iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရးဆုိတာ စိတ္ခံစားမႈေတြ အရင္းအႏွီးႀကီးစြာ ျမွဳပ္ႏွံထားရတဲ့အရာပါ။ အခ်စ္ေရးတစ္ခု တည္ေဆာက္တဲ့ေနရာမွာ အားထုတ္မႈေတြလည္း အမ်ားအျပား လုပ္ေဆာင္ရပါေသးတယ္။ အထင္ႀကီးျခင္းနဲ႕ ႏွစ္သက္ေက်နပ္ျခင္းေတြ ရွိတဲ့ ပထမပိုင္းလအနည္းငယ္ ကုန္ဆံုးသြားတဲ့အခါမွာေတာ့ အခ်စ္ေရး ဆုိတာ ထင္သေလာက္ မလြယ္ကူေတာ့ပါဘူး။ အေနေ၀းေနၾကတဲ့ ခ်စ္သူမ်ိဳးေတြအတြက္ဆုိ ပိုလုိ႕ေတာင္မွ ခက္ခဲပါေသးတယ္။ အေျဖရွာၾကည့္တဲ့အခါ အေနေ၀းသူေတြမွာ ခ်စ္ခရီးလမ္းတစ္ခုအတြက္ လိုအပ္တဲ့အရာေတြ မလံုေလာက္တဲ့ အျဖစ္မ်ိဳး ရွိေနၾကပါတယ္။

(၁) လုံေလာက္တဲ့ ဆက္သြယ္မႈ မရရွိျခင္း
ခုိေလးေတြနဲ႕စာပုိ႕တဲ့ေခတ္ မဟုတ္ေတာ့သလို ပီဇာမွာရင္ေတာင္ နာရီ၀က္ထက္ ေနာက္မက်ပဲ အိမ္တုိင္ရာေရာက္ လာပို႔တဲ့ ေခတ္ႀကီးထဲမွာ ဆက္သြယ္မႈ မလံုေလာက္ဘူးလုိ႕ ေျပာလုိက္ရင္ လက္ခံခ်င္ၾကမွာ မဟုတ္ဘူး။ ဟုတ္ပါတယ္။ သင္တုိ႕မွာ စမတ္ဖုန္း ကိုယ္စီရွိၾကပါတယ္။ ေဖ့ဘုတ္စ္ ၊ ဗီဒီယိုခ်က္ အျခားေသာ application ေတြလည္းစံုလို႕။ တစ္ေနကုန္ ဒီapplication ေတြသံုးလုိ႕ စကားေျပာေနတယ္ ဆုိဦး ျပည့္စံုတဲ့ စိတ္ခ်မ္းသာမႈ ရရွိလုိ႕လား။ လအနည္းငယ္အၾကာမွာ ဒီလုိခ်ည္းပဲ အၿမဲတမ္းေ၀းေနမယ္ဆုိရင္ေတာ့ တျခားမွန္ကန္တဲ့နည္းလမ္းတစ္ခု ရွာေဖြၾကည့္ဖို႕ လုိလာၿပီလုိ႕ စတင္ခံစားမိလာပါလိမ့္မယ္။

(၂) ယံုၾကည္ကိုးကြယ္မႈ ကင္းမဲ့လာျခင္း
လိမ္လည္ဖို႕ အခါအခြင့္သင့္ၿပီး အေျခအေနေပးလာတဲ့အခါ သင့္အေနနဲ႕ သူမမသိေသးသေရြ႕ ဘာမွမျဖစ္ႏုိင္ဘူးလုိ႕ ထင္ေနလိမ့္မယ္။ ဒီအခါ သစၥာရွိမႈနဲ႕ တစ္ဦးအေပၚတစ္ဦး ကတိထားမႈေတြဟာ အခ်ိန္တုိင္းမွာ ပ်က္ျပယ္ေနတတ္ပါတယ္။ တစ္လင္တစ္မယားဆုိတဲ့ စနစ္အေပၚမွာ စိန္ေခၚမႈေတြ ရွိလာပါတယ္။ ဒါေတြကို ႀကံ႕ႀကံ႕မခံႏုိင္တဲ့အခါ သင္တုိ႕ရဲ႕ ဆက္ဆံေရးမွာ အဖုအထစ္ေတြ ျဖစ္လာပါေတာ့တယ္။

