iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ားရည္နဲ႔သစ္ႀကံပုိးေခါက္တုိ႔ အေရာအေႏွာကုိ ကမာၻအႏွံအျပားက ႏုိင္ငံမ်ားမွာ ေရာဂါမ်ားကုိ ကုသေပးႏုိင္တဲဲ႔ ေဆးအသြင္အျဖစ္ သုံးစြဲလ်က္ရွိေနၾကပါတယ္။ ဒီလုိေပါင္းစပ္ေရာေႏွာမႈကေန နာမက်န္းမႈမ်ားကုိ ကုသေပးႏုိင္တဲ႔အျပင္ တျခားေသာေရာဂါမ်ားကုိပါ ကုသႏုိင္ေၾကာင္း က်န္းမာေရးသိပၸံပညာရွင္မ်ားက ေလ့လာေတြ႕ရွိခဲ႔ၾကၿပီး သူတုိ႕ရဲ႕ေတြ႕ရွိခ်က္မ်ားမွ တခ်ိဳ႕ကုိေဖာ္ျပေပးလုိက္ပါတယ္။

 ပထမဆုံးအေနနဲ႔ ေရေႏြးေႏြးေလးထဲမွာ ပ်ားရည္တစ္ဇြန္းရယ္ သစ္ႀကံပုိးေခါက္အမႈန္႔ႏွစ္ဇြန္းရယ္ ေရာေႏွာၿပီး ေန႔စဥ္ေသာက္သုံးေပးမယ္ဆုိ ဆီးအိမ္အတြင္း ဘက္တီးရီးယားပါဝင္ေနမႈကုိ ေလ်ာ့ခ်ေပးႏုိင္ပါတယ္။ ေနာက္ၿပီး ပ်ားရည္နဲ႔ သစ္ႀကံပုိးေခါက္အမႈန္႔တုိ႔ကုိ ေရာေႏွာၿပီး ေပါင္မုန္႔ေတြေပၚမွာ ယုိအျဖစ္သုပ္စားမယ္ဆိုရင္ေတာ့ ကုိယ္အတြင္းမွာ မေကာင္းတဲ႔ ကုိလက္စေရာေတြကုိ ေလ်ာ့ခ်ေပးႏုိင္ၿပီး နွလုံးေရာဂါကုိပါ တားဆီးေပးႏုိင္ပါတယ္။

 သြားကုိက္ေဝဒနာ ခံစားေနရတဲ႔အခါမ်ိဳးမွာဆုိရင္ေတာ့ သစ္ႀကံပုိးေခါက္အမႈန္႔တစ္ဇြန္းနဲ႔ ပ်ားရည္ငါးဇြန္းတုိ႔ကုိ ေရာေႏွာၿပီး ကုိက္ခဲေနတဲ႔ သြားေနရာမွာ တစ္ေန႔ကုိသုံးႀကိမ္ခန္႔ေလာက္ လိမ္းေပးျခင္းအားျဖင့္ သြားကုိက္ခဲျခင္းကုိ သက္သာေစႏုိင္ပါတယ္။ ေနာက္ထပ္ အသုံးဝင္ပုံတစ္ခုအေနနဲ႔ ထမင္းမစားခင္ ပ်ားရည္နဲ႔သစ္ႀကံပုိးေခါက္ အေရာအေႏွာေလးကို မွီဝဲေပးပါက အစာေျခစနစ္ကုိ ေကာင္းမြန္ေစႏုိင္ပါတယ္။

  ဆက္လက္ၿပီး ေဖာ္ျပခ်င္တာကေတာ့ မ်က္ႏွာေပၚမွာ ဝက္ၿခံေတြမ်ားလုိ႔ စိတ္ညစ္ေနတဲ႔သူေတြအတြက္ ေဆးနည္းေလးျဖစ္ပါတယ္။ ပ်ားရည္ကုိ စားပြဲဇြန္းသုံးဇြန္းစာနဲ႔ သစ္ႀကံပုိးေခါက္တစ္ဇြန္းစာကုိ ေရာေႏွာၿပီး ညအိပ္ရာဝင္တဲ႔အခါမွာ လိမ္းေပးရမွာျဖစ္ပါတယ္။ ဒီလုိ ညအိပ္ရာဝင္တုိင္းလိမ္းေပးၿပီး မနက္မုိးလင္းတဲ႕အခါ မ်က္ႏွာသစ္ေပးျခင္းကုိ ပုံမွန္ျပဳလုပ္ေပးသြားမယ္ဆုိရင္ ႏွစ္ပတ္အတြင္းမွာပဲ ဝက္ၿခံေတြနည္းပါးသြားႏုိင္တယ္လုိ႔ ေလ့လာမႈမ်ားကေန သိရွိခဲ႔ရပါတယ္။

  ကုိယ္အေလးခ်ိန္ထိန္းသိမ္းခ်င္သူေတြကေတာ့ ေရေႏြးရယ္ ပ်ားရည္ရယ္ သစ္ႀကံပုိးေခါက္အမႈန္႔ရယ္ကုိ ေရာေႏွာၿပီး ညအိပ္ရာမဝင္ခင္မွာ ပုံမွန္ေသာက္သုံးေပးသြားရမွာျဖစ္ပါတယ္။ ဒီလုိသာ ပုံမွန္ေသာက္သုံးသြားမယ္ဆုိရင္ ကယ္လုိရီပမာဏမ်ားတဲ႔ အစားေတြကုိ စားသုံးေနရင္ေတာင္မွ ကုိယ္အတြင္း အဆီပုိမရွိေအာင္ လုပ္ေဆာင္ေပးႏုိင္တယ္လုိ႔ ေလ့လာခ်က္မ်ားအရ သိရွိခဲ႔ရပါတယ္ခင္ဗ်ာ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : thithtoolwin

