iMyanmarHouse.com - Best Property Website for Myanmar
×

လူေတြရဲ႕ စိတ္ေနစိတ္ထားေတြဟာ အခ်ိန္နဲ႕တေျပးညီေျပာင္းလဲေနတယ္ဆုိတာ မယံုမရွိပါနဲ႕။ အေကာင္းဆံုးအရာေတြ အဆံုးသတ္ဖုိ႕အခ်ိန္ေရာက္လာတဲ့အခါ ကိုယ့္ဘက္က ၾကည္ၾကည္သာသာ လက္လႊတ္ေပးလိုက္တာ အဆင္ေျပပါတယ္။ သူနဲ႕ကိုယ္ တစ္ခ်ိန္က အခ်စ္ဆံုးသူငယ္ခ်င္းေတြ ျဖစ္ခဲ့ေပမယ့္ ဒါမွမဟုတ္ သူ႕ကို ကိုယ္က သည္းခံေပါင္းခဲ့ေပမယ့္ အတုိင္းအတာတစ္ခုေရာက္လာျပီဆုိရင္ေတာ့ ဘာသံေယာဇဥ္မွတြယ္မေနေတာ့တာ အေကာင္းဆံုးပါ။ ဒါ့ေၾကာင့္ သင္လက္ရွိ တြဲေနတဲ့ သူငယ္ခ်င္းကို စိတ္ကုန္ေနျပီဆုိရင္ ဒီအခ်က္ကေလးေတြ ဖတ္ၾကည့္ျပီး သူက ဒီလိုလူမ်ိဳးလားဆုိတာ ေတြးၾကည့္လိုက္ပါ။ အေျဖက YES ဆုိရင္ေတာ့ သူ႕ကို သူငယ္ခ်င္းအျဖစ္က စြန္႕လႊတ္လိုက္ဖုိ႕ တိုက္တြန္းပါရေစ။

၁။ သူက အေပးထက္ ကိုယ့္ဆီက အယူသာပိုမ်ားတယ္။
သာေပါင္းညာစား အမ်ားစုမွာ ရွိတတ္တဲ့အက်င့္တစ္ခုပါပဲ။ သူ႕ဆီက တျပားတစ္ခ်ပ္မွ ထြက္မလာေပမယ့္ ကိုယ့္ဆီကဆုိရင္ေတာ့ ရသမ်ွအားလံုး လာထားဆုိတာခ်ည္းပါပဲ။ အျပန္အလွန္သေဘာမရွိပဲ သင့္သူငယ္ခ်င္းက သင့္ဆီကသာ အားလံုးရယူလိုစိတ္ရွိေနတယ္ဆုိရင္ေတာ့ သူ႕ကို ဆက္ျပီးမတြဲသင့္ေတာ့ပါဘူး။

၂။ သူ႕ျပသနာေတြက ကိုယ့္ဆီအျမဲ ဦးတည္လာတတ္တယ္။
ကိုယ္မပါပဲ သူတစ္ေယာက္တည္း ျပသနာရွာထားျပီး ေနာက္ဆံုးကိုယ္ကပဲ အျမဲေျဖရွင္းေပးေနရတယ္။ တစ္ခါလည္းမဟုတ္၊ ႏွစ္ခါလည္းမဟုတ္ ကိုယ္ကခ်ည္း သူ႕ျပသနာေတြ ဒိုင္ခံရွင္းေပးေနရတယ္ဆုိရင္ သင္တုိ႕ႏွစ္ဦးၾကားက ဆက္ဆံေရးဟာ ဘယ္လိုမွအဆင္မေျပႏိုင္ေတာ့ပါဘူး။ ေရရွည္ဒီလိုသူငယ္ခ်င္းမ်ိဳး ဆက္တြဲမလား၊ လက္လႊတ္ထားခဲ့မလား စဥ္းစားပါ။

၃။ သူ႕ကို ကိုယ္ကကေလးထိန္းသလို လိုက္ထိန္းေနရတယ္။
တစ္ေနရာရာသြားမယ္၊ တစ္ခုခုလုပ္မယ္ဆုိ ကိုယ္ကသူ႕ကေလးထိန္းသဖြယ္ သူလုပ္သမ်ွလိုက္ၾကည့္ျပီး ေျပာေနရတယ္။ သူမဟုတ္တာေတြ လုပ္မွာစိုးလို႕၊ သူ႕အမႈကိုယ့္ပတ္မွာစိုးလို႕ လိုက္ျပီး ဒီလိုမလုပ္ဖုိ႕၊ ဘယ္လိုလုပ္ရင္ေကာင္းမယ္ဆိုျပီး အစကေန အဆံုးကပါေနရတယ္ဆုိရင္ေတာ့ အခ်ိန္ၾကာလာရင္ သင္စိတ္ဆင္းရဲရံုကတစ္ပါး အျခားမရွိႏိုင္ပါဘူး။

