iMyanmarHouse.com - Best Property Website for Myanmar
×

Facebookကဲ့သို႔ေသာ လူမႈကြန္ရက္ေတာ္ေတာ္မ်ားမ်ားဟာ လူသန္းေပါင္းမ်ားစြာနဲ႔ အကၽြမ္းတ၀င္ ရွိလာၾကပါၿပီ။ သူတို႔ေတြရဲ႔ ေန႔စဥ္ဘ၀ေတြမွာ သူတို႔ကိုယ္တိုင္ေတာင္ မမွတ္မိႏိုင္တဲ့ မိတ္ေဆြသူငယ္ခ်င္းေတြ တစ္ခါမွမသိခဲ့ဖူးတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ပါ ရင္းႏွီးကၽြမ္း၀င္လာၾကပါတယ္။ ဒီလိုနဲ႔ နာရီေပါင္းမ်ားစြာဟာ တၿခားေသာ Facebook အသံုးၿပဳသူေတြေနာက္ လိုက္ရင္း ကုန္လြန္လာၾကပါတယ္။ Facebook ရဲ႔ က်ယ္ၿပန္႔လာတဲ့ ဆြဲေဆာင္မႈေတြေၾကာင့္ပဲ အခ်ိန္တစ္ခုကို က်ေရာက္လို႔လာပါတယ္။ အဲဒါကေတာ့ သင္ကုိယ္တိုင္ ထိန္းေက်ာင္းဖို႔နဲ႔ သင့္ကို ထိန္းေက်ာင္းမခံမိေစဖုိ႔ပါပဲ။ Facebook ကို အသံုးၿပဳရင္း သင့္ရဲ႔ အခ်ိန္ေတြကို ေပ်ာ္ရႊင္စြာ ဘယ္လုိကုန္ဆုံးမလဲဆိုတဲ့ အခ်က္အလက္ တခ်ိဳ႔ကို ေဖာ္ၿပေပးလိုက္ပါတယ္။

၁။ ေတြ႔ၿမင္သမွ် စာေတြ ဓာတ္ပံုေတြ ဗီဒီယိုေတြ တၿခားေသာလင့္ခ္ေတြအတြက္ခ်ည္းပဲ အသံုးမၿပဳပါနဲ႔။
သင့္ကိုယ္ပိုင္လည္းၿဖစ္တဲ့ အဓိပၸာယ္လည္းေလးနက္တဲ့ အေတြးစိတ္ကူးေတြနဲ႔ စတင္ၾကည့္ပါ။ ေနာက္ထပ္ အက်ိဳးေက်းဇူးေတြအေနနဲ႔ကေတာ့ Facebookေပၚက မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ အၿပင္ေလာကမွာ ေတြ႔ဆံုၾကည့္ဖို႔ပါပဲ။ သင္ ေပ်ာ္ရႊင္မွာပါ။

၂။ Shawn Achor ဆိုတဲ့ စိတ္ပညာရွင္ကေတာ့ လူမႈကြန္ရက္ေၾကာင့္ သင့္ကို အေရးပါေစႏိုင္တဲ့ ေၿပာင္းလဲမႈေတြရွိေစႏိုင္ေၾကာင္း သူရဲ႔ The Happiness Advantage ဆိုတဲ့စာအုပ္မွာ ေရးသားေဖာ္ၿပထားပါတယ္။
ေတြ႔ရွိခ်က္ေတြအရေတာ့ သင္က Facebook အသံုးၿပဳရင္း  အခ်ိန္ကုန္တယ္လို႔ ေတြးမိေနတယ္ဆိုရင္ေတာ့ သင့္ကို ေပ်ာ္ရႊင္ႏိုင္မွာ မဟုတ္ပါဘူး။ ဒါေပမဲ့ တစ္ဖက္မွာေတာ့ တၿခားလူေတြအပါအ၀င္ သင့္မိတ္ေဆြ သူငယ္ခ်င္းေတြကို အခါမလပ္ ဆက္သြယ္ေနႏိုင္မွာပဲၿဖစ္ပါတယ္။ ဒါလည္း ေပ်ာ္စရာပဲမဟုတ္လား။

