iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္ေပမယ့္ လက္လႊတ္ေတာ့မယ္လို႕ ဆံုးျဖတ္ထားတဲ့ မိန္းကေလး ေတြ ျပဳလုပ္တတ္တဲ့ အမူအက်င့္မ်ားကို ေယာက္်ားေလးေတြသိသင့္ပါတယ္။

မိန္းကေလးေတြဟာ weaker sex လို႕ေခၚတဲ့ အားႏြဲ႕တဲ့သူမ်ားျဖစ္သလို စိတ္ဓာတ္ႏူးညံ့သူ အမ်ားစုလည္းျဖစ္ပါတယ္။ ထိုကဲ့သို႕ စိတ္ထားႏူးညံ့ေပေသာ္ျငား တြန္းအားတစ္ခုခု ရွိလာတဲ့အခါမွာ သာမန္ေယာက္်ားေလးေတြထက္ စိတ္ဓာတ္ျပတ္သားတတ္ၾကပါတယ္။ ဥပမာ ကုိယ္ခ်စ္ရေပမယ့္လည္း လမ္းခြဲေတာ့မယ္လို႕ ဆံုးျဖတ္ထားတာမ်ိဳးေပါ့။
ဒီလိုမိန္းကေလးအမ်ားစုဟာ ဦးေႏွာက္ကို ဦးစားေပး အသံုးျပဳၾကပါတယ္။
မိန္းကေလးတစ္ေယာက္ဟာ သူ႕ခ်စ္သူရဲ႕ ဂရုစိုက္မွဳကို မရရင္ ဘာေတြလုပ္တတ္ၾကသလဲ။

– ေယာက္်ားေလးေတြဘက္္ကပဲ စၿပီး အေခၚအေျပာလုပ္ရပါတယ္။
– သဝန္မတိုတတ္ေတာ့ပါဘူး။
– အင္း ဟင့္အင္း စတဲ့ တိုတုိျပတ္ျပတ္ စကားလံုးေတြနဲ႕ တံု႕ျပန္လာပါတယ္။
– တျခားေယာက္်ားေလးေတြနဲ႕ ရင္းႏွီးစြာ ေနျပပါတယ္။
– သင္စကားလာေျပာတာနဲ႕ မသိခ်င္ေယာင္ ေဆာင္ေနပါတယ္။
– သင့္မ်က္စိထဲၾကည့္ေကာင္းေနဖို႕ သူမ အလွေတြမျပင္ေတာ့ပါဘူး။
– စိတ္ဆိုးရမယ့္ကိစၥမ်ိဳးေတာင္ သူမ ေသြးေအးေနပါတယ္။
– ျပႆနာေတာ္ေတာ္မ်ားမ်ားကို သူမ လ်စ္လ်ဴရွဳထားပါတယ္။
– တျခားေယာက္်ားေလးကပဲ သူမကို ေပ်ာ္ေအာင္ လုပ္ေပးနိုင္ပါတယ္။
– သင္နဲ႕အတူ ရွိေနတဲ့အခါ သူမ ခပ္ခြာခြာေနပါတယ္။
– သင္နဲ႕ဆံုခ်ိန္ေတြမွာ ဖုန္းကိုပဲ အာရံုစိုက္ေနပါတယ္။
– မ်က္လံုးခ်င္း မဆိုင္ေတာ့ပါဘူး။
– လက္ကိုင္တာ ခါးဖက္တာေတြကို သူမ ေရွာင္ၾကဥ္လာပါတယ္။
– သင္ခ်ိန္းရင္ သူမ မေတြ႕ခ်င္ဘူးေျပာပါတယ္။
– မက္ေစ့ပို႕ရင္ အေၾကာင္းျပန္ခ်င္မွ ျပန္ပါတယ္။
– အျပင္ေတြခဏခဏ ထြက္ပါတယ္။

သင့္ေကာင္မေလးကမ်ား ဒီလိုအခ်က္ေတြျဖစ္ေနၿပီ ဆိုရင္ သူသင့္ကို စြန္႕ခြာေတာ့မယ္ဆိုတာ သတိထားပါ။ေသခ်ာနိုင္တဲ့ ေနာက္ဆံုးအခ်က္ကေတာ့....
သင့္စိတ္ထဲမွာ သူငါ့ကိုမခ်စ္ေတာ့ဘူးလို႕ သင္ကုိယ္တိုင္ ထင္လာတာပါပဲ။
ဒါဆိုရင္ေတာ့ သင့္ခ်စ္သူ သင့္နားက ထြက္မသြားေစဖို႕ ႀကိဳးစားသင့္ပါၿပီ။

မိန္းကေလးေတြဟာ အခ်စ္ႀကီးပါတယ္။
ကုိယ့္ခ်စ္သူကို ဖြင့္မေျပာရင္သာေနမယ္ အသက္ထက္ပိုခ်စ္ၾကတယ္ဆိုတာ ယံုလိုက္ပါ။
အဲ့လိုခ်စ္လ်က္နဲ႕မွ ဘာလို႕ စြန္႕ခြာသြားၾကလဲ ဆိုတာကေတာ့ မိန္းကေလးေတြ အျပစ္မဟုတ္ပါဘူး။
ကုိယ္ခ်စ္ရတဲ့သူေပမယ့္ စြန္႕လႊတ္ရဲတဲ့ မိန္းကေလးေတြအေၾကာင္းကို ေနာက္တစ္ပတ္မွာ ေစာင့္ေမွ်ာ္ ဖတ္ရွဳႀကည့္ပါဦးေနာ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: For Her Myanmar

