iMyanmarHouse.com - Best Property Website for Myanmar
×

ငယ္ငယ္တုန္းက စိတ္ကူးအိပ္မက္ေတြထဲမွာ ကုိယ့္ခ်စ္သူပခံုးေလးကိုမွီျပီး ကိုယ့္ခ်စ္သူမ်က္ႏွာေလးကို ေမာ့ၾကည့္ကာ ခ်စ္စကားတီတီတာတာေလးေတြ ေျပာတာမ်ိဳးေတြ ရွိခဲ့ပါသလား။ သင္ဟာ အဲ့ဒီအိပ္မက္ကို အေကာင္အထည္ေဖာ္ဖုိ႕ စိတ္ကူးထားခဲ့ရင္ ဒါကိုေမ့ပစ္လိုက္ဖုိ႕ တိုက္တြန္းပါရေစ။ ဘာလုိ႕လဲဆုိေတာ့ အရပ္သိပ္ရွည္တဲ့ အမ်ိဳးသားေတြကို ခ်စ္သူေတာ္မိရင္ သူတုိ႕ရဲ႕ အလိမ္အညာေတြကို ခံရတတ္တယ္ဆုိတဲ့ ေလ့လာမႈအေျဖေတြကိုလည္း သင္ၾကားျပီးျပီ မဟုတ္လား။ အမ်ိဳးသားနဲ႕အမ်ိဳးသမီးမွာ အမ်ိဳးသားေတြက ကိုယ့္ခ်စ္သူထက္ အရပ္ပိုရွည္သင့္တယ္ဆုိေပမယ့္ မျဖစ္မေန ရွည္မွ ဒီအခ်စ္ေရးခုိင္ျမဲမယ္လုိ႕ ေျပာထားတာ မဟုတ္ပါဘူး။ အရပ္ပုတဲ့ခ်စ္သူရည္းစားရထားတာ သင့္အတြက္ စိတ္အေႏွာင့္အယွက္ ျဖစ္စရာမလိုပဲ ေကာင္းက်ိဳးေတြအမ်ားၾကီး ရွိေနတယ္ဆုိတာ ေျပာျပပါရေစ။

၁။အရပ္ပုတဲ့ ကုိယ့္ခ်စ္သူက သူ႕ထက္ကိုယ္အရပ္ရွည္ေနတာကို ဘာမွမျဖစ္ဘူး ေအးေဆးပဲဆုိရင္ ကုိယ့္ေအာင္ျမင္မႈ၊ ကုိယ့္အစြမ္းအစစတာေတြနဲ႕ပတ္သက္ျပီး မနာလိုတာမ်ိဳး မရွိတတ္ပါဘူးတဲ့။

ကုိယ့္ခ်စ္သူေကာင္ေလးက ကိုယ့္ထက္အရပ္ပုေနမယ္။ ဒါေပမယ့္ သူက ဒါကို စိတ္အေႏွာင့္အယွက္ျဖစ္စရာလုိ႕ မျမင္ဘူး။ ကိုယ္နဲ႕တြဲသြားတုိင္းလည္း သက္ေတာင့္သက္သာပဲ ေအးေအးေဆးေဆး ရွိေနမယ္ဆုိရင္ ဒါဟာ သင့္အတြက္ ေကာင္းသတင္းေတြယူေဆာင္လာပါျပီ။ သင္ကအလုပ္မွာ ေတာ္တယ္၊ လစာေကာင္းတယ္၊ ေအာင္ျမင္မႈေတြ ဆြတ္ခူးတဲ့အခါ ငါက်ေတာ့ သူေလာက္မလုပ္ႏိုင္ပါလားဆုိတဲ့ မနာလိုတဲ့စိတ္မ်ိဳး သင့္ခ်စ္သူမွာ ရွိမွာ မဟုတ္သလုိ သင့္ကိုျပိဳင္ဆုိင္ခ်င္တဲ့စိတ္လည္း မရွိပါဘူး။

