iMyanmarHouse.com - Best Property Website for Myanmar
×

သင်ဟာ ဘယ်လမှာမွေးမွေး ခုဖော်ပြပေမယ့် ရာသီခွင်တစ်ခုချင်းစီကို ကြည့်လိုက်ရင် ရက်စွဲနဲ့တွဲပြထားတာမို့ ကိုယ်ဘယ်ရာသီခွင်မှာ ပါနေတယ်ဆိုတာကို သိရှိသွားပါလိမ့်မယ်။ ဒီတော့ နှစ်တစ်နှစ်ရဲ့ အဆုံးသတ်အချိန်ကို ရောက်လာခဲ့ပြီမို့ နောက်လမယ့် ၂၀၁၇နှစ်စပိုင်း ဇန်န၀ါရီလမှာ သင့်အခြေအနေ၊ အနေအထား၊ ဇာတာဘယ်လိုရှိမယ်ဆိုတာ သိချင်တဲ့သူအားလုံးအတွက် လိုရင်းတိုရှင်း ဖော်ပြပေးလိုက်ပါတယ်။ တစ်ချက်ကြည့်ကြည့်လိုက်ပါဦး။

Sagittarius – ဓနုရာသီဖွား ( နိုဝင်ဘာလ ၂၂ ရက် - ဒီဇင်ဘာလ ၂၁ ရက် )

နှစ်သစ်အကြိုရက်အပြီး သင့်အစီအစဉ် နှေးကွေးနေပါလိမ့်မယ်။ ဒါပေမယ့် မိမိရည်မှန်းချက်တွေ အောင်မြင်ဖို့ အချိန်ကောင်းလို့ ဆိုရပါမယ်။

Capricorn - မကာရ ရာသီဖွား ( ဒီဇင်ဘာလ ၂၂ ရက် - ဇန်န၀ါရီလ ၁၉ ရက် )

အမြဲတမ်းလိုလို သင့်အချစ်ဆုံးသူငယ်ချင်းက သင့်စိတ်ကို ဖတ်နိုင်ခဲ့ပေမယ့် ခုတလော သူဖတ်နိုင်မှာ မဟုတ်ပါဘူး။ အံ့သြမသွားပါနဲ့ ၁၃ ရက် မြောက်နေ့မှာ သူ နဂိုအတိုင်း ပြန်ဖြစ်လာမှာပါ။

Aquarius - ကုံရာသီဖွား ( ဇန်န၀ါရီလ ၂၀ ရက် - ဖေဖော်ဝါရီလ ၁၈ ရက် )

ဟိုး… မိန်းကလေးတို့။ ၁၈ ရက်နေ့ တနင်္ဂနွေဂြိုဟ် အပြောင်းအလဲဖြစ်ပေါ်ချိန်မှာ သင့်ရဲ့ စိတ်မထိန်းနိုင်မှု ထင်းရှားလာပါလိမ့်မယ်။ အပျော်တမ်းမက်ဆေ့ခ်ျပို့ ရည်းစားကြောင်တာတွေ ဖြစ်လာနိုင်ပါတယ်။

Pisces - မိန်ရာသီဖွား ( ဖေဖော်ဝါရီလ ၁၉ ရက် - မတ်လ ၂၀ ရက်)

ဒီတစ်လလုံး ဖန်တီးနိုင်စွမ်းကြီးကြီးမားမားတွေ ရှိလာပါလိမ့်မယ်။ ဒါပေမယ့် အထူးသဖြင့် လရဲ့ပထမရက်မှာ စိတ်ကူးဥာဏ် ကွန့်မြူးမှုဖြစ်ပေါ်လာပါမယ်။ အကျိုးရှိရှိအသုံးချပါ။

Aries - မိဿ       ရာသီဖွား (မတ်လ ၂၁ ရက် - ဧပြီလ ၁၉ ရက်)

လုပ်ငန်းတစ်ခုခုမှာ အခက်အခဲ၊ ပြသနာ ထိုးဖောက်ကျော်လွှားဖို့ နီးစပ်နေပါတယ်။ ဒါပေမယ့် အဲဒီပြသနာကို ကိုင်တွယ်ဖြေရှင်းဖို့ ဆရာသမားတွေရဲ့ အကူအညီ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။

