iMyanmarHouse.com - Best Property Website for Myanmar
×



Credit : duwun



Unicode Version

နှစ်စဉ်ရွေးချယ်ပေးအပ်လေ့ရှိတဲ့ BBC Music Awards (ဘီဘီစီတေးဂီတဆု) ရဲ့ ယခုနှစ်ဆုရှင်ထဲမှာ အဒဲလ်ကတော့ အထင်ရှားဆုံးပါပဲ။ သူမရဲ့ နောက်ဆုံးထွက်အယ်လ်ဘမ် "25" ကို BBC Radio 2 က တစ်နှစ်တာအကောင်းဆုံးအယ်လ်ဘမ်အဖြစ် ဆုပေးအပ်ခဲ့ပါတယ်။ ဒါ့ပြင် သူမရဲ့ "Hello" သီချင်းကိုလည်း တစ်နှစ်တာအကောင်းဆုံးသီချင်းအဖြစ် ဆုပေးအပ်ခဲ့ပါတယ်။

ယခုနှစ်အတွင်း ဖျော်ဖြေရေးခရီးစဉ်တွေနဲ့ အလုပ်များနေခဲ့တဲ့ ဗြိတိန်သူအဒဲလ်ဟာ ဒီဆုပေးပွဲကိုလည်း တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ " ကျွန်မ မကြာခင်အိမ်ပြန်လာဖို့ရာ မစောင့်နိုင်လောက်အောင်ပါပဲ။ ဒီနှစ်ကတော့ လမ်းပေါ်မှာနေရတာအတော်ကြာတဲ့နှစ်ပါပဲ။ ဝင်ဘာလေဖျော်ဖြေပွဲအတွက်လည်း မစောင့်ဆိုင်းနိုင်လောက်အောင်ပါပဲရှင်.. ပြီးရင်တော့ ပုံမှန်အတိုင်းပြန်ဖြစ်ပြီပေါ့"လို့ စာနဲ့တစ်ဆင့် လှမ်းပြောခဲ့ပါတယ်။


Credit : duwun



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top