iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ (၄၀) မတိုင္မီ ေသြးဆံုးေသာ အမ်ိဳးသမီးမ်ားသည္ ကယ္လ္ဆီယမ္ႏွင့္ ဗီတာမင္ဒီ ျဖည့္စြက္ေဆးမ်ား ေသာက္သံုးလွ်င္ ပင္ အ႐ိုးက်ိဳးႏုိင္သည့္ အႏၲရာယ္ျမင့္မားေၾကာင္း ေလ့လာမႈတစ္ခုက ေဖာ္ျပသည္။

အ႐ိုးသိပ္သည္းဆျမင့္မားေစေရးအတြက္ ကယ္လ္ဆီယမ္ႏွင့္ ဗီတာမင္ဒီ ျဖည့္စြက္ေဆးမ်ား ေသာက္သံုးရန္ အႀကံေပးေနၾက သည္မွာ ႏွစ္မ်ားစြာၾကာၿပီျဖစ္သည္။

ေစာေစာပုိင္းေသြးဆံုးေသာ အမ်ိဳးသမီးမ်ားအတြက္ ကယ္လ္ ဆီယမ္၊ ဗီတာမင္စီႏွင့္ ဟိုမုန္းကုထံုးမ်ား ထိေရာက္မႈကို ယခုေလ့ လာမႈက ဆန္းစစ္ထားျခင္းျဖစ္ၿပီး Menopause ဂ်ာနယ္တြင္ ေဖာ္ျပထားသည္။

အမ်ိဳးသမီးေပါင္း ၂၂,၀၀၀ ခန္႔ကို ေလ့လာရာ ေသဆံုးၿပီး အ သက္ (၄၀)ေအာက္ အမ်ိဳးသမီးမ်ားသည္ အသက္(၄၀) ႏွင့္ (၄၉) ႏွစ္ၾကား (သို႔မဟုတ္) အသက္ (၅၀) ေနာက္ပုိင္းမွ ေသြးဆံုးေသာ အမ်ိဳးသမီးမ်ားထက္ အ႐ိုးက်ိဳးႏုိင္ေသာ အႏၲရာယ္သိသိသာသာ ပို မ်ားေၾကာင္း၊ ယင္းမွာ ေဆး၀ါးကုသမႈမ်ားႏွင့္ မသက္ဆိုင္ေၾကာင္း သုေတသီမ်ား ေလ့လာေတြ႕ရွိခဲ့သည္။

ယခု ရလဒ္မွာ အ႐ိုးက်ိဳးႏုိင္သည့္ အႏၲရာယ္မ်ားအတြက္ လူ နာမ်ားကို စစ္ေဆးအကဲျဖတ္ရာတြင္ ေသြးဆံုးခ်ိန္၌ အမ်ိဳးသမီးတစ္ ဦးေရာက္ရွိေနသည့္ အသက္အရြယ္ကို ထည့္သြင္းစဥ္းစားရန္ လို အပ္ေၾကာင္း ေဖာ္ျပေနသည္ဟု သုေတသီမ်ားက ေျပာသည္။

အ႐ိုးဆံုး႐ႈံးႏုိင္ေသာ အႏၲရာယ္ရွိသည့္ အမ်ိဳးသမီးမ်ား တစ္ေန႔ လွ်င္ ကယ္လ္ဆီယမ္ ၁,၂၀၀ မီလီဂရမ္ လိုအပ္ၿပီး လံုေလာက္ေသာ  ဗီတာမင္ဒီဓာတ္ရွိရန္ လိုအပ္သည္။ သို႔ေသာ္ ကယ္လ္ဆီယမ္ ျဖည့္ စြက္အားေဆး ေသာက္သံုးမႈမ်ားလြန္းပါက ေသြးေၾကာမ်ားထဲတြင္ ေသြးခဲမ်ားျဖစ္ေပၚလာႏုိင္၍ ယင္းအာဟာရဓာတ္မ်ားကို တတ္ႏုိင္ သမွ် အစားအစာမ်ားမွရရွိေအာင္ လုပ္ေဆာင္ရန္ တိုက္တြန္းသင့္ ေၾကာင္း သုေတသီမ်ားကေျပာသည္။

