iMyanmarHouse.com - Best Property Website for Myanmar
×

သင့္သူငယ္ခ်င္းေတြထဲမွာ သင့္ထက္အသက္ၾကီးတဲ့ သူေတြရွိပါသလား။ တကယ္ေတာ့ ကိုယ့္သူငယ္ခ်င္းက ကိုယ့္ထက္ အသက္ၾကီးတယ္ဆုိရင္ သင့္အေနနဲ႕ အက်ိဳးေက်းဇူးမ်ားစြာ ရွိနိုင္သလို သူဟာ သင့္အတြက္ အေကာင္းဆံုးသူငယ္ခ်င္းေတာင္ ျဖစ္ႏုိင္ပါတယ္။ ဒါဟာ ဘာ့ေၾကာင့္မ်ားလဲဆုိတာ ေျပာျပေပးပါရေစ။

၁။ သူတုိ႕ဟာ သင္မလုပ္ဖူးေသးတာေတြေတာင္ လုပ္ခဲ့ဖူးသူေတြပါ။
သင္မလုပ္ဖူးေသးတဲ့ အရာတစ္ခုခုကို သင့္သူငယ္ခ်င္းကို ဒါဘယ္လိုလဲ၊ ဒါကိုေတာ့ တစ္ခါမွမလုပ္ဖူးေသးလို႕ ဆုိျပီး သူတုိ႕ကိုေျပာျပလိုက္ရံုနဲ႕ သူတုိ႕က အဲ့ဒီအေၾကာင္းအရာနဲ႕ပတ္သက္ျပီး သင္သိခ်င္တာေတြကို ေျပာျပေပးႏိုင္ပါလိမ့္မယ္။ ေကာင္းက်ိဳး၊ ဆိုးက်ိဳးကိုပါ သင့္ကို ဖြင့္ဟႏိုင္တာမို႕ သင့္အတြက္ အထူးတလည္ ၾကိဳးစားျပီး သိေအာင္လုပ္ေနစရာမလိုေတာ့တဲ့အျပင္ ဗဟုသုတပါ တုိးေစႏိုင္ပါတယ္။ ဘယ္ေလာက္ေကာင္းသလဲ။

၂။ အၾကီးျဖစ္တဲ့အတြက္ ဘာမဟုတ္တာေလးေတြကို လိုက္တြက္ကတ္မေနဘူး။
ရြယ္တူသူငယ္ခ်င္း၊ ဒါမွမဟုတ္ ကုိယ့္ထက္ငယ္တဲ့ သူငယ္ခ်င္းနဲ႕ေပါင္းရင္ တစ္ခုခုဆုိ မင္းကက်ေတာ့အဲ့လို၊ ငါကက်ေတာ့ဆုိတာမ်ိဳး တြက္ကတ္တတ္တဲ့ စိတ္ရွိႏိုင္ေပမယ့္ ကိုယ့္ထက္ၾကီးတဲ့ သူငယ္ခ်င္းမ်ိဳး ပိုင္ဆုိင္ထားရင္ေတာ့ ဒီလိုဒုကၡမ်ိဳးေတြ ၾကံဳရမွာ မဟုတ္ပါဘူး။ သူက အၾကီးျဖစ္တာေၾကာင့္ ကိုယ့္ကုိ ျပန္သည္းခံေပးပါလိမ့္မယ္။ ပိုနားလည္ေပးပါလိမ့္မယ္။

