iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသမီးေတြက ဖိနပ္ ဝယ္ရတာ ဝါသနာပါၿပီး ေလးငါးရံထက္မနည္း အျမဲရွိေနတတ္ၾကေပမဲ့ အမ်ားစုက မိမိအႀကိဳက္ ဖိနပ္ပံုစံေတြကိုသာ အာရံုက် ဝယ္ယူတတ္ၾကတဲ့အတြက္ တခ်ဳိ႕အဝတ္အစား ဒီဇိုင္းေတြနဲ႔ မလိုက္မဖက္ျဖစ္ၿပီး အေရးေပၚ လိုအပ္တဲ့အခါ အေျပးအလႊားဝယ္ရ၊ ဖိနပ္သစ္မို႔လို႔ စီးေနမက်ေတာ့ ဖိနပ္ေပါက္တဲ့အတြက္ အဆင္အေျပျဖစ္ရတာေတြ ၾကံဳေတြ႕ရျပန္ပါတယ္။ ဘယ္လိုအဝတ္အစားဝတ္ဝတ္ အဆင္ေျပေခ်ာေမြ႕ကာ စတုိင္က်လွပေနဖို႔အတြက္ အမ်ဳိးသမီးတုိင္းရဲ႕ ဖိနပ္စင္မွာ ရွိဖို႔လိုအပ္တဲ့ ဖိနပ္အမ်ဳိးအစားက ငါးမ်ဳိးထဲပါပဲ။

၁၁1။ ဖိနပ္ပါး

ဒီလိုဖိနပ္ပါးေလးကေတာ့ မိခင္ေတြအတြက္မရွိမျဖစ္ပါ။ ဂ်င္းနဲ႔ပဲျဖစ္ျဖစ္၊ စကတ္နဲ႔ပဲျဖစ္ျဖစ္၊ ေရွာ့ပင္နဲ႔ပဲ ျဖစ္ျဖစ္ အားလံုးနဲ႔ လုိက္ဖက္ၿပီး သားသားမီးမီးေတြနဲ႔ ေဆာ့ကစားဖို႔၊ သူတုိ႔ကို ထိန္းေက်ာင္းဖို႔ လြယ္ကူပါတယ္။ ဝန္ထမ္းဆုိရင္လည္း ႐ံုးမွာ ေျခေထာက္ေတြသက္ေသာင့္သာရွိဖို႔အတြက္ အေကာင္းဆံုးေရြးခ်ယ္မႈျဖစ္မွာပါ။ ၾကည့္ရတာလည္း ပေရာ္ဖက္ရွင္နယ္ ဆန္ေနေသးတဲ့အျပင္ ေထာက္ဖိနပ္ေတြထက္

အမ်ားႀကီးသက္ေသာင့္သက္သာရွိပါတယ္။ ဖိနပ္ပါးကို ေရြးခ်ယ္ရာမွာေတာ့ ေျခေခ်ာင္းေလးေတြကို ေဖာ္ထားတဲ့ဖိနပ္မ်ဳိးကို ေရြးမယ္ဆိုရင္ တစ္ေနကုန္ သက္ေသာင့္သက္သာ ရွိေနမွာ အမွန္ပါပဲ။

၂။ စနီကာ

ဒီဖိနပ္ေလးေတြကေတာ့ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကစၿပီး ေရပန္းစားလာတာျဖစ္ၿပီး ထသြားထလာအတြက္ အေကာင္းဆံုး ေရြးခ်ယ္မႈပါပဲ။ အားကစားစီး စနီကာေတြထက္ ပိုမိုေပါ့ပါးၿပီး အထာလည္းက်ပါတယ္။ စေနတနဂၤေႏြေတြအတြက္ မရွိမျဖစ္ ဖိနပ္ေလးတစ္ရံပါပဲ။

