iMyanmarHouse.com - Best Property Website for Myanmar
×

ခြဲစိတ္မႈခံရေတာ့မယ္ဆိုရင္ လူနာေတြေၾကာက္တတ္ၾကတဲ့အရာေတြမွာ ေမ့ေဆးေပးျခင္းလည္း တစ္ခု အပါအဝင္ျဖစ္ပါတယ္။ ေမ့ေဆးနဲ႔ပတ္သက္ၿပီး သိထားသင့္တဲ့ အခ်က္ေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

1. ေမ့ေဆးတိုင္းက လူနာကို အၿမဲသတိေမ့ၿပီး အိပ္ေပ်ာ္ေနေစတာမဟုတ္ပါဘူး

  ေမ့ေဆး (3)မ်ိဳးရွိတဲ့အနက္က တစ္မ်ိဳးကပဲ သတိေမ့ၿပီးအိပ္ေပ်ာ္သြားေစတာပါ။ ေမ့ေဆးအမ်ိဳးအစား (3)မ်ိဳးကေတာ့ -

ေမ့ေဆး - ဒါကေတာ့ ခြဲစိတ္မႈျပဳေနစဥ္မွာ လူနာကိုအိပ္ေပ်ာ္ေနေစပါတယ္။ ဝမ္းဗိုက္၊ ရင္ေခါင္းနဲ႔ ဦးေႏွာက္ခြဲစိတ္မႈေတြနဲ႔႐ႈပ္ေထြးတဲ့ (သို႔) အခ်ိန္အေတာ္ၾကာမယ့္ခြဲစိတ္မႈေတြမွာလည္း ဒီအမ်ိဳးအစားကုိသံုးေလ့ပါတယ္။

ခႏၱာကုိယ္တစ္ေနရာတည္းထံုေစေသာထံုေဆး - ခြဲစိတ္မႈလုပ္ခ်ိန္မွာမနာေအာင္လို႔ ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခုတည္းကို ထံုသြားေအာင္ျပဳလုပ္ထားျခင္းျဖစ္ပါတယ္။ သြားဖာျခင္း၊ သြားႏႈတ္ျခင္းစတဲ့သြားနဲ႔ဆိုင္တဲ့ကိစၥေတြမွာ လုပ္ခ်င္တဲ့ေနရာေလးကိုပဲ ထံုသြားေအာင္လုပ္တာပါ။

ခႏၱာကုိယ္အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားကိုထံုေစေသာထံုေဆး - လက္တစ္ဖက္လံုး၊ ေျခေထာက္တစ္ဖက္လံုး (သို႔) ခါးေအာက္ပိုင္းတစ္ခုလံုးကို ထံုေစခ်င္ရင္သံုးေလ့ရွိပါတယ္။ ဥပမာအားျဖင့္ ကေလးေမြးခ်ိန္မွာ ခါးထံုေဆးထိုးျခင္းျဖစ္ပါတယ္။

 တစ္ခါတစ္ေလမွာ လူနာကိုပိုၿပီးသက္ေတာင့္သက္သာျဖစ္ေစခ်င္ရင္ ထံုေဆးနဲ႔အတူ စိတ္ၿငိမ္ေဆးပါ တြဲၿပီးေပးေလ့ရွိပါတယ္။



2. ထံုေဆး၊ ေမ့ေဆးေတြက အႏၲရာယ္မရွိပါဘူး

       ယေန႔ေခတ္မွာ နည္းပညာေရာ၊ ေဆးေတြပါတိုးတက္လာတဲ့အတြက္ ေမ့ေဆး၊ ထံုေဆးေတြရဲ႕ ဆိုးက်ိဳးေတြကေတာ့ မရွိသေလာက္နည္းလာပါတယ္။      

