iMyanmarHouse.com - Best Property Website for Myanmar
×

သြားက်န္းမာေရးလိုက္စားျခင္းသည္ ေကာင္းမြန္ေသာ အေလ့အက်င့္ျဖစ္သလို ၊ သြားမ်ားတြင္ ျပႆနာတစ္ခု ခုျဖစ္ပါက ၊ မေမွ်ာ္ မွန္းႏိုင္ေလာက္ေသာ နာက်င္ကိုက္ခဲမႈတို ့အျပင္ စိတ္ဖိစီးမႈမ်ားလည္း ျဖစ္ေစ တတ္ေပရာ ၊ ေအာက္ပါနည္းလမ္းအသြယ္သြယ္တို ့ ျဖင့္ ဆင္ျခင္ေနထိုင္ၾကပါေစေၾကာင္း မွ်ေ၀ လိုက္ရပါသည္။
(၁) ဖလူအိုရိုက္(ဒ္)ျဒပ္ေပါင္းပါေသာ သြားတိုက္ေဆးျဖင့္ တေန ့လွ်င္ အနည္းဆံုး ႏွစ္ၾကိမ္ မွ် သြားတိုက္ေသာ အေလ့အက်င့္ ေကာင္းကို ေမြးျမဴသင့္သည္ ။ ညအိပ္ယာ၀င္ခါနီးသြားတိုက္ျခင္းသည္ သြားႏွင့္ခံတြင္းကို တညတာလံုးသန္ ့ရွင္းေစသလို ၊ ေန ့ လည္ဘက္ အစာစားျပီးတိုင္း သြားတိုက္ျခင္း ကလည္း ခ်ိဳးကပ္ေနေသာသြားေခ်းမ်ားႏွင့္ အစာေဟာင္းအပိုင္း အစမ်ားမွ အဆိပ္ အေတာက္ကင္းေစကာ သြားမ်ားပ်က္စီးျခင္းမွကာကြယ္ေပးသည္။

(၂) မွန္ကန္ေသာ သြားတိုက္နည္းပံုစံမွာ- (က) သြား၏ ေနာက္ေက်ာဘက္ျခမ္းႏွင့္ သြားဖံုးမ်ားတြင္ ဗက္တီးရီးယားႏွင့္အတူ သြား ေခ်းမ်ား ေက်ာက္တည္တတ္သျဖင့္ သြားတိုက္တံကို လက္ျဖင့္ ၄၅ ဒီဂရီ ေစာင္း၍ ေဒါင္လိုက္တိုက္ေပးသင့္သည္ (ခ) သြားႏွင့္ သြားေျခတို ့ကို စက္၀ိုင္းပံုသ႑ာန္ျဖင့္ ခပ္မွန္မွန္အားဖိ၍တိုက္ေပးရမည္ (ဂ) ခပ္ၾကမ္းၾကမ္းတိုက္ပါက သြားဖံုးကို ပြတ္ျခစ္မိကာ ေသြး ထြက္ေစႏိုင္သလို ၊ ခပ္ဖြဖြတိုက္လွွ်င္လည္း သြားေခ်းမစင္တတ္ပါ (ဃ) အခ်ိန္ ႏွစ္မိနစ္ၾကာေအာင္ ခံတြင္းထဲရွိ သြားအား လံုးကို ေရွ ့-ေနာက္-အေပၚဘက္ေပါင္းစံုတိုက္ပါ၊ သို ့ေသာ္ သြားတိုက္ေဆးေတြ လံုး၀ကုန္စင္သြားသည္အထိ ေရမ်ားမ်ားျဖင့္ ပလုပ္မက်င္းပါႏွင့္ (င) သြားတိုက္ျပီးတိုင္း ခံတြင္း သန္ ့စင္ ရည္သံုးသည့္ အေလ့အက်င့္ေကာင္းကိုေမြးျမဴပါ (စ) ရင္ေသြးငယ္မ်ား အား သြားစေပါက္ေသာ အရြယ္မွစတင္၍ သြားတုိက္ေပးသင့္ပါသည္။