၂။ ကုိယ့္စီးခ်င္တဲ့ဖိနပ္ကို စိတ္ခ်လက္ခ်စီးႏိုင္ပါျပီ။

ကိုယ့္ခ်စ္သူက ကိုယ့္ထက္ပုတယ္ဆုိတာ ေသခ်ာေနျပီမုိ႕ ဟိုဖိနပ္ကျမင့္ေနမလား၊ ဒီဖိနပ္က ကိုယ္နဲ႕သူ အရပ္အတူတူ ျဖစ္ေနမလားဆုိျပီး သိပ္စဥ္းစားစရာ မလိုေတာ့ပါဘူး။ သူက ကုိယ့္ထက္ပုေနျပီဆုိမွေတာ့ ကိုယ္ေဒါက္ျမင့္ ထပ္စီးလည္း ျပသနာေတာ့မရွိႏိုင္ေတာ့ဘူးေလ။

၃။ သုေတသနေတြအရေတာ့ အရပ္ပုတဲ့လူေတြဟာ အိမ္အလုပ္ေတြကို ပိုကူညီလုပ္ေဆာင္ေပးတတ္ၾကပါတယ္။
၂၀၁၄ခုႏွစ္ကတည္းက အမ်ိဳးသားေတြရဲ႕ အရပ္အေမာင္းနဲ႕ပတ္သက္ျပီး သူတုိ႕ရဲ႕အခ်စ္ေရး၊ အိမ္ေထာင္ေရးစတာေတြကို ေလ့လာမႈေတြျပဳလုပ္၊ စစ္တမ္းေတြေကာက္ခဲ့ၾကဖူးပါတယ္။ အဲ့ဒီတုန္းက ထြက္ရွိခဲ့တဲ့အေျဖကေတာ့ အရပ္ပုတဲ့ အမ်ိဳးသားေတြဟာ အိမ္အလုပ္ေတြကို ကိုယ့္ခ်စ္သူ၊ ကိုယ့္အိမ္သူေတြနဲ႕အတူ မ်ွေ၀လုပ္ေဆာင္မႈ ပိုရွိတယ္လို႕ ဆုိထားပါတယ္။ သူတုိ႕ဟာ တစ္ပတ္ကို ၈နာရီနဲ႕ ၂၈မိနစ္ၾကာ အိပ္အလုပ္လုပ္ေဆာင္ေပးၾကခ်ိန္မွာ အရပ္ျမင့္တဲ့အမ်ိဳးသားေတြကေတာ့ ၇နာရီ၀န္းက်င္ေလာက္သာ လုပ္ေပးတတ္ၾကပါတယ္။

၄။ ၀င္ေငြပိုင္းဆုိင္ရာမွာလည္း အရပ္ပုတဲ့အမ်ိဳးသားေတြက ကိုယ့္အိမ္သူကို ပိုေပးႏိုင္ၾကပါတယ္။
အရပ္ပုတဲ့ အမ်ိဳးသားေတြက ၀င္ေငြပိုေကာင္းတာမ်ိဳး မဟုတ္ေပမယ့္ အရပ္ပုတဲ့အမ်ိဳးသားေတြထဲက ၇၈ရာခုိင္ႏႈန္းဟာ သူတုိ႕အိမ္သူေတြကို သူတုိ႕ရရွိတဲ့၀င္ေငြ ျပန္အပ္ႏွံတာ၊ သံုးစြဲဖုိ႕ေပးတာမ်ိဳးေတြမွာ အရပ္ရွည္တဲ့ အမ်ိဳးသားေတြထက္ ရာခုိင္ႏႈန္းပိုမ်ားေနပါတယ္။ ဒါကဘာကိုျပသလဲဆုိရင္ အရပ္ပုတဲ့အမ်ိဳးသားေတြဟာ ကိုယ့္ခ်စ္သူ ဒါမွမဟုတ္ ကိုယ့္အိမ္သူအတြက္ ပိုေတြးေပးၾကတယ္ဆုိတာပါပဲ။