၃။ ထိပ္ပိတ္ဖိနပ္
ကလပ္စစ္ပန္႔ပ္လို႔ေခၚတဲ့ ဒီလို ထိပ္ပိတ္ဖိနပ္ေလးေတြကေတာ့ ႐ံုးလုပ္ငန္းဆိုင္ရာ အေရးႀကီးပုဂၢိဳလ္ေတြနဲ႔ေတြ႕တဲ့အခါ၊ Formal ပြဲေတြကို သြားတဲ့အခါမ်ဳိးမွာ မရွိမျဖစ္လိုအပ္တဲ့ဖိနပ္တစ္ရံပါ။ တကယ့္အခမ္းအနားပြဲႀကီးေတြကိုသြားမယ္ဆုိရင္ ရိုးရာဝတ္စံုဝတ္တာ ေကာင္းေပမဲ့ ဖိနပ္ကေတာ့ ရိုးရာဖိနပ္ထက္ ေျခေခ်ာင္းေတြကိုမျမင္ရတဲ့ ကလပ္စစ္ပန္႔ဖိနပ္ေေတြကသာ အသင့္ေတာ္ဆံုးပါ။ အနက္ေရာင္တစ္ရံရွိထားရံုနဲ႔ လံုေလာက္ပါတယ္။

၄။ ဘြတ္ဖိနပ္

ေအးျမလွတဲ့ေဆာင္းတြင္းမွာ ဒီဘြတ္ဖိနပ္က ရန္ကုန္ၿမိဳ႕ေပၚတင္ဆို သိပ္ေတာ့ မလိုအပ္လွေပမဲ့ ေအးတဲ့ေဒသတြကို ခရီးသြားတဲ့ အခါ စတုိင္က်တဲ့ ေဆာင္းတြင္း၀တ္စံုနဲ႔ဆို ဒီဖိနပ္စီးလိုက္ရင္ လံုး၀အလန္းျဖစ္သြားမွာပါ။ ရာသီဥတု ေအးတဲ့ရက္ေတြမွာလည္း ပံုမွာ ျပထားတဲ့အတုိင္း စတိုင္က်က်ဝတ္ဆင္လို႔ရပါေသးတယ္။

၅။ ႀကိဳးသိုင္းဖိနပ္

ေခတ္္မီမိန္းကေလးအမ်ားစုမွာ ရွိေနၿပီးသားျဖစ္ေနတတ္တဲ့ ဖိနပ္အမ်ဳိးအစားေလးပါပဲ။ မရွိေသးဘူးဆိုလည္း ဝယ္ျဖစ္ေအာင္ ဝယ္ထားလိုက္ပါဦး။ ဂါဝန္၊ စကတ္၊ ဂ်င္း ဘာပဲဝတ္ဝတ္လိုက္ဖက္ၿပီး ေခတ္နဲ႔အညီ လွပေနဖို႔အတြက္ပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : lwin pyin

#Unicode Version

အမျိုးသမီးတွေက ဖိနပ် ဝယ်ရတာ ဝါသနာပါပြီး လေးငါးရံထက်မနည်း အမြဲရှိနေတတ်ကြပေမဲ့ အများစုက မိမိအကြိုက် ဖိနပ်ပုံစံတွေကိုသာ အာရုံကျ ဝယ်ယူတတ်ကြတဲ့အတွက် တချို့အဝတ်အစား ဒီဇိုင်းတွေနဲ့ မလိုက်မဖက်ဖြစ်ပြီး အရေးပေါ် လိုအပ်တဲ့အခါ အပြေးအလွှားဝယ်ရ၊ ဖိနပ်သစ်မို့လို့ စီးနေမကျတော့ ဖိနပ်ပေါက်တဲ့အတွက် အဆင်အပြေဖြစ်ရတာတွေ ကြုံတွေ့ရပြန်ပါတယ်။ ဘယ်လိုအဝတ်အစားဝတ်ဝတ် အဆင်ပြေချောမွေ့ကာ စတိုင်ကျလှပနေဖို့အတွက် အမျိုးသမီးတိုင်းရဲ့ ဖိနပ်စင်မှာ ရှိဖို့လိုအပ်တဲ့ ဖိနပ်အမျိုးအစားက ငါးမျိုးထဲပါပဲ။

