iMyanmarHouse.com - Best Property Website for Myanmar
×






ပို့သပေးပါတယ်။


Credit : duwun

#Unicode Version

ရာသီဥတုအေးချိန်မှာ သင်ဟာ ခြေအိတ်စွပ်ပြီးမှ အိပ်တတ်သူဆိုရင်တော့ အဲဒီလို အိပ်စက်ခြင်းဟာ သင့်အတွက် ကောင်းမွန်တယ်လို့ ပညာရှင်များက ဆိုထားပါတယ်။

ခြေထောက်ကို နွေးထွေးအောင် ထားခြင်းဟာ အိပ်ချိန်ရောက်ပြီလို့ ဦးနှောက်ကို အချက်ပြတဲ့ သွေးကြောတွေကို ကျယ်လာစေတဲ့အတွက် အလျင်အမြန်အိပ်မောကျစေတယ်လို့ ဆိုပါတယ်။

ဒါတစ်ခုတည်းတင် မကပါဘူး။ သင့်ရဲ့အိမ်ထာင်သည်ဘဝကိုလည်း ပိုမိုကျေနပ်မှုရစေတယ်လို့လည်း လေ့လာမှုအရ သိရှိရပါတယ်။

နယ်သာလန်ရှိ ဂရိုနင်ဂန်တက္ကသိုလ်ရဲ့ လေ့လာမှုအရ ခြေအိတ်တွေ စွပ်ပြီးအိပ်တဲ့ စုံတွဲတွေရဲ့ ဦးနှောက်ကို scan ရိုက်ကြည့်ရာမှာ လိင်ဆက်ဆံမှုအပေါ် စိတ်ကျေနပ်မှုရတဲ့ စုံတွဲ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ ခြေအိတ်မစွပ်ဘဲ အိပ်တဲ့သူတွေထဲမှာတော့ စိတ်ကျေနပ်မှုရတဲ့စုံတွဲ ၅၀ ရာခိုင်နှုန်းသာ ရှိပါတယ်။

ဒါပေမဲ့ သတိပြုရမှာက တစ်နေကုန် ဝတ်ထားတဲ့ ခြေအိတ်နဲ့ မအိပ်မိစေဖို့ပါပဲ။ ခြေအိတ်ကို အချိန်ကြာမြင့်စွာ ဝတ်ဆင်ထားရင် သင့်ခြေထောက်ကို မှိုစွဲစေပါတယ်။ ဒါကြောင့် ခြေအိတ်နဲ့ အိပ်မယ်ဆိုရင် အိပ်ခါနီးမှာ ခြေအိတ်အသစ်တစ်စုံ လဲလှယ်ဝတ်ဆင်ဖို့လိုကြောင်း အကြံပြုထားပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top