၅။ အရပ္ပုတဲ့အမ်ိဳးသားေတြဟာ အိမ္ေထာင္ကြဲတာ နည္းပါတယ္။
အရပ္ရွည္တဲ့သူေတြနဲ႕ ယွဥ္ရင္ အရပ္ပုတဲ့အမ်ိဳးသားေတြရဲ႕ အိမ္ေထာင္ကြာရွင္းတဲ့ရာခုိင္ႏႈန္း ၃၂ရာခုိင္ႏႈန္းနည္းပါးပါသတဲ့။ သူတုိ႕ဟာ ခုိင္ျမဲတဲ့အခ်စ္ေရး၊ အိမ္ေထာင္ေရးရရွိဖုိ႕အတြက္လည္း အျမဲၾကိဳးစားအားထုတ္တတ္ၾကတယ္လို႕ ဆုိပါတယ္။

Credit:Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Verison

ငယ်ငယ်တုန်းက စိတ်ကူးအိပ်မက်တွေထဲမှာ ကိုယ့်ချစ်သူပခုံးလေးကိုမှီပြီး ကိုယ့်ချစ်သူမျက်နှာလေးကို မော့ကြည့်ကာ ချစ်စကားတီတီတာတာလေးတွေ ပြောတာမျိုးတွေ ရှိခဲ့ပါသလား။ သင်ဟာ အဲ့ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ စိတ်ကူးထားခဲ့ရင် ဒါကိုမေ့ပစ်လိုက်ဖို့ တိုက်တွန်းပါရစေ။ ဘာလို့လဲဆိုတော့ အရပ်သိပ်ရှည်တဲ့ အမျိုးသားတွေကို ချစ်သူတော်မိရင် သူတို့ရဲ့ အလိမ်အညာတွေကို ခံရတတ်တယ်ဆိုတဲ့ လေ့လာမှုအဖြေတွေကိုလည်း သင်ကြားပြီးပြီ မဟုတ်လား။ အမျိုးသားနဲ့အမျိုးသမီးမှာ အမျိုးသားတွေက ကိုယ့်ချစ်သူထက် အရပ်ပိုရှည်သင့်တယ်ဆိုပေမယ့် မဖြစ်မနေ ရှည်မှ ဒီအချစ်ရေးခိုင်မြဲမယ်လို့ ပြောထားတာ မဟုတ်ပါဘူး။ အရပ်ပုတဲ့ချစ်သူရည်းစားရထားတာ သင့်အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာမလိုပဲ ကောင်းကျိုးတွေအများကြီး ရှိနေတယ်ဆိုတာ ပြောပြပါရစေ။

၁။အရပ်ပုတဲ့ ကိုယ့်ချစ်သူက သူ့ထက်ကိုယ်အရပ်ရှည်နေတာကို ဘာမှမဖြစ်ဘူး အေးဆေးပဲဆိုရင် ကိုယ့်အောင်မြင်မှု၊ ကိုယ့်အစွမ်းအစစတာတွေနဲ့ပတ်သက်ပြီး မနာလိုတာမျိုး မရှိတတ်ပါဘူးတဲ့။

ကိုယ့်ချစ်သူကောင်လေးက ကိုယ့်ထက်အရပ်ပုနေမယ်။ ဒါပေမယ့် သူက ဒါကို စိတ်အနှောင့်အယှက်ဖြစ်စရာလို့ မမြင်ဘူး။ ကိုယ်နဲ့တွဲသွားတိုင်းလည်း သက်တောင့်သက်သာပဲ အေးအေးဆေးဆေး ရှိနေမယ်ဆိုရင် ဒါဟာ သင့်အတွက် ကောင်းသတင်းတွေယူဆောင်လာပါပြီ။ သင်ကအလုပ်မှာ တော်တယ်၊ လစာကောင်းတယ်၊ အောင်မြင်မှုတွေ ဆွတ်ခူးတဲ့အခါ ငါကျတော့ သူလောက်မလုပ်နိုင်ပါလားဆိုတဲ့ မနာလိုတဲ့စိတ်မျိုး သင့်ချစ်သူမှာ ရှိမှာ မဟုတ်သလို သင့်ကိုပြိုင်ဆိုင်ချင်တဲ့စိတ်လည်း မရှိပါဘူး။