#Unicode Version
ချစ်ပေမယ့် လက်လွှတ်တော့မယ်လို့ ဆုံးဖြတ်ထားတဲ့ မိန်းကလေး တွေ ပြုလုပ်တတ်တဲ့ အမူအကျင့်များကို ယောက်ျားလေးတွေသိသင့်ပါတယ်။

မိန်းကလေးတွေဟာ weaker sex လို့ခေါ်တဲ့ အားနွဲ့တဲ့သူများဖြစ်သလို စိတ်ဓာတ်နူးညံ့သူ အများစုလည်းဖြစ်ပါတယ်။ ထိုကဲ့သို့ စိတ်ထားနူးညံ့ပေသော်ငြား တွန်းအားတစ်ခုခု ရှိလာတဲ့အခါမှာ သာမန်ယောက်ျားလေးတွေထက် စိတ်ဓာတ်ပြတ်သားတတ်ကြပါတယ်။ ဥပမာ ကိုယ်ချစ်ရပေမယ့်လည်း လမ်းခွဲတော့မယ်လို့ ဆုံးဖြတ်ထားတာမျိုးပေါ့။
ဒီလိုမိန်းကလေးအများစုဟာ ဦးနှောက်ကို ဦးစားပေး အသုံးပြုကြပါတယ်။
မိန်းကလေးတစ်ယောက်ဟာ သူ့ချစ်သူရဲ့ ဂရုစိုက်မှုကို မရရင် ဘာတွေလုပ်တတ်ကြသလဲ။

– ယောက်ျားလေးတွေဘက်ကပဲ စပြီး အခေါ်အပြောလုပ်ရပါတယ်။
– သဝန်မတိုတတ်တော့ပါဘူး။
– အင်း ဟင့်အင်း စတဲ့ တိုတိုပြတ်ပြတ် စကားလုံးတွေနဲ့ တုံ့ပြန်လာပါတယ်။
– တခြားယောက်ျားလေးတွေနဲ့ ရင်းနှီးစွာ နေပြပါတယ်။
– သင်စကားလာပြောတာနဲ့ မသိချင်ယောင် ဆောင်နေပါတယ်။
– သင့်မျက်စိထဲကြည့်ကောင်းနေဖို့ သူမ အလှတွေမပြင်တော့ပါဘူး။
– စိတ်ဆိုးရမယ့်ကိစ္စမျိုးတောင် သူမ သွေးအေးနေပါတယ်။
– ပြဿနာတော်တော်များများကို သူမ လျစ်လျူရှုထားပါတယ်။
– တခြားယောက်ျားလေးကပဲ သူမကို ပျော်အောင် လုပ်ပေးနိုင်ပါတယ်။
– သင်နဲ့အတူ ရှိနေတဲ့အခါ သူမ ခပ်ခွာခွာနေပါတယ်။
– သင်နဲ့ဆုံချိန်တွေမှာ ဖုန်းကိုပဲ အာရုံစိုက်နေပါတယ်။
– မျက်လုံးချင်း မဆိုင်တော့ပါဘူး။
– လက်ကိုင်တာ ခါးဖက်တာတွေကို သူမ ရှောင်ကြဉ်လာပါတယ်။
– သင်ချိန်းရင် သူမ မတွေ့ချင်ဘူးပြောပါတယ်။
– မက်စေ့ပို့ရင် အကြောင်းပြန်ချင်မှ ပြန်ပါတယ်။
– အပြင်တွေခဏခဏ ထွက်ပါတယ်။

သင့်ကောင်မလေးကများ ဒီလိုအချက်တွေဖြစ်နေပြီ ဆိုရင် သူသင့်ကို စွန့်ခွာတော့မယ်ဆိုတာ သတိထားပါ။သေချာနိုင်တဲ့ နောက်ဆုံးအချက်ကတော့....

သင့်စိတ်ထဲမှာ သူငါ့ကိုမချစ်တော့ဘူးလို့ သင်ကိုယ်တိုင် ထင်လာတာပါပဲ။
ဒါဆိုရင်တော့ သင့်ချစ်သူ သင့်နားက ထွက်မသွားစေဖို့ ကြိုးစားသင့်ပါပြီ။

မိန်းကလေးတွေဟာ အချစ်ကြီးပါတယ်။
ကိုယ့်ချစ်သူကို ဖွင့်မပြောရင်သာနေမယ် အသက်ထက်ပိုချစ်ကြတယ်ဆိုတာ ယုံလိုက်ပါ။
အဲ့လိုချစ်လျက်နဲ့မှ ဘာလို့ စွန့်ခွာသွားကြလဲ ဆိုတာကတော့ မိန်းကလေးတွေ အပြစ်မဟုတ်ပါဘူး။
ကိုယ်ချစ်ရတဲ့သူပေမယ့် စွန့်လွှတ်ရဲတဲ့ မိန်းကလေးတွေအကြောင်းကို နောက်တစ်ပတ်မှာ စောင့်မျှော် ဖတ်ရှုကြည့်ပါဦးနော်။


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္
တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit: For Her Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top