ရှိနိုင်ပြီး အထူးသဖြင့် ကျွန်တော်တို့ အိပ်တဲ့အခါ အုံးတဲ့ ခေါင်းအုံးမှာ ပိုလို့ ရှိနိုင်ပါတယ်။

အဲဒီ မှိုတွေဟာ အသက်ရှု လမ်းကြောင်း ကနေ တစ်ဆင့် အဆုတ်ဆီကို ဝင်ရောက်နိုင်ဖို့ အရမ်း လွယ်ကူပြီး၊ နေမကောင်းသူ အုံးထားတဲ့ ခေါင်းအုံးကို အသုံး ပြုမိ ပါကလည်း အဖျား ဗိုင်းရပ်စ်နဲ့ အခြား ကူးစက် ရောဂါတွေ ကူးစက်နိုင်ချေ ပိုရှိတယ်လို့ သိရပါတယ်။

သို့အတွက်ကြောင့် မိမိ တစ်ကိုယ်ရေ အုံးနေတဲ့ ခေါင်းအုံးတွေကို တစ်ပတ်လှျှင် အနည်းဆုံး တစ်ကြိမ် လောက် လျှော်ဖွပ် သန့်စင်ပေး သင့်ပြီး နေ့စဉ် နေရောင် ကောင်းကောင်းရဲ့ အောက်မှာ လှန်းပေးသင့် ပါတယ်။

နေရောင်ဟာ မှိုနဲ့ အခြား ပိုးမွှားများကို နှိမ်နင်းနိုင်ပြီး ဗိုင်းရပ်စ် ကိုလည်း သေစေနိုင်တဲ့ အစွမ်း ရှိပါတယ်။ ဒါကြောင့် သက်ရှည် ကျန်းမားတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ အသုံးအဆောင် ပစ္စည်းတွေ သန့်ရှင်းမှု အရေးကြီးတယ် ဆိုတာကို ဖော်ပြ လိုက်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Realtor Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top