iMyanmarHouse.com - Best Property Website for Myanmar
×

မၾကာေသးခင္က အ၀တ္အစားေတြကို ထုတ္ရွင္းျပီး လွဴစရာရွိတာေတြကိုလွဴ ၊ ေပးစရာရွိတဲ့သူေတြကိုေပးမယ္လုပ္ေတာ့ က်ြန္မတစ္ခ်က္ သတိထားမိသြားတာက က်ြန္မရဲ႕ေဘာင္းဘီဆုိက္ဒ္ေတြကိုပါ။ ေဘာင္းဘီ ၈ထည္ရွိတယ္ ဆုိရင္ ေျခာက္ထည္ေလာက္က ဆိုက္ဒ္တစ္မ်ိဳးစီျဖစ္ေနတာကို သတိထားမိသြားတယ္။

တကယ္ေတာ့ ခုလိုျဖစ္ေနတာ က်ြန္မတစ္ေယာက္တည္းေတာ့ ဟုတ္မယ္မထင္ပါဘူး။ ျပီးခဲ့တဲ့သတင္းပတ္တုန္းကလည္း အသက္ ၂၇ႏွစ္အရြယ္ မိန္းကေလးတစ္ေယာက္က လူမႈမီဒီယာမွာ သူေဘာင္းဘီ၀တ္ထားတဲ့ ပံုေတြမ်ိဳးစံုရိုက္ျပီး ေဘာင္းဘီအားလံုးေတာ္ေပမယ့္ ဆုိက္ဒ္ေတြက တစ္ထည္တစ္မ်ိဳးစီျဖစ္ေနတဲ့အေၾကာင္း ပို႕စ္ေလးတင္ထားတာ ေတြ႕လိုက္ရေသးပါတယ္။ သူပို႕စ္မွာ ဆိုက္ဒ္နံပါတ္ ၅ရွိတဲ့ေဘာင္းဘီကလည္း သူနဲ႕ေတာ္ေနသလို ဆိုက္ဒ္နံပါတ္ ၁၂ရွိတဲ့ ေဘာင္းဘီကလည္း သူနဲ႕ေတာ္ေနပါသတဲ့။

ဒီပုိ႕စ္ကိုသတိရျပီး က်ြန္မလည္း ေဘာင္းဘီေတြတင္မဟုတ္ေတာ့ပဲ အျခားစကတ္ေတြ၊ ဂါ၀န္ေတြကို လိုက္ျပီးဆိုက္ဒ္ေတြ ၾကည့္မိသြားတဲ့အထိပါ။ အဲ့ဒီမွာလည္း ဆုိက္ဒ္ကအမ်ိဳးမ်ိဳးေတြ ျဖစ္ေနျပန္တာပါပဲ။ အားလံုးကေတာ့ က်ြန္မနဲ႕ကြက္တိကို ေတာ္တာပါ။ ဒီေတာ့တစ္ခ်က္သတိထားရမွာက အြန္လိုင္းက အ၀တ္အစားေတြ မွာတဲ့အခ်ိန္ေပါ့။ ဘယ္ဆိုက္ဒ္လို႕ေျပာမွာရမွန္းကို မသိေတာ့တာပါ။ ဒါဟာ အမ်ိဳးသမီးေတြအတြက္ေတာ့ နည္းနည္းဦးေႏွာက္ေျခာက္စရာေကာင္းပါတယ္။

ဒါေပမယ့္ က်ြန္မတုိ႕အမ်ိဳးသမီးေတြအားလံုး သိထားရမွာက အ၀တ္အစားေတြထဲမွာ ထည့္သြင္းခ်ဳပ္လုပ္ထားတဲ့ ဆုိက္ဒ္ဆုိတာ တကယ္ေတာ့ ဖက္ရွင္ေလာကအတြက္ ဘက္လိုက္တဲ့အရာတစ္ခု၊ သမာသမတ္မျဖစ္တဲ့ အရာတစ္ခုပါပဲ။ အဲ့ဒါေတြက အတက္အက်အေျပာင္းအလဲေတြလည္း မ်ားမွမ်ားပါပဲ။ ဒါ့ေၾကာင့္ အမ်ိဳးသမီးေတြအေနနဲ႕ ခႏၶာကိုယ္အခ်ိဳးအစားက ဘယ္ေလာက္ေတာ့ရွိသင့္တယ္၊ ဘာျဖစ္သင့္တယ္ဆုိတဲ့ ဆုိရွယ္မီဒီယာအယံုသြင္းတာေတြကို မယံုၾကည္ဖုိ႕ အေရးၾကီးပါတယ္။ ငါ့ေဘာင္းဘီခါးဆိုက္ဒ္ကေတာ့ ဒီေလာက္ျဖစ္ေနျပီဆုိျပီး စိတ္ရႈပ္ခံေနရမယ့္အစား ကိုယ္၀တ္တဲ့ေဘာင္းဘီ ကိုယ္နဲ႕ေတာ္ျပီး လွေနမယ္ဆုိရင္ က်န္တာေတြက ဘာမွမေရးမၾကီးဘူးဆုိတာပါပဲ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မကြာသေးခင်က အဝတ်အစားတွေကို ထုတ်ရှင်းပြီး လှူစရာရှိတာတွေကိုလှူ ၊ ပေးစရာရှိတဲ့သူတွေကိုပေးမယ်လုပ်တော့ ကျွန်မတစ်ချက် သတိထားမိသွားတာက ကျွန်မရဲ့ဘောင်းဘီဆိုက်ဒ်တွေကိုပါ။ ဘောင်းဘီ ၈ထည်ရှိတယ် ဆိုရင် ခြောက်ထည်လောက်က ဆိုက်ဒ်တစ်မျိုးစီဖြစ်နေတာကို သတိထားမိသွားတယ်။

