iMyanmarHouse.com - Best Property Website for Myanmar
×

လူတို႔ ေန႔စဥ္ထိေတြ႕ အသံုးျပဳေနတဲ့ ပစၥည္းေတြထဲမွာ အိမ္သာခြက္ထက္ ပိုညစ္ပတ္ၿပီး ပိုးမႊားေတြကပ္ေနတတ္တဲ့ ပစၥည္းေတြရွိပါတယ္။ပံုမွန္အားျဖင့္ဆိုရင္ေတာ့ ဒီလိုပစၥည္းေတြဟာ အိမ္သာခြက္ထက္ပိုညစ္ပတ္ လိမ့္မယ္ လို႔ ေတြးမိၾကမွာမဟုတ္ပါဘူး။အဲ့ဒီပစၥည္းေတြကေတာ့….

(၁)စမတ္ဖုန္း၊tablet
ေန႔တိုင္းလက္ကေနမခ်ႏုိင္ ျဖစ္ေနတဲ့ စမတ္ဖုန္းနဲ႔tablet ေတြဟာအိမ္သာထက္ပိုညစ္ပတ္ပါတယ္။ၿဗိတိန္သုေတသီေတြ ဟာ တက္ဗလက္အလံုး(၃၀)၊ဖုန္းအလံုး(၃၀)နဲ႔ရံုးသံုးအိမ္သာခြက္ႏႈိင္းယွဥ္ စစ္ေဆးတဲ့ အခါမွာေတာ့ tablets ေတြမွာ staph လို႔ေခၚတ့ဲဘက္တီးရီးယားပိုးမႊား(၆၀၀)၊ဖုန္းေတြမွာ(၁၄၀)နဲ႔ အိမ္သာခြက္မွာေတာ့ (၂၀)ေတြ႕ခဲ့ပါတယ္။

(၂)ကြန္ပ်ဴတာ ကီးဘုတ္
ရံုးသမား၊ေက်ာင္းသမားေတြ ေန႔စဥ္နဲ႔အမွ် ထိေတြ႕ေနၾကတဲ့ ကြန္ပ်ဴတာကီးဘုတ္ေတြဟာလည္း အိမ္သာခြက္ထက္ ပိုညစ္ပတ္ပါတယ္။ကီးဘုတ္ေတြကို စစ္ေဆးမႈေတြျပဳလုပ္ၾကည့္တဲ့အခါမွာေတာ့ အထဲမွာရွိတဲ့ ပိုးမႊားအေရအတြက္ဟာ အိမ္သာခြက္ထဲမွာရွိတဲ့ ပိုးမႊားအေရအတြက္ထက္ ငါးဆပိုမိုမ်ားျပားတယ္လို႔ ၿဗိတိန္သုေတသီေတြက ဆိုပါတယ္။

 (၃)လက္ကိုင္အိတ္
အမ်ိဳးသမီးေတြ အမ်ားဆံုးအသံုးျပဳေနၾကတဲ့ လက္ကိုင္အိတ္ေတြဟာလည္း ဒီအတိုင္းပါပဲ။လက္ကိုင္အိတ္ေတြကို စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ သူ႔မွာပါတဲ့ ဗက္တီးရီးယားပိုးမႊားဟာ အိမ္သာခြက္မွာရွိတဲ့ ပိုးမႊားထက္ (၁၀)ဆပိုမ်ားေနပါ တယ္။ဒါေပမယ့္ အိတ္ထဲမွာ ထည့္ထားတဲ့ႏႈတ္ခမ္းနီေတာင့္၊မ်က္ႏွာလိမ္းခရင္ေတြကေတာ့ ညစ္ပတ္တဲ့အိတ္ထဲမွာ အၿမဲေနတာၾကာေတာ့ အညစ္ပတ္ဆံုး ျဖစ္ေနတတယ္လို႔ ေလ့လာေတြ႕ရွိမႈတစ္ရပ္မွာေဖာ္ျပထားပါတယ္။


(၄)ပိုက္ေခါင္း
ေရခ််ိဳးခန္း၊ေဘစင္ အစရွိတဲ့ ေနရာေတြမွာ အသံုးျပဳတဲ့ ေရပိုက္ေခါင္းေတြမွာ ကပ္ေနတဲ့ ဗက္တီးရီးယားအေကာင္အေရ အတြက္ဟာ  အိမ္သာခြက္ထက္ (၂၁)ဆ ပိုမ်ားပါတယ္။


(၅)မီးဖိုေခ်ာင္းမွာသံုးတဲ့ ေရျမွဳပ္(သို႔)ပန္းကန္ေဆးတဲ့အဖတ္

မီးဖိုေခ်ာင္ေတြမွာသံုးတဲ့ ေရျမွဳပ္နဲ႔(သို႕)ပန္းကန္ေဆးတဲ့အဖတ္ေတြမွာ ဗက္တီးရီးယားအေကာင္ေရအမ်ားႀကီးရွိပါတယ္။ အိမ္သာခြက္မွာရွိတဲ့ အေကာင္အေရအတြက္ထက္ (၄၅၆)ဆပိုမာ်းပါတယ္.