၂။ ကိုယ့်စီးချင်တဲ့ဖိနပ်ကို စိတ်ချလက်ချစီးနိုင်ပါပြီ။

ကိုယ့်ချစ်သူက ကိုယ့်ထက်ပုတယ်ဆိုတာ သေချာနေပြီမို့ ဟိုဖိနပ်ကမြင့်နေမလား၊ ဒီဖိနပ်က ကိုယ်နဲ့သူ အရပ်အတူတူ ဖြစ်နေမလားဆိုပြီး သိပ်စဉ်းစားစရာ မလိုတော့ပါဘူး။ သူက ကိုယ့်ထက်ပုနေပြီဆိုမှတော့ ကိုယ်ဒေါက်မြင့် ထပ်စီးလည်း ပြသနာတော့မရှိနိုင်တော့ဘူးလေ။

၃။ သုတေသနတွေအရတော့ အရပ်ပုတဲ့လူတွေဟာ အိမ်အလုပ်တွေကို ပိုကူညီလုပ်ဆောင်ပေးတတ်ကြပါတယ်။
၂၀၁၄ခုနှစ်ကတည်းက အမျိုးသားတွေရဲ့ အရပ်အမောင်းနဲ့ပတ်သက်ပြီး သူတို့ရဲ့အချစ်ရေး၊ အိမ်ထောင်ရေးစတာတွေကို လေ့လာမှုတွေပြုလုပ်၊ စစ်တမ်းတွေကောက်ခဲ့ကြဖူးပါတယ်။ အဲ့ဒီတုန်းက ထွက်ရှိခဲ့တဲ့အဖြေကတော့ အရပ်ပုတဲ့ အမျိုးသားတွေဟာ အိမ်အလုပ်တွေကို ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်သူတွေနဲ့အတူ မျှဝေလုပ်ဆောင်မှု ပိုရှိတယ်လို့ ဆိုထားပါတယ်။ သူတို့ဟာ တစ်ပတ်ကို ၈နာရီနဲ့ ၂၈မိနစ်ကြာ အိပ်အလုပ်လုပ်ဆောင်ပေးကြချိန်မှာ အရပ်မြင့်တဲ့အမျိုးသားတွေကတော့ ၇နာရီဝန်းကျင်လောက်သာ လုပ်ပေးတတ်ကြပါတယ်။

၄။ ဝင်ငွေပိုင်းဆိုင်ရာမှာလည်း အရပ်ပုတဲ့အမျိုးသားတွေက ကိုယ့်အိမ်သူကို ပိုပေးနိုင်ကြပါတယ်။
အရပ်ပုတဲ့ အမျိုးသားတွေက ဝင်ငွေပိုကောင်းတာမျိုး မဟုတ်ပေမယ့် အရပ်ပုတဲ့အမျိုးသားတွေထဲက ၇၈ရာခိုင်နှုန်းဟာ သူတို့အိမ်သူတွေကို သူတို့ရရှိတဲ့ဝင်ငွေ ပြန်အပ်နှံတာ၊ သုံးစွဲဖို့ပေးတာမျိုးတွေမှာ အရပ်ရှည်တဲ့ အမျိုးသားတွေထက် ရာခိုင်နှုန်းပိုများနေပါတယ်။ ဒါကဘာကိုပြသလဲဆိုရင် အရပ်ပုတဲ့အမျိုးသားတွေဟာ ကိုယ့်ချစ်သူ ဒါမှမဟုတ် ကိုယ့်အိမ်သူအတွက် ပိုတွေးပေးကြတယ်ဆိုတာပါပဲ။

၅။ အရပ်ပုတဲ့အမျိုးသားတွေဟာ အိမ်ထောင်ကွဲတာ နည်းပါတယ်။
အရပ်ရှည်တဲ့သူတွေနဲ့ ယှဉ်ရင် အရပ်ပုတဲ့အမျိုးသားတွေရဲ့ အိမ်ထောင်ကွာရှင်းတဲ့ရာခိုင်နှုန်း ၃၂ရာခိုင်နှုန်းနည်းပါးပါသတဲ့။ သူတို့ဟာ ခိုင်မြဲတဲ့အချစ်ရေး၊ အိမ်ထောင်ရေးရရှိဖို့အတွက်လည်း အမြဲကြိုးစားအားထုတ်တတ်ကြတယ်လို့ ဆိုပါတယ်။

Credit:Trend Myanmar




ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top