iMyanmarHouse.com - Best Property Website for Myanmar
×

ေဆာင္းရာသီ မွာ အလွပဆံုးျဖစ္ဖို႕ အလြယ္ဆံုး ျပင္ဆင္ၾကမယ္ေလ။

အလြန္ေအးတဲ့ ရာသီ အလြန္ခ်မ္းတဲ့ ရာသီ
ေဆာင္းရာသီ ေရာက္ၿပီဆိုေတာ့ မိတ္ကပ္လိမ္းတဲ့ပ်ိဳေမတိုင္း တစ္ခုေတာ့ စိတ္ညစ္ရတယ္။
ဟုတ္တယ္။ အသားပတ္တာကိုေျပာတာ။ အေရျပားေျခာက္ၿပီး မိတ္ကပ္လိမ္းရတာ အဆင္ကမေျပ။ ေျပျပန္ေတာ့လည္း မိတ္ကပ္က ေျခာက္ေသြ႕တဲ့အသြင္ ေပါက္ေနျပန္ေရာ။
အဲ့ဒီေတာ့ ေဆာင္းရာသီနဲ႕ လိုက္ဖက္မယ့္ ေႏြးေထြးတဲ့ မိတ္ကပ္ပံုစံေလး လိမ္းၾကည့္ရေအာင္။

– moisturizer (အစိုဓာတ္ခံခရင္မ္)
မ်က္ႏွာသစ္ၿပီးတာနဲ႕ moisturizer အရင္လိမ္းပါ။ toner (ေခြ်းေပါက္က်ဥ္းေဆးရည္) သံုးေနက်ဆိုရင္ toner လိမ္းၿပီးမွ moisturizer လိမ္းပါ။ moisturizer လိမ္းရာမွာ အေရျပားကို ပြတ္မဆြဲဘဲ လက္နဲ႕အသာအယာ ဖြဖြေလး ပုတ္ၿပီးလိမ္းေပးပါ။ ေျခာက္တဲ့အထိ ခဏေစာင့္ပါ။

– primer (မိတ္ကပ္ေအာက္ခံ)
primer လိမ္းဖို႕လိုပါတယ္။ ဒါမွ မိတ္ကပ္သား လွတာပါ။ ကုိယ္နဲ႕ အဆင္ေျပမယ့္ primer ေရြးသံုးလို႕ရပါတယ္။

– foundation (မိတ္ကပ္ရည္)
foundation အတြက္ကေတာ့ ႏွစ္သက္ရာ ေရြးနိုင္ပါတယ္။ သိပ္သိပ္သည္းသည္းရွိတဲ့ မိတ္ကပ္ရည္မ်ိဳး လိမ္းနိုင္သလို ေပါ့ေပါ့ပါးပါး လိမ္းခ်င္ရင္လည္း BB cream / CC cream တို႕ လိမ္းနိုင္ပါတယ္။ အထူႀကီးမျဖစ္ေစဖို႕ သတိျပဳပါ။ လက္နဲ႕လိမ္းတာ မညီႏိုင္ဘူးထင္ရင္ ေဖာ့ / ေရျမွဳပ္တို႕ႏွင့္ အသာအယာ လိမ္းေပးပါ။

– powder (မ်က္ႏွာေခ်)
အမွဳန္႕ (loose powder) / အခဲ (compact powder) ကုိယ္သံုးေနက် သံုးပါ။ brush နဲ႕လိမ္းရင္ ပိုအဆင္ေျပပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : lwin pyin

#Unicode Version

ဆောင်းရာသီ မှာ အလှပဆုံးဖြစ်ဖို့ အလွယ်ဆုံး ပြင်ဆင်ကြမယ်လေ။

အလွန်အေးတဲ့ ရာသီ အလွန်ချမ်းတဲ့ ရာသီ
ဆောင်းရာသီ ရောက်ပြီဆိုတော့ မိတ်ကပ်လိမ်းတဲ့ပျိုမေတိုင်း တစ်ခုတော့ စိတ်ညစ်ရတယ်။
ဟုတ်တယ်။ အသားပတ်တာကိုပြောတာ။ အရေပြားခြောက်ပြီး မိတ်ကပ်လိမ်းရတာ အဆင်ကမပြေ။ ပြေပြန်တော့လည်း မိတ်ကပ်က ခြောက်သွေ့တဲ့အသွင် ပေါက်နေပြန်ရော။
အဲ့ဒီတော့ ဆောင်းရာသီနဲ့ လိုက်ဖက်မယ့် နွေးထွေးတဲ့ မိတ်ကပ်ပုံစံလေး လိမ်းကြည့်ရအောင်။

– moisturizer (အစိုဓာတ်ခံခရင်မ်)
မျက်နှာသစ်ပြီးတာနဲ့ moisturizer အရင်လိမ်းပါ။ toner (ချွေးပေါက်ကျဉ်းဆေးရည်) သုံးနေကျဆိုရင် toner လိမ်းပြီးမှ moisturizer လိမ်းပါ။ moisturizer လိမ်းရာမှာ အရေပြားကို ပွတ်မဆွဲဘဲ လက်နဲ့အသာအယာ ဖွဖွလေး ပုတ်ပြီးလိမ်းပေးပါ။ ခြောက်တဲ့အထိ ခဏစောင့်ပါ။

– primer (မိတ်ကပ်အောက်ခံ)
primer လိမ်းဖို့လိုပါတယ်။ ဒါမှ မိတ်ကပ်သား လှတာပါ။ ကိုယ်နဲ့ အဆင်ပြေမယ့် primer ရွေးသုံးလို့ရပါတယ်။

– foundation (မိတ်ကပ်ရည်)
foundation အတွက်ကတော့ နှစ်သက်ရာ ရွေးနိုင်ပါတယ်။ သိပ်သိပ်သည်းသည်းရှိတဲ့ မိတ်ကပ်ရည်မျိုး လိမ်းနိုင်သလို ပေါ့ပေါ့ပါးပါး လိမ်းချင်ရင်လည်း BB cream / CC cream တို့ လိမ်းနိုင်ပါတယ်။ အထူကြီးမဖြစ်စေဖို့ သတိပြုပါ။ လက်နဲ့လိမ်းတာ မညီနိုင်ဘူးထင်ရင် ဖော့ / ရေမြှုပ်တို့နှင့် အသာအယာ လိမ်းပေးပါ။

– powder (မျက်နှာချေ)
အမှုန့် (loose powder) / အခဲ (compact powder) ကိုယ်သုံးနေကျ သုံးပါ။ brush နဲ့လိမ်းရင် ပိုအဆင်ပြေပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : lwin pyin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top