iMyanmarHouse.com - Best Property Website for Myanmar
×

လက္သန္းရဲ႕ေအာက္ဘက္က အလ်ားလိုက္လမ္းေၾကာင္းေလးကို အိမ္ေထာင္ေရးလမ္းေၾကာင္းလို႔ ေခၚပါတယ္။ ဒီလမ္းေၾကာင္းေလးက အပ်ဳိၾကီးျဖစ္မျဖစ္၊ အိမ္ေထာင္ေစာျပီးက်မွာလား၊ ေနာက္က်မွ က်မွာလားဆိုတာကို ေျပာႏုိင္ပါတယ္လို႔ဆုိတာေၾကာင့္ ဘယ္ေတာ့အိမ္ေထာင္က်ႏုိင္မလဲဆုိတာ ခန္႔မွန္း သိရွိႏုိင္ဖို႔အတြက္ မွ်ေဝေပးခ်င္ပါတယ္။

-လက္သန္းရဲ႕ေအာက္ေျခမွာ အိမ္ထာင္ေရးလမ္းေၾကာင္းလို႔ေခၚတဲ့ အလ်ားလိုက္မ်ဥ္းေၾကာင္း ေတြထဲက အရွည္ဆုံး လမ္းေၾကာင္းက ႏွလုံးလမ္းေၾကာင္းနဲ႔ နီးေနမယ္ဆုိရင္ ငယ္ရြယ္စဥ္မွာ အိမ္ေထာင္က်မွာပါ။ အသက္ ၂၀ ဝန္းက်င္ေလာက္မွာ အိမ္ေထာင္က်ဖို႔မ်ားပါတယ္။

-အိမ္ေထာင္ေရးလမ္းေၾကာင္းက လက္သန္းရဲ႕ ေအာက္ေျခနဲ႔ နီးေနမယ္ဆုိရင္ေတာ့ အသက္ ၃၅ ႏွစ္ကေန ၅၀ အတြင္းေလာက္မွ အိမ္ေထာင္က်ႏုိင္ေခ်ရွိတာေၾကာင့္ အိမ္ေထာင္က်ေနာက္က်မယ့္ လကၡဏာပဲျဖစ္ပါတယ္။

-အိမ္ေထာင္ေရးလမ္းေၾကာင္းက လက္သူၾကြယ္အရင္းနဲ႔ ႏွလုံးလမ္းေၾကာင္းၾကား အလယ္တည့္တည့္မွာ ရွိေနမယ္ဆုိရင္ေတာ့ အရမ္းေစာ၊ အရမ္းေနာက္က်တဲ့အသက္အရြယ္မ်ဳိးမဟုတ္ဘဲ အသက္၃၀ ပတ္ဝန္းက်င္ ေလာက္မွာ အိမ္ေထာင္က်ႏုိင္ေခ်ရွိတယ္လုိ႔ ဆုိလုိပါတယ္။

- လက္သန္းရဲ႕ ေအာက္ေျခမွာ လမ္းေၾကာင္းအမ်ားၾကီးရွိေနမယ္ဆုိရင္ ဆန္႔က်င္ဘက္လိင္မိတ္ေဆြ အမ်ားအျပားရွိတာကို ျပျပီး လမ္းေၾကာင္းအတုိေတြထဲမွာ အရွည္တစ္ေၾကာင္းရွိမယ္ဆုိရင္ အိမ္ေထာင္ေရးကံေကာင္းမယ္ဆုိတာကို ျပတာျဖစ္ပါတယ္။

-အိမ္ေထာင္ေရးလမ္းေၾကာင္း အနီးမွာ ၾကယ္ပုံတစ္ခုရွိတယ္ဆုိရင္ ေကာင္းတာတစ္ခုခု ျဖစ္ေတာ့မယ့္ အမွတ္အသားျဖစ္ျပီး ခ်စ္သူရတာ၊ အိမ္ေထာင္က်တာ၊ သားသမီးရတာမ်ဳိးေတြ ၾကဳံရမွာ ျဖစ္ပါတယ္။ စန္းအရမ္းပြင့္လာမယ့္အဓိပၸါယ္ပဲ ျဖစ္ပါတယ္။

- အိမ္ေထာင္ေရးလမ္းေၾကာင္းက အေပၚဘက္ကို ညႊန္ျပေနတဲ့ပုံဆိုရင္ အိမ္ေထာင္ျပဳလိုတဲ့ ဆႏၵျပင္းျပ ေနတာကို ျပတာျဖစ္ျပီး အေကာင္းဆုံးအေဖာ္မြန္တစ္ေယာက္ေတြ႔ရွိျပီး ေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရးတစ္ခုရရွိမွာ ျဖစ္ပါတယ္။

-အိမ္ေထာင္ေရးလမ္းေၾကာင္း ေအာက္သို႔က်ေနတဲ့ပုံစံက အလုပ္ရဲ႕ဖိအားေတြ အရမ္းမ်ားေနတာ၊ အိမ္ေထာင္ဖက္ကို ေရြးတဲ့ေနရာမွာ အရမ္းကို သတိထားေနတာမ်ဳိးေတြကို ျပပါတယ္။ အိမ္ေထာင္ရွိျပီးသားသူေတြကလည္း  အိမ္ေထာင္ေရးအဆင္မေျပျဖစ္တတ္တာကို ျပပါတယ္။



ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

လက်သန်းရဲ့အောက်ဘက်က အလျားလိုက်လမ်းကြောင်းလေးကို အိမ်ထောင်ရေးလမ်းကြောင်းလို့ ခေါ်ပါတယ်။ ဒီလမ်းကြောင်းလေးက အပျိုကြီးဖြစ်မဖြစ်၊ အိမ်ထောင်စောပြီးကျမှာလား၊ နောက်ကျမှ ကျမှာလားဆိုတာကို ပြောနိုင်ပါတယ်လို့ဆိုတာကြောင့် ဘယ်တော့အိမ်ထောင်ကျနိုင်မလဲဆိုတာ ခန့်မှန်း သိရှိနိုင်ဖို့အတွက် မျှဝေပေးချင်ပါတယ်။

-လက်သန်းရဲ့အောက်ခြေမှာ အိမ်ထောင်ရေးလမ်းကြောင်းလို့ခေါ်တဲ့ အလျားလိုက်မျဉ်းကြောင်း တွေထဲက အရှည်ဆုံး လမ်းကြောင်းက နှလုံးလမ်းကြောင်းနဲ့ နီးနေမယ်ဆိုရင် ငယ်ရွယ်စဉ်မှာ အိမ်ထောင်ကျမှာပါ။ အသက် ၂၀ ဝန်းကျင်လောက်မှာ အိမ်ထောင်ကျဖို့များပါတယ်။

-အိမ်ထောင်ရေးလမ်းကြောင်းက လက်သန်းရဲ့ အောက်ခြေနဲ့ နီးနေမယ်ဆိုရင်တော့ အသက် ၃၅ နှစ်ကနေ ၅၀ အတွင်းလောက်မှ အိမ်ထောင်ကျနိုင်ချေရှိတာကြောင့် အိမ်ထောင်ကျနောက်ကျမယ့် လက္ခဏာပဲဖြစ်ပါတယ်။

-အိမ်ထောင်ရေးလမ်းကြောင်းက လက်သူကြွယ်အရင်းနဲ့ နှလုံးလမ်းကြောင်းကြား အလယ်တည့်တည့်မှာ ရှိနေမယ်ဆိုရင်တော့ အရမ်းစော၊ အရမ်းနောက်ကျတဲ့အသက်အရွယ်မျိုးမဟုတ်ဘဲ အသက်၃၀ ပတ်ဝန်းကျင် လောက်မှာ အိမ်ထောင်ကျနိုင်ချေရှိတယ်လို့ ဆိုလိုပါတယ်။

- လက်သန်းရဲ့ အောက်ခြေမှာ လမ်းကြောင်းအများကြီးရှိနေမယ်ဆိုရင် ဆန့်ကျင်ဘက်လိင်မိတ်ဆွေ အများအပြားရှိတာကို ပြပြီး လမ်းကြောင်းအတိုတွေထဲမှာ အရှည်တစ်ကြောင်းရှိမယ်ဆိုရင် အိမ်ထောင်ရေးကံကောင်းမယ်ဆိုတာကို ပြတာဖြစ်ပါတယ်။

-အိမ်ထောင်ရေးလမ်းကြောင်း အနီးမှာ ကြယ်ပုံတစ်ခုရှိတယ်ဆိုရင် ကောင်းတာတစ်ခုခု ဖြစ်တော့မယ့် အမှတ်အသားဖြစ်ပြီး ချစ်သူရတာ၊ အိမ်ထောင်ကျတာ၊ သားသမီးရတာမျိုးတွေ ကြုံရမှာ ဖြစ်ပါတယ်။ စန်းအရမ်းပွင့်လာမယ့်အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

- အိမ်ထောင်ရေးလမ်းကြောင်းက အပေါ်ဘက်ကို ညွှန်ပြနေတဲ့ပုံဆိုရင် အိမ်ထောင်ပြုလိုတဲ့ ဆန္ဒပြင်းပြ နေတာကို ပြတာဖြစ်ပြီး အကောင်းဆုံးအဖော်မွန်တစ်ယောက်တွေ့ရှိပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုရရှိမှာ ဖြစ်ပါတယ်။

-အိမ်ထောင်ရေးလမ်းကြောင်း အောက်သို့ကျနေတဲ့ပုံစံက အလုပ်ရဲ့ဖိအားတွေ အရမ်းများနေတာ၊ အိမ်ထောင်ဖက်ကို ရွေးတဲ့နေရာမှာ အရမ်းကို သတိထားနေတာမျိုးတွေကို ပြပါတယ်။ အိမ်ထောင်ရှိပြီးသားသူတွေကလည်း  အိမ်ထောင်ရေးအဆင်မပြေဖြစ်တတ်တာကို ပြပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top