ခြဲစိတ္ေနစဥ္မွာ ေအာက္ဆီဂ်င္လံုေလာက္မႈွရွိ/မရွိကို ေမ့ေဆးဆရာဝန္ေတြက ေအာက္ဆီဂ်င္တိုင္းတဲ့ ကိရိယာေလးကိုလက္ထိပ္မွာတပ္ထားၿပီးေစာင့္ၾကည့္ေနပါတယ္။ ေမ့ေဆးပါရဂူေတြေစာင့္ၾကည့္တဲ့
ေနာက္ တစ္ခ်က္ကေတာ့ အပူခ်ိန္မ်ားျခင္းပါပဲ။ အခ်ိဳ႕လူေတြမွာ ေမ့ေဆးေပးလိုက္ရင္ အပူခ်ိန္ေတြ အရမ္းတက္ၿပီးေတာ့ ေနာက္ဆက္တြဲဆိုးက်ိဳးေတြျဖစ္ေစႏိုင္တဲ့အျပင္ ေသေတာင္ေသေစႏိုင္ပါ တယ္။ ျဖစ္ေတာ့ ျဖစ္ခဲပါတယ္။ ယခုေခတ္မွာေတာ့ ေဆးပညာတိုးတက္လာတဲ့အတြက္ ကုသႏိုင္မယ့္နည္းလမ္းေတြရွိၿပီးေတာ့ စိတ္ပူစရာမလိုေတာ့ပါဘူး။

3. ဆိုးက်ိဳးေတြရွိေပမယ့္ ႀကီးႀကီးမားမားေတာ့မဟုတ္ပါဘူး။ အေသးစားဆိုးက်ိဳးေလးေတြပဲရွိပါတယ္။
 ေမ့ေဆး၊ထံုေဆးျပယ္သြားခ်ိန္မွာ ေအာက္ပါတို႔ကို ႀကံဳေတြ႔ရႏိုင္ပါတယ္။

- ပ်ိဳ႕အန္ျခင္း

- ေမ့ေဆးေပးခ်ိန္မွာ အသက္ရွဴလမ္းေၾကာင္းထဲကို ႁပြန္ထည့္ထားရတဲ့အတြက္ လည္ေခ်ာင္းနာျခင္း

- ထံုေဆးထိုးတဲ့ေနရာမွာ အနည္းငယ္နာျခင္း

 ေမ့ေဆး၊ ထံုေဆးအမ်ားစုက ေဆးျပယ္ျမန္ေပမယ့္ ခြဲခန္းကထြက္လာလာခ်င္းမွာေတာ့ အားနည္းၿပီးစိတ္ရႈပ္ေထြးမႈေတြရွိတတ္ပါတယ္။ ဒါေၾကာင့္ ခြဲစိတ္မႈျပဳလုပ္ၿပီး 24 နာရီၾကာေအာင္ အေရးႀကီးတဲ့ဆံုးျဖတ္ခ်က္ခ်ျခင္း၊ ကားေမာင္းျခင္း၊ စက္ႀကီးမ်ားေမာင္းျခင္း မျပဳဖို႔မွာၾကားထားပါတယ္။



4. ခါးထံုေဆးေၾကာင့္ ေျခလက္မ်ားတုန္႔ဆိုင္းသြားျခင္းျဖစ္ႏိုင္ေခ်မရွိသေလာက္နည္းပါတယ္။

 အရင္အခ်ိန္ေတြတုန္းကသံုးတဲ့ ေမ့ေဆး၊ ထံုေဆးေတြေၾကာင့္ ေျခ၊ လက္ေတြ မလႈပ္ႏိုင္ျဖစ္တတ္ၾက ပါတယ္။ဒါကဒီေဆးေတြထည့္တဲ့ဖန္ပုလင္းေတြကိုအရက္ျပန္ပါတဲ့အရည္နဲ႔ေဆးေၾကာသန္႔စင္
လို႔ျဖစ္ပါတယ္။ အရက္ျပန္က ပုလင္းထဲမွာက်န္ခဲ့ရင္ အာ႐ံုေၾကာေတြကိုထိခိုက္ေစၿပီး
 ေျခလက္ေတြမလႈပ္ရွားႏိုင္ဘဲ တုန္႔ဆိုင္းျခင္းကိုျဖစ္ေစႏိုင္ပါတယ္။ ယခုအခါမွာေတာ့ ပုလင္းေတြကိုဒီလိုပိုးသတ္ျခင္းမ်ိဳးမရွိေတာ့တဲ့အတြက္ ေမ့ေဆးေၾကာင့္ေျခလက္မလႈပ္ႏိုင္ျဖစ္ျခင္းေတြ
လည္း မရွိေတာ့ပါဘူး။

