iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္ကာလာအသစ္ေတြ ေခတ္စားေနလုိ႕၊ ဒါမွမဟုတ္ ကိုယ့္ဆံပင္က ဆံပင္ျဖဴေတြမေပၚေစခ်င္လို႕ အေရာင္ဆုိးမယ္ဆုိရင္ သင့္အေနနဲ႕ ဘယ္ကာလာေတြက ကိုယ့္ရုပ္ကို ပိုရင့္သြားေစႏိုင္သလဲဆိုတဲ့အခ်က္ေလး သိထားရင္ ပိုအဆင္ေျပပါလိမ့္မယ္။ အမ်ိဳးသမီးအမ်ားစုဟာ ကုိယ္နဲ႕လိုက္ဖက္လား၊ မလိုက္ဖက္လားမသိတဲ့ ကာလာေတြ ေရြးခ်ယ္ဆိုးတတ္ၾကျပီး ဒါကို အလွျပင္ဆုိင္ေတြကလည္း အေရာင္ကူေရြးေပးတာ၊ မလိုက္ဖက္တဲ့ကာလာေတြ ေျပာျပတာမ်ိဳဳး မရွိသေလာက္ရွားပါတယ္။

၁။ အေရာင္ကိုတစ္ညီတည္းဆိုးျခင္း
သာမာန္ဆံပင္ေတြမွာ မတူညီကြဲျပားတဲ့ အေရာင္ေတြရွိေနပါတယ္။  ေဖ်ာ့တဲ့ေနရာကေဖ်ာ့ျပီး၊ ပိုေတာက္တဲ့ေနရာက ေတာက္ေနတာမ်ိဳးပါ။ ဒီေတာ့ ကိုယ့္ဆံပင္ကို တစ္ေရာင္တည္း ခပ္ရင့္ရင့္ ဆုိးေတာ့မယ္ဆုိရင္ သင့္ဆံပင္ကို ၾကည့္ရတာ အဆင္ေျပမွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ဆံပင္ဆုိးေတာ့မယ္ဆုိရင္ နည္းနည္းေဖ်ာ့သြားတဲ့အပိုင္းနဲ႕ ရင့္သြားတဲ့အပိုင္း ဆုိျပီး ဆုိးႏိုင္မွသာ လူတစ္ေယာက္ရဲ႕ဆံပင္ဟာ ၾကည့္ေကာင္းျပီး ဆြဲေဆာင္မႈရွိေနပါလိမ့္မယ္။

၂။ ေမွာင္လြန္းတဲ့အေရာင္ကို ေရြးခ်ယ္ျခင္း
အေရာင္ရင့္ရင့္ေတြ၊ အေမွာင္ဘက္သြားလြန္းတဲ့အေရာင္ေတြ ဆိုးမယ္ဆုိရင္ သင့္မ်က္ႏွာဟာ အုိမင္းရင့္ေရာ္သလို ျဖစ္သြားတတ္ပါတယ္။ ဒါကိုေတာ့ ဆံပင္ညွပ္ဆိုင္ကလူေတြ သတိေပးတတ္ၾကပါတယ္။ ဒါ့အျပင္ မၾကာခင္မွာ သင့္ဆံပင္က ဆံပင္ျဖဴထြက္လာမယ္ဆုိရင္ အမဲေရာင္၊ နီညိဳအရင့္ေတြၾကားထဲ ဆံပင္ျဖဴေတြက ထင္းထင္းလင္းလင္းရွိေနပါလိမ့္မယ္။

၃။ ေဖ်ာ့ေတာ့လြန္းတဲ့အေရာင္ကို ေရြးခ်ယ္ျခင္း
အျဖဴဘက္သမ္းတဲ့အေရာင္၊ ခဲေရာင္၊ စတဲ့အေရာင္ေတြကလည္း လူတုိင္းနဲ႕မလိုက္ဖက္ပါဘူး။ အထူးသျဖင့္ သူက အေရာင္ျပန္က်သြားတဲ့အခ်ိန္ဆို ေတာ္ေတာ့္ကို ၾကည့္ရဆုိးတာမုိ႕ပါ။ ဘယ္ေလာက္လွတဲ့အေရာင္ပဲ ျဖစ္ျဖစ္ သူ႕ဘာသာသူ လွေနႏိုင္ေပမယ့္ ကိုယ့္ေခါင္းေပၚေရာက္ရင္ လွပါ့မလားဆုိတာ တစ္ခ်က္စဥ္းစားၾကည့္ဖုိ႕ လိုပါတယ္။