၁၁1။ ဖိနပ်ပါး

ဒီလိုဖိနပ်ပါးလေးကတော့ မိခင်တွေအတွက်မရှိမဖြစ်ပါ။ ဂျင်းနဲ့ပဲဖြစ်ဖြစ်၊ စကတ်နဲ့ပဲဖြစ်ဖြစ်၊ ရှော့ပင်နဲ့ပဲ ဖြစ်ဖြစ် အားလုံးနဲ့ လိုက်ဖက်ပြီး သားသားမီးမီးတွေနဲ့ ဆော့ကစားဖို့၊ သူတို့ကို ထိန်းကျောင်းဖို့ လွယ်ကူပါတယ်။ ဝန်ထမ်းဆိုရင်လည်း ရုံးမှာ ခြေထောက်တွေသက်သောင့်သာရှိဖို့အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်မှာပါ။ ကြည့်ရတာလည်း ပရော်ဖက်ရှင်နယ် ဆန်နေသေးတဲ့အပြင် ထောက်ဖိနပ်တွေထက်

အများကြီးသက်သောင့်သက်သာရှိပါတယ်။ ဖိနပ်ပါးကို ရွေးချယ်ရာမှာတော့ ခြေချောင်းလေးတွေကို ဖော်ထားတဲ့ဖိနပ်မျိုးကို ရွေးမယ်ဆိုရင် တစ်နေကုန် သက်သောင့်သက်သာ ရှိနေမှာ အမှန်ပါပဲ။

၂။ စနီကာ

ဒီဖိနပ်လေးတွေကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး ရေပန်းစားလာတာဖြစ်ပြီး ထသွားထလာအတွက် အကောင်းဆုံး ရွေးချယ်မှုပါပဲ။ အားကစားစီး စနီကာတွေထက် ပိုမိုပေါ့ပါးပြီး အထာလည်းကျပါတယ်။ စနေတနင်္ဂနွေတွေအတွက် မရှိမဖြစ် ဖိနပ်လေးတစ်ရံပါပဲ။

၃။ ထိပ်ပိတ်ဖိနပ်
ကလပ်စစ်ပန့်ပ်လို့ခေါ်တဲ့ ဒီလို ထိပ်ပိတ်ဖိနပ်လေးတွေကတော့ ရုံးလုပ်ငန်းဆိုင်ရာ အရေးကြီးပုဂ္ဂိုလ်တွေနဲ့တွေ့တဲ့အခါ၊ Formal ပွဲတွေကို သွားတဲ့အခါမျိုးမှာ မရှိမဖြစ်လိုအပ်တဲ့ဖိနပ်တစ်ရံပါ။ တကယ့်အခမ်းအနားပွဲကြီးတွေကိုသွားမယ်ဆိုရင် ရိုးရာဝတ်စုံဝတ်တာ ကောင်းပေမဲ့ ဖိနပ်ကတော့ ရိုးရာဖိနပ်ထက် ခြေချောင်းတွေကိုမမြင်ရတဲ့ ကလပ်စစ်ပန့်ဖိနပ်ေတွေကသာ အသင့်တော်ဆုံးပါ။ အနက်ရောင်တစ်ရံရှိထားရုံနဲ့ လုံလောက်ပါတယ်။

၄။ ဘွတ်ဖိနပ်

အေးမြလှတဲ့ဆောင်းတွင်းမှာ ဒီဘွတ်ဖိနပ်က ရန်ကုန်မြို့ပေါ်တင်ဆို သိပ်တော့ မလိုအပ်လှပေမဲ့ အေးတဲ့ဒေသတွကို ခရီးသွားတဲ့ အခါ စတိုင်ကျတဲ့ ဆောင်းတွင်းဝတ်စုံနဲ့ဆို ဒီဖိနပ်စီးလိုက်ရင် လုံးဝအလန်းဖြစ်သွားမှာပါ။ ရာသီဥတု အေးတဲ့ရက်တွေမှာလည်း ပုံမှာ ပြထားတဲ့အတိုင်း စတိုင်ကျကျဝတ်ဆင်လို့ရပါသေးတယ်။

၅။ ကြိုးသိုင်းဖိနပ်

ခေတ်မီမိန်းကလေးအများစုမှာ ရှိနေပြီးသားဖြစ်နေတတ်တဲ့ ဖိနပ်အမျိုးအစားလေးပါပဲ။ မရှိသေးဘူးဆိုလည်း ဝယ်ဖြစ်အောင် ဝယ်ထားလိုက်ပါဦး။ ဂါဝန်၊ စကတ်၊ ဂျင်း ဘာပဲဝတ်ဝတ်လိုက်ဖက်ပြီး ခေတ်နဲ့အညီ လှပနေဖို့အတွက်ပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : lwin pyin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top