၄။ ကုိယ့္အေၾကာင္းေတြ တျခားသူေတြကို ေလ်ွာက္ေျပာတတ္တယ္။
ကိုယ္က သူ႕ကို အခင္ဆံုးသူငယ္ခ်င္းမုိ႕လို႕ ကိုယ့္အေၾကာင္းေတြ ရင္ဖြင့္မိလိုက္တာမ်ိဳးဆုိ ႏႈတ္လံုလံုမထားပဲ အျခားလူေတြကို ေလ်ွာက္ေျပာတတ္တယ္။ ေနာက္ဆံုးကိုယ့္ဆီ ဒီသတင္းေတြျပန္ေရာက္လာတာ ႏွစ္ခါ၊ သံုးခါ မကေတာ့ဘူး။ သူ႕ကို ရင္ဖြင့္ဖုိ႕မေျပာနဲ႕ ဘာကိစၥမွေတာင္ သိပ္မေျပာရဲေတာ့ဘူးဆုိရင္ေတာ့ ဒီလိုလူမ်ိဳးကို သူငယ္ခ်င္းအျဖစ္က ထားဖုိ႕ အဆင္မေျပႏိုင္ေတာ့ပါဘူး။

၅။ သင့္ကို လိုက္ျပိဳင္ေနတယ္၊ မနာလိုလည္း ခဏခဏျဖစ္တယ္။
ကုိယ့္သူငယ္ခ်င္းက ကိုယ့္ကို လိုက္ျပိဳင္ဆုိင္ေနတာေလာက္ စိတ္ပ်က္စရာ ေကာင္းတာမရွိပါဘူး။ ကိုယ္ဘာလုပ္တယ္၊ ကိုယ္ဘာ၀တ္တယ္၊ ကိုယ္ဘာ၀ယ္ႏိုင္တယ္ စတာမ်ိဳးေတြ ႏွစ္ဦးၾကားမွာ ရွိေနျပီး ကိုယ္ကသူ႕ထက္သာတဲ့အေျခအေနမ်ိဳးေတြ ဆုိ ကုိယ့္ကိုမနာလို မေခၚႏိုင္ မေျပာႏိုင္ေတြ ျဖစ္ေနျပီဆုိရင္ေတာ့ ဒီလို သူငယ္ခ်င္းမ်ိဳး ဆက္မေပါင္းသင့္ေတာ့ပါဘူး။

Credit : Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူတွေရဲ့ စိတ်နေစိတ်ထားတွေဟာ အချိန်နဲ့တပြေးညီပြောင်းလဲနေတယ်ဆိုတာ မယုံမရှိပါနဲ့။ အကောင်းဆုံးအရာတွေ အဆုံးသတ်ဖို့အချိန်ရောက်လာတဲ့အခါ ကိုယ့်ဘက်က ကြည်ကြည်သာသာ လက်လွှတ်ပေးလိုက်တာ အဆင်ပြေပါတယ်။ သူနဲ့ကိုယ် တစ်ချိန်က အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ပေမယ့် ဒါမှမဟုတ် သူ့ကို ကိုယ်က သည်းခံပေါင်းခဲ့ပေမယ့် အတိုင်းအတာတစ်ခုရောက်လာပြီဆိုရင်တော့ ဘာသံယောဇဉ်မှတွယ်မနေတော့တာ အကောင်းဆုံးပါ။ ဒါ့ကြောင့် သင်လက်ရှိ တွဲနေတဲ့ သူငယ်ချင်းကို စိတ်ကုန်နေပြီဆိုရင် ဒီအချက်ကလေးတွေ ဖတ်ကြည့်ပြီး သူက ဒီလိုလူမျိုးလားဆိုတာ တွေးကြည့်လိုက်ပါ။ အဖြေက YES ဆိုရင်တော့ သူ့ကို သူငယ်ချင်းအဖြစ်က စွန့်လွှတ်လိုက်ဖို့ တိုက်တွန်းပါရစေ။