၄။ ကုိယ့္ဆံပင္အေရာင္ကို လံုး၀ေျပာင္းလဲလိုက္ျခင္း
ဆံပင္အေရာင္ေျပာင္းတယ္ဆုိတာ အရင္ပံုစံနဲ႕ခုပံုစံ ႏႈိင္းယွဥ္တဲ့အခါ ပိုၾကည့္ေကာင္းသြားေအာင္ လုပ္တဲ့သေဘာ၊ ပံုစံအေျပာင္းအလဲ လုပ္တဲ့သေဘာပါ။ နီညိဳေရာင္ၾကီးကေန ေရႊေရာင္ေျပာင္းပစ္လိုက္ျခင္းအားျဖင့္ သင္ဟာ တစ္လတစ္ခါ ဆံပင္ညွပ္ဆုိင္ကို ပံုမွန္သြားျပီး ထိန္းသိမ္းမႈေတြ လုပ္ေဆာင္ရပါလိမ့္မယ္။ ဘာလုိ႕လဲဆုိေတာ့ အရင္ရွိရင္းစြဲအေရာင္ထက္ အရမ္းႏု၊ ရင့္တာကို ေျပာင္းလဲလိုက္ျခင္းအားျဖင့္ သင့္ဆံပင္ေတြ ပ်က္စီးတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ ဒီအခ်က္ကလည္း လူကို ပိုရင့္သလို ျဖစ္သြားေစတဲ့ အခ်က္ပါပဲ။

၅။ သင့္ေတာ္တဲ့အလွကုန္ေတြနဲ႕ ဆံပင္ကို ျပန္လည္အားမျဖည့္ျခင္း
ဆံပင္ဆိုးျပီးျပီဆုိတာနဲ႕ ေခါင္းေလ်ွာ္တဲ့အခါ ေဆးဆိုးဆံပင္ေတြအတြက္ သီးသန္႕ထုတ္ထားတဲ့ အလွကုန္ေတြကိုသာ ေရြးခ်ယ္တာ ပိုေကာင္းပါလိမ့္မယ္။ မဟုတ္ရင္ အေရာင္ေျပာင္းတာ ထင္ထားတာထက္ ပိုမိုျမန္ဆန္သလို ဆံပင္ပ်က္စီးျခင္းအတြက္လည္း အာဟာရဓာတ္ေတြ ျပန္လည္ျဖည့္တင္းေပးႏိုင္မွာ မဟုတ္လို႕ပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit : trend myanmar

#Unicode Version

ဆံပင်ကာလာအသစ်တွေ ခေတ်စားနေလို့၊ ဒါမှမဟုတ် ကိုယ့်ဆံပင်က ဆံပင်ဖြူတွေမပေါ်စေချင်လို့ အရောင်ဆိုးမယ်ဆိုရင် သင့်အနေနဲ့ ဘယ်ကာလာတွေက ကိုယ့်ရုပ်ကို ပိုရင့်သွားစေနိုင်သလဲဆိုတဲ့အချက်လေး သိထားရင် ပိုအဆင်ပြေပါလိမ့်မယ်။ အမျိုးသမီးအများစုဟာ ကိုယ်နဲ့လိုက်ဖက်လား၊ မလိုက်ဖက်လားမသိတဲ့ ကာလာတွေ ရွေးချယ်ဆိုးတတ်ကြပြီး ဒါကို အလှပြင်ဆိုင်တွေကလည်း အရောင်ကူရွေးပေးတာ၊ မလိုက်ဖက်တဲ့ကာလာတွေ ပြောပြတာမျိုုး မရှိသလောက်ရှားပါတယ်။

၁။ အရောင်ကိုတစ်ညီတည်းဆိုးခြင်း
သာမာန်ဆံပင်တွေမှာ မတူညီကွဲပြားတဲ့ အရောင်တွေရှိနေပါတယ်။  ဖျော့တဲ့နေရာကဖျော့ပြီး၊ ပိုတောက်တဲ့နေရာက တောက်နေတာမျိုးပါ။ ဒီတော့ ကိုယ့်ဆံပင်ကို တစ်ရောင်တည်း ခပ်ရင့်ရင့် ဆိုးတော့မယ်ဆိုရင် သင့်ဆံပင်ကို ကြည့်ရတာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဆံပင်ဆိုးတော့မယ်ဆိုရင် နည်းနည်းဖျော့သွားတဲ့အပိုင်းနဲ့ ရင့်သွားတဲ့အပိုင်း ဆိုပြီး ဆိုးနိုင်မှသာ လူတစ်ယောက်ရဲ့ဆံပင်ဟာ ကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိနေပါလိမ့်မယ်။