#Unicode Version

 ပျားရည်နဲ့သစ်ကြံပိုးခေါက်တို့ အရောအနှောကို ကမ္ဘာအနှံအပြားက နိုင်ငံများမှာ ရောဂါများကို ကုသပေးနိုင်တဲ့ ဆေးအသွင်အဖြစ် သုံးစွဲလျက်ရှိနေကြပါတယ်။ ဒီလိုပေါင်းစပ်ရောနှောမှုကနေ နာမကျန်းမှုများကို ကုသပေးနိုင်တဲ့အပြင် တခြားသောရောဂါများကိုပါ ကုသနိုင်ကြောင်း ကျန်းမာရေးသိပ္ပံပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပြီး သူတို့ရဲ့တွေ့ရှိချက်များမှ တချို့ကိုဖော်ပြပေးလိုက်ပါတယ်။

 ပထမဆုံးအနေနဲ့ ရေနွေးနွေးလေးထဲမှာ ပျားရည်တစ်ဇွန်းရယ် သစ်ကြံပိုးခေါက်အမှုန့်နှစ်ဇွန်းရယ် ရောနှောပြီး နေ့စဉ်သောက်သုံးပေးမယ်ဆို ဆီးအိမ်အတွင်း ဘက်တီးရီးယားပါဝင်နေမှုကို လျော့ချပေးနိုင်ပါတယ်။ နောက်ပြီး ပျားရည်နဲ့ သစ်ကြံပိုးခေါက်အမှုန့်တို့ကို ရောနှောပြီး ပေါင်မုန့်တွေပေါ်မှာ ယိုအဖြစ်သုပ်စားမယ်ဆိုရင်တော့ ကိုယ်အတွင်းမှာ မကောင်းတဲ့ ကိုလက်စရောတွေကို လျော့ချပေးနိုင်ပြီး နှလုံးရောဂါကိုပါ တားဆီးပေးနိုင်ပါတယ်။

 သွားကိုက်ဝေဒနာ ခံစားနေရတဲ့အခါမျိုးမှာဆိုရင်တော့ သစ်ကြံပိုးခေါက်အမှုန့်တစ်ဇွန်းနဲ့ ပျားရည်ငါးဇွန်းတို့ကို ရောနှောပြီး ကိုက်ခဲနေတဲ့ သွားနေရာမှာ တစ်နေ့ကိုသုံးကြိမ်ခန့်လောက် လိမ်းပေးခြင်းအားဖြင့် သွားကိုက်ခဲခြင်းကို သက်သာစေနိုင်ပါတယ်။ နောက်ထပ် အသုံးဝင်ပုံတစ်ခုအနေနဲ့ ထမင်းမစားခင် ပျားရည်နဲ့သစ်ကြံပိုးခေါက် အရောအနှောလေးကို မှီဝဲပေးပါက အစာခြေစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။

  ဆက်လက်ပြီး ဖော်ပြချင်တာကတော့ မျက်နှာပေါ်မှာ ဝက်ခြံတွေများလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဆေးနည်းလေးဖြစ်ပါတယ်။ ပျားရည်ကို စားပွဲဇွန်းသုံးဇွန်းစာနဲ့ သစ်ကြံပိုးခေါက်တစ်ဇွန်းစာကို ရောနှောပြီး ညအိပ်ရာဝင်တဲ့အခါမှာ လိမ်းပေးရမှာဖြစ်ပါတယ်။ ဒီလို ညအိပ်ရာဝင်တိုင်းလိမ်းပေးပြီး မနက်မိုးလင်းတဲ့အခါ မျက်နှာသစ်ပေးခြင်းကို ပုံမှန်ပြုလုပ်ပေးသွားမယ်ဆိုရင် နှစ်ပတ်အတွင်းမှာပဲ ဝက်ခြံတွေနည်းပါးသွားနိုင်တယ်လို့ လေ့လာမှုများကနေ သိရှိခဲ့ရပါတယ်။

  ကိုယ်အလေးချိန်ထိန်းသိမ်းချင်သူတွေကတော့ ရေနွေးရယ် ပျားရည်ရယ် သစ်ကြံပိုးခေါက်အမှုန့်ရယ်ကို ရောနှောပြီး ညအိပ်ရာမဝင်ခင်မှာ ပုံမှန်သောက်သုံးပေးသွားရမှာဖြစ်ပါတယ်။ ဒီလိုသာ ပုံမှန်သောက်သုံးသွားမယ်ဆိုရင် ကယ်လိုရီပမာဏများတဲ့ အစားတွေကို စားသုံးနေရင်တောင်မှ ကိုယ်အတွင်း အဆီပိုမရှိအောင် လုပ်ဆောင်ပေးနိုင်တယ်လို့ လေ့လာချက်များအရ သိရှိခဲ့ရပါတယ်ခင်ဗျာ။



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : thithtoolwin

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top