iMyanmarHouse.com - Best Property Website for Myanmar
×

မၾကာေသးခင္က ထြက္ရွိလာတဲ့သတင္းေတြအရ ကုိရီးယားၾကယ္ပြင့္ေတြျဖစ္တဲ့ Lee Min Ho နဲ႕ Suzy Bae တုိ႕ဟာ ျပတ္သြားၾကျပီလုိ႕ သိလိုက္ရျပီး သိပ္မၾကာခင္မွာပဲ ခ်က္ခ်င္းဆုိသလို လက္ထပ္ေတာ့မယ့္ အေျခအေနတစ္ရပ္ကို ေျပာင္းလဲ သြားခ့ဲပါတယ္။ တိက်တဲ့သတင္းအရင္းအျမစ္တစ္ခုက ေျပာၾကားခ်က္အရေတာ့ Suzy Bae က ကိုယ္၀န္ရွိသြားတာေၾကာင့္ ခုလို လက္ထပ္ဖုိ႕အေျခအေန ျဖစ္သြားတာပါတဲ့။ သူတုိ႕ႏွစ္ဦးစလံုးဟာ ရင္ေသြးေလး လိုခ်င္ေနၾကျပီလို႕ ဆုိေပမယ့္ ရင္ေသြးကိစၥ အတည္မျပဳရေသးခင္မွာပဲ ဘယ္ေတာ့လက္ထပ္ၾကမလဲဆုိတဲ့ ေမးခြန္းက ထပ္ေပၚလာျပန္ပါတယ္။

Personal Taste မင္းသားကေတာ့ သူတုိ႕ႏွစ္ဦးရဲ႕လက္ရွိအခ်စ္ေရးဟာ ေနာက္ထပ္အဆင့္တစ္ခုကုိ တုိးျမွင့္ဖုိ႕သာ ရွိတဲ့အေၾကာင္းဆုိထားသလို သူတုိ႕ေတြဟာ ခ်စ္သူေတြလိုေရာ သူငယ္ခ်င္းေတြလိုပါ ရင္းႏွီးၾကတယ္ လို႕လည္း ေျပာထားပါေသးတယ္။ ဒါေပမယ့္ သူတုိ႕ႏွစ္ဦးတကယ္ပဲ အတူေနခဲ့ၾကသလား၊ ကိုယ္၀န္တကယ္ရွိေနတာလားဆုိတာကိုေတာ့ ႏွစ္ဦးစလံုးက ေရငံုႏႈတ္ပိတ္ေနခဲ့ၾကပါတယ္။

ေနာက္ထပ္ သိခဲ့ရတဲ့ သတင္းအရေတာ့ Sound of a Flower မင္းသမီး Suzy Bae ဟာ ခုခ်ိန္ထိ Lee Min Ho လက္ထပ္ခြင့္ေတာင္းတာကို လက္မခံေသးဘူးလို႕ သိရပါတယ္။ ဘာလုိ႕လဲဆုိေတာ့ သူမမွာလည္း အႏုပညာအလုပ္ေတြ ဆက္တိုက္ဆုိသလို လုုပ္ဖုိ႕ရွိေနတာေၾကာင့္ သူမရဲ႕ ေအဂ်င္စီ JYP Entertainment ကလည္း ဒီကိစၥနဲ႕ပတ္သက္ျပီး ဖြင့္ဟေျပာဆုိျခင္း မရွိေသးပါဘူး။ သူမဟာ ေအဂ်င္စီရဲ႕ ေပၚျပဴလာအျဖစ္ဆံုး အႏုပညာရွင္ေတြထဲက တစ္ေယာက္ျဖစ္တာမုိ႕ အိမ္ေထာင္ျပဳလိုက္ျပီဆိုတာနဲ႕ သရုပ္ေဆာင္ဖုိ႕ အခြင့္အေရးေတြ လက္လြတ္ဆံုးရႈံးသြားမွာကို ေအဂ်င္စီကလည္း စိုးရိမ္ေနပံုရပါတယ္။