၂။ မှောင်လွန်းတဲ့အရောင်ကို ရွေးချယ်ခြင်း
အရောင်ရင့်ရင့်တွေ၊ အမှောင်ဘက်သွားလွန်းတဲ့အရောင်တွေ ဆိုးမယ်ဆိုရင် သင့်မျက်နှာဟာ အိုမင်းရင့်ရော်သလို ဖြစ်သွားတတ်ပါတယ်။ ဒါကိုတော့ ဆံပင်ညှပ်ဆိုင်ကလူတွေ သတိပေးတတ်ကြပါတယ်။ ဒါ့အပြင် မကြာခင်မှာ သင့်ဆံပင်က ဆံပင်ဖြူထွက်လာမယ်ဆိုရင် အမဲရောင်၊ နီညိုအရင့်တွေကြားထဲ ဆံပင်ဖြူတွေက ထင်းထင်းလင်းလင်းရှိနေပါလိမ့်မယ်။

၃။ ဖျော့တော့လွန်းတဲ့အရောင်ကို ရွေးချယ်ခြင်း
အဖြူဘက်သမ်းတဲ့အရောင်၊ ခဲရောင်၊ စတဲ့အရောင်တွေကလည်း လူတိုင်းနဲ့မလိုက်ဖက်ပါဘူး။ အထူးသဖြင့် သူက အရောင်ပြန်ကျသွားတဲ့အချိန်ဆို တော်တော့်ကို ကြည့်ရဆိုးတာမို့ပါ။ ဘယ်လောက်လှတဲ့အရောင်ပဲ ဖြစ်ဖြစ် သူ့ဘာသာသူ လှနေနိုင်ပေမယ့် ကိုယ့်ခေါင်းပေါ်ရောက်ရင် လှပါ့မလားဆိုတာ တစ်ချက်စဉ်းစားကြည့်ဖို့ လိုပါတယ်။

၄။ ကိုယ့်ဆံပင်အရောင်ကို လုံးဝပြောင်းလဲလိုက်ခြင်း
ဆံပင်အရောင်ပြောင်းတယ်ဆိုတာ အရင်ပုံစံနဲ့ခုပုံစံ နှိုင်းယှဉ်တဲ့အခါ ပိုကြည့်ကောင်းသွားအောင် လုပ်တဲ့သဘော၊ ပုံစံအပြောင်းအလဲ လုပ်တဲ့သဘောပါ။ နီညိုရောင်ကြီးကနေ ရွှေရောင်ပြောင်းပစ်လိုက်ခြင်းအားဖြင့် သင်ဟာ တစ်လတစ်ခါ ဆံပင်ညှပ်ဆိုင်ကို ပုံမှန်သွားပြီး ထိန်းသိမ်းမှုတွေ လုပ်ဆောင်ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အရင်ရှိရင်းစွဲအရောင်ထက် အရမ်းနု၊ ရင့်တာကို ပြောင်းလဲလိုက်ခြင်းအားဖြင့် သင့်ဆံပင်တွေ ပျက်စီးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဒီအချက်ကလည်း လူကို ပိုရင့်သလို ဖြစ်သွားစေတဲ့ အချက်ပါပဲ။

၅။ သင့်တော်တဲ့အလှကုန်တွေနဲ့ ဆံပင်ကို ပြန်လည်အားမဖြည့်ခြင်း
ဆံပင်ဆိုးပြီးပြီဆိုတာနဲ့ ခေါင်းလျှော်တဲ့အခါ ဆေးဆိုးဆံပင်တွေအတွက် သီးသန့်ထုတ်ထားတဲ့ အလှကုန်တွေကိုသာ ရွေးချယ်တာ ပိုကောင်းပါလိမ့်မယ်။ မဟုတ်ရင် အရောင်ပြောင်းတာ ထင်ထားတာထက် ပိုမိုမြန်ဆန်သလို ဆံပင်ပျက်စီးခြင်းအတွက်လည်း အာဟာရဓာတ်တွေ ပြန်လည်ဖြည့်တင်းပေးနိုင်မှာ မဟုတ်လို့ပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top