(၃) သြားၾကားသန္ ့ရွင္းရန္သံုးသည့္ခ်ည္မွ်င္ (သို ့) သြားၾကားထိုးသြားတိုက္တံ အကူအညီယူ၍ သြားၾကိဳ သြားၾကား ႏွင့္ သြားေျခ (သြားေအာက္ေျခ)တို ့ ကို သန္ ့ရွင္းေပးရပါမည္ ။ သြားတိုက္ေဆးမသံုးဘဲ သြား တိုက္တံအေျခာက္ျဖင့္ တိုက္ေပး၍ ပလုပ္က်င္း ျခင္းကလည္း ခ်ိဳးကပ္ေနေသာသြားေခ်းမ်ားကို ဖယ္ရွားေပးႏိုင္သည္ ။

(၄) သြားတိုက္သည့္အခါတိုင္း သြားတိုက္တံ (သို ့) လွွ်ာျခစ္တံကိုသံုး၍ တိုက္ေပးျခင္းျဖင့္ လွ်ာေပၚရွိ အရိအရြဲမ်ားကို ဖယ္ရွား ေပးျပီး၊ ခြ်ဲကပ္ျခင္းႏွင့္ ခံတြင္းရနံ ့ဆိုးျခင္း ပေပ်ာက္ကာ၊ အရသာအာရံုကိုလည္း ပြင့္လာေစပါသည္။

(၅) သြားမ်ားပ်က္စီးေစသည့္ အဓိကအေၾကာင္းရင္းထဲတြင္ သြားတိုက္ေဆးသည္လည္း တခုု အပါ အ၀င္ျဖစ္၏ ။ ထို ့ေၾကာင့္ မိမိႏွင့္ ဓာတ္တဲ့ေသာ သြားတိုက္ေဆးကိုသာ ေရြးခ်ယ္တတ္ရပါမည္ ။ ခံတြင္းသန္ ့ရွင္းေစရန္ သြားတိုက္ေဆး အမ်ားၾကီး သံုးစရာမလိုပါ။ သြားတိုက္တံကို သံုးလလွ်င္ တစ္ၾကိမ္မွ် အသစ္လဲလွယ္ေပးပါ။

(၆) သြားတိုက္တံၾကမ္းၾကမ္းသည္ အေပၚယံေၾကြသြားအလႊာကို ပါးလႊာ၍အစင္းေၾကာင္းထင္ေစႏိုင္သလို၊ အလြန္အမင္း မာ ေက်ာေသာပစၥၫ္းမ်ားကို ကိုက္ျဖတ္ျခင္းႏွင့္ သြားေဖာက္၍အလွဆင္ျခင္းတို ့ကလည္း သြားမ်ားအလြယ္တကူ က်ိဳးပဲ့ေစႏိုင္ သည္ ။

(၇) သန္ ့ရွင္းမႈမရွိေသာ သြားၾကားထိုးတံသည္ သြားဖံုကိုေရာဂါရေစႏိုင္သည္။

(၈) အဆက္မျပတ္္ သြားရည္စာ စားျခင္းကလည္း သြားေခ်းတက္၍၊ သြားအေခါငး္ေပါက္ျဖစ္လာေစသလို၊ သၾကား/ကပ္ေစးႏွဲ (သို ့) အခ်ိဳဓာတ္ကဲေသာ အစားအစာမ်ားကလည္း သြား၏ေၾကြသားအေပၚယံလႊာကို ပ်က္စီးေစ၏။ မာေက်ာေသာ အေစ့အဆံ မ်ားကို ေလ်ာ့စားေပးျခင္းျဖင့္ အံသြားမ်ားပက္ၾကားအက္ျခင္းမွ ၾကိဳတင္ကာကြယ္ရာေရာက္သည္။

(၉) အခ်ိဳရည္ျဖင့္ အာလုပ္က်င္းျခင္းသည္ သြားမ်ားကိုထိခိုက္ေစသျဖင့္ အရည္စုပ္တံျဖင့္ေသာက္ပါ ။ ေဖ်ာ္ရည္ထဲတြင္ ပါရွိေသာ အက္ဆစ္ဓာတ္မ်ားသည္ သြားကိုထိခိုက္ေစသျဖင့္ အနည္းငယ္မွ် သာေသာက္သံုးသင့္သည္ ။ အခ်ိဳ/အခ်ဥ္ႏွင့္ ေဖ်ာ္ရည္မ်ားကို စားေသာက္ျပီးေနာက္ ေရျဖင့္ဦးစြာ ပလုပ္က်င္းျပီးမွသာ သြားတိုက္ေပးသင့္သည္ ။ သို ့မဟုတ္ပါက သြားက်ဥ္၍ေၾကြသားကို ထိခိုက္ေစသည္ ။