(၃) အတူတကြ တည္ေဆာက္ႏုိင္ေသာ ေရရာတဲ့အနာဂတ္ မရွိျခင္း
သင့္ရဲ႕ လူေနမႈ ဘ၀ပံုစံ၊ ေရြးခ်ယ္မႈနဲ႕ အနာဂတ္အစီအစဥ္ေတြ ၾကားမွာ ေနာက္ထပ္ ဆံုေတြ႕ႏုိင္ဖုိ႕ ေသခ်ာတဲ့ အေၾကာင္းျပခ်က္မရွိႏုိင္ေတာ့ဘူး။ သင္တုိ႕ရဲ႕ ဘ၀ႏွစ္ခုဟာ မ်ဥ္းၿပိဳင္ေတြလုိ ပဲ ဆံုမွတ္တစ္ခုထားဖုိ႕ ခဲယဥ္းလာတဲ့အခါ ဒီဆက္ဆံေရး ေအးခဲသြားပါလိမ့္မယ္။ ႏွစ္ဦးသားမွာ ဆံုေတြ႕ခ်င္စိတ္ အမွန္တကယ္ ရွိေနၾကတယ္ဆုိဦးေတာ့ အခ်စ္ထက္ ဦးစားေပးရမယ့္ အရာေတြ ဘ၀မွာႀကံဳလာတဲ့အခါ ရင္နာစြာနဲ႕ ဒီလမ္းကို ေရြးခ်ယ္ရတတ္ပါတယ္။

(၄) သံသယေတြ ၀င္လာျခင္း
သူမတကယ္ပဲ အတန္းတက္ေနတယ္လုိ႕ သင္ဘယ္လိုသိႏုိင္မလဲ။ သူမကို အၿမဲတမ္း စိတ္မကုန္ႏုိင္သူ တစ္ေယာက္နဲ႕ ပါတီမွာ ရွိေနတာမ်ားလား။ သူမ လိမ္ေနတာမ်ားလား။ ဒီလုိပဲ အေနေ၀းေနတဲ့ ဆက္ဆံေရးဆုိတာ သံသယေတြမ်ားစြာနဲ႕ ရွိေနတတ္ပါတယ္။ သင္တုိ႕ႏွစ္ဦးရဲ႕ ဆက္သြယ္မႈ မလုံေလာက္ေတာ့တဲ့ အခ်ိန္ကစလုိ႕ သူမရဲ႕ သစၥာရွိမႈ ၊ သံေယာဇဥ္ရွိမႈေတြ အေပၚ အၿမဲလုိလို သံသယ၀င္ေနပါလိမ့္မယ္။

(၅) ဆက္လက္တည္ၿမဲဖို႕ ဆႏၵမရွိေတာ့ျခင္း
ဆယ္ႀကိမ္ စကားေျပာၾကတဲ့အခါ ကိုးႀကိမ္ေလာက္က ရန္ျဖစ္ေနရမယ္။ အေပၚမွာ ေျပာခဲ့တဲ့ အေပ်ာ္ရွာမိတာေတြ ၊ သံသယ၀င္မိတာေတြ ၊ ဆံုေတြ႕ဖုိ႕အခြင့္အလမ္း နည္းပါးလာတာေတြကို အေျခခံလုိ႕ သင္တုိ႕ဟာ တစ္ဦးေပၚတစ္ဦး သည္းခံႏုိင္စြမ္းနဲ႕ ခ်ိဳသာေျပျပစ္စြာ ေျပာဆုိႏုိင္စြမ္းေတြ ကင္းမဲ့လို႕ ေနပါၿပီ။ ၾကာလာေတာ့လည္း ျငင္းခံုရတာေတြ ၊ ရန္ျဖစ္ရတာေတြကို ၿငီးေငြ႕လုိ႕ လာပါၿပီ။ တစ္ဦးအေပၚတစ္ဦး အသည္းခဲြလိုတဲ့ ဆႏၵမရွိၾကေသာ္လည္းပဲ သင္တုိ႔ရဲ႕ ဒီအခ်စ္ေရးႀကီးက အဓိပၸါယ္မဲ့လာတယ္လုိ႕ ထင္ေနၾကပါၿပီ။ ဒီအေျခအေနဟာ ႏွစ္ဦးစလံုးအတြက္ စိတ္ဆင္းရဲစရာ အေျခအေနျဖစ္တာေၾကာင့္ တစ္ေယာက္ေယာက္ကစလို႕ သြားခြင့္ျပဳလုိက္ပါေတာ့။