ေစာေစာစီးစီးေသြးဆံုးေသာ အမ်ိဳးသမီးမ်ားသည္ ေဟာ္မုန္းကုသမႈခံယူသင့္သလားဆုိသည္ကို က်န္းမာေရးပညာရွင္မ်ားႏွင့္ တုိင္ပင္ေဆြးေႏြးသင့္ၿပီး ကယ္လ္ဆီယမ္၊ ဗီတာမင္ဒီႏွင့္ ေဟာ္မုန္းေဆးမ်ား ေသာက္သံုးရန္အတြက္လည္း တိုင္ပင္ေဆြးေႏြးသင့္သည္ဟု သုေတသီမ်ားကေျပာသည္။

Credit:7Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အသက် (၄၀) မတိုင်မီ သွေးဆုံးသော အမျိုးသမီးများသည် ကယ်လ်ဆီယမ်နှင့် ဗီတာမင်ဒီ ဖြည့်စွက်ဆေးများ သောက်သုံးလျှင် ပင် အရိုးကျိုးနိုင်သည့် အန္တရာယ်မြင့်မားကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။

အရိုးသိပ်သည်းဆမြင့်မားစေရေးအတွက် ကယ်လ်ဆီယမ်နှင့် ဗီတာမင်ဒီ ဖြည့်စွက်ဆေးများ သောက်သုံးရန် အကြံပေးနေကြ သည်မှာ နှစ်များစွာကြာပြီဖြစ်သည်။

စောစောပိုင်းသွေးဆုံးသော အမျိုးသမီးများအတွက် ကယ်လ် ဆီယမ်၊ ဗီတာမင်စီနှင့် ဟိုမုန်းကုထုံးများ ထိရောက်မှုကို ယခုလေ့ လာမှုက ဆန်းစစ်ထားခြင်းဖြစ်ပြီး Menopause ဂျာနယ်တွင် ဖော်ပြထားသည်။

အမျိုးသမီးပေါင်း ၂၂,၀၀၀ ခန့်ကို လေ့လာရာ သေဆုံးပြီး အ သက် (၄၀)အောက် အမျိုးသမီးများသည် အသက်(၄၀) နှင့် (၄၉) နှစ်ကြား (သို့မဟုတ်) အသက် (၅၀) နောက်ပိုင်းမှ သွေးဆုံးသော အမျိုးသမီးများထက် အရိုးကျိုးနိုင်သော အန္တရာယ်သိသိသာသာ ပို များကြောင်း၊ ယင်းမှာ ဆေးဝါးကုသမှုများနှင့် မသက်ဆိုင်ကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

ယခု ရလဒ်မှာ အရိုးကျိုးနိုင်သည့် အန္တရာယ်များအတွက် လူ နာများကို စစ်ဆေးအကဲဖြတ်ရာတွင် သွေးဆုံးချိန်၌ အမျိုးသမီးတစ် ဦးရောက်ရှိနေသည့် အသက်အရွယ်ကို ထည့်သွင်းစဉ်းစားရန် လို အပ်ကြောင်း ဖော်ပြနေသည်ဟု သုတေသီများက ပြောသည်။

အရိုးဆုံးရှုံးနိုင်သော အန္တရာယ်ရှိသည့် အမျိုးသမီးများ တစ်နေ့ လျှင် ကယ်လ်ဆီယမ် ၁,၂၀၀ မီလီဂရမ် လိုအပ်ပြီး လုံလောက်သော  ဗီတာမင်ဒီဓာတ်ရှိရန် လိုအပ်သည်။ သို့သော် ကယ်လ်ဆီယမ် ဖြည့် စွက်အားဆေး သောက်သုံးမှုများလွန်းပါက သွေးကြောများထဲတွင် သွေးခဲများဖြစ်ပေါ်လာနိုင်၍ ယင်းအာဟာရဓာတ်များကို တတ်နိုင် သမျှ အစားအစာများမှရရှိအောင် လုပ်ဆောင်ရန် တိုက်တွန်းသင့် ကြောင်း သုတေသီများကပြောသည်။

စောစောစီးစီးသွေးဆုံးသော အမျိုးသမီးများသည် ဟော်မုန်းကုသမှုခံယူသင့်သလားဆိုသည်ကို ကျန်းမာရေးပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးသင့်ပြီး ကယ်လ်ဆီယမ်၊ ဗီတာမင်ဒီနှင့် ဟော်မုန်းဆေးများ သောက်သုံးရန်အတွက်လည်း တိုင်ပင်ဆွေးနွေးသင့်သည်ဟု သုတေသီများကပြောသည်။

Credit:7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top