(၁၀) Bulimia(ေခၚ)အခ်ိန္တိုအတြင္းအစားအေသာက္မ်ားမ်ားစားျပီး အန္ထုတ္ပစ္တတ္ေသာစရိုက္သည္ အစာအိမ္ထဲမွ ထြက္ ရွိလာေသာ အက္ဆစ္ေၾကာင့္ သြားမ်ားကို အၾကီးအက်ယ္ထိခိုက္ေစႏိုင္သည္။

(၁၁) ထမင္းစားျပီးတိုင္း အခ်ိဳဓာတ္မပါေသာ(သို ့)အခ်ိဳနဲေသာ ပီေက၀ါးစားျခင္းသည္ သြားၾကား ညပ္ျခင္း မ်ားကို သန္ ့စင္ေစရံု သာမက ၊ အာခံတြင္းလည္းမေျခာက္ေစပါ ။ သို ့ေသာ္ ပီေကကိုအဆက္မျပတ္ တေနကုန္နီးပါး ၀ါးျခင္းက သြားအေခါင္းေပါက္ ျဖစ္ ေစႏိုင္သည္။

(၁၂) သြားႏွင့္ခံတြင္းက်န္းမာေရးအတြက္ ၆-လ လွ်င္ တစ္ၾကိမ္ သြားဆရာ၀န္ျဖင့္ ပံုမွန္စစ္ေဆးမႈ ခံယူသင့္သည္ ။ အခ်ိဳ ့ေသာ ပဋိ ဇီ၀ေဆးမ်ားသည္ သြားဖံုးေသြးယို၍ အနာတရေရာင္ ကိုင္းေစသည့္ အတြက္ ဆရာ၀န္ႏွင့္ေဆြးေႏြးတိုင္ပင္ျပီးမွ ေသာက္သင့္ သည္ ။

(၁၃) ေလးညွင္းပြင့္အဆီ(သို ့)ဂ်င္းအႏွစ္(သို ့)ကုလားေအာ္သီးကဲ့သို ့ အလြန္စပ္ေသာ ငရုပ္သီးအမႈန္ ့တို ့ ကလည္း သြားကိုက္ ခဲနာက်င္ျခင္းကို သက္သာေစ၏ ။ သို ့ေသာ္ သြားဖံုးႏွင့္ လွ်ာတို ့တြင္ မလိုလား အပ္ေသာ အပူ ေလာင္မႈမ်ား မျဖစ္ေစရန္ သတိျပဳ ၍ အသံုးျပဳပါ ။ သဘာ၀ ဖလူအိုရိုက္ (ဒ္)ခံတြင္း သန္ ့စင္ေဆးရည္အျဖစ္ လၻက္စိမ္းရည္ ျဖင့္ အာလုပ္က်င္းေပးႏိုင္သည္။

(၁၄) ႏွလံုးေရာဂါ ၊ ေလျဖတ္ျခင္း ၊ ဆီးခ်ိဳ ႏွင့္ ေပါင္မျပည့္ေသာ ကေလးငယ္ကို အခ်ိန္မတိုင္မီ ေမြး ဖြားျခင္းတို ့သည္ သြားေရာဂါ ႏွင့္ ဆက္စပ္လွ်က္ရွိေၾကာင္း ႏိုင္ငံတကာသြား ဘက္ဆိုင္ရာပါရဂူမ်ားက အၾကံျပဳထားၾကသည္ ။

(၁၅) သြားကင္ဆာျဖစ္ေစႏုိင္ေသာ ၉၀ ရာခိုင္ႏႈန္း အေၾကာင္းရင္းမွာ ေဆးလိပ္ေသာက္ျခင္း ၊ အရက္ေသာက္ျခင္း ၊ ကြမ္းစားျခင္း ၊ အပူအစပ္မ်ား အလြန္အကြ်ံစားျခင္းႏွင့္ ဆက္စပ္မႈရွိေၾကာင္း ၊ သြာပိုးခ်ျခင္းမွာ နည္မွန္လမ္းမွန္မဟုတ္ေၾကာင္း ၊ ေခါင္းရွည္ကဲ႔သုိ႔ သြားအတြင္း အမွဳန္႔မ်ားထည့္ျခင္း ကလည္း မွန္ကန္ေသာကုသနည္းမဟုတ္ဘဲ ၊ ထိုအမွဳန္႔မ်ား အစာအိမ္အတြင္းသုိ႔ အလြန္အကြ်ံ ၀င္ေရာက္ပါက အစာအိမ္ေပါက္သြားႏုိင္ေၾကာင္း သြားသုေတသီမ်ားက အၾကံျပဳထားသည္ ။