၃။ ကိုယ့္ကိုေ၀ဖန္ေျပာဆုိတာမ်ိဳးနည္းသြားပါျပီ။
လူေတြက တစ္ေယာက္ကို ေ၀ဖန္ဖုိ႕ဆုိ လြယ္လြယ္ကူကူေျပာဆိုႏိုင္ၾကတာ သဘာ၀ပါ။ ကုိယ္နားမလည္တဲ့အရာဆုိ ပိုျပီးေတာ့ေတာင္ အျပစ္တင္ေျပာဆုိတတ္ၾကပါေသးတယ္။ အၾကီးေတြကေတာ့ ဒီလိုသေဘာထားနည္းသြားပါျပီ။ အထူးသျဖင့္ သူတုိ႕က သင့္လုပ္မယ့္အရာကို နားလည္သေဘာေပါက္ျပီးသား ျဖစ္ေနႏိုင္တာေၾကာင့္ပါ။ ရြယ္တူေတြထက္ သင့္ကို ပိုနားလည္ေပးႏိုင္ပါတယ္။

၄။ သူတုိ႕မွာ ထူးျခားတဲ့ ဇာတ္လမ္းေလးေတြ ရွိၾကတယ္။
လူတိုင္းမွာ ကိုယ္ပိုင္ဇာတ္လမ္းေလးေတြ ရွိတတ္ၾကေပမယ့္ ကိုယ့္ထက္အသက္ၾကီးတဲ့ လူေတြကေတာ့ ကုိယ့္ထက္ ဇာတ္လမ္းေတြ  ပိုမ်ားမွာပဲေလ။ သင့္ထက္အသက္ၾကီးတဲ့ သင့္သူငယ္ခ်င္းမွာလညး္ ဇာတ္လမ္းေပါင္းမ်ားစြာရွိပါလိမ့္မယ္။ အခ်စ္ေရး၊ ဘ၀အေၾကာင္း၊ စတဲ့ အေၾကာင္းအရာေတြက သင့္ကို အံ့ၾသေစပါလိမ့္မယ္။

၅။ သင့္ကို အၾကံေကာင္းေတြ ေပးႏိုင္ပါတယ္။
သင္တစ္ခုခုကို အကူအညီေတာင္းတာ၊ အၾကံဥာဏ္ေတာင္းတာေတြကို သူတုိ႕ ကူညီဖုိ႕ ၀န္မေလးတတ္ၾကပါဘူး။ အထူးသျဖင့္ အေရးၾကီးတဲ့ကိစၥ တစ္ခုခု ဆံုးျဖတ္ေတာ့မယ္ဆုိရင္ သူတုိ႕ဆီက အၾကံဥာဏ္ေတြက သင့္အတြက္ အဖုိးတန္ပါလိမ့္မယ္။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင့်သူငယ်ချင်းတွေထဲမှာ သင့်ထက်အသက်ကြီးတဲ့ သူတွေရှိပါသလား။ တကယ်တော့ ကိုယ့်သူငယ်ချင်းက ကိုယ့်ထက် အသက်ကြီးတယ်ဆိုရင် သင့်အနေနဲ့ အကျိုးကျေးဇူးများစွာ ရှိနိုင်သလို သူဟာ သင့်အတွက် အကောင်းဆုံးသူငယ်ချင်းတောင် ဖြစ်နိုင်ပါတယ်။ ဒါဟာ ဘာ့ကြောင့်များလဲဆိုတာ ပြောပြပေးပါရစေ။

၁။ သူတို့ဟာ သင်မလုပ်ဖူးသေးတာတွေတောင် လုပ်ခဲ့ဖူးသူတွေပါ။
သင်မလုပ်ဖူးသေးတဲ့ အရာတစ်ခုခုကို သင့်သူငယ်ချင်းကို ဒါဘယ်လိုလဲ၊ ဒါကိုတော့ တစ်ခါမှမလုပ်ဖူးသေးလို့ ဆိုပြီး သူတို့ကိုပြောပြလိုက်ရုံနဲ့ သူတို့က အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သင်သိချင်တာတွေကို ပြောပြပေးနိုင်ပါလိမ့်မယ်။ ကောင်းကျိုး၊ ဆိုးကျိုးကိုပါ သင့်ကို ဖွင့်ဟနိုင်တာမို့ သင့်အတွက် အထူးတလည် ကြိုးစားပြီး သိအောင်လုပ်နေစရာမလိုတော့တဲ့အပြင် ဗဟုသုတပါ တိုးစေနိုင်ပါတယ်။ ဘယ်လောက်ကောင်းသလဲ။