၃။ သင္႔အေနနဲ႔ သင္ဘယ္လုိ အေတြးအေခၚမ်ိဳးေတြ မွ်ေ၀မယ္ဆိုတာရယ္ သင္ဘယ္လိုစာမ်ိဳးေတြဖတ္မယ္ဆိုတာရယ္ကို ထိန္းခ်ဳပ္ထားလို႔ရပါတယ္။
လူပုဂၢိဳလ္တစ္ဦးခ်င္းစီဆီကေန သင္ဘာေတြသိခ်င္သလဲဆိုတာကိုပါ သင္ကိုယ္တိုင္အတြက္ ေရြးခ်ယ္ခြင့္ေပးထားပါေသးတယ္။ ေနာက္ထပ္ Facebookရဲ႔ လုပ္ေဆာင္ႏိုင္စြမ္းတစ္ခုကေတာ့ သင့္မိသားစုေတြ သင့္အရင္းႏွီးဆံုးသူငယ္ခ်င္းေတြ သင့္လုပ္ေဖာ္ကိုင္ဖက္ေတြကိုပါ အစုအဖဲြ႔တစ္ခုခ်င္းစီ စုဖြဲ႔ထားႏိုင္တာပဲၿဖစ္ပါတယ္။ 

၄။ သင္ၾကိဳက္ႏွစ္သက္တဲ့ ဂီတဘန္ေတြ စတိုင္းဆိုင္ေတြ စာေရးဆရာေတြ စသည္ေတြကို Like လုပ္ထားၿခင္းၿဖင့္လည္း သူတို႔ရဲ႔ သတင္းေတြကို အခ်ိန္နဲ႔တေၿပးညီသိရွိေနႏိုင္ဦးမွာၿဖစ္တဲ့အတြက္ သင့္ကို ေပ်ာ္ရႊင္မႈေပးႏိုင္မွာပါ။

၅။ ဟားဗတ္ နဲ႔ ကိုလံဘီယာတကၠသိုလ္ေတြရဲ႔ ေလ့လာေတြ႔ြရွိခ်က္ေတြအရေတာ့ တၿခားေသာ Facebook အသံုးၿပဳသူေတြကို တေလးတစားေၿပာဆိုဆက္ဆံၿခင္းအားၿဖင့္ သင့္ကိုယ္ပိုင္ ေပ်ာ္ရႊင္မႈေတြကို ရရွိလာႏိုင္မွာၿဖစ္ပါတယ္။

နိဂံုးခ်ဳပ္အေနနဲ႔ကေတာ့ သင့္ကို Facebook အစရွိတဲ့ လူမႈကြန္ရက္ေတြက စိတ္ပိုင္းရုပ္ပိုင္းဆိုင္ရာ က်န္းမာေရး ေကာင္းမြန္ေစသလား။ ဆိုး၀ါးေစသလားဆိုတာ သင့္ကိုပဲမူတည္ေနပါေတာ့တယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

Facebookကဲ့သို့သော လူမှုကွန်ရက်တော်တော်များများဟာ လူသန်းပေါင်းများစွာနဲ့ အကျွမ်းတဝင် ရှိလာကြပါပြီ။ သူတို့တွေရဲ့ နေ့စဉ်ဘဝတွေမှာ သူတို့ကိုယ်တိုင်တောင် မမှတ်မိနိုင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေ တစ်ခါမှမသိခဲ့ဖူးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ပါ ရင်းနှီးကျွမ်းဝင်လာကြပါတယ်။ ဒီလိုနဲ့ နာရီပေါင်းများစွာဟာ တခြားသော Facebook အသုံးပြုသူတွေနောက် လိုက်ရင်း ကုန်လွန်လာကြပါတယ်။ Facebook ရဲ့ ကျယ်ပြန့်လာတဲ့ ဆွဲဆောင်မှုတွေကြောင့်ပဲ အချိန်တစ်ခုကို ကျရောက်လို့လာပါတယ်။ အဲဒါကတော့ သင်ကိုယ်တိုင် ထိန်းကျောင်းဖို့နဲ့ သင့်ကို ထိန်းကျောင်းမခံမိစေဖို့ပါပဲ။ Facebook ကို အသုံးပြုရင်း သင့်ရဲ့ အချိန်တွေကို ပျော်ရွှင်စွာ ဘယ်လိုကုန်ဆုံးမလဲဆိုတဲ့ အချက်အလက် တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တွေ့မြင်သမျှ စာတွေ ဓာတ်ပုံတွေ ဗီဒီယိုတွေ တခြားသောလင့်ခ်တွေအတွက်ချည်းပဲ အသုံးမပြုပါနဲ့။
သင့်ကိုယ်ပိုင်လည်းဖြစ်တဲ့ အဓိပ္ပာယ်လည်းလေးနက်တဲ့ အတွေးစိတ်ကူးတွေနဲ့ စတင်ကြည့်ပါ။ နောက်ထပ် အကျိုးကျေးဇူးတွေအနေနဲ့ကတော့ Facebookပေါ်က မိတ်ဆွေသူငယ်ချင်းတွေနဲ့ အပြင်လောကမှာ တွေ့ဆုံကြည့်ဖို့ပါပဲ။ သင် ပျော်ရွှင်မှာပါ။

