iMyanmarHouse.com - Best Property Website for Myanmar
×

 ႏွစ္ေပါင္းမ်ားစြာ လူေတြ လက္ခံလာတဲ့ စကားက တစ္ေန႔ကို ပန္းသီး တစ္လံုး စားျခင္းဟာ ဆရာ၀န္ မလိုအပ္ေစဘူး ဆိုတာပါ။ အခုေတာ့ သုေတသီ ေတြ ရွာေဖြ ေတြ႔ရွိခဲ့ျပန္ တာကေတာ့ တစ္ေန႔ကို သစ္ေတာ္သီး တစ္လံုး စားျခင္းဟာ ကိုယ္အေလး ခ်ိန္ေတြ ေလ်ာ့က် ေစႏိုင္တယ္ ဆိုတာပါပဲ။

ေလ့လာမႈ အသစ္ တစ္ခုဟာ သစ္ေတာ္သီး ေတြနဲ႔ ကိုယ္အေလးခ်ိန္ ေလ်ာ့က်မႈ အၾကားက ပတ္သက္ ဆက္ႏြယ္ေနမႈကို ရွာေဖြ ေတြ႔ရွိခဲ့ တာပဲ ျဖစ္ပါတယ္။

သစ္ေတာ္သီးေတြ ပံုမွန္စားသံုးေလ့ရွိသူေတြဟာ အ၀လြန္ေရာဂါျဖစ္ဖို႔ ၃၅ ရာခိုင္ႏႈန္း အခြင့္အလမ္းနည္းေစတယ္ဆိုတာကို သိပၸံပညာရွင္ေတြက ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္။ ဒါ့အျပင္ ေလ့လာမႈက ထပ္မံေတြ႕ရွိလာခဲ့တာက သစ္ေတာ္သီးစားသံုးျခင္းဟာ အေကာင္းဆံုး ၀ိတ္ခ်နည္းတစ္ခုျဖစ္တယ္ဆိုတာပါ။

သစ္ေတာ္သီးေတြဟာ ဗီတာမင္ စီ ၾကြယ္၀စြာပါ၀င္တဲ့အျပင္ ဖိုက္ဘာ ေတြရရွိဖို႔လည္း အေကာင္းဆံုး အရင္းအျမစ္ေတြျဖစ္ေနပါတယ္။ သာမန္အရြယ္အစား သစ္ေတာ္သီး တစ္လံုးဟာ ေန႔စဥ္လိုအပ္ တယ္ဆိုတဲ့ ဖိုက္ဘာ ၂၄ ရာခိုင္ႏႈန္း ပါ၀င္ၿပီးေတာ့ ကယ္လိုရီ အားျဖင့္ ၁၀၀ သာ ပါ၀င္ေန တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ သစ္ေတာ္သီးဟာ အဆီ ၊ ကိုလက္စထေရာ နဲ႔ ဆိုဒီယမ္တို႔ ကင္းစင္ၿပီး ပိုတက္ဆီယမ္လည္း ၁၉၀ မီလီဂရမ္သာ ပါ၀င္ေနတာျဖစ္ပါတယ္။

လူစီယားနား ျပည္နယ္ တကၠသိုလ္ မွာရွိတဲ့ သုေတသီေတြဟာ ၂၀၀၁ ခုႏွစ္ကေန ၂၀၁၀ ခုႏွစ္အတြင္း စုေဆာင္းခဲ့တဲ့ အခ်က္အလက္ေတြကို ေလ့လာမႈ အတြက္ အသံုးျပဳခဲ့ပါတယ္။

သုေတသီေတြဟာ အမ်ိဳးသားေရးအားျဖင့္ ကိုယ္စားျပဳႏိုင္တဲ့ နမူနာေတြကို ရယူၿပီး သစ္ေတာ္သီးစားသံုးျခင္းနဲ႔ အာဟာရ ျဖည့္တင္းမႈ ၊ အာဟာရ လံုေလာက္မႈ ၊ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစမႈ နဲ႔ ႏွလံုးေသြေၾကာဆိုင္ရာ ျပႆနာ ျဖစ္ႏိုင္မႈေတြကို စူးစမ္းေလ့လာခဲ့ၾကတာျဖစ္ပါတယ္။

"သစ္ေတာ္သီးေတြနဲ႔ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစျခင္းရဲ႕ ပတ္သက္ေနမႈဟာအရမ္း စိတ္၀င္စားဖို႔ေကာင္းပါတယ္။

ကၽြန္မတို႔ ယံုၾကည္ထားကေတာ့ ဖိုက္ဘာ မွီ၀ဲမႈဟာ ေလ့လာမႈမွာေတြ႕ခဲ့ရတဲ့ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစမႈကို ျဖစ္ေပၚေစခဲ့တာပါ။သစ္ေတာ္သီးစားသံုးျခင္းနဲ႔ မစားသံုးျခင္းၾကားက စြမ္းအင္ မွီ၀ဲမႈနဲ႔ ရုပ္ပိုင္းဆိုင္ရာ လႈပ္ရွားမႈေတြမွာေတာ့ ကြဲျပာျခားနားမႈ မရွိခဲ့ပါဘူး။" လို႔ ထိုေလ့လာမႈ ကို ဦးေဆာင္ခဲ့တဲ့ ေဒါက္တာ Carol O'Neil ကဆိုပါတယ္။