(၁၆) သြားမ်ားျဖဴ၀င္းေစရန္အတြက္ ရက္သတၱ ၁-ပတ္လွ်င္ ၄-ၾကိမ္မွ် သီးေမႊးဌက္ေပ်ာ္သီးအခြံ၏ အတြင္းသားျဖင့္ သြား မ်ားကို ပြတ္တိုက္ေပးပါ။
သြားက်န္းမာေရးအတြက္ စားသံုးသင့္ေသာ အစားအစာမ်ား။
ပံုမွန္သြားတိုက္ျခင္းအပါအ၀င္ အထက္ပါနည္းလမ္းေကာင္းမ်ားသည္ သြားက်န္းမာေရးအတြက္ လံုေလာက္ေသာ္လည္း၊ သြား အေခါင္းေပါက္ျဖစ္ျခင္း၊ သြားပိုးစားျခင္း ႏွင့္ ခံတြင္းနံ ့ေကာင္းမြန္ေစ ရန္တို ့အတြက္ကိုလည္း မိမိေန ့စဥ္စားေသာက္ေသာ အစား စာမ်ားက အက်ိဳးေက်းဇူးေကာင္းမ်ားစြာကို ပံ့ပိုးေပးနိုင္သည္။
(က) ပန္းေဂၚဖီစိမ္း၊ မုန္ညင္းရြက္၊ ကိုက္လန္၊ ရံုးပတီသီး ႏွင့္ အျခားအစိမ္းရင့္ေရာင္ရွိသည့္ ဟင္းရြက္မ်ားထဲတြင္ ဗီတာမင္ႏွင့္ သတၱဳဓာတ္မ်ားစြာ ပါ၀င္ေနသျဖင့္ ပံုမွန္စားေပးသင့္သည္။
(ခ) သြား၏ အေပၚယံလႊာ ေၾကြရည္ကို ကာကြယ္ေပးနိင္ေသာ သတၱဳဓာတ္တစ္မ်ိဳးျဖစ္သည့္ ေဖာ့စဖရိတ္ပါေသာ အသား၊ ငါး ႏွင့္ တို ့ဟူးတို ့ကို စားေပးသင့္သည္။
(ဂ) အဆီနည္းေသာ ခ်ိစ္ ႏွင့္ အဆီမပါသည့္ ဒိန္ခ်ဥ္တို ့ကို ေသာက္သံုးေပးျခင္းက၊ သြားမ်ားအတြက္ လိုအပ္ေသာ သတၱဳဓာတ္ မ်ား ရရွိေစနိုင္ျပီး သြားေၾကြရည္ကို ကာကြယ္ေပးနိင္သည္္။ ခ်ိစ္ထဲတြင္ သြားေၾကြရည္ေတြကို အားေကာင္းလာေစေသာ ပရိုတင္း ဓာတ္တစ္မ်ိဳးလည္း ပါရွိေနသည္။
(ဃ) ႏြားႏို ့ အပါအ၀င္ ႏို ့ထြက္ပစၥည္းမ်ား ႏွင့္ ၾကက္ဥအႏွစ္ေတြထဲတြင္ ကယ္လ္စီယမ္ ႏွင့္ ဗီတာမင္ဓာတ္ အေျမာက္အမ်ား ပါ၀င္ေန၍ သြားမ်ားကို အားေကာင္းေစသည္။
(င) တၾကြပ္ၾကြပ္၀ါးစားနိုင္ေသာ ဟင္းသီးဟင္းရြက္မ်ား ႏွင့္ သစ္သီးမ်ားတြင္ ေရဓာတ္မ်ားစြာပါ၀င္ေနၾကျပီး၊ သြားမ်က္ႏွာျပင္မ်ား ကုိ ပြတ္တိုက္ကာ တံေတြးစီးဆင္းမႈ အားေကာင္းေစနိုင္သျဖင့္ ၄င္းတို ့ကို ခံတြင္းက်န္းမာေရးအတြက္ ပံုမွန္စားေပးသင့္သည္။
(စ) မုန္လာဥ၊ ပန္းသီး ႏွင့္ တရုပ္နံနံၾကီးတို ့လို အသီးအႏွံမ်ား စားေပးျခင္းျဖင့္ သြားမ်ားကိုျဖဴေဖြးေစျပီး ခံတြင္းေထာင့္ေနရာမ်ား အားလံုးမွ စားၾကြင္းစားက်န္မ်ားကို ရွင္းလင္းေပးသည္။
(ဆ) အစားအစာထဲတြင္ပါ၀င္ေသာ အက္ဆစ္ဓာတ္မ်ားကို အမ္ဇိုင္းပါ၀င္သည့္ တံေတြးမ်ားက ကာကြယ္ေပးေလ့ရွိသည္။
(ဇ) ေသာက္ေရ၊ အာလူး၊ တို ့ဟူး၊ ပဲသီး၊ ေကာက္ႏွံပင္၊ ေကြကာ အုပ္၊ ဂံ်ဳ၊ စပါး၊ ေျပာင္း တို ့သည္ သြားက်န္းမာေရးအတြက္ အေကာင္းဆံုးအစားအစာမ်ားျဖစ္ၾကသည္။
(သတိျပဳရန္)
သြားက်န္းမာေရးအတြက္ စပ်စ္သီးေျခာက္၊ ဇီးသီးေျခာက္ ႏွင့္ အာလူးေျခာက္ေၾကာ္တို ့ အလြန္အကြ်ံစားျခင္းမွ ေရွာင္ၾကဥ္ပါ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : thithtoolwin