5. ခြဲစိတ္မႈျပဳလုပ္ခ်ိန္မွာ သတိေကာင္းၿပီး အရာရာကိုသိေနတာက ေၾကာက္စရာမဟုတ္ပါဘူး။

လူအခ်ိဳ႕က ခါးထံုေဆးေပးထားခ်ိန္မွာ ေအာက္ပိုင္းေတြမလႈပ္ႏိုင္ျဖစ္ေနေသာ္လည္းသတိေကာင္းၿပီး အရာရာကိုသိေနတာကို စိုးရိမ္ပူပန္စိတ္ရွိၾကပါတယ္။
 ေမ့ေဆးသံုးရင္ ပံုမွန္အားျဖင့္ သတိျပန္မလည္ခင္မွာလူနာရဲ႕ေသြးေပါင္ခ်ိန္နဲ႔ ႏွလံုးခုန္ႏႈန္းေတြျမင့္တက္ လာေလ့ရွိပါတယ္။ ဒါေၾကာင့္ အသံုးျပဳတဲ့ေမ့ေဆးပမာဏကို ထိန္းညႇိဖို႔အတြက္ ဒီအခ်က္ႏွစ္ခ်က္ကို
ေစာင့္ၾကည့္ ရပါတယ္။ မူးယစ္ေဆးသံုးသူေတြနဲ႔ အရက္စြဲေနသူေတြမွာဆိုရင္လည္း တျခားသူေတြနဲ႔ယွဥ္ရင္ေမ့ေဆးဓာတ္ သိပ္ျပေလ့မရွိပါဘူး။ ဒီလိုမ်ိဳးမွာဆိုရင္ေတာ့ ေမ့ေဆးဆရာဝန္ေတြက ခြဲစိတ္မႈၿပီးတဲ့အထိ ေမ့ေဆး အရွိန္ရွိေနေအာင္ ေဆးကိုထိန္းညႇိႏိုင္ဖို႔အတြက္ ဦးေႏွာက္လႈိင္းေတြကိုေစာင့္ၾကည့္ရပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:DrMyanmar

#Unicode Version
ခွဲစိတ်မှုခံရတော့မယ်ဆိုရင် လူနာတွေကြောက်တတ်ကြတဲ့အရာတွေမှာ မေ့ဆေးပေးခြင်းလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ မေ့ဆေးနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

1. မေ့ဆေးတိုင်းက လူနာကို အမြဲသတိမေ့ပြီး အိပ်ပျော်နေစေတာမဟုတ်ပါဘူး

  မေ့ဆေး (3)မျိုးရှိတဲ့အနက်က တစ်မျိုးကပဲ သတိမေ့ပြီးအိပ်ပျော်သွားစေတာပါ။ မေ့ဆေးအမျိုးအစား (3)မျိုးကတော့ -

မေ့ဆေး - ဒါကတော့ ခွဲစိတ်မှုပြုနေစဉ်မှာ လူနာကိုအိပ်ပျော်နေစေပါတယ်။ ဝမ်းဗိုက်၊ ရင်ခေါင်းနဲ့ ဦးနှောက်ခွဲစိတ်မှုတွေနဲ့ရှုပ်ထွေးတဲ့ (သို့) အချိန်အတော်ကြာမယ့်ခွဲစိတ်မှုတွေမှာလည်း ဒီအမျိုးအစားကိုသုံးလေ့ပါတယ်။