Taurus - ပြိဿ       ရာသီဖွား ( ဧပြီလ ၂၀ ရက် - မေလ ၂၀ ရက် )

ကလပ်အသင်းသစ်တစ်ခုခုဝင်ဖို့ သင် လျို့ဝှက်စွာ ဇောသန်နေပါတယ်။ ကံအားလျှော်စွာနဲ့ အဲဒီအတွက် ၂၇ ရက်မြောက်နေ့ သော်တာလဆန်းက တွန်းအားအနည်းငယ် ရရှိစေပါလိမ့်မယ်။

Gemini - မေထုန်ရာသီဖွား ( မေလ ၂၁ ရက် - ဇွန်လ ၂၀ ရက် )

သင့်ရဲ့ အာရုံစူးစိုက်တတ်မှုနဲ့ မိမိကိုယ်မိမိယုံကြည်မှုက ၈ ရက်မြောက်နေ့မှာ Mercurysurges လို ရှေ့သို့ တဟုန်ထိုး ထိုးတက်စေပါလိမ့်မယ်။ မေထုန်ရာသီဖွားတို့.. စိတ်ကူးရှိပါက အသိအမှတ်ပြု လက်မှတ်ရ သူနာပြုဖြစ်အောင် စွမ်းဆောင်နိုင်ပါတယ်။

Cancer - ကရကဋ် ရာသီဖွား ( ဇွန်လ ၂၁ ရက် - ဇူလိုင် ၂၂ ရက် )

ကြည်နူးဖွယ်အချစ်ဇာတ်လမ်းဆိုတာ လေထဲမှာပဲ ရှိပါတယ်။ မိမိကြိတ်ကြွေနေသူတစ်ဦးနဲ့ တွေ့ဆုံဖို့ စွန့်စားမှုက ၁၂ ရက်နေ့မှာ ကြည်နူးဖွယ်စုံတွဲဘဝ ဆိုက်ရောက်စေနိုင်ပါတယ်။

Leo - သိဟ် ရာသီဖွား (ဇူလိုင်လ ၂၃ ရက် - သြဂုတ်လ ၂၂ ရက် )

၁၅ ရက်ရောက်ခါနီး တလောကလုံး သင့်ကို စနစ်တကျစီစဉ်ထားဖို့ တိုက်တွန်းကြပါလိမ့်မယ်။ သင့်ဆုံးဖြတ်ထားတဲ့အရာတွေ ဆက်လက်ထိန်းသိမ်းလုပ်ဆောင်ခြင်းက သင့်ကိုအေးဆေးသက်သာဖြစ်စေပါလိမ့်မယ်။

Virgo - ကန်ရာသီဖွား ( သြဂုတ်လ ၂၃ ရက် - စက်တင်ဘာလ ၂၂ ရက် )

၈ရက်နေ့နောက်ပိုင်း သင်ချစ်ရသူနဲ့ ပျော်ရွှင်မှု ရှိတော့မှာ မဟုတ်ပါဘူး။

Libra - တူ ရာသီဖွား ( စက်တင်ဘာ ၂၃ ရက် - အောက်တိုဘာလ ၂၂ ရက် )

စိန်ခေါ်မှုများတဲ့ အုပ်စုလိုက်လုပ်ဆောင်ရတဲ့ လုပ်ငန်းက အချိန်အမြောက်အမြား ကုန်လွန်စေနိုင်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ၇ ရက်နေ့မှာ ဦးနှောက်မုန်တိုင်းဆင်တာက လမ်းကြောင်းမှန်ကို ချပေးပါလိမ့်မယ်။
Scorpio - ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာလ ၂၃ ရက် - နိုဝင်ဘာလ ၂၁ ရက် )


၁၂ ရက်နေ့ လပြည့်လောက်မှာ တွေ့ဆုံခဲ့တဲ့ ချစ်သူဟာ အံ့အားသင့်ဖွယ်ကောင်းမွန်တဲ့ အပြုအမူတွေနဲ့ သင့်ရဲ့ သီးခြားကမ္ဘာကို လှုပ်ရှားသွားစေပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top