#Unicode Version

သွားကျန်းမာရေးလိုက်စားခြင်းသည် ကောင်းမွန်သော အလေ့အကျင့်ဖြစ်သလို ၊ သွားများတွင် ပြဿနာတစ်ခု ခုဖြစ်ပါက ၊ မမျှော် မှန်းနိုင်လောက်သော နာကျင်ကိုက်ခဲမှုတို့အပြင် စိတ်ဖိစီးမှုများလည်း ဖြစ်စေ တတ်ပေရာ ၊ အောက်ပါနည်းလမ်းအသွယ်သွယ်တို့ ဖြင့် ဆင်ခြင်နေထိုင်ကြပါစေကြောင်း မျှေ၀ လိုက်ရပါသည်။
(၁) ဖလူအိုရိုက်(ဒ်)ဒြပ်ပေါင်းပါသော သွားတိုက်ဆေးဖြင့် တနေ့လျှင် အနည်းဆုံး နှစ်ကြိမ် မျှ သွားတိုက်သော အလေ့အကျင့် ကောင်းကို မွေးမြူသင့်သည် ။ ညအိပ်ယာဝင်ခါနီးသွားတိုက်ခြင်းသည် သွားနှင့်ခံတွင်းကို တညတာလုံးသန့်ရှင်းစေသလို ၊ နေ့ လည်ဘက် အစာစားပြီးတိုင်း သွားတိုက်ခြင်း ကလည်း ချိုးကပ်နေသောသွားချေးများနှင့် အစာဟောင်းအပိုင်း အစများမှ အဆိပ် အတောက်ကင်းစေကာ သွားများပျက်စီးခြင်းမှကာကွယ်ပေးသည်။

(၂) မှန်ကန်သော သွားတိုက်နည်းပုံစံမှာ- (က) သွား၏ နောက်ကျောဘက်ခြမ်းနှင့် သွားဖုံးများတွင် ဗက်တီးရီးယားနှင့်အတူ သွား ချေးများ ကျောက်တည်တတ်သဖြင့် သွားတိုက်တံကို လက်ဖြင့် ၄၅ ဒီဂရီ စောင်း၍ ဒေါင်လိုက်တိုက်ပေးသင့်သည် (ခ) သွားနှင့် သွားခြေတို့ကို စက်ဝိုင်းပုံသဏ္ဍာန်ဖြင့် ခပ်မှန်မှန်အားဖိ၍တိုက်ပေးရမည် (ဂ) ခပ်ကြမ်းကြမ်းတိုက်ပါက သွားဖုံးကို ပွတ်ခြစ်မိကာ သွေး ထွက်စေနိုင်သလို ၊ ခပ်ဖွဖွတိုက်လှျှင်လည်း သွားချေးမစင်တတ်ပါ (ဃ) အချိန် နှစ်မိနစ်ကြာအောင် ခံတွင်းထဲရှိ သွားအား လုံးကို ရှေ့-နောက်-အပေါ်ဘက်ပေါင်းစုံတိုက်ပါ၊ သို့သော် သွားတိုက်ဆေးတွေ လုံးဝကုန်စင်သွားသည်အထိ ရေများများဖြင့် ပလုပ်မကျင်းပါနှင့် (င) သွားတိုက်ပြီးတိုင်း ခံတွင်း သန့်စင် ရည်သုံးသည့် အလေ့အကျင့်ကောင်းကိုမွေးမြူပါ (စ) ရင်သွေးငယ်များ အား သွားစပေါက်သော အရွယ်မှစတင်၍ သွားတိုက်ပေးသင့်ပါသည်။