ခန္တာကိုယ်တစ်နေရာတည်းထုံစေသောထုံဆေး - ခွဲစိတ်မှုလုပ်ချိန်မှာမနာအောင်လို့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုတည်းကို ထုံသွားအောင်ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ သွားဖာခြင်း၊ သွားနှုတ်ခြင်းစတဲ့သွားနဲ့ဆိုင်တဲ့ကိစ္စတွေမှာ လုပ်ချင်တဲ့နေရာလေးကိုပဲ ထုံသွားအောင်လုပ်တာပါ။

ခန္တာကိုယ်အစိတ်အပိုင်းတော်တော်များများကိုထုံစေသောထုံဆေး - လက်တစ်ဖက်လုံး၊ ခြေထောက်တစ်ဖက်လုံး (သို့) ခါးအောက်ပိုင်းတစ်ခုလုံးကို ထုံစေချင်ရင်သုံးလေ့ရှိပါတယ်။ ဥပမာအားဖြင့် ကလေးမွေးချိန်မှာ ခါးထုံဆေးထိုးခြင်းဖြစ်ပါတယ်။

 တစ်ခါတစ်လေမှာ လူနာကိုပိုပြီးသက်တောင့်သက်သာဖြစ်စေချင်ရင် ထုံဆေးနဲ့အတူ စိတ်ငြိမ်ဆေးပါ တွဲပြီးပေးလေ့ရှိပါတယ်။



2. ထုံဆေး၊ မေ့ဆေးတွေက အန္တရာယ်မရှိပါဘူး

       ယနေ့ခေတ်မှာ နည်းပညာရော၊ ဆေးတွေပါတိုးတက်လာတဲ့အတွက် မေ့ဆေး၊ ထုံဆေးတွေရဲ့ ဆိုးကျိုးတွေကတော့ မရှိသလောက်နည်းလာပါတယ်။      



ခွဲစိတ်နေစဉ်မှာ အောက်ဆီဂျင်လုံလောက်မှုှရှိ/မရှိကို မေ့ဆေးဆရာဝန်တွေက အောက်ဆီဂျင်တိုင်းတဲ့ ကိရိယာလေးကိုလက်ထိပ်မှာတပ်ထားပြီးစောင့်ကြည့်နေပါတယ်။ မေ့ဆေးပါရဂူတွေစောင့်ကြည့်တဲ့

နောက် တစ်ချက်ကတော့ အပူချိန်များခြင်းပါပဲ။ အချို့လူတွေမှာ မေ့ဆေးပေးလိုက်ရင် အပူချိန်တွေ အရမ်းတက်ပြီးတော့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်စေနိုင်တဲ့အပြင် သေတောင်သေစေနိုင်ပါ တယ်။ ဖြစ်တော့ ဖြစ်ခဲပါတယ်။ ယခုခေတ်မှာတော့ ဆေးပညာတိုးတက်လာတဲ့အတွက် ကုသနိုင်မယ့်နည်းလမ်းတွေရှိပြီးတော့ စိတ်ပူစရာမလိုတော့ပါဘူး။

3. ဆိုးကျိုးတွေရှိပေမယ့် ကြီးကြီးမားမားတော့မဟုတ်ပါဘူး။ အသေးစားဆိုးကျိုးလေးတွေပဲရှိပါတယ်။
 မေ့ဆေး၊ထုံဆေးပြယ်သွားချိန်မှာ အောက်ပါတို့ကို ကြုံတွေ့ရနိုင်ပါတယ်။

- ပျို့အန်ခြင်း

- မေ့ဆေးပေးချိန်မှာ အသက်ရှူလမ်းကြောင်းထဲကို ပြွန်ထည့်ထားရတဲ့အတွက် လည်ချောင်းနာခြင်း