၂။ Shawn Achor ဆိုတဲ့ စိတ်ပညာရှင်ကတော့ လူမှုကွန်ရက်ကြောင့် သင့်ကို အရေးပါစေနိုင်တဲ့ ပြောင်းလဲမှုတွေရှိစေနိုင်ကြောင်း သူရဲ့ The Happiness Advantage ဆိုတဲ့စာအုပ်မှာ ရေးသားဖော်ပြထားပါတယ်။
တွေ့ရှိချက်တွေအရတော့ သင်က Facebook အသုံးပြုရင်း  အချိန်ကုန်တယ်လို့ တွေးမိနေတယ်ဆိုရင်တော့ သင့်ကို ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ဖက်မှာတော့ တခြားလူတွေအပါအဝင် သင့်မိတ်ဆွေ သူငယ်ချင်းတွေကို အခါမလပ် ဆက်သွယ်နေနိုင်မှာပဲဖြစ်ပါတယ်။ ဒါလည်း ပျော်စရာပဲမဟုတ်လား။

၃။ သင့်အနေနဲ့ သင်ဘယ်လို အတွေးအခေါ်မျိုးတွေ မျှဝေမယ်ဆိုတာရယ် သင်ဘယ်လိုစာမျိုးတွေဖတ်မယ်ဆိုတာရယ်ကို ထိန်းချုပ်ထားလို့ရပါတယ်။
လူပုဂ္ဂိုလ်တစ်ဦးချင်းစီဆီကနေ သင်ဘာတွေသိချင်သလဲဆိုတာကိုပါ သင်ကိုယ်တိုင်အတွက် ရွေးချယ်ခွင့်ပေးထားပါသေးတယ်။ နောက်ထပ် Facebookရဲ့ လုပ်ဆောင်နိုင်စွမ်းတစ်ခုကတော့ သင့်မိသားစုတွေ သင့်အရင်းနှီးဆုံးသူငယ်ချင်းတွေ သင့်လုပ်ဖော်ကိုင်ဖက်တွေကိုပါ အစုအဖွဲ့တစ်ခုချင်းစီ စုဖွဲ့ထားနိုင်တာပဲဖြစ်ပါတယ်။ 

၄။ သင်ကြိုက်နှစ်သက်တဲ့ ဂီတဘန်တွေ စတိုင်းဆိုင်တွေ စာရေးဆရာတွေ စသည်တွေကို Like လုပ်ထားခြင်းဖြင့်လည်း သူတို့ရဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီသိရှိနေနိုင်ဦးမှာဖြစ်တဲ့အတွက် သင့်ကို ပျော်ရွှင်မှုပေးနိုင်မှာပါ။

၅။ ဟားဗတ် နဲ့ ကိုလံဘီယာတက္ကသိုလ်တွေရဲ့ လေ့လာတွေ့ွရှိချက်တွေအရတော့ တခြားသော Facebook အသုံးပြုသူတွေကို တလေးတစားပြောဆိုဆက်ဆံခြင်းအားဖြင့် သင့်ကိုယ်ပိုင် ပျော်ရွှင်မှုတွေကို ရရှိလာနိုင်မှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ကတော့ သင့်ကို Facebook အစရှိတဲ့ လူမှုကွန်ရက်တွေက စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်စေသလား။ ဆိုးဝါးစေသလားဆိုတာ သင့်ကိုပဲမူတည်နေပါတော့တယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top