(၃) သွားကြားသန့်ရှင်းရန်သုံးသည့်ချည်မျှင် (သို့) သွားကြားထိုးသွားတိုက်တံ အကူအညီယူ၍ သွားကြို သွားကြား နှင့် သွားခြေ (သွားအောက်ခြေ)တို့ ကို သန့်ရှင်းပေးရပါမည် ။ သွားတိုက်ဆေးမသုံးဘဲ သွား တိုက်တံအခြောက်ဖြင့် တိုက်ပေး၍ ပလုပ်ကျင်း ခြင်းကလည်း ချိုးကပ်နေသောသွားချေးများကို ဖယ်ရှားပေးနိုင်သည် ။

(၄) သွားတိုက်သည့်အခါတိုင်း သွားတိုက်တံ (သို့) လှျှာခြစ်တံကိုသုံး၍ တိုက်ပေးခြင်းဖြင့် လျှာပေါ်ရှိ အရိအရွဲများကို ဖယ်ရှား ပေးပြီး၊ ချွဲကပ်ခြင်းနှင့် ခံတွင်းရနံ့ဆိုးခြင်း ပပျောက်ကာ၊ အရသာအာရုံကိုလည်း ပွင့်လာစေပါသည်။

(၅) သွားများပျက်စီးစေသည့် အဓိကအကြောင်းရင်းထဲတွင် သွားတိုက်ဆေးသည်လည်း တခုု အပါ အဝင်ဖြစ်၏ ။ ထို့ကြောင့် မိမိနှင့် ဓာတ်တဲ့သော သွားတိုက်ဆေးကိုသာ ရွေးချယ်တတ်ရပါမည် ။ ခံတွင်းသန့်ရှင်းစေရန် သွားတိုက်ဆေး အများကြီး သုံးစရာမလိုပါ။ သွားတိုက်တံကို သုံးလလျှင် တစ်ကြိမ်မျှ အသစ်လဲလှယ်ပေးပါ။

(၆) သွားတိုက်တံကြမ်းကြမ်းသည် အပေါ်ယံကြွေသွားအလွှာကို ပါးလွှာ၍အစင်းကြောင်းထင်စေနိုင်သလို၊ အလွန်အမင်း မာ ကျောသောပစ္စည်းများကို ကိုက်ဖြတ်ခြင်းနှင့် သွားဖောက်၍အလှဆင်ခြင်းတို့ကလည်း သွားများအလွယ်တကူ ကျိုးပဲ့စေနိုင် သည် ။

(၇) သန့်ရှင်းမှုမရှိသော သွားကြားထိုးတံသည် သွားဖုံကိုရောဂါရစေနိုင်သည်။

(၈) အဆက်မပြတ် သွားရည်စာ စားခြင်းကလည်း သွားချေးတက်၍၊ သွားအခေါင်းပေါက်ဖြစ်လာစေသလို၊ သကြား/ကပ်စေးနှဲ (သို့) အချိုဓာတ်ကဲသော အစားအစာများကလည်း သွား၏ကြွေသားအပေါ်ယံလွှာကို ပျက်စီးစေ၏။ မာကျောသော အစေ့အဆံ များကို လျော့စားပေးခြင်းဖြင့် အံသွားများပက်ကြားအက်ခြင်းမှ ကြိုတင်ကာကွယ်ရာရောက်သည်။

(၉) အချိုရည်ဖြင့် အာလုပ်ကျင်းခြင်းသည် သွားများကိုထိခိုက်စေသဖြင့် အရည်စုပ်တံဖြင့်သောက်ပါ ။ ဖျော်ရည်ထဲတွင် ပါရှိသော အက်ဆစ်ဓာတ်များသည် သွားကိုထိခိုက်စေသဖြင့် အနည်းငယ်မျှ သာသောက်သုံးသင့်သည် ။ အချို/အချဉ်နှင့် ဖျော်ရည်များကို စားသောက်ပြီးနောက် ရေဖြင့်ဦးစွာ ပလုပ်ကျင်းပြီးမှသာ သွားတိုက်ပေးသင့်သည် ။ သို့မဟုတ်ပါက သွားကျဉ်၍ကြွေသားကို ထိခိုက်စေသည် ။