ထို ေလ့လာမႈကိုေတာ့ Nutrition and Food Science ဆိုတဲ့ မဂၢဇင္းမွာ ပံုႏွိပ္ေဖာ္ျပခဲ့ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Thit Htoo Lwin


#Unicode Version
နှစ်ပေါင်းများစွာ လူတွေ လက်ခံလာတဲ့ စကားက တစ်နေ့ကို ပန်းသီး တစ်လုံး စားခြင်းဟာ ဆရာဝန် မလိုအပ်စေဘူး ဆိုတာပါ။ အခုတော့ သုတေသီ တွေ ရှာဖွေ တွေ့ရှိခဲ့ပြန် တာကတော့ တစ်နေ့ကို သစ်တော်သီး တစ်လုံး စားခြင်းဟာ ကိုယ်အလေး ချိန်တွေ လျော့ကျ စေနိုင်တယ် ဆိုတာပါပဲ။

လေ့လာမှု အသစ် တစ်ခုဟာ သစ်တော်သီး တွေနဲ့ ကိုယ်အလေးချိန် လျော့ကျမှု အကြားက ပတ်သက် ဆက်နွယ်နေမှုကို ရှာဖွေ တွေ့ရှိခဲ့ တာပဲ ဖြစ်ပါတယ်။

သစ်တော်သီးတွေ ပုံမှန်စားသုံးလေ့ရှိသူတွေဟာ အဝလွန်ရောဂါဖြစ်ဖို့ ၃၅ ရာခိုင်နှုန်း အခွင့်အလမ်းနည်းစေတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် လေ့လာမှုက ထပ်မံတွေ့ရှိလာခဲ့တာက သစ်တော်သီးစားသုံးခြင်းဟာ အကောင်းဆုံး ဝိတ်ချနည်းတစ်ခုဖြစ်တယ်ဆိုတာပါ။

သစ်တော်သီးတွေဟာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တဲ့အပြင် ဖိုက်ဘာ တွေရရှိဖို့လည်း အကောင်းဆုံး အရင်းအမြစ်တွေဖြစ်နေပါတယ်။ သာမန်အရွယ်အစား သစ်တော်သီး တစ်လုံးဟာ နေ့စဉ်လိုအပ် တယ်ဆိုတဲ့ ဖိုက်ဘာ ၂၄ ရာခိုင်နှုန်း ပါဝင်ပြီးတော့ ကယ်လိုရီ အားဖြင့် ၁၀၀ သာ ပါဝင်နေ တယ်လို့ သိရပါတယ်။

ဒါ့အပြင် သစ်တော်သီးဟာ အဆီ ၊ ကိုလက်စထရော နဲ့ ဆိုဒီယမ်တို့ ကင်းစင်ပြီး ပိုတက်ဆီယမ်လည်း ၁၉၀ မီလီဂရမ်သာ ပါဝင်နေတာဖြစ်ပါတယ်။

လူစီယားနား ပြည်နယ် တက္ကသိုလ် မှာရှိတဲ့ သုတေသီတွေဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း စုဆောင်းခဲ့တဲ့ အချက်အလက်တွေကို လေ့လာမှု အတွက် အသုံးပြုခဲ့ပါတယ်။

သုတေသီတွေဟာ အမျိုးသားရေးအားဖြင့် ကိုယ်စားပြုနိုင်တဲ့ နမူနာတွေကို ရယူပြီး သစ်တော်သီးစားသုံးခြင်းနဲ့ အာဟာရ ဖြည့်တင်းမှု ၊ အာဟာရ လုံလောက်မှု ၊ ကိုယ်အလေးချိန်လျော့ကျစေမှု နဲ့ နှလုံးသွေကြောဆိုင်ရာ ပြဿနာ ဖြစ်နိုင်မှုတွေကို စူးစမ်းလေ့လာခဲ့ကြတာဖြစ်ပါတယ်။

"သစ်တော်သီးတွေနဲ့ ကိုယ်အလေးချိန်လျော့ကျစေခြင်းရဲ့ ပတ်သက်နေမှုဟာအရမ်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

ကျွန်မတို့ ယုံကြည်ထားကတော့ ဖိုက်ဘာ မှီဝဲမှုဟာ လေ့လာမှုမှာတွေ့ခဲ့ရတဲ့ ကိုယ်အလေးချိန်လျော့ကျစေမှုကို ဖြစ်ပေါ်စေခဲ့တာပါ။သစ်တော်သီးစားသုံးခြင်းနဲ့ မစားသုံးခြင်းကြားက စွမ်းအင် မှီဝဲမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေမှာတော့ ကွဲပြာခြားနားမှု မရှိခဲ့ပါဘူး။" လို့ ထိုလေ့လာမှု ကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Carol O'Neil ကဆိုပါတယ်။

ထို လေ့လာမှုကိုတော့ Nutrition and Food Science ဆိုတဲ့ မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Thit Htoo Lwin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top