Credit : shwemom

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူတို့ နေ့စဉ်ထိတွေ့ အသုံးပြုနေတဲ့ ပစ္စည်းတွေထဲမှာ အိမ်သာခွက်ထက် ပိုညစ်ပတ်ပြီး ပိုးမွှားတွေကပ်နေတတ်တဲ့ ပစ္စည်းတွေရှိပါတယ်။ပုံမှန်အားဖြင့်ဆိုရင်တော့ ဒီလိုပစ္စည်းတွေဟာ အိမ်သာခွက်ထက်ပိုညစ်ပတ် လိမ့်မယ် လို့ တွေးမိကြမှာမဟုတ်ပါဘူး။အဲ့ဒီပစ္စည်းတွေကတော့….

(၁)စမတ်ဖုန်း၊tablet
နေ့တိုင်းလက်ကနေမချနိုင် ဖြစ်နေတဲ့ စမတ်ဖုန်းနဲ့tablet တွေဟာအိမ်သာထက်ပိုညစ်ပတ်ပါတယ်။ဗြိတိန်သုတေသီတွေ ဟာ တက်ဗလက်အလုံး(၃၀)၊ဖုန်းအလုံး(၃၀)နဲ့ရုံးသုံးအိမ်သာခွက်နှိုင်းယှဉ် စစ်ဆေးတဲ့ အခါမှာတော့ tablets တွေမှာ staph လို့ခေါ်တဲ့ဘက်တီးရီးယားပိုးမွှား(၆၀၀)၊ဖုန်းတွေမှာ(၁၄၀)နဲ့ အိမ်သာခွက်မှာတော့ (၂၀)တွေ့ခဲ့ပါတယ်။

(၂)ကွန်ပျူတာ ကီးဘုတ်
ရုံးသမား၊ကျောင်းသမားတွေ နေ့စဉ်နဲ့အမျှ ထိတွေ့နေကြတဲ့ ကွန်ပျူတာကီးဘုတ်တွေဟာလည်း အိမ်သာခွက်ထက် ပိုညစ်ပတ်ပါတယ်။ကီးဘုတ်တွေကို စစ်ဆေးမှုတွေပြုလုပ်ကြည့်တဲ့အခါမှာတော့ အထဲမှာရှိတဲ့ ပိုးမွှားအရေအတွက်ဟာ အိမ်သာခွက်ထဲမှာရှိတဲ့ ပိုးမွှားအရေအတွက်ထက် ငါးဆပိုမိုများပြားတယ်လို့ ဗြိတိန်သုတေသီတွေက ဆိုပါတယ်။

 (၃)လက်ကိုင်အိတ်
အမျိုးသမီးတွေ အများဆုံးအသုံးပြုနေကြတဲ့ လက်ကိုင်အိတ်တွေဟာလည်း ဒီအတိုင်းပါပဲ။လက်ကိုင်အိတ်တွေကို စစ်ဆေးကြည့်တဲ့အခါမှာတော့ သူ့မှာပါတဲ့ ဗက်တီးရီးယားပိုးမွှားဟာ အိမ်သာခွက်မှာရှိတဲ့ ပိုးမွှားထက် (၁၀)ဆပိုများနေပါ တယ်။ဒါပေမယ့် အိတ်ထဲမှာ ထည့်ထားတဲ့နှုတ်ခမ်းနီတောင့်၊မျက်နှာလိမ်းခရင်တွေကတော့ ညစ်ပတ်တဲ့အိတ်ထဲမှာ အမြဲနေတာကြာတော့ အညစ်ပတ်ဆုံး ဖြစ်နေတတယ်လို့ လေ့လာတွေ့ရှိမှုတစ်ရပ်မှာဖော်ပြထားပါတယ်။


(၄)ပိုက်ခေါင်း
ရေချျိုးခန်း၊ဘေစင် အစရှိတဲ့ နေရာတွေမှာ အသုံးပြုတဲ့ ရေပိုက်ခေါင်းတွေမှာ ကပ်နေတဲ့ ဗက်တီးရီးယားအကောင်အရေ အတွက်ဟာ  အိမ်သာခွက်ထက် (၂၁)ဆ ပိုများပါတယ်။


(၅)မီးဖိုချောင်းမှာသုံးတဲ့ ရေမြှုပ်(သို့)ပန်းကန်ဆေးတဲ့အဖတ်

မီးဖိုချောင်တွေမှာသုံးတဲ့ ရေမြှုပ်နဲ့(သို့)ပန်းကန်ဆေးတဲ့အဖတ်တွေမှာ ဗက်တီးရီးယားအကောင်ရေအများကြီးရှိပါတယ်။ အိမ်သာခွက်မှာရှိတဲ့ အကောင်အရေအတွက်ထက် (၄၅၆)ဆပိုမာျးပါတယ်.


Credit : shwemom


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top