(၁၀) Bulimia(ခေါ်)အချိန်တိုအတွင်းအစားအသောက်များများစားပြီး အန်ထုတ်ပစ်တတ်သောစရိုက်သည် အစာအိမ်ထဲမှ ထွက် ရှိလာသော အက်ဆစ်ကြောင့် သွားများကို အကြီးအကျယ်ထိခိုက်စေနိုင်သည်။

(၁၁) ထမင်းစားပြီးတိုင်း အချိုဓာတ်မပါသော(သို့)အချိုနဲသော ပီကေဝါးစားခြင်းသည် သွားကြား ညပ်ခြင်း များကို သန့်စင်စေရုံ သာမက ၊ အာခံတွင်းလည်းမခြောက်စေပါ ။ သို့သော် ပီကေကိုအဆက်မပြတ် တနေကုန်နီးပါး ဝါးခြင်းက သွားအခေါင်းပေါက် ဖြစ် စေနိုင်သည်။

(၁၂) သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ၆-လ လျှင် တစ်ကြိမ် သွားဆရာဝန်ဖြင့် ပုံမှန်စစ်ဆေးမှု ခံယူသင့်သည် ။ အချို့သော ပဋိ ဇီဝဆေးများသည် သွားဖုံးသွေးယို၍ အနာတရရောင် ကိုင်းစေသည့် အတွက် ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပြီးမှ သောက်သင့် သည် ။

(၁၃) လေးညှင်းပွင့်အဆီ(သို့)ဂျင်းအနှစ်(သို့)ကုလားအော်သီးကဲ့သို့ အလွန်စပ်သော ငရုပ်သီးအမှုန့်တို့ ကလည်း သွားကိုက် ခဲနာကျင်ခြင်းကို သက်သာစေ၏ ။ သို့သော် သွားဖုံးနှင့် လျှာတို့တွင် မလိုလား အပ်သော အပူ လောင်မှုများ မဖြစ်စေရန် သတိပြု ၍ အသုံးပြုပါ ။ သဘာ၀ ဖလူအိုရိုက် (ဒ်)ခံတွင်း သန့်စင်ဆေးရည်အဖြစ် လ္ဘက်စိမ်းရည် ဖြင့် အာလုပ်ကျင်းပေးနိုင်သည်။

(၁၄) နှလုံးရောဂါ ၊ လေဖြတ်ခြင်း ၊ ဆီးချို နှင့် ပေါင်မပြည့်သော ကလေးငယ်ကို အချိန်မတိုင်မီ မွေး ဖွားခြင်းတို့သည် သွားရောဂါ နှင့် ဆက်စပ်လျှက်ရှိကြောင်း နိုင်ငံတကာသွား ဘက်ဆိုင်ရာပါရဂူများက အကြံပြုထားကြသည် ။

(၁၅) သွားကင်ဆာဖြစ်စေနိုင်သော ၉၀ ရာခိုင်နှုန်း အကြောင်းရင်းမှာ ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း ၊ ကွမ်းစားခြင်း ၊ အပူအစပ်များ အလွန်အကျွံစားခြင်းနှင့် ဆက်စပ်မှုရှိကြောင်း ၊ သွာပိုးချခြင်းမှာ နည်မှန်လမ်းမှန်မဟုတ်ကြောင်း ၊ ခေါင်းရှည်ကဲ့သို့ သွားအတွင်း အမှုန့်များထည့်ခြင်း ကလည်း မှန်ကန်သောကုသနည်းမဟုတ်ဘဲ ၊ ထိုအမှုန့်များ အစာအိမ်အတွင်းသို့ အလွန်အကျွံ ဝင်ရောက်ပါက အစာအိမ်ပေါက်သွားနိုင်ကြောင်း သွားသုတေသီများက အကြံပြုထားသည် ။