ဒီေတာ့ အေနေ၀းေနတဲ့ ခ်စ္ျခင္းတစ္ခုကို ျပန္လည္သံုးသပ္ၾကည့္တဲ့အခါ အေရးအႀကီးဆံုး ကေတာ့ သစၥာရွိမႈပါ။ မျမင္ရ ၊ မေတြ႕ရေသာ္လည္းပဲ သူဟာ ကိုယ့္အေပၚ ကတိေတြခ်ိဳးေဖာက္ ေနတယ္ဆုိရင္ အလိုလို ခံစားမိတတ္ၾကပါတယ္။ က်န္တဲ့ကိစၥေတြကေတာ့ အဆင္ေျပေအာင္ တတ္ႏုိင္သမွ် ညွိယူလုိ႕ရၾကမယ္လုိ႕ ထင္ပါတယ္။ ျဖစ္တတ္တဲ့ ျပႆနာေလးေတြ သိထားတဲ့အခါ ႀကိဳတင္ေရွာင္ရွားရင္း ျပင္ဆင္လုိ႕ရႏုိင္ၾကလိမ့္မယ္လုိ႕ ေမွ်ာ္လင့္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အချစ်ရေးဆိုတာ စိတ်ခံစားမှုတွေ အရင်းအနှီးကြီးစွာ မြှုပ်နှံထားရတဲ့အရာပါ။ အချစ်ရေးတစ်ခု တည်ဆောက်တဲ့နေရာမှာ အားထုတ်မှုတွေလည်း အများအပြား လုပ်ဆောင်ရပါသေးတယ်။ အထင်ကြီးခြင်းနဲ့ နှစ်သက်ကျေနပ်ခြင်းတွေ ရှိတဲ့ ပထမပိုင်းလအနည်းငယ် ကုန်ဆုံးသွားတဲ့အခါမှာတော့ အချစ်ရေး ဆိုတာ ထင်သလောက် မလွယ်ကူတော့ပါဘူး။ အနေဝေးနေကြတဲ့ ချစ်သူမျိုးတွေအတွက်ဆို ပိုလို့တောင်မှ ခက်ခဲပါသေးတယ်။ အဖြေရှာကြည့်တဲ့အခါ အနေဝေးသူတွေမှာ ချစ်ခရီးလမ်းတစ်ခုအတွက် လိုအပ်တဲ့အရာတွေ မလုံလောက်တဲ့ အဖြစ်မျိုး ရှိနေကြပါတယ်။

(၁) လုံလောက်တဲ့ ဆက်သွယ်မှု မရရှိခြင်း
ခိုလေးတွေနဲ့စာပို့တဲ့ခေတ် မဟုတ်တော့သလို ပီဇာမှာရင်တောင် နာရီဝက်ထက် နောက်မကျပဲ အိမ်တိုင်ရာရောက် လာပို့တဲ့ ခေတ်ကြီးထဲမှာ ဆက်သွယ်မှု မလုံလောက်ဘူးလို့ ပြောလိုက်ရင် လက်ခံချင်ကြမှာ မဟုတ်ဘူး။ ဟုတ်ပါတယ်။ သင်တို့မှာ စမတ်ဖုန်း ကိုယ်စီရှိကြပါတယ်။ ဖေ့ဘုတ်စ် ၊ ဗီဒီယိုချက် အခြားသော application တွေလည်းစုံလို့။ တစ်နေကုန် ဒီapplication တွေသုံးလို့ စကားပြောနေတယ် ဆိုဦး ပြည့်စုံတဲ့ စိတ်ချမ်းသာမှု ရရှိလို့လား။ လအနည်းငယ်အကြာမှာ ဒီလိုချည်းပဲ အမြဲတမ်းဝေးနေမယ်ဆိုရင်တော့ တခြားမှန်ကန်တဲ့နည်းလမ်းတစ်ခု ရှာဖွေကြည့်ဖို့ လိုလာပြီလို့ စတင်ခံစားမိလာပါလိမ့်မယ်။

(၂) ယုံကြည်ကိုးကွယ်မှု ကင်းမဲ့လာခြင်း
လိမ်လည်ဖို့ အခါအခွင့်သင့်ပြီး အခြေအနေပေးလာတဲ့အခါ သင့်အနေနဲ့ သူမမသိသေးသရွေ့ ဘာမှမဖြစ်နိုင်ဘူးလို့ ထင်နေလိမ့်မယ်။ ဒီအခါ သစ္စာရှိမှုနဲ့ တစ်ဦးအပေါ်တစ်ဦး ကတိထားမှုတွေဟာ အချိန်တိုင်းမှာ ပျက်ပြယ်နေတတ်ပါတယ်။ တစ်လင်တစ်မယားဆိုတဲ့ စနစ်အပေါ်မှာ စိန်ခေါ်မှုတွေ ရှိလာပါတယ်။ ဒါတွေကို ကြံ့ကြံ့မခံနိုင်တဲ့အခါ သင်တို့ရဲ့ ဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာပါတော့တယ်။