သူတုိ႕ႏွစ္ဦးဟာ ၂၀၁၅မွာ စတြဲခဲ့ၾကတယ္လို႕ အတည္ျပဳခဲ့ၾကျပီး Lee Min Ho ေရာ Suzy Bae ႏွစ္ဦးစလံုးဟာ  ဆက္တုိက္ဆုိသလို အႏုပညာအလုပ္ေတြနဲ႕ ရႈပ္ေနခဲ့ၾကတာပါ။ အသက္ ၂၉ႏွစ္ရွိျပီျဖစ္တဲ့ Lee Min Ho ဟာ ခုေနာက္ဆံုး The Legend of the Blue Sea ဆိုတဲ့ဇာတ္လမ္းတြဲကို ရိုက္ကူးေနျပီ Bae ရဲ႕ ေနာက္ဆံုး ပေရာဂ်က္ကေတာ့ Uncontrollably Fond ဆုိတဲ့ ဇာတ္လမ္းတြဲပဲျဖစ္ပါတယ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မကြာသေးခင်က ထွက်ရှိလာတဲ့သတင်းတွေအရ ကိုရီးယားကြယ်ပွင့်တွေဖြစ်တဲ့ Lee Min Ho နဲ့ Suzy Bae တို့ဟာ ပြတ်သွားကြပြီလို့ သိလိုက်ရပြီး သိပ်မကြာခင်မှာပဲ ချက်ချင်းဆိုသလို လက်ထပ်တော့မယ့် အခြေအနေတစ်ရပ်ကို ပြောင်းလဲ သွားခဲ့ပါတယ်။ တိကျတဲ့သတင်းအရင်းအမြစ်တစ်ခုက ပြောကြားချက်အရတော့ Suzy Bae က ကိုယ်ဝန်ရှိသွားတာကြောင့် ခုလို လက်ထပ်ဖို့အခြေအနေ ဖြစ်သွားတာပါတဲ့။ သူတို့နှစ်ဦးစလုံးဟာ ရင်သွေးလေး လိုချင်နေကြပြီလို့ ဆိုပေမယ့် ရင်သွေးကိစ္စ အတည်မပြုရသေးခင်မှာပဲ ဘယ်တော့လက်ထပ်ကြမလဲဆိုတဲ့ မေးခွန်းက ထပ်ပေါ်လာပြန်ပါတယ်။

Personal Taste မင်းသားကတော့ သူတို့နှစ်ဦးရဲ့လက်ရှိအချစ်ရေးဟာ နောက်ထပ်အဆင့်တစ်ခုကို တိုးမြှင့်ဖို့သာ ရှိတဲ့အကြောင်းဆိုထားသလို သူတို့တွေဟာ ချစ်သူတွေလိုရော သူငယ်ချင်းတွေလိုပါ ရင်းနှီးကြတယ် လို့လည်း ပြောထားပါသေးတယ်။ ဒါပေမယ့် သူတို့နှစ်ဦးတကယ်ပဲ အတူနေခဲ့ကြသလား၊ ကိုယ်ဝန်တကယ်ရှိနေတာလားဆိုတာကိုတော့ နှစ်ဦးစလုံးက ရေငုံနှုတ်ပိတ်နေခဲ့ကြပါတယ်။

နောက်ထပ် သိခဲ့ရတဲ့ သတင်းအရတော့ Sound of a Flower မင်းသမီး Suzy Bae ဟာ ခုချိန်ထိ Lee Min Ho လက်ထပ်ခွင့်တောင်းတာကို လက်မခံသေးဘူးလို့ သိရပါတယ်။ ဘာလို့လဲဆိုတော့ သူမမှာလည်း အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို လုုပ်ဖို့ရှိနေတာကြောင့် သူမရဲ့ အေဂျင်စီ JYP Entertainment ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဖွင့်ဟပြောဆိုခြင်း မရှိသေးပါဘူး။ သူမဟာ အေဂျင်စီရဲ့ ပေါ်ပြူလာအဖြစ်ဆုံး အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်တာမို့ အိမ်ထောင်ပြုလိုက်ပြီဆိုတာနဲ့ သရုပ်ဆောင်ဖို့ အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးသွားမှာကို အေဂျင်စီကလည်း စိုးရိမ်နေပုံရပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၅မှာ စတွဲခဲ့ကြတယ်လို့ အတည်ပြုခဲ့ကြပြီး Lee Min Ho ရော Suzy Bae နှစ်ဦးစလုံးဟာ  ဆက်တိုက်ဆိုသလို အနုပညာအလုပ်တွေနဲ့ ရှုပ်နေခဲ့ကြတာပါ။ အသက် ၂၉နှစ်ရှိပြီဖြစ်တဲ့ Lee Min Ho ဟာ ခုနောက်ဆုံး The Legend of the Blue Sea ဆိုတဲ့ဇာတ်လမ်းတွဲကို ရိုက်ကူးနေပြီ Bae ရဲ့ နောက်ဆုံး ပရောဂျက်ကတော့ Uncontrollably Fond ဆိုတဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top