၁။ သူက အပေးထက် ကိုယ့်ဆီက အယူသာပိုများတယ်။
သာပေါင်းညာစား အများစုမှာ ရှိတတ်တဲ့အကျင့်တစ်ခုပါပဲ။ သူ့ဆီက တပြားတစ်ချပ်မှ ထွက်မလာပေမယ့် ကိုယ့်ဆီကဆိုရင်တော့ ရသမျှအားလုံး လာထားဆိုတာချည်းပါပဲ။ အပြန်အလှန်သဘောမရှိပဲ သင့်သူငယ်ချင်းက သင့်ဆီကသာ အားလုံးရယူလိုစိတ်ရှိနေတယ်ဆိုရင်တော့ သူ့ကို ဆက်ပြီးမတွဲသင့်တော့ပါဘူး။

၂။ သူ့ပြသနာတွေက ကိုယ့်ဆီအမြဲ ဦးတည်လာတတ်တယ်။
ကိုယ်မပါပဲ သူတစ်ယောက်တည်း ပြသနာရှာထားပြီး နောက်ဆုံးကိုယ်ကပဲ အမြဲဖြေရှင်းပေးနေရတယ်။ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ် ကိုယ်ကချည်း သူ့ပြသနာတွေ ဒိုင်ခံရှင်းပေးနေရတယ်ဆိုရင် သင်တို့နှစ်ဦးကြားက ဆက်ဆံရေးဟာ ဘယ်လိုမှအဆင်မပြေနိုင်တော့ပါဘူး။ ရေရှည်ဒီလိုသူငယ်ချင်းမျိုး ဆက်တွဲမလား၊ လက်လွှတ်ထားခဲ့မလား စဉ်းစားပါ။

၃။ သူ့ကို ကိုယ်ကကလေးထိန်းသလို လိုက်ထိန်းနေရတယ်။
တစ်နေရာရာသွားမယ်၊ တစ်ခုခုလုပ်မယ်ဆို ကိုယ်ကသူ့ကလေးထိန်းသဖွယ် သူလုပ်သမျှလိုက်ကြည့်ပြီး ပြောနေရတယ်။ သူမဟုတ်တာတွေ လုပ်မှာစိုးလို့၊ သူ့အမှုကိုယ့်ပတ်မှာစိုးလို့ လိုက်ပြီး ဒီလိုမလုပ်ဖို့၊ ဘယ်လိုလုပ်ရင်ကောင်းမယ်ဆိုပြီး အစကနေ အဆုံးကပါနေရတယ်ဆိုရင်တော့ အချိန်ကြာလာရင် သင်စိတ်ဆင်းရဲရုံကတစ်ပါး အခြားမရှိနိုင်ပါဘူး။

၄။ ကိုယ့်အကြောင်းတွေ တခြားသူတွေကို လျှောက်ပြောတတ်တယ်။
ကိုယ်က သူ့ကို အခင်ဆုံးသူငယ်ချင်းမို့လို့ ကိုယ့်အကြောင်းတွေ ရင်ဖွင့်မိလိုက်တာမျိုးဆို နှုတ်လုံလုံမထားပဲ အခြားလူတွေကို လျှောက်ပြောတတ်တယ်။ နောက်ဆုံးကိုယ့်ဆီ ဒီသတင်းတွေပြန်ရောက်လာတာ နှစ်ခါ၊ သုံးခါ မကတော့ဘူး။ သူ့ကို ရင်ဖွင့်ဖို့မပြောနဲ့ ဘာကိစ္စမှတောင် သိပ်မပြောရဲတော့ဘူးဆိုရင်တော့ ဒီလိုလူမျိုးကို သူငယ်ချင်းအဖြစ်က ထားဖို့ အဆင်မပြေနိုင်တော့ပါဘူး။

၅။ သင့်ကို လိုက်ပြိုင်နေတယ်၊ မနာလိုလည်း ခဏခဏဖြစ်တယ်။
ကိုယ့်သူငယ်ချင်းက ကိုယ့်ကို လိုက်ပြိုင်ဆိုင်နေတာလောက် စိတ်ပျက်စရာ ကောင်းတာမရှိပါဘူး။ ကိုယ်ဘာလုပ်တယ်၊ ကိုယ်ဘာဝတ်တယ်၊ ကိုယ်ဘာဝယ်နိုင်တယ် စတာမျိုးတွေ နှစ်ဦးကြားမှာ ရှိနေပြီး ကိုယ်ကသူ့ထက်သာတဲ့အခြေအနေမျိုးတွေ ဆို ကိုယ့်ကိုမနာလို မခေါ်နိုင် မပြောနိုင်တွေ ဖြစ်နေပြီဆိုရင်တော့ ဒီလို သူငယ်ချင်းမျိုး ဆက်မပေါင်းသင့်တော့ပါဘူး။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top