(၃) အတူတကွ တည်ဆောက်နိုင်သော ရေရာတဲ့အနာဂတ် မရှိခြင်း
သင့်ရဲ့ လူနေမှု ဘဝပုံစံ၊ ရွေးချယ်မှုနဲ့ အနာဂတ်အစီအစဉ်တွေ ကြားမှာ နောက်ထပ် ဆုံတွေ့နိုင်ဖို့ သေချာတဲ့ အကြောင်းပြချက်မရှိနိုင်တော့ဘူး။ သင်တို့ရဲ့ ဘဝနှစ်ခုဟာ မျဉ်းပြိုင်တွေလို ပဲ ဆုံမှတ်တစ်ခုထားဖို့ ခဲယဉ်းလာတဲ့အခါ ဒီဆက်ဆံရေး အေးခဲသွားပါလိမ့်မယ်။ နှစ်ဦးသားမှာ ဆုံတွေ့ချင်စိတ် အမှန်တကယ် ရှိနေကြတယ်ဆိုဦးတော့ အချစ်ထက် ဦးစားပေးရမယ့် အရာတွေ ဘဝမှာကြုံလာတဲ့အခါ ရင်နာစွာနဲ့ ဒီလမ်းကို ရွေးချယ်ရတတ်ပါတယ်။

(၄) သံသယတွေ ဝင်လာခြင်း
သူမတကယ်ပဲ အတန်းတက်နေတယ်လို့ သင်ဘယ်လိုသိနိုင်မလဲ။ သူမကို အမြဲတမ်း စိတ်မကုန်နိုင်သူ တစ်ယောက်နဲ့ ပါတီမှာ ရှိနေတာများလား။ သူမ လိမ်နေတာများလား။ ဒီလိုပဲ အနေဝေးနေတဲ့ ဆက်ဆံရေးဆိုတာ သံသယတွေများစွာနဲ့ ရှိနေတတ်ပါတယ်။ သင်တို့နှစ်ဦးရဲ့ ဆက်သွယ်မှု မလုံလောက်တော့တဲ့ အချိန်ကစလို့ သူမရဲ့ သစ္စာရှိမှု ၊ သံယောဇဉ်ရှိမှုတွေ အပေါ် အမြဲလိုလို သံသယဝင်နေပါလိမ့်မယ်။

(၅) ဆက်လက်တည်မြဲဖို့ ဆန္ဒမရှိတော့ခြင်း
ဆယ်ကြိမ် စကားပြောကြတဲ့အခါ ကိုးကြိမ်လောက်က ရန်ဖြစ်နေရမယ်။ အပေါ်မှာ ပြောခဲ့တဲ့ အပျော်ရှာမိတာတွေ ၊ သံသယဝင်မိတာတွေ ၊ ဆုံတွေ့ဖို့အခွင့်အလမ်း နည်းပါးလာတာတွေကို အခြေခံလို့ သင်တို့ဟာ တစ်ဦးပေါ်တစ်ဦး သည်းခံနိုင်စွမ်းနဲ့ ချိုသာပြေပြစ်စွာ ပြောဆိုနိုင်စွမ်းတွေ ကင်းမဲ့လို့ နေပါပြီ။ ကြာလာတော့လည်း ငြင်းခုံရတာတွေ ၊ ရန်ဖြစ်ရတာတွေကို ငြီးငွေ့လို့ လာပါပြီ။ တစ်ဦးအပေါ်တစ်ဦး အသည်းခွဲလိုတဲ့ ဆန္ဒမရှိကြသော်လည်းပဲ သင်တို့ရဲ့ ဒီအချစ်ရေးကြီးက အဓိပ္ပါယ်မဲ့လာတယ်လို့ ထင်နေကြပါပြီ။ ဒီအခြေအနေဟာ နှစ်ဦးစလုံးအတွက် စိတ်ဆင်းရဲစရာ အခြေအနေဖြစ်တာကြောင့် တစ်ယောက်ယောက်ကစလို့ သွားခွင့်ပြုလိုက်ပါတော့။

ဒီတော့ အနေဝေးနေတဲ့ ချစ်ခြင်းတစ်ခုကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ အရေးအကြီးဆုံး ကတော့ သစ္စာရှိမှုပါ။ မမြင်ရ ၊ မတွေ့ရသော်လည်းပဲ သူဟာ ကိုယ့်အပေါ် ကတိတွေချိုးဖောက် နေတယ်ဆိုရင် အလိုလို ခံစားမိတတ်ကြပါတယ်။ ကျန်တဲ့ကိစ္စတွေကတော့ အဆင်ပြေအောင် တတ်နိုင်သမျှ ညှိယူလို့ရကြမယ်လို့ ထင်ပါတယ်။ ဖြစ်တတ်တဲ့ ပြဿနာလေးတွေ သိထားတဲ့အခါ ကြိုတင်ရှောင်ရှားရင်း ပြင်ဆင်လို့ရနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top