(၁၆) သွားများဖြူဝင်းစေရန်အတွက် ရက်သတ္တ ၁-ပတ်လျှင် ၄-ကြိမ်မျှ သီးမွှေးဌက်ပျော်သီးအခွံ၏ အတွင်းသားဖြင့် သွား များကို ပွတ်တိုက်ပေးပါ။
သွားကျန်းမာရေးအတွက် စားသုံးသင့်သော အစားအစာများ။
ပုံမှန်သွားတိုက်ခြင်းအပါအဝင် အထက်ပါနည်းလမ်းကောင်းများသည် သွားကျန်းမာရေးအတွက် လုံလောက်သော်လည်း၊ သွား အခေါင်းပေါက်ဖြစ်ခြင်း၊ သွားပိုးစားခြင်း နှင့် ခံတွင်းနံ့ကောင်းမွန်စေ ရန်တို့အတွက်ကိုလည်း မိမိနေ့စဉ်စားသောက်သော အစား စာများက အကျိုးကျေးဇူးကောင်းများစွာကို ပံ့ပိုးပေးနိုင်သည်။
(က) ပန်းဂေါ်ဖီစိမ်း၊ မုန်ညင်းရွက်၊ ကိုက်လန်၊ ရုံးပတီသီး နှင့် အခြားအစိမ်းရင့်ရောင်ရှိသည့် ဟင်းရွက်များထဲတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်နေသဖြင့် ပုံမှန်စားပေးသင့်သည်။
(ခ) သွား၏ အပေါ်ယံလွှာ ကြွေရည်ကို ကာကွယ်ပေးနိင်သော သတ္တုဓာတ်တစ်မျိုးဖြစ်သည့် ဖော့စဖရိတ်ပါသော အသား၊ ငါး နှင့် တို့ဟူးတို့ကို စားပေးသင့်သည်။
(ဂ) အဆီနည်းသော ချိစ် နှင့် အဆီမပါသည့် ဒိန်ချဉ်တို့ကို သောက်သုံးပေးခြင်းက၊ သွားများအတွက် လိုအပ်သော သတ္တုဓာတ် များ ရရှိစေနိုင်ပြီး သွားကြွေရည်ကို ကာကွယ်ပေးနိင်သည်။ ချိစ်ထဲတွင် သွားကြွေရည်တွေကို အားကောင်းလာစေသော ပရိုတင်း ဓာတ်တစ်မျိုးလည်း ပါရှိနေသည်။
(ဃ) နွားနို့ အပါအဝင် နို့ထွက်ပစ္စည်းများ နှင့် ကြက်ဥအနှစ်တွေထဲတွင် ကယ်လ်စီယမ် နှင့် ဗီတာမင်ဓာတ် အမြောက်အများ ပါဝင်နေ၍ သွားများကို အားကောင်းစေသည်။
(င) တကြွပ်ကြွပ်ဝါးစားနိုင်သော ဟင်းသီးဟင်းရွက်များ နှင့် သစ်သီးများတွင် ရေဓာတ်များစွာပါဝင်နေကြပြီး၊ သွားမျက်နှာပြင်များ ကို ပွတ်တိုက်ကာ တံတွေးစီးဆင်းမှု အားကောင်းစေနိုင်သဖြင့် ၎င်းတို့ကို ခံတွင်းကျန်းမာရေးအတွက် ပုံမှန်စားပေးသင့်သည်။
(စ) မုန်လာဥ၊ ပန်းသီး နှင့် တရုပ်နံနံကြီးတို့လို အသီးအနှံများ စားပေးခြင်းဖြင့် သွားများကိုဖြူဖွေးစေပြီး ခံတွင်းထောင့်နေရာများ အားလုံးမှ စားကြွင်းစားကျန်များကို ရှင်းလင်းပေးသည်။
(ဆ) အစားအစာထဲတွင်ပါဝင်သော အက်ဆစ်ဓာတ်များကို အမ်ဇိုင်းပါဝင်သည့် တံတွေးများက ကာကွယ်ပေးလေ့ရှိသည်။
(ဇ) သောက်ရေ၊ အာလူး၊ တို့ဟူး၊ ပဲသီး၊ ကောက်နှံပင်၊ ကွေကာ အုပ်၊ ဂံျု၊ စပါး၊ ပြောင်း တို့သည် သွားကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာများဖြစ်ကြသည်။
(သတိပြုရန်)
သွားကျန်းမာရေးအတွက် စပျစ်သီးခြောက်၊ ဇီးသီးခြောက် နှင့် အာလူးခြောက်ကြော်တို့ အလွန်အကျွံစားခြင်းမှ ရှောင်ကြဉ်ပါ။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : thithtoolwin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top