၂။ အကြီးဖြစ်တဲ့အတွက် ဘာမဟုတ်တာလေးတွေကို လိုက်တွက်ကတ်မနေဘူး။
ရွယ်တူသူငယ်ချင်း၊ ဒါမှမဟုတ် ကိုယ့်ထက်ငယ်တဲ့ သူငယ်ချင်းနဲ့ပေါင်းရင် တစ်ခုခုဆို မင်းကကျတော့အဲ့လို၊ ငါကကျတော့ဆိုတာမျိုး တွက်ကတ်တတ်တဲ့ စိတ်ရှိနိုင်ပေမယ့် ကိုယ့်ထက်ကြီးတဲ့ သူငယ်ချင်းမျိုး ပိုင်ဆိုင်ထားရင်တော့ ဒီလိုဒုက္ခမျိုးတွေ ကြုံရမှာ မဟုတ်ပါဘူး။ သူက အကြီးဖြစ်တာကြောင့် ကိုယ့်ကို ပြန်သည်းခံပေးပါလိမ့်မယ်။ ပိုနားလည်ပေးပါလိမ့်မယ်။

၃။ ကိုယ့်ကိုဝေဖန်ပြောဆိုတာမျိုးနည်းသွားပါပြီ။
လူတွေက တစ်ယောက်ကို ဝေဖန်ဖို့ဆို လွယ်လွယ်ကူကူပြောဆိုနိုင်ကြတာ သဘာဝပါ။ ကိုယ်နားမလည်တဲ့အရာဆို ပိုပြီးတော့တောင် အပြစ်တင်ပြောဆိုတတ်ကြပါသေးတယ်။ အကြီးတွေကတော့ ဒီလိုသဘောထားနည်းသွားပါပြီ။ အထူးသဖြင့် သူတို့က သင့်လုပ်မယ့်အရာကို နားလည်သဘောပေါက်ပြီးသား ဖြစ်နေနိုင်တာကြောင့်ပါ။ ရွယ်တူတွေထက် သင့်ကို ပိုနားလည်ပေးနိုင်ပါတယ်။

၄။ သူတို့မှာ ထူးခြားတဲ့ ဇာတ်လမ်းလေးတွေ ရှိကြတယ်။
လူတိုင်းမှာ ကိုယ်ပိုင်ဇာတ်လမ်းလေးတွေ ရှိတတ်ကြပေမယ့် ကိုယ့်ထက်အသက်ကြီးတဲ့ လူတွေကတော့ ကိုယ့်ထက် ဇာတ်လမ်းတွေ  ပိုများမှာပဲလေ။ သင့်ထက်အသက်ကြီးတဲ့ သင့်သူငယ်ချင်းမှာလည်း ဇာတ်လမ်းပေါင်းများစွာရှိပါလိမ့်မယ်။ အချစ်ရေး၊ ဘဝအကြောင်း၊ စတဲ့ အကြောင်းအရာတွေက သင့်ကို အံ့သြစေပါလိမ့်မယ်။

၅။ သင့်ကို အကြံကောင်းတွေ ပေးနိုင်ပါတယ်။
သင်တစ်ခုခုကို အကူအညီတောင်းတာ၊ အကြံဉာဏ်တောင်းတာတွေကို သူတို့ ကူညီဖို့ ဝန်မလေးတတ်ကြပါဘူး။ အထူးသဖြင့် အရေးကြီးတဲ့ကိစ္စ တစ်ခုခု ဆုံးဖြတ်တော့မယ်ဆိုရင် သူတို့ဆီက အကြံဉာဏ်တွေက သင့်အတွက် အဖိုးတန်ပါလိမ့်မယ်။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top