- ထုံဆေးထိုးတဲ့နေရာမှာ အနည်းငယ်နာခြင်း


 မေ့ဆေး၊ ထုံဆေးအများစုက ဆေးပြယ်မြန်ပေမယ့် ခွဲခန်းကထွက်လာလာချင်းမှာတော့ အားနည်းပြီးစိတ်ရှုပ်ထွေးမှုတွေရှိတတ်ပါတယ်။ ဒါကြောင့် ခွဲစိတ်မှုပြုလုပ်ပြီး 24 နာရီကြာအောင် အရေးကြီးတဲ့ဆုံးဖြတ်ချက်ချခြင်း၊ ကားမောင်းခြင်း၊ စက်ကြီးများမောင်းခြင်း မပြုဖို့မှာကြားထားပါတယ်။



4. ခါးထုံဆေးကြောင့် ခြေလက်များတုန့်ဆိုင်းသွားခြင်းဖြစ်နိုင်ချေမရှိသလောက်နည်းပါတယ်။

 အရင်အချိန်တွေတုန်းကသုံးတဲ့ မေ့ဆေး၊ ထုံဆေးတွေကြောင့် ခြေ၊ လက်တွေ မလှုပ်နိုင်ဖြစ်တတ်ကြ ပါတယ်။ဒါကဒီဆေးတွေထည့်တဲ့ဖန်ပုလင်းတွေကိုအရက်ပြန်ပါတဲ့အရည်နဲ့ဆေးကြောသန့်စင်

လို့ဖြစ်ပါတယ်။ အရက်ပြန်က ပုလင်းထဲမှာကျန်ခဲ့ရင် အာရုံကြောတွေကိုထိခိုက်စေပြီး

 ခြေလက်တွေမလှုပ်ရှားနိုင်ဘဲ တုန့်ဆိုင်းခြင်းကိုဖြစ်စေနိုင်ပါတယ်။ ယခုအခါမှာတော့ ပုလင်းတွေကိုဒီလိုပိုးသတ်ခြင်းမျိုးမရှိတော့တဲ့အတွက် မေ့ဆေးကြောင့်ခြေလက်မလှုပ်နိုင်ဖြစ်ခြင်းတွေ

လည်း မရှိတော့ပါဘူး။

5. ခွဲစိတ်မှုပြုလုပ်ချိန်မှာ သတိကောင်းပြီး အရာရာကိုသိနေတာက ကြောက်စရာမဟုတ်ပါဘူး။


လူအချို့က ခါးထုံဆေးပေးထားချိန်မှာ အောက်ပိုင်းတွေမလှုပ်နိုင်ဖြစ်နေသော်လည်းသတိကောင်းပြီး အရာရာကိုသိနေတာကို စိုးရိမ်ပူပန်စိတ်ရှိကြပါတယ်။
 မေ့ဆေးသုံးရင် ပုံမှန်အားဖြင့် သတိပြန်မလည်ခင်မှာလူနာရဲ့သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းတွေမြင့်တက် လာလေ့ရှိပါတယ်။ ဒါကြောင့် အသုံးပြုတဲ့မေ့ဆေးပမာဏကို ထိန်းညှိဖို့အတွက် ဒီအချက်နှစ်ချက်ကို

စောင့်ကြည့် ရပါတယ်။ မူးယစ်ဆေးသုံးသူတွေနဲ့ အရက်စွဲနေသူတွေမှာဆိုရင်လည်း တခြားသူတွေနဲ့ယှဉ်ရင်မေ့ဆေးဓာတ် သိပ်ပြလေ့မရှိပါဘူး။ ဒီလိုမျိုးမှာဆိုရင်တော့ မေ့ဆေးဆရာဝန်တွေက ခွဲစိတ်မှုပြီးတဲ့အထိ မေ့ဆေး အရှိန်ရှိနေအောင် ဆေးကိုထိန်းညှိနိုင်ဖို့အတွက် ဦးနှောက်လှိုင်းတွေကိုစောင့်ကြည့်ရပါတယ်။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



Credit:DrMyanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top