တကယ်တော့ ခုလိုဖြစ်နေတာ ကျွန်မတစ်ယောက်တည်းတော့ ဟုတ်မယ်မထင်ပါဘူး။ ပြီးခဲ့တဲ့သတင်းပတ်တုန်းကလည်း အသက် ၂၇နှစ်အရွယ် မိန်းကလေးတစ်ယောက်က လူမှုမီဒီယာမှာ သူဘောင်းဘီဝတ်ထားတဲ့ ပုံတွေမျိုးစုံရိုက်ပြီး ဘောင်းဘီအားလုံးတော်ပေမယ့် ဆိုက်ဒ်တွေက တစ်ထည်တစ်မျိုးစီဖြစ်နေတဲ့အကြောင်း ပို့စ်လေးတင်ထားတာ တွေ့လိုက်ရသေးပါတယ်။ သူပို့စ်မှာ ဆိုက်ဒ်နံပါတ် ၅ရှိတဲ့ဘောင်းဘီကလည်း သူနဲ့တော်နေသလို ဆိုက်ဒ်နံပါတ် ၁၂ရှိတဲ့ ဘောင်းဘီကလည်း သူနဲ့တော်နေပါသတဲ့။

ဒီပို့စ်ကိုသတိရပြီး ကျွန်မလည်း ဘောင်းဘီတွေတင်မဟုတ်တော့ပဲ အခြားစကတ်တွေ၊ ဂါဝန်တွေကို လိုက်ပြီးဆိုက်ဒ်တွေ ကြည့်မိသွားတဲ့အထိပါ။ အဲ့ဒီမှာလည်း ဆိုက်ဒ်ကအမျိုးမျိုးတွေ ဖြစ်နေပြန်တာပါပဲ။ အားလုံးကတော့ ကျွန်မနဲ့ကွက်တိကို တော်တာပါ။ ဒီတော့တစ်ချက်သတိထားရမှာက အွန်လိုင်းက အဝတ်အစားတွေ မှာတဲ့အချိန်ပေါ့။ ဘယ်ဆိုက်ဒ်လို့ပြောမှာရမှန်းကို မသိတော့တာပါ။ ဒါဟာ အမျိုးသမီးတွေအတွက်တော့ နည်းနည်းဦးနှောက်ခြောက်စရာကောင်းပါတယ်။

ဒါပေမယ့် ကျွန်မတို့အမျိုးသမီးတွေအားလုံး သိထားရမှာက အဝတ်အစားတွေထဲမှာ ထည့်သွင်းချုပ်လုပ်ထားတဲ့ ဆိုက်ဒ်ဆိုတာ တကယ်တော့ ဖက်ရှင်လောကအတွက် ဘက်လိုက်တဲ့အရာတစ်ခု၊ သမာသမတ်မဖြစ်တဲ့ အရာတစ်ခုပါပဲ။ အဲ့ဒါတွေက အတက်အကျအပြောင်းအလဲတွေလည်း များမှများပါပဲ။ ဒါ့ကြောင့် အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ်အချိုးအစားက ဘယ်လောက်တော့ရှိသင့်တယ်၊ ဘာဖြစ်သင့်တယ်ဆိုတဲ့ ဆိုရှယ်မီဒီယာအယုံသွင်းတာတွေကို မယုံကြည်ဖို့ အရေးကြီးပါတယ်။ ငါ့ဘောင်းဘီခါးဆိုက်ဒ်ကတော့ ဒီလောက်ဖြစ်နေပြီဆိုပြီး စိတ်ရှုပ်ခံနေရမယ့်အစား ကိုယ်ဝတ်တဲ့ဘောင်းဘီ ကိုယ်နဲ့တော်ပြီး လှနေမယ်ဆိုရင် ကျန်တာတွေက ဘာမှမရေးမကြီးဘူးဆိုတာပါပဲ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top